Tuesday, October 18, 2011

အချစ်ဆိုသည်အိုသည်မရှိ


အယ်လ်ဘာမြို့၏ မြို့စားမကြီးနှင့် သူမ၏ တတိယ ခင်ပွန်း အယ်လ်ဖွန်စို ဒီအေ့စ် တို့ ဗုဒ္ဓဟူးနေ့ မင်္ဂလာဆောင်အပြီး အဲလ် ပါလာစီယို ဒေ ဒွေးညာ့စ် ဘုရားကျောင်းမှ ထွက်လာစဉ်။
စပိန် မင်းဆွေမင်းမျိုး အသိုင်းအဝိုင်းတွင် စပိန်အစိုးရ အသိအမှတ်ပြု ဘွဲ့အများဆုံး ရရှိထားသူဟု လူများ လက်ခံထားသော၊ အသက် ၈၅ နှစ်ရှိ အယ်လ်ဘာမြို့၏ မြို့စားမကြီး (Duchess of Alba) သည် သူမထက် အသက် ၂၅ နှစ် ငယ်သော အစိုးရဝန်ထမ်း တစ်ဦး ဖြစ်သူ အယ်လ်ဖွန်စို ဒီအေ့စ် (Alfonso Diez)နှင့် ဗုဒ္ဓဟူးနေ့ (၅.၁၀.၂၀၁၁) တွင် လက်ထပ်ထိမ်းမြားခဲ့သည်။

 တီရှပ်ပေါ်မှ DQS မှာ “duquesa” (duchess) မြို့စားမဟု အဓိပ္ပာယ်ရရာ သူမအား ဆာဗေးလ်မြို့နေ လူထု၏ စိတ်ဝင်စားမှု၊ ချစ်ခင်မှုအား ဖေါ်ပြသည်။
အယ်လ်ဖွန်စို ဒီအေ့စ် (Alfonso Diez) သည် မာဒရိဒ် (Madrid) မြို့တော်တွင် လူမှုဖူလုံရေးဌာနမှ အစိုးရဝန်ထမ်း တစ်ဦး ဖြစ်ပြီး သူ၏လစာမှာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀ နှင့်ညီမျှသည်။
မြို့စားမကြီး၏ ချမ်းသာကြွယ်ဝမှုအား လူများက အမေရိကန်ဒေါ်လာ သန်း ၈၀၀ မှ ၄.၇ ဘီလျံ အကြား ခန့်မှန်းကြသည်။ သူမ၏နာမည်မှာ Maria del Rosario Cayetana Alfonsa Victoria Eugenia Francisca Fitz-James Stuart y de Silva ဖြစ်သော်လည်း ကာရေတာနာ (Cayetana) ဆိုသည့်နာမည် တစ်လုံး တည်းကိုသာ သုံးလေ့ရှိသည်။ သူမသည် ဗြိတိန်၏ အယ်လိဇဘက် ဘုရင်မကြီး နှင့်လည်းကောင်း ဒုတိယ ကမ္ဘာစစ်ကာလ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန် ချာချီ နှင့်လည်းကောင်း ဆွေမကင်းမျိုးမကင်း တော်စပ်သည်။

 အယ်လ်ဘာမြို့၏ မြို့စားမကြီးသည် အလွန်ပင် ချမ်းသာပြီး သူမ၏ ဝတ်စားဆင်ယင်ဟန်နှင့် သူမ၏ ပွင့်လင်းမှုများက စပိန် မီဒီယာလောက၏ စိတ်ဝင်စားမှုအား ဆွဲဆောင်ခဲ့သည်။
အယ်လ်ဖွန်စို ဒီအေ့စ် (Alfonso Diez) သည် သူ့အတွက် ပတ်ဝန်းကျင်အသစ်တွင် ရောက်ရှိသွားမည် ဖြစ်သည်။ သူသည် အယ်လ်ဘာအိမ်တော် (House of Alba)၏ ဓနနှင့် ပတ်သက်သော ရပိုင်ခွင့်များအား စွန့်လွှတ်သည့် ကတိပြုချက် တစ်ခုအား လက်မှတ် ရေးထိုးထားခဲ့သည်ဟုလည်း သတင်းများထွက်နေသည်။
မြို့စားမကြီး ကာရေတာနာ၏ ရရှိထားသော ဘွဲ့များထဲတွင် မြို့စားမ (Duchess - စပိန်ဘာသာစကားဖြင့် “ဒူကေးစာ” Duquesa) ဘွဲ့မှာ အမြင့်ဆုံးဖြစ်သော်လည်း အခြားဘွဲ့ ၄၀ ခန့်လည်း ရရှိထားသေးရာ ဂင်းနစ် ကမ္ဘာ့မှတ်တမ်းအရ ဘွဲ့အများဆုံး ရရှိထားသူဖြစ်သည်။ သူမ ကွယ်လွန်သွားပါက မြို့စားမ (Duchess) ဘွဲ့အား သူမ၏ သားဦး ကာလို့စ် (Carlos) ရရှိပြီး မြို့စား (Duke) ဖြစ်သွားမည်။
သူမတွင် သားငါးယောက်နှင့် သမီးတစ်ယောက်ရှိသည်။ သားသမီးနှင့် မြေးများအား သူမ၏ အမွေများအား ကြိုတင်ခွဲပေးပြီး ဖြစ်သည်။

 စပိန်နာမည် ဆာဗေးယာဟု ခေါ်သော စဗေးလ်မြို့ ရှိ အဲလ် ပါလာစီယို ဒေ ဒွေးညာ့စ် ဘုရားကျောင်းတွင် မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့သည်။



ကဲသူငယ်ချင်းရောဘယ်လိုလည်း အားမငယ်နဲ့နော် (၈၅)နှစ်အရွယ်တောင် စွံပါသေးတယ်....။



Spain's Duchess of Alba weds for third time at 85 (CBS News)
Spain's flamboyant Duchess of Alba to marry in Seville (BBC News)

No comments:

Post a Comment