၂၀၁၁ ခုနှစ်ကို လင်းဆွဲ၊လင်းနို့နှစ်အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည် ။
မည်သည့် နို့တိုက်သတ္တ၀ါမှ လင်းနို့လင်းဆွဲလောက် ကျောချမ်းကြောက်မက်ဖွယ် မကောင်းပါဘူး ။
ဒါပေမယ့် ဒီအယူအဆကို သတ္တဗေဒရှင် နှင့် ကျွမ်းကျင်သူများက ဆန့်ကျင်ကြပြီး
လူတွေကနားလည်မှု လွဲမှားနေကြတယ်လို့ ပြောဆိုကြပါလိမ့်မယ် ။
တကယ်တော့ လင်းဆွဲလင်းနို့တွေဟာ သြဂဟေဂစနစ်အတွက် ပဓာနကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြပါတယ် ။
ဒါ့ကြောင့်လည်း ကုလသမဂ္ဂက ၂၀၁၁ ခုနှစ်ကို လင်းဆွဲလင်းနိုးများနှစ်
(Year of the bat) လို့ သတ်မှတ်ကြောင်း ကြေငြာသွားပါတယ် ။
လင်းနို့လင်းဆွဲများနှင့် အကျွမ်းတ၀င်နေထိုင်ဖို့ အချိန်ကျရောက်နေပြီ
လင်းဆွဲလင်းနို့များ၏ ညဖက်မှထွက်ပြီး ကျက်စားနေထိုင်ကြသည့် သဘာဝကြောင့် လူသားများ၏ နေ့စဉ်ဘ၀ထဲတွင်
လင်းနို့ လင်းဆွဲများနှင့် မျက်နှာချင်းဆိုင်ဖြစ်ကြခြင်း မရှိကြပါဘူး ။
ဒါ့ကြောင် သူတို့ရဲ့ အခန်းကဏ္ဍတွေ မရှိတာပါလို့ ပြောလို့မရပါဘူး ။
လင်းနို့လင်းဆွဲ မျိုးစိပ်ပေါင်း ၁၂၀၀ ကျော်တည်ရှိပါတယ် ။
ဒါဟာ ကမ္ဘာပေါ်တွင် တည်ရှိနေသည့် နို့တိုက်သတ္တ၀ါမျိုးစပ်၏ ၄ ပုံ ၁ ပုံလောက်ရှိတဲ့ ပမာဏဖြစ်ပါတယ် ။
ဒါပေမဲ့လည်း မျိုးစပ်ပေါင်းအများအပြားရှိနေကြသောလည်း မကြာသေးမီနှစ်များကစလို့ တွေ့ရှိနိုင်တဲ့ လင်းဆွဲ လင်းနို့အရေးအတွက် နှင့်
မျိုးစိပ်ခွဲအရေအတွက်တွေဟာ တစ်ရိပ်ရိပ် လျော့နည်းလာနေပါတယ် ။
တချို့လင်းဆွဲ လင်းနို့ မျိုးစိပ်တွေဟာဆိုရင် မျိုးသုဉ်းပျက်စီးတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပါတယ် ။
အတောင်ပံရှိပြီး ဖြတ်ဖြတ်လတ်လတ်ပြန်သန်းသည့် လင်းနို့လင်းဆွဲ၏ အရေးပါမှုကို ပိုမိုသိရှိနားလင်စေရန် Bonn
အခြေစိုက် Eurobats အဖွဲ့နှင့် ရွေ့ပြောင်းနေထိုင်သည့် မျိုးစိပ်များဆိုင်ရာ ညီလာခံကို
ကုလသမဂ္ဂ အဖွဲ့အစည်းက ဖွဲ့စည်းကျင်းပခဲ့ပါတယ် ။
လင်းနို့လင်းဆွဲကို လူသားများက လက်ခံမှုအတိုင်းအတာ
ယခုလို အထိန်းအမှတ် နှစ်တစ်နှစ်အဖြစ် ရည်စူးရခြင်း၏ ရည်ရွယ်ချက်မှာ လင်းဆွဲလင်းနို့အပေါ် လူသားများ၏
လက်ခံသဘောပေါက်မှု အပြုသဘောဆောင် တိုးတက်ပြောင်းလဲလာစေရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ် ။
လူတိုင်းလိုလို လင်းနို့ လင်းဆွဲလို့ပြောလိုက်ရင် စိတ်ခြောက်ခြားဖွယ် ရုပ်ရှင်ကား၊ သွေးစုတ်ဖုတ်ကောင် သမိုင်း၊ နှင့်
