အရပ် လေးမျက် နှာ ကနေ မနားတမ်း ၀င်လာ တဲ့ ရေ တွေ ကြောင့် ထိုင်း နိုင်ငံ မြို့  တော် ဘန်
ကောက် ရဲ့  ၇၀ ရာ ခိုင် နှုန်း ခန့်  ဟာ ရေနစ်မြုပ် တဲ့ ဒဏ် ကို ခံ နေရတယ် လို့  ဘန်ကောက် မြို့ 
တော်ဝန် က ပြောပါတယ်။
ရေကြီးမှု ဟာ နောက်ထပ် သတင်း လေးပတ် ခန့် ထိ ဆက် ရှိ နေမှာ ဖြစ်တယ် လို့  လဲ ထိုင်းဝန်
ကြီးချုပ် ယင်လပ် ရှင်နာ ၀တ်ထရာ က ပြောပါတယ်။ ထိုင်း နိုင်ငံ မှာ ရေကြီးမှု တွေ ကြောင့် စီး
ပွားရေး လုပ်ငန်း တွေ ၊ စက်ရုံ ၊ အလုပ် ရုံ တွေ နဲ့  ကျောင်း တွေ ပိတ်ထား ရပါတယ်။
နိုင်ငံ မြောက် ပိုင်း က ရေကြီး မှု ဖြစ်ပွား နေတဲ့ ဒေသ အချို့ မှာ တော့ ၀မ်းလျှော ရောဂါ အပါအ၀င်
တခြား ရောဂါ ဘယ တွေ လည်း ဖြစ်ပွား နေတယ် လို့  ဆို ပါတယ်။
ဒီ နေ့  ရေကြီး မှု ဟာ ဘန်ကောက် ဒွန်မောင်း လေဆိပ် ထဲ ထိ ၀င်ရောက် လာ နေ ပြီး အချို့  ရေ
လွှမ်း မို တဲ့ နေရာ တွေ မှာ လျှပ် စစ်မီး တွေုဖြတ်တောက် ထား တဲ့ အတွက် ဒေသ ခံ တွေ အခက်
အခဲ တွေ နဲ့  ရင် ဆိုင် နေရ ပါတယ်။
ယနေ့  ည ၈နာရီ နောက်ဆုံး သိရတဲ့ သတင်း တွေ အရ ဘန်ကောက် မြို့  အရှေ့ဘက်က ပသုမ်ဌာ
နီ မှာ ရေမြင့် တက် လာမှု ကြောင့် အဲဒီက ဒေသ ခံ တစ် ချို့  ကို ဘေး လွတ် ရာ ကို ပြောင်း ရွှေ့ ထား
ရတယ်လို့ သိရပါတယ်။
No comments:
Post a Comment