

ဖေဖေါ်ဝါရီ ဆယ်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာ တစ်ဆယ်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး၊
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်ဒို့ခေါင်းဆောင်၊
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား၊
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
မွေးဖွားရာအချိန်နှင့် ဇာတိ
မြန်မာနိုင်ငံကိုချစ်တဲ့ မျိုးချစ်သူရဲကောင်း၊ တော်လှန်ရေးတွေမှာ အဆက်မပြတ် ပါဝင်ခဲ့တဲ့
နိုင်ငံရေးကောင်း သမားတစ်ဦး ဖြစ်တယ် ဗိုလ်ချုပ် အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူရဲ့ဖခင်ကတော့ ရှေ့နေဦးဖာ ဖြစ်ပြီး မွေးမိခင်ကတော့ ဒေါ်ခင်စု ဖြစ်ပါတယ်။
သူမွေးဖွားတဲ့ အချိန်မှာ ပထမ ကမ္ဘာစစ်ကြီးရဲ့ ဒုတိယနှစ် ထဲကို ရောက်နေ ပြီးတော့ ဂျာမနီက ရေငုပ် သင်္ဘောများနဲ့ ဗြိတိသျှ ရေတပ်ကို အကြီးအကျယ် ဒုက္ခပေးနေတဲ့ အချိန် လည်းဖြစ်ပါတယ်။ အဲ့ဒီနှစ် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့၊ မြန်မာခုနှစ်အရ ၁၂၇၆ ခုနှစ် တပေါင်းလဆန်း တစ်ရက် စနေနေ့ မနက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားလာခဲ့ပါတယ်။ နက္ခတ်ဗေဒင်ဆရာကြီး ကီရို ဟောပြောချက်အရ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မွေးဖွားသူတို့က တိုင်းပြည်တစ်ပြည်ရဲ့ အစိုးရထီးနန်းကို ဖြိုဖျက်နိုင်စွမ်းသူများကို မွေးဖွားတဲ့ဇာတာလို့ ဟောခဲ့ပါသေးတယ်။


အမည်နာမနှင့် မွေးချင်းမောင်နှမ
ဇာတာအရ မှည့်ထားတဲ့ နာမည်ကတော့ မောင်ထိန်လင်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ဘယ်သူကမှ ထိန်လင်းလို့ ခေါ်လေ့ခေါ်ထမရှိဘဲ သူ့အကို ကိုအောင်သန်းရဲ့ နာမည်နဲ့ လိုက်အောင် မှည့်ထားတဲ့ မောင်အောင်ဆန်း လို့သာ ခေါ်ကြတော့တယ်။ နောက်ပိုင်း ဒို့ဗမာ အစည်းအရုံးကို ၀င်ရောက်တဲ့အခါ သခင်အောင်ဆန်း ဖြစ်လာခဲ့တယ်။ သခင် အောင်ဆန်းရဲ့ ဂျပန်အမည်ကတော့ အိုမိုဒါမွန်ဂျီ ဖြစ်ပါတယ်။ အဲ့ဒီနောက် ထိုင်းနိုင်ငံ ဗန်ကောက် ရဲဘော် သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာကနေ ဗိုလ်တေဇဖြစ်လာခဲ့တယ်။ နောက်ဆုံးကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်တဲ့ နေရာမှာတော့ ဗိုလ်ချုပ်အောင်ဆန်းအမည်နဲ့ ထင်ရှားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမှာ သူအပါအ၀င် မွေးချင်းမောင်နှမ ၈ ယောက်ရှိပါတယ်။ သူတို့တွေကတော့
1) မခင်ညွှန့် (လယ်ဝန်ကတော်) ကွယ်လွန်
2) မ၀က် (အိပ်ထောင်မပြု) ကွယ်လွန်
3) မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်နဲ့ အတူလုပ်ကြံခံရ)
4) မရွှေမှန် (ငယ်စဉ်ကကွယ်လွန်)
5) မောင်နေအောင် (အမိန်တော်အရရှေ့နေ ကွယ်လွန်)
6) ခုနှစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်း ကွယ်လွန်)
7) ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ်) ကွယ်လွန်
8) ဗိုလ်ချုပ်အောင်ဆန်း တို့ဖြစ်ပါတယ်။
1) မခင်ညွှန့် (လယ်ဝန်ကတော်) ကွယ်လွန်
2) မ၀က် (အိပ်ထောင်မပြု) ကွယ်လွန်
3) မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်နဲ့ အတူလုပ်ကြံခံရ)
4) မရွှေမှန် (ငယ်စဉ်ကကွယ်လွန်)
5) မောင်နေအောင် (အမိန်တော်အရရှေ့နေ ကွယ်လွန်)
6) ခုနှစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်း ကွယ်လွန်)
7) ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ်) ကွယ်လွန်
8) ဗိုလ်ချုပ်အောင်ဆန်း တို့ဖြစ်ပါတယ်။

ငယ်ဘ၀အကျဉ်းချုပ်


ကျောင်းသားဘဝ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိဘနှစ်ပါးလုံးမှာ ဥာဏ်ရည်ထက်မြတ်သောသူတွေ ဖြစ်ကြပါတယ်။ ဗိုလ်ချုပ်ရဲ့ဖခင်က ရှေ့နေစာမေးပွဲမှာ ဗမာပြည်တပြည်လုံး တတိယစွဲခဲ့ပါတယ်။ အကိုများ၊ ၀မ်းကွဲညီအစ်ကိုများ နဲ့ ဦးလေးတွေကလည်း သူတို့ရဲ့ ကျောင်းစာမေးပွဲမှာ ထိပ်တန်းကျကျ အောင်မြင်ခဲ့ကြသူချည်းပါပဲ။ ဗိုလ်ချုပ်ရဲ့မိဘ များကလည်း ပညာရေးကို အထူးလိုလားကြတဲ့အတွက် ဗိုလ်ချုပ်ရဲ့ အစ်ကိုတွေကိုငါးနှစ်သား အရွယ်ကစပြီး ကျောင်းထားခဲ့ကြသည်။ ဗိုလ်ချုပ်ကတော့
အငယ်ဆုံးဖြစ်ပြီး အလိုလိုက် ထားတာကြောင့် အသက် ၈နှစ်ရောက်မှ ကျောင်းစနေ ဖြစ်ခဲ့ပါတယ်။။ ဒါတောင် အစ်ကိုက ရှင်ပြုတာအားကျပြီး ရှင်ပြုချင်လို့ ကျောင်းနေခဲ့တယ်လို့ ဆိုပါတယ်။။ ကျောင်းတက်တော့လည်း အတန်းကျောင်း တက်ခဲ့ရတာကြောင့် စာသင်နှစ် ၄ နှစ်တည်းနဲ့ ၁၀တန်း အောင်မြင် ခဲ့ပါတယ်။။ အင်္ဂလိပ်-မြန်မာ သတ္တမတန်းစာမေးပွဲမှာ ဗမာတစ်နိုင်ငံလုံး န၀မစွဲခဲ့ပြီး အထက်တန်း စကေားလားရှစ် ရခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ကျောင်းနဲ့ အမျိုးသားကျောင်းများမှာလည်း ပထမစွဲခဲ့ပြီး ဦးရွှေခိုဆုကို ရရှိခဲ့ပါတယ်။

အထက်တန်းပညာရေးကို နတ်မောက်နဲ့ ရေနံချောင်းတို့မှာ သင်ယူပြီးနောက် ရန်ကုန် တက္ကသိုလ်မှာ ၆ နှစ်ခွဲလောက်နေခဲ့ပြီး အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်းနဲ့ နိုင်ငံရေးသိပ္ပံတို့ကိုလည်း သင်ယူခဲ့ပါသေးတယ်။။ နိုင်ငံရေးစိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့လာနိုင်တဲ့အတွက် (ဘီ-အေ) အတန်းအထိ အောင်ယုံသာအောင်ခဲ့ပြီး (ဘီ-အေ) အထက်တန်းနှစ်တွင် ကျောင်းသားသပိတ် ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့အတွက် အလုပ်ရှုပ်သဖြင့် (ဘီ-အေ) စာမေးပွဲကို တစ်နှစ်မဖြေဘဲ နေခဲ့ရပါသေးတယ်။ အဲ့ဒီနောက် (ဘီ-အယ်လ်) အတန်းကိုတက်တဲ့ အချိန်မှာတော့ အတန်းလည်းမှန်မှန်မတက်၊ စာအုပ်လည်းမရှိ၊ မှတ်စုလည်းမထား၊ စာလည်းမကြည့်၊ သူစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားခဲ့တာကြောင့် (ဘီ-အယ်လ်) ပထမနှစ်စာမေးပွဲကို ကျရှုံးခဲ့ပါတယ်။ အဲ့ဒါက ဗိုလ်ချုပ်ဘ၀တွင် ပထမဆုံးနှင့် နောက်ဆုံးကျရှုံးခြင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေရာဇ၀င် ပထမမေးခွန်းမှာတော့ ဗိုလ်ချုပ်က ပထမရခဲ့ပါတယ်။ ဒုတိယ (ဘီ-အယ်လ်) နှစ်မှာတော့ နှစ်စေ့အောင် ကျောင်းမနေတော့ပါ။ အကြောင်းအရင်းကတော့ ဥရောပတိုက်မှာ မြူးနစ်စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မလို ဖြစ်နေတဲ့ခြေအနေနဲ့ ဗမာပြည်မှာလည်း အထိကရုန်း အခြေအနေတွေကြောင့် တိုင်းပြည်အတွက် ထိထိရောက်ရောက် လုပ်ကိုင်နိုင်ဖို့အတွက် နှစ်ဝက်မှာကျောင်းထွက်ပြီး သခင်ဘ၀သို့ ကူးပြောင်းခဲ့ပါတော့တယ်။