မကောင်းဆိုးရွားနှင့် ရင်ဆိုင်ရခြင်း စသည့်ဖြင့် ကြောက်ရွံ့တုန်လှုပ်ခြောက်ခြားဖွယ်ကိစ္စကို သွားပြေးမြင် ကြပါတယ် ။
သွေးဆာနေသည့် ဒဏ္ဍာရီပုံပြင်များကို သရုပ်ဖော်ကြရာတွင် ညဖက်မှသာထွက်လာတတ်သည့် ကြောက်မက်ဖွယ် ကောင်းသော
လင်းဆွဲလင်းနို့များကို ထည့်သွင်းသရုပ်ဖော်ထားကြခြင်းကြောင့် လူသားများက လင်းနို့ လင်းဆွဲများကို
ရွံရှာမုန်းတီးစက်ဆုပ်ဖွယ်ရာ သတ္တ၀ါအဖြစ်
သတ်မှတ်ကြတာဖြစ်တယ်လို့ Eurobats အဖွဲ့မှ Adreas Streit က ဆိုပါတယ် ။
သွေးစုတ်ကောင်း၏ ပုံရိပ်အဖြစ် လင်းဆွဲလင်းနို့များကို သရုပ်ဖော်ပြခြင်းကြောင့် လူတွေက ၄င်းတို့ကို ပိုပြီးစက်ဆုပ် ရွံ့ရှာစေရ ၊
Andreas Streit: “ လူတွေမသိကြသေးတဲ့ လင်းနို့ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ နေထိုင်ကျက်စားပုံ၊ စွမ်းရည် နဲ့
ထူးခြားချက်များ ကို ဖော်ထုတ် သိရှိစေရန် ကျွန်တော်တို့ ရည်ရွယ်ပါတယ် ။
ကျွန်တော်တို့အဖွဲရဲ လှုပ်ရှားမှု၏ အဓိက အကြောင်းအရင်းကတော့ လင်းနို့လင်းဆွဲများပေါ် စိတ်ဝင်စားလာမှု
ရှိလာကြစေရန်အတွက်လည်း ရည်ရွယ်ပါသေးတယ်…”
သဘာဝပတ်ဝန်းကျင်ထဲရှိ ဂေဟစနစ်ထဲတွင် လင်းနို့လင်းဆွဲ နှင့်ပက်သက်သည့်
အချက်အလက်များကို ပြည်သူလူထုအားပေးရန် ရည်ရွယ်ချက်ဖြင့်
ယခုနှစ်ကို Year of the Bats လို့ သတ်မှတ်ထားကြောင်း နှင့် ဥရောပတိုက်တွင် တွေ့ရသော လင်းနို့အားလုံးလိုလိုဟာ
အင်းဆက်များကိုသာ စားသောက်ကြသည့်အတွက် ဂေဟစနစ်အတွက် အရေးကြီးသည့် ဆောက်ရွက်မှုကို
ဆောင်ရွက်နေတယ်လို့ streit က ရှင်းပြထားပါတယ် ။
Adreas Streit : “ ညအချိန်မှထွက်လာပြီး လူသားတွေရဲ့အကျိုးကို ဖျက်ဆီးတတ်တဲ့ အင်းဆက်များစွားရှိနေပါတယ် ။
ခြင်းလို လူတွေကို ဒုက္ခပေးတတ်ကြတဲ့ အင်းဆက်သာမက သစ်ပင်နှင့်စိုက်ခင်းတွေကို ဖျက်ဆီးတတ်ကြတဲ့
ညထွက် အင်းဆက်တွေ သုတ်သင်နိုင်ရန်အတွက်
လင်းနို့လင်းဆွဲတွေဟာ သဘာဝအတိုင်း တိုက်ဖျက်တဲ့ နည်းလမ်း ဖြစ်ပါတယ် ။
လင်းဆွဲလင်းနို့တစ်ကောင်ဟာ တစ်ညကို ခြင်အကောင်ရေပေါင်း ၅ ထောင် မှ ၆ ထောင် လောက်ကို
ဖမ်းဆီး စားသောက်ခြင်းအားဖြင့် ခြင်အရေအတွက်ကို လျော့ချပေးနိုင်ပါတယ်…” ။
လင်းနို့လင်းဆွဲများနှင့် အကျွမ်းတ၀င်နေထိုင်ဖို့ အချိန်ကျရောက်နေပြီ (၂)
ဥရောပက သာဓကတစ်ရပ်ကို တည်ထောင်နေပြီ
Eurobats အဖွဲ့၏ ခေါင်းဆောင် ဒါရိုက်တာဟာ လင်းနို့လင်းဆွဲများကို ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုနှင့်
ပက်သက်ပြီး အောင်မြင်မှုရရှိစေရန်
