လက်ဆောင်(၁)*****'နားထောင်ခြင်းလက်ဆောင်"*****နားထောင်တယ်ဆိုတဲ့နေရာမှာ လေးလေးစားစားနားထောင်ရမယ်။ကြားဖြတ်ပြီး မပြောရဘူး တွေးငေးစိတ်ကူးနေတာမဖြစ်ရဘူး ဘယ်လိုတုံပြန်ပြောမယ်ဆိုပြီး စိတ်ထဲမှာကြိုတင်စိစဉ်မနေရဘူး နားထောင်ပေးခြင်းသက်သက်ပဲ
လက်ဆောင်(၂)*****"မေတ္တာလက်ဆောင်*****ပွေ.ဖက်တာ၊အနမ်းကလေးတွေ၊ကျောပြင်လေးကို ပုတ်ပေးတာ၊လက်ကလေးကိုင်တာ၊အဲဒီ အပြုအမူကလေးတွေက ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေအတွက် ကိုယ့်အချစ်ကို ဖော်ပြပေးရာတာမို့ ရက်ရောစွာပေးပါတဲ့
လက်ဆောင်(၃)*****ရယ်မောခြင်းလက်ဆောင်*****ကာတွန်းကလေးတွေ ဆောင်းပါးကလေးတွေနဲ့ ရယ်စရာ ပုံပြင်လေးတွေ မျှဝေးပေးပါတဲ့ အဲဒီလက်ဆောင်ကလေးက ကိုယ် မင်းနဲ.အတူရယ်မောရတာကို နှစ်သက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါတဲ့
လက်ဆောင်(၄)*****ရေးထားတဲ့စာလက်ဆောင်*****ရိုးရိုးကလေးလည်းဖြစ်နိုင်တယ်......."ကူညီပေးတဲ့အတွက် ကျေူဇူးပါ"ဆိုတာမျိုးလေ၊ဒါမှမဟုတ် ကဗျာလေးတစ်ပုဒ်.....၊ကိုယ့်လက်ရေးနဲ.ရေးထားတဲ့ စာတိုကလေးတစ်စောင်ဖြစ်ဖြစ် ဘ၀တစ်သက်စာ အမှတ်တရ ဖြစ်စေနိုင်ပါတယ်၊ ဘ၀ကိုတောင် ပြောင်းလဲစေနိုင်ပါတယ်တဲ့
လက်ဆောင်(၅)*****ချီးမွမ်းစကားလက်ဆောင်*****ဥပမာ...."အနီရောင်လေးနဲ့ လိုက်တယ်နော်" "မင်းအကောင်းဆုံး လုပ်ခဲ့တာပဲနော်"ဆိုတဲ့စကားလေးတွေက လူတစ်ယောက်အတွက် အဓိပ္ပာယ်ရှိတဲ့ နေ.တစ်နေ.ဖြစ်စေပါတယ်တဲ့
လက်ဆောင်(၆)*****တစ်ခုခုလုပ်ဆောင်ပေးလိုက်တဲ့လက်ဆောင်***** နေ.တိုင်းကြင်နာမှုလေးတွေပေးပါတဲ့၊တစ်ခုခုလုပ်ပေးပါတဲ့
လက်ဆောင်(၇)*****ထီးထီးနေခွင့်လက်ဆောင်*****တစ်ခါတရံ တစ်ယောက်တည်းနေရတာထက် ပိုကောင်းတာ ဘာမှမရှိဘူးမျိုး ကိုယ့်မှာလည်ရှိသလို တခြားသူတွေအတွက်လည်း အဲဒီ အခွင့်အရေးလက်ဆောင်ကို ပေးပေးပါတဲ့၊ ကိုယ့်ကြောင့် အနှောက်အယှက် မဖြစ်စေချင်တဲ့ စေတနာမျိုးပေါ့
လက်ဆောင်(၈)*****ချိုသာရွှင်ပျတဲ့ အကျင့်စရိုက်လက်ဆောင်*****အလွယ်ဆုံးနည်းလမ်းက တစ်ယောက်ယောက်ကို နူးညံ့ချိုသာတဲ့ စကားတစ်ခွန်းလောက် ပြောပေးပါတဲ့ ဥပမာ......."ကျေးဇူးပါ" "သူငယ်ချင်း မင်္ဂလာပါ"ဆိုတာလေးတွေပေါ့

No comments:
Post a Comment