Tuesday, October 18, 2011

အလုပ်သမား များ ဆန္ဒပြ တောင်းဆိုခွင့် ရရှိ



myanmar-women-workers-2009-8-10-4-40-46မြန်မာ နိုင်ငံ ၏ အလုပ်သမား ထုကြီး သည် ၎င်း တို့  ၏ ရပိုင်ခွင့် နှင့် ခံစားခွင့် များ အတွက်
လွတ်လပ် စွာ ဆန္ဒထုတ်ဖော် ခွင့် ရှိ ကြောင်း ယနေ့ အစိုးရ ပြောရေး ဆို ခွင့် ရှိ သူ တစ်ဦးက
AFP သတင်းဌာန သို့  တရား ၀င် ပြောကြား သည်။
အလုပ်သမား များ သည် ဆန္ဒပြ ခွင့် ကို သက်ဆိုင်ရာ သို့   ရက် ကြိုတင် အကြောင်းကြားရ
မည် ဖြစ်ပြီး ဆန္ဒပြ မှု တွင် အင်အား မည် မျှ ပါဝင် မည် ဆို သည် ကို လည်း အကြောင်းကြား
ရမည် ဟု သိရသည်။
ယခု ဆန္ဒပြခွင့် မူကြမ်း ကို သမ္မတ ဦးသိန်းစိန် က အင်္ဂါ နေ့ ဉ် လက်မှတ်ရေး ထိုး ပြီး ဥပဒေ
အဖြစ် အသက် ၀င် စေ ခဲ့ ခြင်း ဖြစ် သည်။
အလုပ်သမား များ ဆန္ဒပြ ခွင့် ကို နိုင်ငံ တကာ အလုပ်သမား အဖွဲ့  နှင့် ကုလ သမဂ္ဂ တို့  က
ကြိုဆို ကြ သော် လည်း ပြည်တွင်း ရှိ အလုပ် သမား ရေးရာ လှုပ်ရှား သူ များ က သံ သယ
ရှိ ကြ သည်။
ဆန္ဒပြ သူတွေ က ၁၄ ရက် ကြိုတင် ပြီး ခွင့် တောင်းရမယ် လို့  ကြား ရတယ်။ အမေရိကန် မှာ
ဆို အများ ပြည်သူ တွေ နဲ့  သက်ဆိုင် တဲ့ နေရာ မှာ ပြရင်  ၁၂ နာရီ ၊ အလုပ် ခွင် အနီး ဆို ၂
နာရီ ၊ အင်္ဂလန် မှာ ဆို ၆ နာရီ ပဲ ရှိတယ်။ ဆန္ဒ ပြ ခွင့် ကို လည်း ခွင့် ပြု မှ ပြ လို့  ရမှာ ဆို တော့
ဘာ မှ သိပ် ထူးထူး ခြားခြား ကြီး မဟုတ် ဘူး ဟု FNG သို့ ပြော သည်။

No comments:

Post a Comment