Friday, October 21, 2011

ထရီပိုလီ ရောက် နိုင်ငံခြားရေး ၀န်ကြီး သတ္တိ ရှိ တဲ့ အတိုက် အခံ တွေ ကို ချီးကျူး



U.S. Sec arrive Tripoliအမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ဟာ လစ်ဗျား နိုင်ငံ ထရီပိုလီ မြို့  ကို ဒီ
နေ့ ရောက် ရှိ လာပြီး လစ်ဗျား အသွင် ကူးပြောင်း ရေး ကောင်စီ အပါအ၀င် လစ်ဗျား တော်လှန်
ရေး ခေါင်းဆောင် တွေ နဲ့  တွေ့ ဆုံ ခဲ့ ပါတယ်။
မကြောငြာ ပဲ ရုတ်တစ်ရက် သွား ရောက် ခဲ့ တဲ့ ဒီခရီးစဉ် ကို 0န်ကြီး ဟီလာရီ ကလင်တန် က
အမေရိကန် လေတပ်  က လေယာဉ် တစ်စီး နဲ့  ရောက် ရှိ ခဲ့ တာ ဖြစ်ပါတယ်။
ခရီးရောက် မဆိုက် မှာ ပဲ သူက ” လစ်ဗျား နိုင်ငံ သား တွေ ရဲ့  သူရ သတ္တိရှိ မှု နဲ့  ဆုံးဖြတ်ချက်
မှန် မှု တို့  အတွက် ဂုဏ်ပြု လေးစား ကြောင်း ပြော ပြီး အနာဂတ် လစ်ဗျား နိုင်ငံ အတွက် အမေ
ရိကန် ပြည်ထောင် စု က အသင့် ရှိ နေမယ် ၊ သူဟာ ရဲရင့် သူ တွေ ရဲ မြေမှာ အမေရိကန်
ပြည်သူ တွေ ကိုယ်စား ရပ် နေရတာ ဂုဏ်ယူတယ်  လို့  ပြော ဆို ခဲ့ ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ကို လစ်ဗျား ကြားဖြတ် အစိုးရ ရဲ့  ၀န်
ကြီးချုပ် ဖြစ် သူ မာမွတ် ဂျီဘရေး  နဲ့  လစ်ဗျား ခေါင်းဆောင် တွေ က  ကြိုဆို ခဲ့ ပါတယ်။
နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ရောက် ရှိ လာတဲ့ အချိန် မှာ ထရီ ပိုလီ မှာ လုံ ခြုံ
ရေး ထူထပ် စွာ ချထား ပြီး လုံခြုံ ရေး အနေ နဲ့  က တော် လှန် ရေး စတင် ချိန် မှာ ဦးစွာ ဘက်
ပြောင်း ခဲ့ တဲ့ လစ်ဗျား စစ်အရာ ရှိ တွေ ကို ပဲ ထားရှိ တယ် လို့  ဆိုပါတယ်။
ကဒါဖီ လက်နက် က လက်နက် တွေ နဲ့  ပတ်သက်ပြီး မသက် ဆိုင် သူ တွေ ဆီ မရောက် ရှိ စေ
ဖို့ လစ်ဗျား နိုင်ငံ ရဲ့  နိုင်ငံရေး စီပွားရေး မှာ အကူအညီ ပေး နိုင် ဖို့   နိုင်ငံခြားရေး ၀န်ကြီး နဲ့ 
လစ်ဗျား ခေါင်းဆောင်  တွေ ဆွေး နွေး ခဲ့ ကြတယ် လို့  ရိုက်တာ က ဖော် ပြ ခဲ့ ပါတယ်။
အမေရိကန် နိုင်ငံခြားရေး မရောက် ခင် တစ်ရက် အလို မှာ ကဒါဖီ သစ္စာ ခံ တွေ ရဲ့  အဓိက ခြေ
ကုပ်စခန်း ဖြစ် တဲ့ ဘန်နီ ၀လစ် ကို လစ်ဗျား အစိုးရ တပ် တွေ က သိမ်းပိုင် နိုင် ခဲ့ ပါတယ်။
အမေရိကန် နိုင်ငံ ဟာ လစ်ဗျား ပြည်သူ တွေ ကဒါဖီ ကို စတင် တော် လှန် ကတည်း က အခု
အချိန် အထိ ငွေကြေး ဒေါ်လာ ၁၃၅ သန်း နဲ့  လက်နက် ၊ ရိက္ခာ  နဲ့  အခြား လိုအပ် မှု တွေ
ကူညီ ခဲ့ ပါတယ်။

No comments:

Post a Comment