ဝန်ကြီး ချုပ် ဟောင်း ယူလီယာ တိုင် မို ရှန် ကိုး ကို ယူကရိန်း တရား ရုံး က သူ အာဏာ ရှိ
စဉ် မှာ အာဏာကို အလွဲ သုံး စား လုပ် မှု နဲ့  ထောင်ဒဏ် ခုနှစ် ချမှတ် လိုက် ပါတယ်။
တိုင်မိုရှန်ကိုး ဟာ သူ အာဏာ ရှိ စဉ် မှာ ၂၀၀၉ ခုနှစ် က ရုရှား နိုင်ငံ နဲ့  သဘာဝ ဓာတ်ငွေ့ 
ပိုက်လိုင်း သဘော တူ စာ ချုပ် ချုပ် ဆို စဉ် မှာ သူ့  ရဲ့  အာဏာကို လို အပ် တာ ထက် ပို သုံး
ခဲ့ တယ် လို့  စွပ် ဆွဲ ချက် နဲ့  ယူ ကရိန်း နိုင်ငံ ကိယဗ် မြို့  တရား ရုံး က အမိန့် ချမှတ် လိုက်
တာ ဖြစ်ပါတယ်။
ဥရောပ နိုင်ငံ တွေ ကို ရောင်း ချ မယ့် ရုရှား ရဲ့  သဘာဝ ဓာတ်ငွေ့  ပိုက် လိုင်း ကို ယူကရိန်း
နိုင်ငံ က ဖြတ် သန်း ဖို့  ကို တိုင်မိုရှန်ကိုး အစိုး ရ အဖွဲ့  က ၂၀၀၉ ခုနှစ် မှာ သဘော တူ ခဲ့
တာ ဖြစ် ပါတယ်။
ဒီသဘော တူ ညီ ချက် ကြောင့် ယူကရိန်း နိုင်ငံ ဟာ ရုရှား ဆီက သဘာဝ ဓာတ်ငွေ့  ကို နှစ်
ဆယ် ရာ ခိုင် နှုန်း လျှော့ ဈေး နဲ့  ရရှိ ခဲ့ တယ်လို့  တရား ရုံး မှာ သူ့  ရဲ့  ရှေ့  နေ တွေ က ထောက်
ပြ ကြ ပါတယ်။
ရုရှား ၀န် ကြီး ချုပ် ပူတင် နဲ့  အမေရိကန် အစိုးရ ကတော့ လိမ္မော်ရောင် တော်လှန် ရေး ကြီး
ပေါ် ပေါက် လာ အောင် စွမ်းဆောင် ခဲ့ သူ ဖြစ်တဲ့ ယူကရိန်း ၀န်ကြီး ချုပ် ဟောင်း ကို ထောင်
ဒဏ် ချမှတ် တာ ကို ကန့် ကွက် ရှုံ ချ ခဲ့ ပါတယ်။
လက်ရှိ ယူကရိန်း ၀န်ကြီး ချုပ် မိုင်ကိုလာ အာဇာရောဗ် ဟာ ၂၀၀၅ ခုနှစ် လိမ္မော်ရောင် တော်
လှန်း ရေ ဖြစ် ပွား စဉ်မှာ သမ္မတ လီယိုနွိုက် ကူချမာ ရဲ့  အစိုးရ အဖွဲ့ မှာ ၀န်ကြီးချုပ် တာဝန်
ယူထား ခဲ့ သူ ဖြစ်ပါတယ်။
ယူလီယာ တိုင် မို ရှန် ကိုး ကို ထောင်ဒဏ် အပြစ် ပေး မှု အတွက် ဥရောပ သမဂ္ဂ က လည်း
အကြီး အကျယ် ကန့် ကွက် ခဲ့ ပါတယ်။
၂၀၀၇ ခုနှစ် ဥရောပ နိုင် ငံ တွေ ဓာတ်ငွေ့ အကျပ်ဘေး ဆိုက် နေချိန် မှာ တိုင်မို ရှန် ကို က
ရုရှား နဲ့  ပိုက်လိုင်း သဘော တူညီ မှု ရယူကာ ချမ်းအေး ၍ ဓာတ်ငွေ့  မလုံ လောက် သော
အခက် ကို ဖြေရှင်း နိုင် ခဲ့ ပါတယ်။
ယူကရန်း နဲ့  ရုရှား နိုင်ငံ ဟာ ဒီ့မတိုင် ခင် မှာ သဘာဝ ဓာတ်ငွေ့  အငြင်း ပွား မှု ဖြစ် ပွား ခဲ့
ပြီး ဥရောပ ဆီ ပို့  မယ့် သဘာဝ ဓာတ်ငွေ့  ပိုက် လိုင်း ကို ပိတ် ဆို့  ခဲ့ ပါတယ်။
ရုရှား ဂက်(စ) ကုမ္ပဏီ Gazprom ကို ယူကရိန်း ဂက်(စ) ကုမ္ပဏီ Naftogaz က အကြွေး
မပေး နိုင် မှု ကြောင့် ပိုက်လိုင်း အငြင်း ပွား မှု မကြာ ခဏ ဖြစ် ပေါ် မှု ကို တိုင်မို ရှန် ကို လက်
ထက် မှာ ဖြေရှင်း နိုင်ခဲ့ ပါတယ်။
၂၀၀၄ မှာ စတင် ခဲ့ တဲ့ ယူကရိန်း လိမ္မော်ရောင် တော်လှန် ရေး ခေါင်း ဆောင် ဖြစ်တဲ့ တိုင်မို
ရှန် ကို ကို ထောက်ခံ သူ ၃၀၀၀ ကျော် လောက် က တရား ရုံး ရှေ့  မှာ လာရောက် စု ရုံး ခဲ့ ပါ
တယ်။
အသက် ၅၀ အရွယ် ရှိ ပြီ ဖြစ်တဲ့ တိုင်မို ရှန် ကို က တရား ရုံး မှာ သူဟာ အလျှော့ ပေး မှာ
မဟုတ် ဘူး ရိုးသား မှု အတွက် တိုက် ပွဲ ၀င် အုံး မှာ လို့  ပြောကြား ခဲ့ ပါတယ်။
No comments:
Post a Comment