နိုင်ငံအတွက်လှုပ်ရှားခဲ့မှုများ


ဗိုလ်ချုပ်ဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းသားသမဂ္ဂတွင် အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး အဲ့ဒီအဖွဲ့ကထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းမှာ အယ်ဒီတာ အဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၃၆ခုနှစ် ဖေဖေါ်ဝါရီလမှာ တက္ကသိုလ်အုပ်ချုပ်ရေး အရာရှိကြီး တစ်ဦးကို ရည်ညွှန်းထားတဲ့ ဆောင်းပါးဖြစ်တဲ့ ငရဲခွေးကြီး လွတ်နေသည် ဆိုတဲ့ ဆောင်းပါးကို အမည်မဖော်ပြခဲ့တဲ့အတွက် ကိုနု (သခင်နု)နှင့် အတူတကွ တက္ကသိုလ်မှ ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက် သမိုင်းမှာ ကျောင်းသားသပိတ်ဆိုပြီး ဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ကျောင်းကထုတ်တဲ့ အမိန့်ကို ပြန်လည်ရုတ်သိမ်း ခဲ့ရတယ်။ ၁၉၃၈ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသားသပိတ် မန္တလေးကို ကူးစက်ပြီး နောက်ပိုင်းဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံးမှာ ဥက္ကဌအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါသေးတယ်။ အဲ့ဒီနှစ်မှာပဲ အစိုးရက သူ့ကို ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီမှာ ကျောင်းသားကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ၁၉၃၈ ခုနှစ် အောက်တိုဘာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားရေးသို့ ကူးပြောင်းခဲ့ပြီး ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်တဲ့ နယ်ချဲ့ဆန့်ကျင်ရေးသမားတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။ ဒို့ဗမာအစည်းအရုံး ၀င်တစ်ဦး ဖြစ်လာသောအခါတွင် သခင်တစ်ဦးပါဖြစ်လာခဲ့ပါတယ်။ အသင်းကြီးကို ၁၉၃၀ ခုနှစ် မေတွင် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီတာဝန်ကို ထမ်းဆောင်နေစဉ် ၁၃၀၀ ပြည့် အရေးတော်ပုံလို့ လူသိများသည့် နိုင်ငံတဝန်း သပိတ်ပွဲများကို လှုံ့ဆော် ဦးဆောင်ခဲ့ပါတယ်။
ဗမာ့ထွက်ရပ်ဂိုဏ်းကြီးကို ထူထောင်ရာမှာလည်း ပါဝင်ခဲ့ပြီး အဲဒီအဖွဲ့ကြီးက ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊
နိုင်ငံရေး နိုးကြားသော ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်းဖြစ်ပြီး ဗိုလ်ချုပ်က အဲဒီမဟာမိတ်အဖွဲ့ရဲ့ အတွင်းရေးမှုး ဖြစ်လာခဲ့ပါတယ်။ မကြာခင်မှာပဲ ဗိုလ်ချုပ်က ပြည်သူ့တော်လှန်ရေးပါတီကို ထူထောင်ရာမှာ ပါဝင်ခဲ့ပါသေးတယ်။ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းမှာ အဲဒီအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လမှာတော့ အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော် စည်းဝေးပွဲသို့ တက်ရောက်ခဲ့ပေမယ့် အစိုးရက ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တဲ့အတွက် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ရပြီး နောက်ဆုံးမှာတော့ နိုင်ငံရပ်ခြားကို ပြေးခဲ့ရပါတယ်။ စစချင်းမှာ ဗိုလ်ချုပ်ကတရုတ်ပြည်သို့သွားပြီး ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့ကိုအမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာသွားရန် တိုက်တွန်းခဲ့ပါတယ်။
၁၉၄၅ ခုနှစ် ဖေဖေါ်ဝါရီမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ဂျပန်ကနေ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ဖူမီမာရိုကိုနိုး အစိုးရဆီက လက်နက်နဲ့ ငွေကြေးထောက်ပံမယ်ဆိုတဲ့ ကတိရလာခဲ့ပါတယ်။ အဲ့ဒီနောက် စစ်သင်တန်းတက်ဖို့ ရဲဘော်သုံးကျိတ် အဖွဲ့ဝင်တွေနဲ့ ဂျပန်ပြည်ကို ခဏပြည်လည် ထွက်ခွာသွားခဲ့ပါတယ်။ ၁၉၄၂ ခုနှစ် မတ်လမှာ မြန်မာနိုင်ငံရဲ့မြို့တော် ရန်ကုန်ဟာ ဂျပန်တို့ လက်အောက်သို့ ကျရောက် သွားခဲ့ပါတယ်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်နေ့မှာ ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေးကို ကြေညာပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ဗိုလ်ချုပ်ရဲ့တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပေမယ့် ဂျပန်တို့နဲ့ပူးပေါင်းမှုကတော့ ကြာကြာတော့မခံလိုက်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်များပြောတယ့် လွတ်လပ်ရေးဆိုတာကို သံသယဝင်လာတဲ့အပြင် ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေး ကိုလည်း မနှစ်မြို့ခဲ့ပါဘူး။ ဂျပန်တပ်များ မဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင် သတိပေးခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင်များဖြစ်တဲ့ သခင်သန်းထွန်း၊ သခင်စိုးတို့၏ အကူအညီနဲ့ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဘီအင်အေတပ်ကို ဦးဆောင်ပြီး ဂျပန်ကျူးကျော်သူများကို မဟာမိတ်တို့နဲ့ ပူးပေါင်းပြီး တိုက်ထုတ်ခဲ့ပါတော့တယ်။ ဒါကြောင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင် စစ်အစိုးရမှ တပ်မတော်နေ့လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။
ဗမာ့ထွက်ရပ်ဂိုဏ်းကြီးကို ထူထောင်ရာမှာလည်း ပါဝင်ခဲ့ပြီး အဲဒီအဖွဲ့ကြီးက ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊


ဗိုလ်ချုပ်အောင်ဆန်ုးရဲ့မိသားစု
ဗိုလ်ချုပ်ဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၄၂ ခုနှစ် မှာ ဒေါ်ခင်ကြည်နှင့်
လက်ထပ်ခဲ့ပြီး အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်စတဲ့ သား(၂)ယောက်၊ သမီး(၁)ယောက် ရခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဒေါ်ခင်ကြည်ရဲ့ ညီမကတော့ ကွန်မြူနစ် ခေါင်းဆောင် သခင်သန်းထွန်းနဲ့ လက်ထပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ရဲ့သားအကြီးဆုံး ဦးအောင်ဆန်းဦးက အမေရိကန်နိုင်ငံတွင် အလုပ်လုပ်လျက်ရှိပြီး ဒုတိယမြောက်သား အောင်ဆန်းလင်းကတော့ ၈ နှစ်သား အရွယ်မှာ ခြံထဲကရေကန်မှာ ရေနစ်သေဆုံးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အငယ်ဆုံး သမီး ဒေါ်အောင်ဆန်းစုကြည် ကတော့ အခုအခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင်လျှက်ရှိပါတယ်။


ဗိုလ်ချုပ်အောင်ဆန်း လက်ထပ်မင်္ဂလာကို Snap Shot ဂျာနယ်မှာ ဖော်ပြခဲ့တာကို အောက်ကပုံတွေ မှာ Click နှိပ်ပြီး ဖတ်နိုင်ပါတယ်
ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ

ဗိုလ်ချုပ်မကွယ်လွန်ခင်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ


ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓါတ်ကို ဖန်တီးပေးသည် နတ်သိကြားတို့အား ငါ ကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ခုပ်တွင်းသိုပ
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒါဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်
ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အားမတုန်လှုပ်သည်ကိုတွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို တွေ့ရအံ့။
သုဂတိသို့ သွားရာတံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကားဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း။
(ဗိုလ်ချုပ်အောင်ဆန်း)
ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ

ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံအချို့
နောက်ဆုံးနေ့ရက်များ
၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှဝန်ကြီးချုပ် ကလီမင့်အက်တလီတို့ဟာ လန်ဒန်မြို့မှာ တစ်နှစ်အတွင်း မြန်မာ့ လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြခြင်းပါတယ်။
လူအချို့က ဗိုလ်ချုပ်ကို ကရင်လူမျိုးတို့အား ဗြိတိသျှတို့အပေါ်တွင် သစ္စာရှိမှု၊ ဂျပန်နှင့် ဘီအိုင်အေတပ်များကို ပြန်လည်တိုက်ခိုက်မှုတို့ကို အကြောင်းပြုနှိပ်ကွပ်ခဲ့တာနဲ့ပတ်သက်ပြီး တာဝန်ရှိသည်ဟု ယူဆခဲ့ကြပါတယ်။ စစ်အတွင်းတုန်းက သူကြီးတစ်ဦးကို ကွက်မျက်မှုနှင့် အရေးယူရန်လည်း ကြိုးစားအားထုတ်ခဲ့ပါသေးတယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အခြားတိုင်းရင်းသားခေါင်းဆောင်များနှင့်အတူ ပင်လုံညီလာခံ တွင် စည်းလုံးညီညွတ်ရေး ဖော်ဆောင်သည့် သက်သေအဖြစ် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဧပြီမှာ ဖဆပလက တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကြီးတွင် နေရာ ၂၀၂ နေရာအနက် ၁၉၆ နေရာကို ရရှိ အနိုင်ယူခဲ့ပြီးတော့ ဇူလိုင်လမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် ဆွေးနွေးပွဲများကို ရန်ကုန်မှာရှိတဲ့ `ဆိုရန်တာဗီလာ´မှာ ကျင်းပခဲ့ပါတယ်။ လွတ်လပ်ရေးမရမီ
လအနည်းငယ် အလိုမှာတော့ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သူရဲ့အစ်ကိုဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး ခြောက်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ လုပ်ကြံမှုက သူ့ရဲ့ ပြိုင်ဘက်ဖြစ်သူ ဂဠုန်ဦးစောရဲ့ လက်ချက်လို့ယူဆရတဲ့အပြင် ဦးစောရဲ့ တရားခွင်စစ်ဆေးချက်များမှာလည်း သံသယဖြစ်စရာများ တွေ့ရှိခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပေမယ့် လွှတ်တော်ဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ဦးနုက တိုင်းပြည်လွတ်လပ်ရေး ကြိုးပမ်းမှုများကို အရှိန် မပျက် ဆက်လက် ထမ်းဆောင်ခဲ့တဲ့အတွက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပေမယ့်လည်း လွတ်လပ် ရေးရဲ့ အရသာကိုတော့ ခံစားခွင့် မရလိုက်ပါဘူး။