လင်းနို့လင်းဆွဲများနှင့် စိမ်းကားနေသူ မဟုတ်ပါဘူး ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ၂၀၁၁ ခုနှစ်ဟာ
ဥရောပလင်းနို့လင်းဆွဲမျိုးစိပ်များ ကာကွယ်စောင့်ရှောက်ရေးအတွက်
သဘောတူညီခဲ့ကြသည့် ၂၀ နှစ်မြောက် အထိန်းအမှတ်လည်း ဖြစ်နေပါတယ် ။
ညထွက် သတ္တ၀ါများနှင့်ပက်သက်၍ ပဲ့တင်သံကို အမီပြုနေထိုင်ကျက်စားကာ ကိုယ်ခန္ဓာကို
အထက်အောက် ဗြောင်းဗြန်ထားပြီး အိပ်တတ်သည့်
လင်းနို့လင်းဆွဲများအကြောင်း အသိပညာပေးရေး လုပ်ငန်းတွေဟာ တော်တော်လေး ထိရောက် အောင်မြင်ခဲ့ပါတယ် ။
လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုလောက်မှစပြီး ဥရောပတိုက်တွင်း လင်းဆွဲလင်းနို့ အရေအတွက်ဟာ တည်ငြိမ်မြင့်တက်လာခဲ့ပါတယ် ။
Streit နှင့် သူ၏ အဖွဲ့ဟာ လင်းဆွဲလင်းနို့များအား ကာကွယ်စောင့်ရှောက်ရေးကို ဥရောပတွင်သာမက
လင်းနို့များ ပျောက်ကွယ်တိမ်ကောနေသည့်
ကမ္ဘာ့အခြားနေရာများ နှင့် လင်းနို့များ၏ အခန်းကဏ္ဍများ အရေးပါနေသည့် နေရာများတွင်လည်း
ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးနေပါတယ် ။
ဥပမာ အပူပိုင်းဒေသများတွင် သစ်သီး နှင့် ၀တ်ရည်စုပ်သည့် လင်းနို့လင်းဆွဲတွေဟာ ၀တ်မှုန်ကူးမျိုးပွားခြင်း နှင့်
သစ်ပင်မျိုးစေ့များ ပြန့်နှံ့မျိုးပွားရေးတို့အတွက် လင်းဆွဲလင်းနို့များ မုချလိုအပ်နေပါတယ် ။
အချို့သစ်မျိုးများ ဥပမာ ဒူရင်းပင်များ အသီးသီးဖို့ရန် လင်းနို့လင်းဆွဲများ၏ ၀တ်မှုံကူးပေးခြင်း လိုအပ်ပါတယ် ။
အာလားတူ ထောပတ်သီး၊ သဖန်းသီး၊ ကတွတ်သီး၊ သီဟိုရ် နှင့် သရက်တို့ဟာလည်း ညဖက်ကျက်စားသည့်
သတ္တ၀ါများ၏ ၀တ်မှုံကူးပေးခြင်း လိုအပ်ပါတယ် ။
ဒါကြောင့် လင်းဆွလင်းနို့အပါအ၀င် အခြားညဖက်ထွက် သတ္တ၀ါတွေဟာ လူသားများ၏ စီးပွားရေး နှင့်
ဂေဟဆိုင်ရာ မျှတမှုရှိရေးအတွက် အထူးအရေးပါနေတယ် ။
လင်းနို့လင်းဆွဲများ၏ ရပ်တည်ရေးကို ခြိမ်းခြောက်အန္တရာယ် ပြုလာမှုတွေရှိနေ
လင်းနို့များဟာ အသုံးဝင်မှုများစွာရှိနေကြပေမယ့် လူသားများ၏ အပြုအမှုကြောင့် လင်းနို့လင်းဆွဲ မျိုးစိတ်များစွာ၏
ရပ်တည်ရင်သန်ရေးကို ခြိမ်းခြောက်လာမှုတွေ ရှိနေပါတယ်။ အဓိက ခြိမ်းခြောက်မှုတွေဟာ
လင်းနို့များ ကျက်စားရာနေရာတွင် လူသားများနေရာယူလာကြခြင်း၊
သစ်တောခုတ်ထွင်ခြင်း နှင့် ပိုးသတ်ဆေးများ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနေရပါတယ် ။
လူသားများ၏ အပြုမှုကြောင့် လင်းဆွဲလင်နို့များ၏ နေထိုင်ရာနေရာများ ပျောက်ကွယ်နေရ
ပိုးသတ်ဆေးများ သုံးစွဲခြင်းကြောင်း လင်းနို့လင်းဆွဲများ၏ အစားအစာရရှိမှုကို ထိခိုက်စေရုံသာမက လင်းနို့များ၏
