Wednesday, October 26, 2011

ရည်းစားဖြစ်သူရဲ့ ရေခဲသေတ္တာအအေးခန်းထဲ နှစ်၃၀ကြာမှတွေ့တဲ့ အမျိုးသမီးအလောင်း


အမေရိကန်ပြည်ထောင်စုတွင် ၁၉၈၃ ခုနှစ်က အစအနပျောက်သွားခဲ့တဲ့ အမျိုးသမီး၏အလောင်းဟု ယုံကြည်ရသော အလောင်းတစ်လောင်းအား ၎င်းချစ်သူ၏ စတိုခန်း၌ရှိသော ရေခဲသေတ္တာ အအေးခန်းထဲမှ တွေ့ခဲ့ရကြောင်း သိရပါတယ်။


ထိုအချိန်က သေဆုံးသူအမျိုးသမီး၏ ပြတ်လိုက်၊ ဆက်လိုက် သမီးရည်းစားအဖြစ် ရှိနေခဲ့တဲ့ အမျိုးသားကိုယ်တိုင်   ၁၉၈၃ ခုနှစ် ဇူလိုင် ၁၁ရက်နေ့က လူပျောက်သတင်း ပေးပို့ခဲ့တာပါ။


ထိုအမျိုးသားက ၎င်း၏ရည်းစားဖြစ်သူ အသက်(၂၉)နှစ်အရွယ် အမျိုးသမီး(သေဆုံးသူ) နှင့် စကားများရန်ဖြစ်ခဲ့ပြီးနောက် Salem မိုတယ်တွင် ချပေးခဲ့ပြီး Maine သို့ ၎င်းက ပြန်လာခဲ့ပြီးနောက်ပိုင်း သူမနှင့် အဆက်အသွယ်ပြတ်ပြီး သူမပျောက်သွားခဲ့တာဟု သတင်းပေးခဲ့တာပါ။


ထိုအမျိုးသားဟာ ယခုအသက်(၈၀)အရွယ်ရှိပြီး ယခုလ အစောပိုင်းက သေဆုံးသွားခဲ့တာပါ။ သူသေဆုံးသွားပြီးတဲ့နောက် ကျန်ခဲ့တဲ့ သူ၏အမျိုးများက သူ့စတိုခန်းထဲဝင်ရှင်းရာမှ စတိုခန်းထဲရှိ ရေခဲသေတ္တာအအေးခန်းမှ ထိုအမျိုးသမီး၏ အလောင်းကို တွေ့ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
သေဆုံးသူအမျိုးသားက ၁၉၉၂ ခုနှစ်ကနေ ယခုအချိန်အထိ အဲဒီစတိုခန်းကို ငှါးထားခဲ့တာဖြစ်ကြောင်း သိရပါတယ်။


သတင်းအပြည့်အစုံဖတ်လိုပါက   Fox News

No comments:

Post a Comment