မြန်မာလူမျိုးအချင်းချင်း ဆူးချွန်ဖြင့်ထိုးသတ်
သေဆုံးသူမှာ မွန်ပြည်နယ်မှ မွန်အမျိုးသားဖြစ်တဲ့ ကိုဝင်းနိုင်(ခေါ်) ဇာတ်လိုက်အသက်30 နှစ် ဖြစ်ပြီး.နမ္မခင်းကျေးရွာတွင် ဝဒန်းလှေတွင် အလုပ် လုပ်နေ သည်မှာ အနှစ် ၂၀ ခန့် ရှိပြီဖြစ်ပြီး..ညနေပိုင်းတွင် သူငယ်ချင်းများနှင့် အရက်သောက်ပြီး စကားများကြပြီး တယောက် နှင့်တယောက်ခိုက်ရန်ဖြစ်ပွါးကြပြီး သတ်ဖြတ်ကြရာမှ သေဆုံးခြင်းဖြစ်သည်ဟုသိရသည်။
ကျနော့ကို သူငယ်ချင်းတယောက်က ဖုန်းဆက်လာတယ် အဲလိုပဲ မြန်မာအချင်းချင်းရန်ဖြစ်ကြပြီး ဆူးနဲ့ ထိုးကြလို့  တယောက်တော့ သေလားရှင်လား မသိဘူးတဲ့ ကျနော်လဲ ချက်ချင်းလိုက်သွားကြည့်တယ်..ကျနော်ရောက်သွားတော့ ထိုင်းရဲတွေနှင့် ဌာနဆိုင်ရာတွေရောက်နေပြီလေ..စိတ်တော့ မကောင်းဘူးဗျာ ..ကို့ နိုင်ငံကို ပစ်ပြီး အလုပ်လာလုပ်ကြတာ ခုလိုဖြစ်တာတော့ စိတ်မကောင်းဘူးဗျာ..
သေဆုံးသူ ကိုဝင်းနိုင်(ခေါ်)ဇာတ်လိုက်နောက်ကျောတွင် ဆူးဒါဏ်ရာ ပေါင်းများစွာနှင့် သေဆုံးသူ ကိုဝင်းနိုင်(ခေါ်)ဇာတ်လိုက်
"ဖြစ်တာကတော့ မိုးချုပ်ပိုင်းမှာဖြစ်ကြတာ အရင်ဆုံးစကားများကြတယ် ..ဇာတ်လိုက်က စကားများအိမ်ကိုပြန်သွားတယ် ခနနေတော့
ပြန်ရောက်လာတယ်.. အဲဒီမှာဖြစ်ကြတာပဲ..ဇာတ်လိုက်က တယောက်ထဲ ဟိုဘက်က သုံးယောကတောင် ဝိုင်းထိုးကြတာဟု အမည်မဖေါ်လိုသူ မျက်မြင်တစ်ဦးကပြောပါတယ်..အဆိုပါ သေဆုံးသူမှာ မလဲ့ခိုင် ဆိုသူ အမျိုးသမီးနှင့် သားတယောက်နှင့် သမီးတစ်ယောက်ရှိသည်ဟုသိရပါသည်။
No comments:
Post a Comment