
လှသန်း (ခေါ်) ကြည်မောင်သန်း သည် ယနေ့ ည ကိုး နာရီ မိနစ် ၃၀ အချိန် ခန့် က ရန်ကုန်
မြို့  အထွေထွေ ဆေးရုံကြီး တွင် ကွယ်လွန် အနိစ္စရောက် ရှိ သွား ပြီ ဟု FNG မှ သိရှိ ရသည်။
ကဗျာ ဆရာ လှသန်း ဟာ ကွယ် လွန် ချိန် မှာ အသက် ၄၉ နှစ် ရှိ ဖြစ် သည်။
ကဗျာ ဆရာ လှသန်း ဟာ ၁၉၉၉ ခုနှစ် က နေ ၂၀၁၀ ခုနှစ် ထိ သူ့  ရဲ့  ကဗျာ ရေး တဲ့ ကလောင်
နာမည် တွေ ကို စာပေစိစစ်ရေး က ပိတ်ပင် မှု ကြောင့် လိပ်ပြာသန့် သန့် ၊ ကြည်မောင်သန်း စတဲ့
ကလောင် နာမည် တွေ ကို ကဗျာ တွေ ကို ဆက် လက် ရေး သား ခဲ့ ရပါတယ်။
သူ့ ရဲ့  နာမည် ကျော် ကဗျာ တစ်ပုဒ် ဖြစ်တဲ့ ” ဒီပရင်္ဂ “ဟာ ၂၀၀၃ ခုနှစ် မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ရဲ့  ခရီးစဉ် မှာ မြန်မာ စစ်အစိုးရ က ချောင်းမြောင်း
လုပ်ကြံ မှု ကို ကဗျာ့ ဂုဏ် နဲ့  ပြန် လည် တင် စား ဖွဲ့  ဆို ထားတာ ဖြစ်ပြီး အဆိုပါ ကဗျာ ကို
ဖော် ပြ ခဲ့ သော ချယ် ရီ မဂ္ဂဇင်း သည် လအတန် ကြာ ရပ် နား ခဲ့ ရသည်။
သူကွယ် လွန် သွား တာ နှင့် ပတ်သက်ပြီး လူငယ် ကဗျာ ဆရာ နှင့် စာရေးဆရာ ဝေမှုးသွင် က
” သူဟာမြန်မာကဗျာလောကကိုမြှင့်တင်ပေးနိုင်ခဲ့သူတစ်ယောက်ပါ…….ဒီနေညနေကဆေး
ရုံမှာသူ့ကိမြင်ရတာစိတ်မချမ်းသာဘူး။ညဖက်တစ်ခေါက်ထပ် ဆေးရုံ ကို ထပ်သွားတော့ သူ
အသက်မရှိတော့ဘူး။သူကွယ်လွန်သွားတာဟာခေတ်ပေါ်ကဗျာလောကတစ်ခုလုံးရဲ့ ဆုံးရှုံးမှုပါပဲ….။ “
ဟု ၀မ်းနည်းး စကား ဆို ခဲ့ သည်။
ကဗျာ ဆရာ လှသန်း သည် ပြည်တွင်း ၊ ပြည်ပ စာပေ နှင့် အနုပညာ ဆိုင်ရာ ဆု များ ရရှိ ခဲ့ ဖူး
သူ တစ်ယောက် ဖြစ်ပြီး ၁၉၉၀ ပြည့် လွန် နှစ်များ တွင် နိုင်ငံရေး လှုပ်ရှား မှုများ ကြောင့် ထောင်သွင်း
အကျဉ်းချ ခံ ခဲ့ ရ သူ တစ်ယောက် လည်း ဖြစ်သည်။

No comments:
Post a Comment