BBC ကတင်ဆက်တဲ့ Who Really Killed Aung San ဆိုတဲ့ ဗိုလ်ချူပ်အောင်ဆန်း လုပ်ကြံခံရတာကို ပြန်လည်ရှင်းပြ တင်ဆက်ထားတဲ့ Video ပါ
ဗိုလ်ချုပ်အောင်ဆန်း၏ဘ၀ဖြစ်စဉ်နေ့စွဲများ
၁၉၁၅။ ။ ဖေဖေါ်ဝါရီလ ၁၃ ရက်၊ ၁၂၇၆ တပေါင်းလဆန်း ၁ ရက် စနေနေ့တွင် မကွေးတိုင်း နတ်မောက်မြို့၌ဖွားမြင်သည်။ ဗေဒင်ဆရာက ဇာတာတွင် ထိန်လင်းဟု အမည်ရေးသောလည်း အကိုဖြစ်သူ အောင်သန်းနှင့်လိုက်ဖက်အောင် အောင်ဆန်းဟုခေါ်တွင်ခဲ့သည်။
၁၉၂၂။ ။ အသက် ၇ နှစ်တွင် နတ်မောက်မြို့ ဆရာတော် ဦးသောဘိတထံတွင် ကျောင်းနေခဲ့သည်။
၁၉၂၈။ ။ ရေနံချောင်းအမျိုးသားအထက်တန်းကျောငိးသို့ ပြောင်းနေခဲ့သည်။
၁၉၃၀။ ။ သတ္တမတန်းအောင်ကာ ဦးရွှေရိုးစကောလားရှစ်ရသည်။ တစ်လ ၁၀ဖြင့် သုံးနှစ်စာ စကောလားရှစ်ရခဲ့သည်။
၁၉၃၂။ ။ ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ အထက်တန်းအောင်ကာ ရန်ကုန်တက္တသိုလ်ရောက်သည်။
၁၉၃၄။ ။ ဥပစာတန်းအောင်သည် (စာမေးပွဲခုံအမှတ် ၂၃၁)။ တကသ အမှုဆောင်ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည်။
၁၉၃၅-၃၆။ ။ တကသအမှုဆောင်ရွေးကောက်ပွဲဝင်ရာ အရွေးခံရသည်။ အိုးမဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ်ဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်စဉ် အိုးဝေမဂ္ဂဇင်း၌ "ခွေးသရမ်းကြီးလွတ်နေသည်" (Hell Hound At Large) ဆောင်းပါးရေးသူကို ထုတ်ဖော်မပြောသဖြင့် တက္ကသိုလ်မှ ထုတ်ပယ်ခံရသည်။
၁၉၃၆။ ။ တကသ ဒုဥက္ကဌရွေးချယ်ခံရသည်။ ရန်ကုန်မြို့ ဂျူဘာလီဟောခန်းမ၌ ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံတွင် မိန့်ခွန်းပြောကြားသည်။
၁၉၃၇။ ။ အင်္ဂလိပ်စာပေ၊ ဥရောပရာဇ၀င်၊ နိုင်ငံရေးဗေဒ ဘာသာရပ်များဖြင့် ၀ိဇ္ဇာတန်း အောင်မြင်သည်။ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာရနှင့် စာဖတ်အသင်း ဥက္ကဌအဖြစ် ဆောင်ရွက်သည်။ ပဲခူးဆောင် အခန်းအမှတ် (၁၁၃)တွင် နေခဲ့သည်။
၁၉၃၇-၃၈။ ။ တကသဒဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဌအဖြစ်လည်း ဆောင်ရွက်သည်။
၁၉၃၈။ ။ ဥပဒေသင်ကြားနေရာမှ၎င်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂဥက္ကဌ နေရာမှ၎င်း နှုတ်ထွက်သည်။ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော နယူဘားမား သတင်းစာ အယ်ဒီတာအဖွဲ့တွင် ခေတ္တ၀င်ရောက် လုပ်ကိုင်သည်။ ပထမဦးဆုံး တက္ကသိုလ် ကျောင်းသား ကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ အောက်တိုဘာလတွင် သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်သည်။
၁၉၃၈-၃၉။ ။ တကသဥက္ကဌအဖြစ် ဆောင်ရွက်သည်။
၁၉၃၉။ ။ ဇန်န၀ါရီလတွင် ရန်ကုန်အရေးတကြီး လုံခြုံရေးအက်ဥပဒေဖြင့် (၁၅)ရက် ဖမ်းဆီးထောင်ချခံရသည်။ ဖေဖော်ဝါရီ (၂၅)ရက်နေ့ သန်းခေါင်ကျော် ၂ နာရီခွဲတွင် ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အသင်းအလုပ် အမှုဆောင် အစည်းအဝေးသို့ တက်ရောက်သည်။ ဖေဖော်ဝါရီလ ၂၆ ရက် ညနေ ၅နာရီတွင် ဗမာပြည် နန်းရင်းဝန်၊ မြို့မိမြို့ဖ အဖွဲ့ဝင်လူကြီးများနှင့် ကျောင်းသား ခေါင်းဆောင်များ (ကျောင်းသားသပိတ် အရေးနှင့် စပ်လျဉ်း၍) တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးသို့ တက်ရောက်သည်။ ဧပြီ ၆ ရက်မှ ၉ ရက် အထိ ကျင်းပသော မော်လမြိုင်ညီလာခံတွင် အတွင်းရေးမှုးအဖြစ် တာဝန်ခံ ဆောင်ရွက်သည်။ သြဂုတ်လ ၁၃ရက်နေ့တွင် ရန်ကုန်ရေကျော်ရပ် တို့ဗမာအစည်းအရုံး တည်နေရာ၌ သခင်ဆောင်ဆန်း၊ သခင်လှဖေ၊ ကိုသိန်းဖေ၊ ကိုဗဟိန်း၊ မစ္စတာဒတ္တားတို့သည် တို့ဗမာအစည်းအရုံး အတွင်းတွင် ကွန်မြူနစ်အဖွဲ့လေးတရပ် စတင်ဖွဲ့စည်းသည်။ သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်း ၄၉လမ်း အိမ်နံပါတ် ၁၈၈တွင် ဗမာပြည် ကွန်မြူနစ်ပါတီကို လျှို့ဝှက်စွာတည်ထောင် ဖွဲ့စည်းပြီး သခင်အောင်ဆန်းက အထွေထွေ အတွင်းရေးမှုးအဖြစ် တာဝန်ယူခဲ့သည်။ စက်တင်ဘာ ၁ ရက်တွင် ဒေါက်တာဘမော်အိမ်၌ ကျင်းပသော အစည်းအဝေး၌ ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်း ခံရသည်။ နိုဝင်ဘာ ၁၈ ရက်ေ န့တွင် မြေအောက်တော်လှန်ရေး ဗဟိုအဖွဲ့ကို စတင်တည်ထောင်ကာ သခင်အောင်ဆန်းအား ပြည်ပခေါင်းဆောင်အဖြစ် တင်မြှောက်ကြသည်။ ၁၉၃၉ ဒီဇင်ဘာလမှ ၁၉၄၀ ဇန်န၀ါရီလ အတွင်း ဗမာတစ်ပြည်လုံးသို့ တရားလှည့်လည် ဟောပြောခဲ့သည်။
၁၉၄၀။ ။ မတ်လ ၂၂ရက်နေ့ အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့တွင် ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ဂရက်ညီလာခံသို့ သခင်သန်းထွန်း၊ သခင်ခင်အောင်၊ သခင်တင်မောင်၊ သခင်ဆင်ဂူပတား၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ ကိုဗဟိန်း တို့နှင့်အတူ တက်ရောက်ခဲ့ကာ မေလ ၅ရက်၌ ရန်ကုန်ပြန်ရောက်သည်။ ဇွန်လ ၂၉ ရက်တွက် ဟင်္သတခရိုင် ရာဇ၀တ်ဝန် မစ္စတာဇေးဗီးယားက ဇွန်လ ၁ရက်နေ့ ဇလွန်မြို့၌ ချင်းတောင် အကြောင်း ဟောပြမှုဖြင့် သခင်အောင်ဆန်းကိုဖမ်းရန် ၅ ကျပ်တန် ၀ရမ်းကို ထုတ်ခဲ့သည်။ သြဂုတ်လ ၈ ရက်နေ့တွင် သခင်လှမြိုင်နှင့်အတူ ဟိုင်လီအမည်ရှိ သင်္ဘောဖြင့် ဗမာပြည်မှ တရုတ်ပြည်သို့ လျှို့ဝှက်စွာ ထွက်ခွါခဲ့ကြသည်။ သြဂုတ်လ ၂၄ရက်နေ့တွင် တရုတ်ပြည် အမွိုင်သို့ ရောက်ရှိကာ ထိုမှတဆင့် နိုဝင်ဘာ ၁၂ရက်နေ့တွင် ဂျပန်ပြည် တိုကျိုမြို့သို့ ရောက်ရှိခဲ့သည်။
၁၉၄၁။ ။ မတ်လ ၃ရက်နေ့တွင် ဗမာပြည်သို့ပြန်လာပြီး မတ်လ ၉ ရက်နေ့၌ ရဲဘော်သုံးကျိပ်ထဲမှ ပထမအသုတ်လူငယ်တစ်စုကို တပါးတည်းခေါ်ယူပြီး ဂျပန်ပြည်သို့ လျို့ဝှက်စွာ ပြည်လည် ထွက်ခွာခဲ့သည်။ မတ်လ ၂၇ ရက်နေ့တွင် ဂျပန်ပြည်တိုကျိုမြို့သို့ ပြန်လည် ဆိုက်ရောက်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာလ ၀ရမ်းပြေးနေစဉ် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှ နှုတ်ထွက်သည်။ ဒီဇင်ဘာ ၂၇၊ ၁၉၄၁ စနေနေ့ည ၁ နာရီအချိန်တွင် ယိုးဒယား ပြည်ဘန်ကောက်မြို့ရှိ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ၏နေအိမ်တွင် ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းပြီး လက်မောင်းသွေး ဖောက်သောက်ကြသည်။
၁၉၄၂။ ။ ဇန်န၀ါရီ ၁ ရက်တွင် အင်္ဂလိပ်အစိုးရက သခင်အောင်ဆန်းကို ဘားမားလစ် (Burma List) ခေါ် အင်္ဂလိပ်အစိုးရ၏ ရန်သူတော် စာရင်းတွင် အမှတ်စဉ် ၂ အဖြစ် ကြေညာခဲ့သည်။ ဇူလိုင်လတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိအဖြစ် ဆောင်ရွက်သည်။ သြဂုတ်လ ၁ရက်တွင် ဘီအိုင်အေ ဗမာလွတ်လပ်ရေး တပ်မတော်မှ ဘီဒီအေ ဗမာ့ကာကွယ်ရေး တပ်မတော်အဖြစ်သို့ ပြောင်းလဲရာတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဘီဒီအေ တပ်မတော်၏ သေနာပတိ ဖြစ်လာသည်။ စက်တင်ဘာလ ၆ ရက်တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ လက်ထပ်ပွဲတွင် ဆေးရုံ ယခုစစ်ရုံးချုပ်ပေါ်၌ပင် ကျင်းပသည်။ နိုဝင်ဘာလ ၈ရက်တွင် မြို့တော်ခန်းမ၌ ကျင်းပသော ခေတ်သစ်ဆရာ ဖြစ်သင်တန်းတွင် သေနင်္ဂဗျူဟာ စစ်ပညာအကြောင်း ဟောပြောသည်။
၁၉၄၃။ ။ မတ်လတွင် ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခြင်းခံရသည်။ မတ်လ ၁၇ရက်တွင် ဒေါက်တာဘမော်နှင့် အတူဂျပန်ပြည် တိုကျိုမြို့သို့ ဖိတ်ကြားခြင်းခံရပြီး ၁၉၄၃ မတ် ၂၂ ရက်တွင် ဂျပန်အင်ပါယာ၏ ဘွဲ့ထူးဂုဏ်ထူးတံဆိပ် (order of the risingsun) ဖြင့် ချီးမြှင့်ခံရသည်။ သြဂုတ်လ ၁ရက်တွင် ဗမာ့တပ်မတော် စစ်ဦးစီး သေနာပတိ ရာထူးအပြင် စစ်ဝန်ကြီးအဖြစ် ဆောင်ရွက်သည်။ ဂျပန်အစိုးရ၏ (First Class Order of The Sacred Treadsure) ချီးမြှင့်ခြင်း ခံရသည်။ အောက်တိုဘာ ၂ ရက်တွင် ဦးဝိစာရကြေးရုပ်နှင့် ကျောက်တိုင်ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားသည်။
၁၉၄၂။ ။ ဇန်န၀ါရီ ၁ ရက်တွင် အင်္ဂလိပ်အစိုးရက သခင်အောင်ဆန်းကို ဘားမားလစ် (Burma List) ခေါ် အင်္ဂလိပ်အစိုးရ၏ ရန်သူတော် စာရင်းတွင် အမှတ်စဉ် ၂ အဖြစ် ကြေညာခဲ့သည်။ ဇူလိုင်လတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိအဖြစ် ဆောင်ရွက်သည်။ သြဂုတ်လ ၁ရက်တွင် ဘီအိုင်အေ ဗမာလွတ်လပ်ရေး တပ်မတော်မှ ဘီဒီအေ ဗမာ့ကာကွယ်ရေး တပ်မတော်အဖြစ်သို့ ပြောင်းလဲရာတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဘီဒီအေ တပ်မတော်၏ သေနာပတိ ဖြစ်လာသည်။ စက်တင်ဘာလ ၆ ရက်တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ လက်ထပ်ပွဲတွင် ဆေးရုံ ယခုစစ်ရုံးချုပ်ပေါ်၌ပင် ကျင်းပသည်။ နိုဝင်ဘာလ ၈ရက်တွင် မြို့တော်ခန်းမ၌ ကျင်းပသော ခေတ်သစ်ဆရာ ဖြစ်သင်တန်းတွင် သေနင်္ဂဗျူဟာ စစ်ပညာအကြောင်း ဟောပြောသည်။
၁၉၄၃။ ။ မတ်လတွင် ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခြင်းခံရသည်။ မတ်လ ၁၇ရက်တွင် ဒေါက်တာဘမော်နှင့် အတူဂျပန်ပြည် တိုကျိုမြို့သို့ ဖိတ်ကြားခြင်းခံရပြီး ၁၉၄၃ မတ် ၂၂ ရက်တွင် ဂျပန်အင်ပါယာ၏ ဘွဲ့ထူးဂုဏ်ထူးတံဆိပ် (order of the risingsun) ဖြင့် ချီးမြှင့်ခံရသည်။ သြဂုတ်လ ၁ရက်တွင် ဗမာ့တပ်မတော် စစ်ဦးစီး သေနာပတိ ရာထူးအပြင် စစ်ဝန်ကြီးအဖြစ် ဆောင်ရွက်သည်။ ဂျပန်အစိုးရ၏ (First Class Order of The Sacred Treadsure) ချီးမြှင့်ခြင်း ခံရသည်။ အောက်တိုဘာ ၂ ရက်တွင် ဦးဝိစာရကြေးရုပ်နှင့် ကျောက်တိုင်ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားသည်။
၁၉၄၄။ ။ သြဂုတ်လ ၄ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ပြီး ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး (ဖဆပလ) ကို ပဲခူးမြို့ဗမာ့တပ်မတော် တိုင်း ၄ စခန်း၌ လျို့ဝှက်စွာ ဖွဲ့စည်းခဲ့သည်။ ထိုသို့ ဖွဲ့စည်းရာ၌ ဗိုလ်ချုပ်အောင်ဆန်ုးသည် ဖဆပလ ဗဟိုဦးစည်း အဖွဲ့တွင်၎င်း၊ ဖဆပလ ဗဟိုစစ်ကောင်စီတွင်၎င်း၊ စစ်ရေး ခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ သြဂုတ်လ ၂၃ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့ ပတ်လမ်းနှင့် ဦးထွန်းမြင့် လမ်းထောင့်ရှိ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်၌ ဗမာ့တပ်မတော် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ပြည့်သူ့အရေးတော်ပုံ ပါတီတို့ ပါဝင်ဖွဲ့စည်းသော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကို ပြည်လည်ဖွဲ့စည်းသည်. စက်တင်ဘာ ၃ ရက်တွင် ဗိုလ်မှူးကြီး စောကြာဒိုး၊ ဗိုလ်ကြီး စောစံဘိုးသင်၊ ဗိုလ်မှူးရဲထွက်၊ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည့် နှင့်အတူ မြောင်းမြမြို့သို့ ရောက်လာကြသည်။ စက်တင်ဘာ ၇ရက်တွင် ဗိုလ်မှူးကြီးစောကြာဒိုး၊ ဗိုလ်ကြီးစောစံဘိုးသင်၊ ဒုဗိုလ် သိန်းဆွေ၊ ဗိုလ်မှူးကြီး ဇေယျ၊ ဗိုလ်မှူးရဲထွက်တို့နှင့်အတူ ပုသိမ်ခရိုင် ကန်ကြီးထောင့်ရွာသို့ ခရီးထွက်ကြသည်။
၁၉၄၅။ ။ မတ်လ ၁၇ ရက်တွင် ရန်သူကို တိုက်ခိုက်ရန်အတွက် တပ်မတော်ကို ဦးဆောင်ပြီး စစ်မြေပြင် ထွက်ခဲ့သည်။ မတ်လ ၂၇ ရက်နေ့တွင် ဖက်စစ်ဂျပန်များကို စတင်တော်လှန်သည်။ မေလ ၆ ရက်တွင် ဗိုလ်ချုပ်စလင်းနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံသည်။ ဇွန် ၂၀ ရက်တွင် အင်္ဂလိပ်စစ်သင်္ဘော ကမ်ဘာလင် (H.M.S Cumberland) ပေါ်၌ အခြား နိုင်ငံရေး ခေါင်းဆောင်များနှင့်အတူ ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် တွေ့ဆုံဆွေးနွေသည်။ သြဂုတ်လ ၁၉ ရက် နေသူရိန် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားသည်။ သြဂုတ်လ ၂၉ ရက် မြို့တော်ခန်းမ၌ ကျင်းပသည့် အရှေ့အနောက်အသင်း (East And West Association) တွင် အင်္ဂလိပ်ဘာသာဖြင့် ဟောပြောခဲ့သည်။ စက်တင်ဘာလ ၄ ရက်တွင် အရှေ့တောင်အာရှဆိုင်ရာ သေနာပတိ လော့မောင်ဘက်တန်နှင့် ဗမာ့တပ်မတော် ဆက်လက် တည်တံ့ရေးအတွက် ဆွေးနွေးရန် သခင်သန်းထွန်း၊ ဗိုလ်လင်္ကျာ၊ ဗိုလ်နေ၀င်း၊ ဦးဘဖေတို့နှင့်အတူ သီဟိုကျွန်း ဂန္ဓီမြို့သို့ သွားသည်။
၁၉၄၆။ ။ ဇန်န၀ါရီ ၂၀ရက်တွင် ရွှေတိဂုံအလယ် ပစ္စယံ၌ ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ဖဆပလ ညီလာခံတွင် ဖဆပလ ဥက္ကဌအဖြစ် တင်မြောက်ခံရသည်။ မတ်လ ၄ ရက်တွင် သခင်မြ၊ ဟင်္သာတဦးမြ၊ ဦးအောင်စံဖေတို့နှင့်အတူ ရန်ကုန်မှ ရခိုင်သို့ ခရီးထွက်သည်။ မတ်လ ၆ ရက်တွင် တောင်ကုတ်ေ ရာက်သည်။ မတ်လ ၇ ရက်တွင် တောင်ကုတ်၌ တရားဟောသည်။ မတ်လ ၁၀ ရက်တွင် စစ်တွေကိုရောက်ပြီး၊ မတ်လ ၁၁ရက်နေ့၌ စစ်တွေမြို့တွင် တရားဟောသည်။ မတ်လ ၂၆ ရက်တွင် စထရင်း ဟော်တယ်၌ အိန္ဒိယခေါင်းဆောင် ပဏ္ဍစ်နေရူးနှင့် ၃နာရီကြာ ဆွေးနွေးသည်။ မေလ ၂၈ ရက် ညနေ၄ နာရီ အချိန်၌ ပြည်သူ့ရဲဘော်တပ်ဖွဲ့ အားလုံးကို လောင်းဝစ် လမ်းဌာနချုပ် အဖွဲ့တည်ရာ ဌာန၌ သြ၀ါဒမိန့်ခွန်း ပေးသည်။ စက်တင်ဘာ ၂၆ ရက်တွင် ဘုရင်ခံ၏ အမှူဆောင် ကောင်စီ၌ ဒုသဘာပတိ အဖြစ် ရာထူးလက်ခံပြီး အစိုးရအဖွဲ့ အသစ်ကိုဖွဲ့သည်။ နိုဝင်ဘာလ ၂ ရက် မြစ်ကြီးနားရှိ တိုင်းရင်းသား ကချင်စစ်တပ်ကို စစ်ဆေးသည်။ နိုဝင်ဘာလ ၁၄ ရက်မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အထက်ဗမာပြည်သို့ ခရီးထွက်သည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကယားပြည်နယ် လွယ်ကော်မြို့၌ ကျင်းပသည့် ကရင်အမျိုးအသား နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်သည်။ ဒီဇင်ဘာလ ၂၄ ရက် နံနက်တွင် တောင်ကြီးမြို့ ညောင်ရွှေဟော၌ စော်ဘွားများနှင့် ပထမဆုံးအကြိမ်ဆွေးနွေးသည်။
၁၉၄၅။ ။ မတ်လ ၁၇ ရက်တွင် ရန်သူကို တိုက်ခိုက်ရန်အတွက် တပ်မတော်ကို ဦးဆောင်ပြီး စစ်မြေပြင် ထွက်ခဲ့သည်။ မတ်လ ၂၇ ရက်နေ့တွင် ဖက်စစ်ဂျပန်များကို စတင်တော်လှန်သည်။ မေလ ၆ ရက်တွင် ဗိုလ်ချုပ်စလင်းနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံသည်။ ဇွန် ၂၀ ရက်တွင် အင်္ဂလိပ်စစ်သင်္ဘော ကမ်ဘာလင် (H.M.S Cumberland) ပေါ်၌ အခြား နိုင်ငံရေး ခေါင်းဆောင်များနှင့်အတူ ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် တွေ့ဆုံဆွေးနွေသည်။ သြဂုတ်လ ၁၉ ရက် နေသူရိန် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားသည်။ သြဂုတ်လ ၂၉ ရက် မြို့တော်ခန်းမ၌ ကျင်းပသည့် အရှေ့အနောက်အသင်း (East And West Association) တွင် အင်္ဂလိပ်ဘာသာဖြင့် ဟောပြောခဲ့သည်။ စက်တင်ဘာလ ၄ ရက်တွင် အရှေ့တောင်အာရှဆိုင်ရာ သေနာပတိ လော့မောင်ဘက်တန်နှင့် ဗမာ့တပ်မတော် ဆက်လက် တည်တံ့ရေးအတွက် ဆွေးနွေးရန် သခင်သန်းထွန်း၊ ဗိုလ်လင်္ကျာ၊ ဗိုလ်နေ၀င်း၊ ဦးဘဖေတို့နှင့်အတူ သီဟိုကျွန်း ဂန္ဓီမြို့သို့ သွားသည်။
၁၉၄၆။ ။ ဇန်န၀ါရီ ၂၀ရက်တွင် ရွှေတိဂုံအလယ် ပစ္စယံ၌ ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ဖဆပလ ညီလာခံတွင် ဖဆပလ ဥက္ကဌအဖြစ် တင်မြောက်ခံရသည်။ မတ်လ ၄ ရက်တွင် သခင်မြ၊ ဟင်္သာတဦးမြ၊ ဦးအောင်စံဖေတို့နှင့်အတူ ရန်ကုန်မှ ရခိုင်သို့ ခရီးထွက်သည်။ မတ်လ ၆ ရက်တွင် တောင်ကုတ်ေ ရာက်သည်။ မတ်လ ၇ ရက်တွင် တောင်ကုတ်၌ တရားဟောသည်။ မတ်လ ၁၀ ရက်တွင် စစ်တွေကိုရောက်ပြီး၊ မတ်လ ၁၁ရက်နေ့၌ စစ်တွေမြို့တွင် တရားဟောသည်။ မတ်လ ၂၆ ရက်တွင် စထရင်း ဟော်တယ်၌ အိန္ဒိယခေါင်းဆောင် ပဏ္ဍစ်နေရူးနှင့် ၃နာရီကြာ ဆွေးနွေးသည်။ မေလ ၂၈ ရက် ညနေ၄ နာရီ အချိန်၌ ပြည်သူ့ရဲဘော်တပ်ဖွဲ့ အားလုံးကို လောင်းဝစ် လမ်းဌာနချုပ် အဖွဲ့တည်ရာ ဌာန၌ သြ၀ါဒမိန့်ခွန်း ပေးသည်။ စက်တင်ဘာ ၂၆ ရက်တွင် ဘုရင်ခံ၏ အမှူဆောင် ကောင်စီ၌ ဒုသဘာပတိ အဖြစ် ရာထူးလက်ခံပြီး အစိုးရအဖွဲ့ အသစ်ကိုဖွဲ့သည်။ နိုဝင်ဘာလ ၂ ရက် မြစ်ကြီးနားရှိ တိုင်းရင်းသား ကချင်စစ်တပ်ကို စစ်ဆေးသည်။ နိုဝင်ဘာလ ၁၄ ရက်မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အထက်ဗမာပြည်သို့ ခရီးထွက်သည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကယားပြည်နယ် လွယ်ကော်မြို့၌ ကျင်းပသည့် ကရင်အမျိုးအသား နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်သည်။ ဒီဇင်ဘာလ ၂၄ ရက် နံနက်တွင် တောင်ကြီးမြို့ ညောင်ရွှေဟော၌ စော်ဘွားများနှင့် ပထမဆုံးအကြိမ်ဆွေးနွေးသည်။
၁၉၄၇။ ။ ဇန်န၀ါရီ ၂ရက်တွင် သခင်မြ၊ ဦးတင်ထွတ်တို့နှင့် အတူ ဘိလပ်သို့ သွားသည်။ ဇန်န၀ါရီ ၅ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဒေလီရေဒီယိုမှ ဗမာပြည်သို့ ဟူသော မှာကြားချက် မိန့်ခွန်းကို အသံလွှင့်သည်။ အာရှညီညွတ်ရေးသို့ ဟူသော ဗိုလ်ချုပ်အသံသွင်း မိန့်ခွန်းကိုလည်း ထိုနေ့ည ၈ နာရီခွဲအချိန်တွင် ဒေလီရေဒီယိုမှ အသံလွှင့်သည်။ ဇန်န၀ါရီလ ၁၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှဝန်ကြီးချုပ် အက်တလီ ခေါင်းဆောင်သော ဗြိတိသျှကိုယ်စားလှယ် အဖွဲ့တို့ ဆွေးနွေးပွဲကို လန်ဒန်မြို့အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဗြိတိသျှ ၀န်ကြီးချုပ်ဂေဟာ၌ ကျင်းပသည်။ ဇန်န၀ါရီ ၂၈ ရက်တွင် အောင်ဆန်း အက်တလီစာချုပ်အား လက်မှတ်ထိုးသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရန်ကုန် ပြန်ရောက်သည်။ ဖေဖော်ဝါရီ ၈ ရက်နေ့ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့သို့ သွားရောက်သည်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပင်လုံစာချုပ် လက်မှတ် ရေးထိုးသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော မြို့တော်ဝန်၏ ဧည့်ခံပွဲ၌ မိန့်ခွန်းပြောကြားသည်။ မတ်လ ၁၀ ရက်နေ့တွင် ဗမာပြည် အင်္ဂလိပ် ကုန်သည်ကြီးများ အသင်း နှစ်ပတ်လည်နေ့တွင် မိန့်ခွန်းပြောကြားသည်။ မတ်လ ၁၅ ရက်မှ မတ်လ ၁၇ ရက်နေ့အထိ လေကြောင်းခရီးဖြင့် မြိတ်၊ ထားဝယ်၊ မော်လမြိုင်မြို့များသို့ ခရီးထွက်သည်။ မတ်လ ၁၇ရက်နေ့ ညနေ၄နာရီအချိန်တွင် မော်လမြိုင်မြို့ ဘုရင်မပန်းခြံတွင် မိန့်ခွန်းပြောကြားသည်။ မတ်လ ၂၀ ရက်နေ့တွင် ကျောက်ဆည်နှင့် မန္တလေးမြို့များတွင် တရားဟောသည်။
1947 ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန်သို့သွားစဉ်ြှဗိတိသျှ ၀န်ကြီးချုပ် အက်တလီနှင့် Video မှတ်တမ်း
မတ်လ ၂၁ စစ်ကိုင်းမြို့တွင် တရားဟောသည်။ မတ် ၂၃ ရက် ညောင်ဦးမြို့တွင် တရားဟောသည်။ မတ်လ ၂၄ ရက် မကွေးမြို့တွင် တရားဟောသည်။ မတ်လ ၂၅ ရက် တွင် နတ်မောက်မြို့တွင် တရားဟောသည်။ မတ်လ ၂၇ ရက် အာလံ (အောင်လံ) တွင် တရားဟောသည်။ ထိုနေ့တွင်ပင် ရန်ကုန် ပြန်ရောက်သည်။ ဧပြီလ ၁ ရက်တွင် လေယာဉ်ဖြင့် စစ်တွေသို့ ခရီးထွက်သည်။ ထိုညနေတွင် ရေတပ်မတော်မှ စစ်သင်္ဘောဖြင့် မြေပုံမြို့သို့ ခရီးဆက်သည်။ ဧပြီလ ၂ ရက်နေ့တွင် စစ်တွေမှ ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်လာသည်။ ဧပြီလ ၄ ရက်တွင် အုတ်တွင်း တောင်ငူ ပျဉ်းမနားမြို့များတွင် တရားဟောသည်။ ဧပြီလ ၅ ရက်တွင် ပျော်ဘွယ်၊ တပ်ကုန်း၊ ရမည်းသင်းမြို့များတွင် တရားဟောသည်။ ဧပြီလ ၉ ရက်နေ့ ညနေ ၆ နာရီတွင် ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နှင့် အတူ မဲရုံများသို့ လိုက်လံစစ်ဆေးသည်။ ရွေးကောက်ပွဲ ကျင်းပရာတွင် ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလ အဖွဲ့သည် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသည်။ ဧပြီလ ၁၂ ရက်နေ့ နေလယ် ၂ နာရီတွင် ဗီယက်နမ် နိုင်ငံကိုယ်စားလှယ် ပါမောက္ခ ရန်ပင်လော့နှင့် တွေ့ဆုံသည်။ ဧပြီလ ၁၇ရက် နေ့လည် ၁ နာရီတွင် ကန်တော်ကြီးစောင်း အိုရီယန့်ကလပ်၌ ယိုးဒယား အစိုးရနှင့် ဗီယက်နမ်အစိုးရ ကိုယ်စားလှယ်တော်များ ဧည့်ခံပွဲ တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်။ ဧပြီလ ၁၈ ရက်နေ့တွင် နှစ်သစ်ကူး မိန့်ခွန်းပြောကြားသည်။ ဧပြီလ ၂၈ရက်နေ့ မန္တလေးသို့ လာသည်။
ဗိုလ်ချုပ်အသံနဲ့ ရှားရှားပါးပါးမိန့်ခွန်းကို အောက်မှာ နားဆင်နိုင်ပါတယ်။ နားဆင်ဖို့ Play ကိုနှိပ်ပါ။
ကြိုက်လို့ သိမ်းထာချင်သူတွေအတွက် Speech 1 - ifile | Speech 2 - ifile
မေလ ၄ ရက်နေ့တွင် ဗိုလ်ချုပ်နေအိမ်၌ ဖဆပလ ကိုယ်စားလှယ်များ ဆိုရှယ်လစ် ကိုယ်စားလှယ်များ၊ ပရသဖ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီး နယ်များတွင် ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်များ မသင့်တင့်သည့် ကိစ္စများဖြေရှင်းပေးသည်။ မေလ ၆ ရက်နေ့ည ၈နာရီတွင် ပြည်လမ်း ပဲခူးကလပ်၌ မျက်နှာဖြူ ကုန်သည်ကြီးများ နှင့် ဆွေးနွေးသည်။ မေလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ပသျူးအစိုးရ ကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာ ဘဟာနုဒင်နှင့် မစ္စတာ ဂျာဇန်ဇူလေမန်တို့ကို လက်ဖက်ရည်ပွဲနှင့် ဧည့်ခံသည်။ မေလ ၁၀ရက်နေ့ ညနေ ၃နာရီအချိန်တွင် သတင်းစာဆရာများကို အရေးပေါ် အစည်းအဝေးခေါ်ယူပြီး ဦးဘဖေကို ၀န်ကြီးအဖွဲ့မှ ထုတ်ပယ်သည့်ကိစ္စနှင့် စပ်လျဉ်းပြီး ရှင်းလင်း တင်ပြသည်။ မေလ ၁၂ရက်နေ့ည ၈နာရီတွင် အမေရိကန် သံအမတ် မစ္စတာ ပက်ကာ၏ နေအိမ်တွင် ကျင်းပသည့် ညစာစားပွဲသို့ တက်ရောက်သည်။ မေလ ၁၇ ရက်နေ့တွင် ယိုးဒယားဘုရင်ရဲ့ ဆွေတော်မျိုးတော်ဖြစ်သော မင်းသမီး ချန်ဘောနှင့် သမီးတော အာစီ မင်းသမီးတို့ကို တာဝါလိန်းနေအိမ်၌ ညစာဖြင့် ဧည့်ခံကျွေးမွေးသည်။ မေလ ၁၉ ရက်နေ့တွင် ဖဆပလ ပဏာမ ညီလာခံ ကျင်းပသည်။ မေလ ၂၅ ရက်နေ့တွင် ဗြိတိသျှရေတပ်မှ စစ်သင်္ဘော H.M.S FALE (ယခုစစ်ရေယာဉ် မေယု) အား ရေတပ်လက်ထောက် ဗိုလ်ချုပ် မစ်ချယ်က လွဲပြောင်းပေးသည်ကို အဆိုပါ သင်္ဘောပေါ်၌ပင် လက်ခံသည်။ မေလ ၃၀ ရက်နေ့တွင် သတင်းစာ ကွန့်ဖရန့်ပြုလုပ်သည်။ ဇွန်လ ၁၆ရက်နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး၌ အခြေခံဥပဒေနှင့် ပတ်သတ်သည့် လမ်းညွှန်ပြဌာန်းချက်ကို တင်သွင်းသည်။ ဇူလိုင်လ ၇ ရက်နေ့တွင် ဗမာပြည်ရှိ အိန္ဒိယ ငဋိညာဉ်ခံ ၀န်ထမ်းများ (I.C.S) နှင့် တွေ့ဆုံ ဆွေးနွေးသည်။ ဇူလိုင်လ ၁၃ရက် တနင်္ဂနွေနေ့ မြို့တော်ခန်းမမှနေပြီး လူထုသို့ မိန့်ခွန်းပြောကြားသည်။ ထိုမိန့်ခွန်းသည် နောက်ဆုံး ပြောကြားခဲ့သော မိန့်ခွန်းဖြစ်သည်။ ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် မသမာသူလူတစ်စု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့သည်။
Written By : Nunki, ^AnGel^
Edited By : Illusion, ^AnGel^
Published By : Alinyaung, Lucifer
Edited By : Illusion, ^AnGel^
Published By : Alinyaung, Lucifer
မှတ်ချက် - ဒီထဲမှာ အသုံးပြုထားတဲ့ တစ်ချို့အချက်အလက်များ၊ အသံများ၊ ဗီဒီယို ဖိုင်တွေဟာ Google မှတဆင့် သက်ဆိုင်ရာ ဆိုဒ်များဆီက သုံးထားတာဖြစ်ပါတယ်။ သက်သက် တစ်ခုချင်းဆီ Credit ပေးဖို့ Site တွေများပြားတာကော၊ မမှတ်မိတာတွေကောကြောင့် အကုန်လုံး စုပြီး ဒီမှပဲ ရေးလိုက်တာ နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ အဆင်မပြေလို့ သက်သက်ဆီ တင်ပေးစေချင်ပါက Site နာမည်တွေနဲ့ Link ကို အောက်မှာ Comment ကျေးဇူးပြုပြီး ရေးပေးခဲ့ပါ။ ဒီပို့်စ်အတွက် အသုံးပြုခဲ့သော Resources များရဲ့ မူလပိုင်ရှင် Admin များ၊ Blogger များအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း
************************************************************************************