ခန္ဓာကိုယ်ဖွံဖြိုးရေး နှင့် မျိုးပွားမှုကို ထိခိုက်စေသည့်အပြင် သေဆုံးမှုကိုပါ ဖြစ်စေနိုင်ပါတယ် ။
အာဖရိကတိုက် နှင့် အာရှတိုက်တွင် လင်းဆွဲလင်းနို့ကို အရသာရှိသည့် ဟင်းလျာအဖြစ် အသုံးပြု ကြသည့်အတွက်
လင်းနို့လင်းဆွဲများကို သီးသန့်ဖမ်းဆီးပြီး ရောင်းဝယ်ဖောက်ကား နေကြပါတယ် ။
ကံမကောင်းစွာပဲ လင်းဆွဲလင်းနို့ ချေးများကိုရယူပြီး လင်းနို့များကို အမဲလိုက်ဖမ်းဆီးခြင်းတွေဟာ
တွင်တွင်ကျယ်ကျယ် ရှိနေကြသေးတယ်လို့ Streit က ဆိုပါတယ် ။
Andreas Streit : “ လင်းနို့အရေအတွက် ကျဆင်းမှုတွေဟာ စိုးရိမ်ရသည့် အခြေအနေရောက်အောက် ကျဆင်းနေပါတယ် ။
ဝမ်းနည်းစရာကောင်းတာက ဒေသတော်တော်များများမှာ လင်းနို့လင်းဆွဲမျိုးသုန်းမှုနှင့်
ပက်သက်သည့် အစီရင်ခံစာထုတ်ပြန်မှုတွေဟာ တွင်တွင်ကျယ်ကျယ် ထွက်ပေါ်နေတာလည်း ရှိနေပါတယ်…”
လင်းနို့လင်းဆွဲတွေဟာ ခွေးရူးရောဂါပိုးကို သယ်ဆောင်ဖြန့်ဝေနေသည့်အတွက် လင်းနို့လင်းဆွဲများကို
လူသားများက ရည်ရွယ်သတ်ဖြတ်လာတဲ့
အစီရင်ခံစာမျိုးလည်း ရှိနေပါတယ် ။ လင်းနို့လင်းဆွဲကြောင့် ခွေးရူးရောဂါ ဖြစ်ရာတဲ့ ဖြစ်စဉ်မျိုးဟာ တော်တော်လေး ရှားပါးနေပြီး
လူတွေဟာ လင်းနို့လင်းဆွဲနှင့် ထိတွေ့ကြခြင်းကြောင်း နှင့် လင်းနို့လင်းဆွဲကိုယ်တိုင်ကလည်း
ခွေးရူးရောဂါပိုး ထုတ်လုပ်သူများမဟုတ်ကြောင်း၊
အကယ်၍ ခွေးရူးရောဂါပိုး တွယ်ကယ်လာကြတဲ့ လင်းနို့လင်းဆွဲများဟာ အချင်းချင်း တိုက်ခိုက်ကြခြင်း မရှိကြသည့်အပြင်
လူသားတွေကိုလည်း လာရောက်တိုက်ခိုက်လာခြင်း မရှိကြပါဘူးလို့ Streit က ရှင်းပြထားပါတယ် ။
လင်းနို့ကို ရည်စူးပြီး လင်းနို့နှစ်အဖြစ် အသိအမှတ်ပြုခြင်းဟာ ယခုနှစ်ပြက္ခဒိန်တစ်လျှောက် ရှိနေမှာဖြစ်ပြီး Eurobats အဖွဲ့အနေနဲ့
အခြားအဖွဲ့အစည်းများ၊ တိရိစ္ဆာန်ဥယာဉ်များ နှင့်ပူးပေါင်းပြီး လင်းနို့လင်းဆွဲအပေါ် ပိုမိုနားလည်
သိရှိလာစေရန် ကြိုးပမ်းသွားမယ်လို့ သိရပါတယ် ။
Bonn အခြေစိုက် လင်းနို့ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဟာ အမေရိကန် သစ်တောရေးရာအဖွဲနှင့် ပူးပေါင်းပြီး
ဆရာ/မ၊ ကျောင်းသား/သူ နှင့် မြေနေရာစီမံခန့်ခွဲသူများကို online မှတဆင့် ပညာပေးရေး အစီအစဉ်ကို ဆောင်ရွက်နေပါတယ် ။
ထိုအစီအစဉ်ကို ဘာသာစကားတော်တော်များများနှင့် ဖွဲ့စည်းလုပ်ကိုင်နိုင်စေမှာဖြစ်ပြီး လာမည့် ဆောင်းဦပေါက်တွင် စတင်ဖွင့်လစ်လိမ့်မယ်လို့ သိရပါတယ် ။
No comments:
Post a Comment