by Pone Nyet Khin on Saturday, October 22, 2011 at 7:33pm
ဖြစ်ပွားပုံမှာ အသင်း၏လစဉ်စာရင်းများကို စစ်ဆေးရန် တာဝန်ပေးအပ်ခြင်းခံရသူအသင်း၏ ဘဏ္ဍာရေးမှူးမှ ငွေအသုံးစရိတ်များကို စစ်ဆေးရာတွင် သက်သေဘောက်ချာများထိရောက်ရောက်တင်ပြခြင်းမရှိခြင်းမှအစပြု ပေါ်ပေါက်ခဲ့ကြောင်း၊ ၄င်းစာရင်းကိစ္စကို ဒုဥက္ကဌတစ်ဦးမှ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာတွင် စာရင်းလိမ် လည်မှုများကို အတိအကျသိရကြောင်း အတွင်းရေးမှူးသည် အသင်းငွေများကို တိတိကျကျ သုံးစွဲ အပ်နှံခြင်း မရှိ သည့် အပြင် အသင်းဝင်ငွေထွက်ငွေများကိုစနစ်တကျတင်ပြနိုင်ခြင်း ၊ ပြုစုခြင်းမရှိခြင်းများမရှိဘဲ အသင်းပိုင် ငွေများ ကို၎င်းတို့အသင်း၏ လုပ်ထုံးလုပ် နည်းအရ ဘဏ်တွင်အပ်နှံရမည်ကို အတွင်းရေးမှူးနှင့် ဥက္ကဌတို့ ပူး ပေါင်းကာ ဥက္ကဌ၏ စီးပွားရေးလုပ်ငန်းတွင် ရင်းနှင်္ီးမြုပ်နှံနေကြောင်း အခြားအဖွဲ့ဝင် များမှ ၀င်ရောက် ပြော ဆိုရာ အငြင်း ပွာမှုဖြစ်ပွားပီးအဆိုပါအဖွဲ့ဝင်များ မှတစ်ပြိုင်နက်တည်းနုတ်ထွက် သွားခဲ့ကြောင်း သိရ သည်။
၎င်းအသင်းကို လွန်ခဲ့သည် ၂၀၀၂ ကပင်တည်ထောင်ထားသည်ဟုသိရပီး ဥက္ကဌဖြစ်သူမှာ မြန်မာနိုင်ငံရေး သမိုင်းတွင် ယနေ့ထက်တိုင်မေ့မရနိုင်သည့် လွပ်လပ်ရေးဖခင်ကြီးကို သတ်ရန် လက်နက်များကိုယူဆောင် ပေးခဲ့သူ၊ ၄င်းအတွက် အပြစ်ဒါဏ်တစ်သက်တစ်ကျွန်းကျမည်စိုး၍ ဖော်ကောင်လုပ်ခဲ့သူဖော်ကောင် ဘညွန့်၏ သားဖြစ်ပါသည် ။
၎င်းကိုယ်တိုင်ပင် ယင်း အသင်း၏အတွင်းရေးမှူးအားမြှောက်ထိုးပင့်ကော်လုပ်ကာ မိန်းမ ရှုပ်ရန် အရက်သေစာ သောက်စားရန် နည်းပေးလမ်းပြလုပ်နေသူဖြစ်ကြောင်း ၄င်းကိုယ်တိုင်ပင်မကြာခဏပါတီပွဲများလုပ်၍ မူးရူးနေ သူ တစ်ဦးဖြစ်ကြောင်း၊ ရပ်ကွက်ထဲ တွင် အလှူအတမ်းရက်ရောချင်ယောင်ဆောင်ကာ ဘားပလက်နှင့် သကြား ကို ရောထား သည့် ကလေးအားဆေးများကိုရောင်းချနေသူဖြစ်ကြောင်း၊ ၄င်း၏အမျိုးသမီးသည်လည်း ဗိုလ်ချုပ် ကို သတ်သည့်မှုံကြီး၏သမီးဖြစ်ကြောင်းသိရသည် ။
နောက်ဆက်တွဲသတင်းအရနုတ်ထွက်သွားကြသူများသည် ပြန်တမ်းဝင်စစ်မှုထမ်းဟောင်းများ ၊ ကုမဏီပိုင်ရှင်၊ Phd ဘွဲ့ရ တက္ကသိုလ် ကျောင်းဆရာ၊ မျက်မမြင်ကျောင်းမှစာပြဆရာမတစ်ဦးနှင့် လက်တလော အင်္ဂလန်မှ ပညာ သင်ကြား ပီးပြန် လည် ရောက်ရှိလာသူ အမျိုးသမီးတစ်ဦး အပြင် ၊မဟာဘွဲ့တက်ရောက်နေသူ မစုပုံချစ် လည်း ပါဝင် ကြောင်း မသန် စွမ်း ရပ်ကွက်အတွင်းမှ သိရသည် ။
ဒီလို မသန်မစွမ်းသူများကို ခေါင်းပုံဖြတ်နေတဲ့ အင်ဂျီအိုအကြောင်းကို လူထုကို သိရှိစေရန် ဖြန့်ဝေပေးကျပါ။
No comments:
Post a Comment