ကိုယ်ရေးအကျဉ်း
(αмє∂єσ) ဘဘဦးသုခကို လွန်ခဲ့တဲ့ ၁၉၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၁၄ ရက်နေ့ (မြန်မာလို ၁၂၇၁ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက်နေ့၊ သောကြာ)နေ့မှာ ဖခင်ဦးစံခိုင်နဲ့ မိခင်ဒေါ်မျှင်တို့မှ လောကထဲကို မွေးဖွားပေးခဲ့ပါတယ်။
ဘဘရဲ့မွေးရပ်ဇာတိကတော့ ကျိုက်လတ်အပိုင် စာဖြူစုကျေးရွာပဲဖြစ်ပါတယ်။ ဖခင်ဦးစံခိုင်ဟာ စာဖြူစုကျေးရွာရဲ့ ရွာသူကြီးဖြစ်တယ်လို့လည်း မှတ်သားရပါတယ်။ ဘဘဦးသုခဟာ မွေးချင်း ၄ ယောက်ရှိတဲ့ အထဲက အကြီးဆုံးသား ဖြစ်ပြီးတော့ ငယ်နာမည်ကတော့ မောင်သိန်းဖြစ်ပါတယ်။ မောင်သိန်း(ခေါ်) ဘဘဦးသုခရဲ့ငယ်ဘ၀လေးကတော့ စာဖြူစုကျေးရွာလေးမှာပဲ ဖြတ်သန်းခဲ့ပြီး အလယ်တန်းကိုတော့ ကျိုက်လတ်မြို့ အမျိုးသားကျောင်းကနေ ၁၉၂၆ ခုနှစ်မှာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ အထက်တန်းပညာ သင်ယူဖို့အတွက် ဖျာပုံအမျိုးသားကျောင်းကို ၁၉၂၇ ခုနှစ်မှာပြောင်းရွေ့ပြီး ပညာဆည်းပူးခဲ့ပါတယ်။ အလယ်တန်းကျောင်းသားဘ၀ကတည်းက စတင်ပြီး ကဗျာ၊ ရတုများကိုရေးသားလာခဲ့တဲ့ ဘဘဦးသုခ(ခေါ်) မောင်သိန်းဟာ အထက်တန်းကျောင်းသားဘ၀ကို ရောက်တဲ့အခါမှာတော့ ၀တ္တုများကိုရေးသားဖို့ စိတ်သန်လာခဲ့ပါတယ်။ ၉ တန်းကျောင်းသားဘ၀မှာပဲ ကျောင်းကနေထွက်ပြီး ရန်ကုန်မြို့ကိုထွက်ခွာလာခဲ့ကာ ဖခင်ဦးစံခိုင်တည်ထောင်ထားတဲ့ အာဇာနည်ဂျာနယ်တိုက်မှာ ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂျာနယ်တိုက် ပိတ်လိုက်ရတဲ့အချိန်မှာတော့ ကျိုက်လတ်မြို့ကိုပဲပြန်ခဲ့ပြီး ကျိုက်လတ်မြို့မှာရှိတဲ့ ကျိုက်လတ်ဦးဘမူ တည်ထောင်ထားတဲ့ အမျိုးသားကျောင်းမှာ မြန်မာစာပြဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်နေစဉ်မှာပဲ အမျိုးသားနေ့ အောင်ပွဲနေ့တွေမှာ ကျောင်းရဲ့ပဒေသာကပွဲတွေအတွက် စာမူများရေးသားပေးခြင်း၊ ဇာတ်လမ်းများရေးသားခြင်းတွေအပြင် ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ကာ ပြဇာတ်ဒါရိုက်တာလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။

ရေးသားခဲ့သောစာအုပ်စာပေများနှင့်ကလောင်အမည်များ
(C4) ဘဘဦးသုခဟာ ကျောင်းသားဘ၀ အရွယ်ကတည်းက စာပေရေးသားခြင်းကို ၀ါသနာကြီးခဲ့တဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့ သုတ၊ရသစာပေတွေဟာ ရေတွက်လို့မရအောင် ဒုနဲ့ဒေးရှိနေပါတယ်။ အဲဒီထဲကမှ ထင်ရှားကျော်ကြားတဲ့ စာပေတွေကို လက်လှမ်းမှီသလောက် MYMC ပရိသတ်ကြီးကို ပြောပြပေးချင်ပါတယ်။ ၁၉၂၉ ခုနှစ်မှာ စိန်သိန်းတန်ဆိုတဲ့ ကလောင်နာမည်နဲ့ စံပယ်ပွင့်ဝတ္တုကို စတင်ရေးသားခဲ့ပါတယ်။ အဲ့ဒီဝတ္တုလေးဟာ က၀ိမျက်မှန်မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခံရပြီး စာမူခအနေနဲ့ ငွေကျပ် ၁၀ အပြင် မဂ္ဂဇင်း ၆ လဆုကိုလည်း ရရှိခဲ့ပါတယ်။ ၁၉၃၀ ပြည့်နှစ်မှာတော့ ရွင်ပျော်ပျော်စာပေတိုက် ၀တ္တုပြိုင်ပွဲမှာ မောင်သိန်းမောင်ဆိုတဲ့ ကလောင်အမည်နဲ့ မိန်းမသားဆိုတဲ့ ၀တ္တုကိုဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့အခါမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ဘဘဦးသုခဟာ သုတရသစာပေတွေအပြင် လောကီလောကုတ္တရာဆိုင်ရာ စာပေများကိုလည်းရေးသားခဲ့ပါသေးတယ် ။ ဘာသာရေးစာပေ ရေးသားခြင်းတွေကိုတော့ ၁၉၃၂ ခုနှစ် ဘဘအသက် ၂၃ နှစ်အရွယ်မှာ စတင်ပြီးရေးသားခဲ့တာဖြစ်ပါတယ်။ အစပိုင်းမှာတော့ ဘဘဦးသုခဟာ သူလေ့လာမှတ်သားခဲ့ဖူးတဲ့ လောကီလောကုတ္တရာ မှတ်စုမှတ်ရာများကို ပြန်လည်ပြီးစာမူပြုစု ရေးသားခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ထိုမှတ်စုများကိုစုဆောင်းပြီး သုခမှတ်စုဆိုတဲ့ စာအုပ်လေးကိုထုတ်ဝေခဲ့ပါတယ်။ ၁၉၃၄ ခုနှစ် ရောက်တဲ့အချိန်မှာတော့ ရွင်ပျော်ပျော်ဆိုတဲ့ စာပေတိုက်နာမည်နဲ့ လိုက်ဖက်အောင် သုခဆိုတဲ့ ကလောင်အမည်လေးကို ပြောင်းလဲသုံးစွဲကာ ၀တ္တုများကို ရေးသားခဲ့ပါတော့တယ်။ သုခဆိုတဲ့ ကလောင်အမည်ကို ခံယူပြီးသွားတဲ့နောက်ပိုင်းမှာတော့ ဘဘရေးတဲ့စာအုပ်တွေရဲ့အဆုံးမှာ ဆုတောင်းလေးတွေ ထည့်လေ့ရှိတယ်လို့လည်း မှတ်သားရပါတယ်။ အဲ့ဒီနောက်ပိုင်းကစပြီး ရွင်ပျော်ပျော်စာပေတိုက်အတွက် လုံးချင်းဝတ္တုငယ်လေးများကို ရေးသားပေးခဲ့ပြီး မိုက်မိတယ်ဆိုတဲ့ လုံးချင်းဝတ္တုကိုလည်း ထုတ်ဝေနိုင်ခဲ့တဲ့အထိ စာပေဘက်မှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဒါ့အပြင်ဘဘရဲ့ထင်ရှားကျော်ကြားတဲ့ စာအုပ်စာပေပေါင်းများစွာလည်းရှိခဲ့ပါတယ်။ လောကနိတိ၊ ကံကံ၏အကျိုး၊ သုတရသဓမ္မစာစုံ၊ စိတ်ဆိုသောစိတ်ကဲ့သို့သော စာပေကောင်းတွေဟာ ဘဘရဲ့ထင်ရှားတဲ့ စာအုပ်စာပေတွေပဲဖြစ်ပါတယ်။
ရုပ်ရှင်ဇာတ်ညွန်းနှင့်ပြဇာတ်များရေးသားခြင်း
(αмє∂єσ) ဘဘဦးသုခရဲ့ စာပေများဟာ လူ့ဘ၀နဲ့လူ့သဘာဝကို ဖော်ပြရေးသားတဲ့နေရာမှာ နာမည်ရလာတာနဲ့အမျှ ၁၉၃၈ ခုနှစ်မှာတော့ ချစ်အမျှရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွန်း ရေးသားပေးရာကနေ အစပြုပြီး ရုပ်ရှင်ဇာတ်ညွန်းရေးသားတဲ့ဘက်ကို ကူးပြောင်းလာခဲ့ပါတယ်။ ဂျပန်ခေတ်လို့အများကသိကြတဲ့ ၁၉၄၂ ခုနှစ် ဂျပန်တွေအုပ်စိုးတဲ့အချိန်မှာလည်း ပြဇာတ်များကိုကိုယ်တိုင်ရေးသားခဲ့ကာ ကန်တော်မိတ်ရုံမှာ ဂုဏ်ဆိုတဲ့ပြဇာတ်၊ ဂျိုတီရုံမှာ မေတ္တာနှင့်သစ္စာဆိုတဲ့ပြဇာတ်၊ မြိုင်ရုံမှာတော့ ဘဘရဲ့နာမည်ကြီးတဲ့ သြော်မိန်းမ သြော်ယောင်္ကျားပြဇာတ်၊ သြော်.. လောကဆိုတဲ့ပြဇာတ်တွေကို ရုံသွင်းတင်ဆက်ကပြခဲ့တာ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဘဘဦးသုခဟာ လူမူရေးအသင်းအဖွဲ့တွေမှာလည်း တက်တက်ကြွကြွပါဝင် လုပ်ဆောင်ခဲ့ပါသေးတယ်။ စာရေးစာရာအသင်းရံပုံငွေအတွက် ၀ိဇယပြဇာတ်၊ ပေါဦးပြဇာတ်တွေမှာလည်း ဒါရိုက်တာလုပ်ပြီးကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခဲ့ကာ ရံပုံငွေရှာဖွေပေးခဲ့ပါတယ်။ ဘဘရေးသားခဲ့တဲ့ မောင်ဖေငယ်ဆိုတဲ့ပြဇာတ်ဟာလည်း လူကြိုက်များခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကာဌေးရုံမှာ ချစ်တော့ချစ်တယ်ပြဇာတ်၊ ၀သုန်ဤမြေပြဇာတ်၊ ၀င်းဝင်းရုံမှာ ကိုယ်ကြိုက်တာကိုယ်လုပ်ပြဇာတ်၊ ဇော်ရုံမှာ သားတိုးရုပ်ရည်ပြဇာတ်တွေကို ကိုယ်တိုင်အဓိကနေရာကနေ သရုပ်ဆောင်တင်ဆက်ကပြခဲ့ပါတယ်။

ရုပ်ရှင်လောကသို့ဝင်ရောက်ခြင်း
(Craton) ဘဘဦးသုခဟာ ၁၉၄၈ ခုနှစ်မှာ ရုပ်ရှင်ဒါရိုက်တာအဖြစ် ပထမဦးဆုံး ချစ်အနုမြူဆိုတဲ့ဇာတ်ကားကို စတင်ရိုက်ကူးခဲ့ပါတယ်။ ထိုဇာတ်ကားမှစတင်ကာ ဘဘရဲ့ ပြောင်မြောက်လှတဲ့ ရိုက်ကူးချက်တွေကြောင့် စာရေးဆရာအသင်းကနေပြီးတော့ ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆုကို ပေးအပ်ချီးမြင့်ခဲ့ပါတယ်။ ဘဘရဲ့သုခ၀တ္တုတိုပေါင်းချုပ် စာအုပ်ကိုလည်း ၁၉၅၁ ခုနှစ်မှာစတင်ထုတ်ဝေခဲ့ပြီး ၁၉၅၅၊ ၁၉၆၆၊ ၁၉၇၈ နဲ့ ၁၉၈၈ ခုနှစ်တွေမှာ ပြန်လည်ထုတ်ဝေပုံနှိပ်ရတဲ့ အထိအောင်မြင်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်ကရိုက်ကူးတဲ့ သြော်မိန်းမ ဇာတ်ကားမှစတင်ကာ မြန်မာရုပ်ရှင် အကယ်ဒမီဆုတစ်ခုဖြစ်တဲ့ ဒါရိုက်တာဆုကို ဘဘဦးသုခက ပထမဦးဆုံးချီးမြင့်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဘ၀သံသရာ ဇာတ်ကားကို ၁၉၅၆ ခုနှစ်မှာရိုက်ကူးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဒါရိုက်တာ ဆုကိုထပ်မံရရှိခဲ့ပြန်ပါတယ်။ ၁၉၅၇ ခုနှစ်မှ ၁၉၆၇ ခုနှစ် အတွင်းတွေမှာတော့ ဘဘဦးသုခဟာ စာပေနဲ့ရုပ်ရှင်နယ်ပယ်မှာပဲ ကျင်လည်လှုပ်ရှားခဲ့ပါတယ်။ အဲ့ဒီအချိန်တွေမှာလည်း အလွန်မှနာမည်ကြီးတဲ့ ရဟန်းစားရသောဆွမ်းတစ်နပ်၊ တစ်ပါးသီလ ဆိုတဲ့ရုပ်ရှင်ကားတွေကိုလည်း ရိုက်ကူးခဲ့ပါတယ်။ရုပ်မြင်သံကြားဇာတ်လမ်း များစွာကိုလည်းရိုက်ကူးခဲ့တယ်လို့ မှတ်သားရပါတယ်။ နောက်ပိုင်းဘဘဦးသုခရရှိခဲ့တဲ့ အကယ်ဒမီဒါရိုက်တာ ဆုတွေကိုပြောရမယ်ဆိုရင် ၁၉၆၈ ခုနှစ်မှာ စကားပြောသော နှလုံးသားဇာတ်ကား၊ ၁၉၇၀ ခုနှစ်မှာ ကျွန်မမှာမိန်းမသားဇာတ်ကား၊ ၁၉၇၃ ခုနှစ်မှာ ဘယ်သူပြိုင်လို့လှပါတော့နိုင်ဇာတ်ကား၊ ၁၉၇၅ ခုနှစ်မှာ ရွှေချည်ငွေချည်တန်းပါလို့ဇာတ်ကား စတဲ့ဇာတ်ကားတွေနဲ့ အကယ်ဒမီဒါရိုက်တာဆုပေါင်း ၆ ခုကိုဘဘပိုင်ဆိုင်ခဲ့ပါတယ်။
ဘဘဦးသုခရိုက်ကူးခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတစ်ခုဖြစ်ပြီး စာရိတ္တ၊ ဘာသာရေးနဲ့ လူ့ကျင့်ဝတ်တွေကို ထင်ဟပ်ပြတဲ့ ရဟန်းစားရသောဆွမ်းတစ်နပ် ရုပ်ရှင်ဖြစ်ပါတယ်။
ဘွဲ့ထူးဂုဏ်ထူးများ
(C4) ဘဘဦးသုခဟာ အနုပညာမှာရော စာပေလောကနယ်ပယ်မှာပါ စိတ်ကောကိုယ်ပါ ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် ဘွဲ့ထူးဂုဏ်ထူးပေါင်းများလည်း ပေးအပ်ချီးမြင့်ခြင်းကိုခံခဲ့ရပါတယ်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံး ဒါရိုက်တာဆု ၆ ခုအပြင် ၁၉၅၈ ခုနှစ်မှာ အလင်္ကာကျော်စွာဘွဲ့၊ ၁၉၆၀ ပြည့်နှစ်မှာ ရုပ်ရှင်ဝါသနာအိုးများ၏ သူရသာတီရုပ်တု၊ ၁၉၉၄ ခုနှစ်မှာ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့၊ ၁၉၉၄ ခုနှစ်မှာပဲ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆု၊ ၁၉၉၇ ခုနှစ်မှာ အာဆီယံစာပေဆု၊ ၁၉၉၉ ခုနှစ်မှာ ကျေးဇူးသစ္စာ မြတ်ဘဏ္ဏာဂုဏ်ပြုဆု၊ ၂၀၀၀ပြည့်နှစ်မှာ လူမူထူးချွန်(ပထမအဆင့်)၊ ၂၀၀၀ ပြည့်နှစ်မှာပဲ ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ Ph.D ၊ ၂၀၀၅ ခုနှစ်မှာ ဓမ္မဗိမာန် တစ်သက်တာ စာပေဆုတွေကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။ ၁၉၈၃ ခုနှစ် နောက်ပိုင်းတွေမှစပြီး ဘဘဟာ ရန်ကုန်တိုင်း ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းနဲ့ တက္ကသိုလ်ဆရာလောင်း မွမ်းမံသင်တန်းတွေမှာလည်း စကားပြောဟောနည်းပညာ၊ တရားဟောပြောနည်းပညာတွေကို သင်ကြားပို့ချခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၄ ခုနှစ်မှာလည်း ရာမာခရစ္စနာ၏သုတပုံပြင်များ စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်။ အဲ့ဒီနှစ်ဇန်န၀ါရီလ ၄ ရက်နေ့လွတ်လပ်ရေးနေ့မှာပဲ ဘဘဟာ မဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်ကိုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ၁၉၉၅ ခုနှစ် နောက်ပိုင်း တွေမှာလည်း ဘဘရဲ့တရားတော်နဲ့ ပတ်သတ်တဲ့စာအုပ်စာပေတွေ သုတရသစာအုပ်တွေဟာ ဆက်တိုက်ထွက်ရှိလာခဲ့ပါတယ်။ဘဘဦးသုခရဲ့ ဘ၀သက်တမ်းတစ်လျှောက်မှာ လူသားတွေအတွက် အကျိုးရှိမဲ့စာအုပ်စာပေ အများအပြားကိုရေးသားခဲ့ပြီး ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှာတော့ရန်ကုန်တက္ကသိုလ်ကနေပြီး ဂုဏ်ထူးဆောင်စာပေပါရဂူ ဘွဲ့ကိုအပ်နှင်းပေးအပ်ခဲ့ပါတယ်။

အမေများနေ့
(Craton) ဘဘဦးသုခဟာ အမေများနေ့ကိုမြန်မာနိုင်ငံမှာ စတင်ကျင်းပရန်တိုက်တွန်းခဲ့သူလည်းဖြစ်ပါတယ်။အမေဆိုတာ ကြီးကျယ်မြင့်မြတ်သူတစ်ဦးဖြစ်ကြောင်းကို ဟောပြောပွဲတွေ၊ စာအုပ်စာပေတွေ၊ သူရိုက်တဲ့ ရုပ်ရှင်တွေကနေတစ်ဆင့် လူငယ်ထုရဲ့အတွေးထဲကို ကျေးဇူးသိတတ်စေတဲ့ အသိတွေရောက်အောင် လှုံ့ဆော်ပေးခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ အမေ စာအုပ်ကိုလည်း ရေးသားခဲ့ပါသေးတယ်။
အမေဆိုတာ ဘယ်လိုကြီးမြတ်ကြောင်းကိုသိစေဖို့အတွက် ဘဘဟာ စာပေဟောပြောပွဲတိုင်းမှာ အမေနဲ့ပက်သက်တဲ့ အကြောင်းအရာ တစ်ခုခုကိုတော့ ဟောပြောတတ်စမြဲပါ။ အမေများနေ့အတွက် ကျင်းပတဲ့ စာပေဟောပြောပွဲတစ်ခုမှာတော့ ဘဘဟာ အမေတွေကို ဂုဏ်ပြုတဲ့ စာပိုဒ်လေးတစ်ပုဒ်ကို ရွတ်ဆိုပေးခဲ့ပါတယ်။ “ကမ္ဘာကြီး ကမ္ဘာကြီးကို အာဒံနဲ့ဧဝကပဲ စတယ်လို့ပြောပြော... ဗြဟ္မာကြီးလေးဦးက စတယ်ပဲပြောပြော... သူတို့ထဲမှာ အမေဆိုတဲ့ ဣတ္ထိလိင်ပါလာလို့သာ ကမ္ဘာကြီးကအဆက်မပြတ်ဘဲနဲ့ ဒီနေ့အထိကျနော်တို့အထိ သားစဉ်မြေးဆက်တွေ ဖြစ်လာတယ်မဟုတ်လားအမေ... အမေမှန်သမျှ ဘာသာခြားလူမျိုးခြားရယ်လို့ ကျွန်တော့်စိတ်ထဲမှာမရှိဘူးအမေ... သားသည်အမေတစ်ယောက်ဟာ အမေပါပဲအမေ... သူကယုတ်ညံ့လို့... သူကလူမျိုးခြားမို့လို့... သူက ဘယ်ဘာသာမို့လို့ မဟုတ်ပါဘူးအမေ မဟုတ်ပါဘူး ကျွန်တော်မြင်တာဖြင့် ကျွန်တော်ပြောဦးမယ် ကျွန်တော်လွန်သွားမလား... မလွန်ပါဘူးအမေ ကျွန်တော်စဉ်းစားထားပြီးမှ ပြောတာပါ အမေမှန်ရင်လေ အမေနားနဲ့မနာဖဝါးနဲ့နာ ပြောလိုက်ပါရစေတော့... အမေဟာ ကျွန်တော့်လက်ထက်ထဲမှာ ကျွန်တော့်မျက်စိအောက်မှာပဲ မိန်းမရွှင်ဖြစ်နေပါစေ...... အမေဟာ အမေပါပဲ။” ဒီစာစုတိုကလေးဟာ လူထုကြားမှာ အလွန်ပဲနာမည်ကြီးခဲ့ပြီးတော့ အမေနဲ့ပက်သက်တဲ့သီချင်းတွေမှာတောင် ထည့်သွင်းအသုံးပြုခဲ့ကြပါတယ်။

အဖွဲ့အစည်းများ
(αмє∂єσ) ဘဘဦးသုခဟာ ဘ၀သက်တမ်းတစ်လျှောက်လုံး အဖွဲ့ပေါင်းများစွာမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဘဘရဲ့လူသားတွေအပေါ် အကျိုးပြုမူတွေဟာလည်း ပြောပြလို့ မကုန်နိုင်အောင် အများကြီးရှိနေပါသေးတယ်။ ဘဘဦးသုခ ပါဝင်ဦးဆောင်ခဲ့တဲ့
အဖွဲ့အစည်းလေးတွေကို အကျဉ်းချုပ် ပြောပြရမယ်ဆိုရင် ပထမဦးဆုံး ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း၊ အများက၀ိုင်အမ်ဘီအေလို့ သိကြတဲ့အသင်းလေးကနေ စရမှာဖြစ်ပါတယ်။ ၀ိုင်အမ်ဘီအေမှာ ဘဘဟာ နာယကနေရာကနေ ဦးစီးဦးဆောင်ပါဝင်ခဲ့ပါတယ်။ တိ-နိစာအုပ်စာပေ အနုပညာနှင့် မော်ကွန်းနာယကအဖွဲ့မှာလည်း နာယကဖြစ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ဘဘဟာဘာသာရေးနဲ့ ပတ်သက်တဲ့အဖွဲ့အစည်း တော်တော်များများမှာလည်း နာယကနေရာကနေပြီး တက်တက်ကြွကြွပါဝင် လှုပ်ရှားခဲ့ပါတယ်။ ဒါ့အပြင်ရုပ်ရှင်မင်းသား ဦးကျော်သူဦးစီးတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှာလည်း ဘဘဟာ နာယကနေရာကနေပါဝင် ဆောင်ရွက် ခဲ့ပါသေးတယ်။ ဒီနာရေးကူညီမှုအသင်း(ရန်ကုန်)ကို တည်ထောင်ရန် ဘဘဦးသုခကအကြံဥာဏ် စတင်ရရှိခဲ့တာဖြစ်ပြီး ဘဘဦးသုခရဲ့အိပ်မက်နဲ့ မန္တလေးပြဟ္မာစိုရ် အသင်းကြီးရဲ့လမ်းပြမူတို့ပေါင်းပြီး ရန်ကုန်မြို့နာရေးကူညီမှုအသင်းကြီးကို ၂၀၀၁ ခုနှစ်ဇန်န၀ါရီလ ၁ ရက်နေ့မှာ လူအများရဲ့ မတည်ငွေနဲ့ စတင်တည်ထောင်ခဲ့ကြပါတယ်။


နောက်ဆုံးခရီး
************************************************************************

Biography/ ငယ်စဉ်ဘဝ
(Kyway Yote Lay) ဟုတ်ကဲ့... ဦးသန့်ရဲ့အကြောင်းကို စပြီးတော့ပြောရမယ်ဆိုရင် သူ့ရဲ့ငယ်ဘဝလေးကို တစ်ချက်ကြည့်ကြမယ်နော်။ ဦးသန့်ကို ဖခင်ဦးဖိုးနှစ်နဲ့ မိခင်ဒေါ်နန်းသောင်တို့က ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့မှာ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာမွေးဖွားခဲ့ပါတယ်။ ပန်းတနော်ဇာတိဖြစ်တဲ့အတွက် နောင်အခါမှာ ဦးသန့်ကို “ပန်းတနော်ဦးသန့်” လို့ ခေါ်တွင်ကြပါတယ်။ ဦးသန့်ရဲ့မိဘတွေဟာ အောင်မြင်တဲ့ မြေပိုင်ရှင်နဲ့ ဆန်ကုန်သည်တွေဖြစ်ကြပါတယ်။ ဖခင်ဦးဖိုးနှစ်က မွတ်စလင်နဲ့ ဗုဒ္ဓဘာသာသွေးနှောတဲ့မျိုးရိုးက ဆင်းသက်လာတဲ့သူဖြစ်ပြီးတော့ ရန်ကုန်မြို့မှာ သူရိယသတင်းစာကို ထူထောင်ခဲ့ပါတယ်။
မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်ရာမှာလည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဖခင်ကွယ်လွန်စဉ်တုန်းက ဦးသန့်ဟာ အသက်၁၄နှစ်သား သာရှိပါသေးတယ်။ အမွေဆက်ခံမှု အရှုပ်အရှင်းတွေကြောင့် မိခင်ဒေါ်နန်းသောင်နဲ့ ကလေး၎ယောက်ဟာ စီးပွားရေး အကြပ်အတည်း ပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။
ဦးသန့်ဟာ ငယ်စဉ်က ပန်းတနော်အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပြီးတော့ ရန်ကုန်တက္ကသိုလ်မှာ သမိုင်းဘာသာရပ်ကို ဆက်ပြီးသင်ယူခဲ့ပါတယ်။ တက္ကသိုလ်ပြီးသွားတော့ ပန်းတနော်အမျိုးသားကျောင်းမှာ ကျောင်းဆရာ လုပ်ဖို့ပြန်လာခဲ့ပါတယ်။ အသက် ၂၅နှစ်မှာ အဲ့ဒီကျောင်းရဲ့ ကျောင်းအုပ်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အနီးအနားမှာရှိတဲ့ မအူပင်မြို့မှာ နေထိုင်ပြီး ပညာအုပ်ဖြစ်တဲ့ (နောင်တစ်ချိန်မှာ မြန်မာနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာမယ့်) ဦးနုနဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်။ ကဲ.. DollFace က ဆက်ပြောပေးပါဦးနော်။
(DollFace) ဟုတ်ကဲ့..။ ဦးသန့်ဟာ အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ ထုတ်ဝေတဲ့ “ဂန္တလောက” မဂ္ဂဇင်းရဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ၄ ကြိမ်တိုင်တိုင် ပထမဆုရရှိခဲ့သူ ဖြစ်ပါတယ်။ ဦးသန့်ရဲ့ ပထမဆုံးစာမူဟာ အင်္ဂလိပ်လို ရေးသားထားတဲ့ စာမူဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်မှာ ပုံနှိပ်ဖော်ပြခံခဲ့ရတာဖြစ်ပါတယ်။ မြို့ပြပုံပြင်များ၊ နိုင်ငံပေါင်းချုပ်အသင်းကြီး ကျောင်းသုံးစာအုပ်၊ ဗမာသစ်နှင့် ပညာသစ်၊ ပြည်တော်သာခရီး (၃ အုပ်တွဲ) စတဲ့ စာအုပ်တွေကို ရေးသားခဲ့သလို နိုင်ငံရေးဝေဖန်ချက်၊ စာပေ ဝေဖန်ချက်တွေ အပါအဝင် ပညာရေး၊ လူမှုရေးဆိုင်ရာ ဆောင်းပါးတွေကို သီလဝ၊ မောင်သန့်၊ ဦးသန့် ဆိုတဲ့ ကလောင်အမည်တွေနဲ့ ရေးသားခဲ့ပါတယ်။ စာပေဝေဖန်ရေး နိုင်ငံရေးဝေဖန်ချက်တွေကို ရေးသားတဲ့အခါ သူ့ရဲ့အယူအဆတွေကို ပွင့်ပွင့်လင်းလင်း ရေးသားခဲ့သလို သူ့ရဲ့အတွေးအခေါ် အယူအဆတွေကလည်း ခေတ်မီတာကို တွေ့ရပါတယ်။

ဦးသန့်ဟာ ငယ်စဉ်က ပန်းတနော်အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပြီးတော့ ရန်ကုန်တက္ကသိုလ်မှာ သမိုင်းဘာသာရပ်ကို ဆက်ပြီးသင်ယူခဲ့ပါတယ်။ တက္ကသိုလ်ပြီးသွားတော့ ပန်းတနော်အမျိုးသားကျောင်းမှာ ကျောင်းဆရာ လုပ်ဖို့ပြန်လာခဲ့ပါတယ်။ အသက် ၂၅နှစ်မှာ အဲ့ဒီကျောင်းရဲ့ ကျောင်းအုပ်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အနီးအနားမှာရှိတဲ့ မအူပင်မြို့မှာ နေထိုင်ပြီး ပညာအုပ်ဖြစ်တဲ့ (နောင်တစ်ချိန်မှာ မြန်မာနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာမယ့်) ဦးနုနဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်။ ကဲ.. DollFace က ဆက်ပြောပေးပါဦးနော်။
(DollFace) ဟုတ်ကဲ့..။ ဦးသန့်ဟာ အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ ထုတ်ဝေတဲ့ “ဂန္တလောက” မဂ္ဂဇင်းရဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ၄ ကြိမ်တိုင်တိုင် ပထမဆုရရှိခဲ့သူ ဖြစ်ပါတယ်။ ဦးသန့်ရဲ့ ပထမဆုံးစာမူဟာ အင်္ဂလိပ်လို ရေးသားထားတဲ့ စာမူဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်မှာ ပုံနှိပ်ဖော်ပြခံခဲ့ရတာဖြစ်ပါတယ်။ မြို့ပြပုံပြင်များ၊ နိုင်ငံပေါင်းချုပ်အသင်းကြီး ကျောင်းသုံးစာအုပ်၊ ဗမာသစ်နှင့် ပညာသစ်၊ ပြည်တော်သာခရီး (၃ အုပ်တွဲ) စတဲ့ စာအုပ်တွေကို ရေးသားခဲ့သလို နိုင်ငံရေးဝေဖန်ချက်၊ စာပေ ဝေဖန်ချက်တွေ အပါအဝင် ပညာရေး၊ လူမှုရေးဆိုင်ရာ ဆောင်းပါးတွေကို သီလဝ၊ မောင်သန့်၊ ဦးသန့် ဆိုတဲ့ ကလောင်အမည်တွေနဲ့ ရေးသားခဲ့ပါတယ်။ စာပေဝေဖန်ရေး နိုင်ငံရေးဝေဖန်ချက်တွေကို ရေးသားတဲ့အခါ သူ့ရဲ့အယူအဆတွေကို ပွင့်ပွင့်လင်းလင်း ရေးသားခဲ့သလို သူ့ရဲ့အတွေးအခေါ် အယူအဆတွေကလည်း ခေတ်မီတာကို တွေ့ရပါတယ်။
ပြည်သူ့ဝန်ထမ်းဘဝ
(DollFace) လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံမှာ ဦးနုဝန်ကြီးချုပ်ဖြစ်လာတဲ့အခါမှာ ဦးသန့်ကိုရန်ကုန်ကိုခေါ်ပြီး ၁၉၄၈ခုနှစ်မှာ အသံလွှင့်ဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်ရှင်။ အဲ့ဒီနောက်ပိုင်း ၁၉၅၃ ခုနှစ်မှာ မြန်မာနိုင်ငံသတင်းနဲ့ ပြန်ကြားရေးဌာနအတွင်းဝန် ဖြစ်လာခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ၀န်ကြီးချုပ်ရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးနုအတွက် မိန့်ခွန်းတွေရေးသားပေးတာ၊ နိုင်ငံခြားခရီးစဉ်တွေ စီစဉ်ပေးတာ၊ နိုင်ငံခြားဧည့်သည်တော်တွေကို လက်ခံတွေ့ဆုံပေးတာ စသဖြင့်ဆောင်ရွက်ခဲ့ရင်းနဲ့ ဦးနုရဲ့ အယုံကြည်ရဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ conference
အများအပြားကိုတက်ရောက်ခဲ့ပြီး ၁၉၅၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့မှာကျင်းပတဲ့ “ဘက်မလိုက်လှုပ်ရှားမှု” ကို မွေးဖွားပေးခဲ့တဲ့ ပထမအကြိမ် အာရှ-အာဖရိက နိုင်ငံများဆိုင်ရာ ညီလာခံမှာ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။
(Craton) နောက်ပိုင်းမှာ အမြဲတမ်း ဖြောင့်ဖြောင့်မှန်မှန်လုပ်တတ်ပြီး မှန်တယ်ထင်ရင် အလျှော့မပေးတတ်တဲ့ ဦးသန့်နဲ့ တိုင်းပြည်ခေါင်းဆောင်ဦးနုတို့ မသင့်မမြတ်ဖြစ်လာတာကနေစပြီး ၁၉၅၇ခုနှစ်မှာ ဦးသန့်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်လိုက်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့ New York ကိုစေလွှတ်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ ဦးသန့်ဟာ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ်သာမက တစ်ချိန်တည်းမှာပဲ ယာယီကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရပါတယ်။ ၁၉၆၀ ခုနှစ်မှာ မြန်မာအစိုးရက ဦးသန့်ကို “ပြည်ထောင်စုစည်သူသင်္ဂဟ ပြန်တမ်း” အရ “မဟာသရေစည်သူဘွဲ့” နဲ့ ဗိုလ်ရာထူးကို ပေးအပ်ခဲ့ပါတယ်။ ကဲ.. ကျွန်တော်ကပဲ ကုလသမဂ္ဂအဖွဲ့ဝင်ထဲကို ဦးသန့် တဖြည်းဖြည်းဝင်ရောက်လာပုံကို အနည်းငယ်ဆက်ပြောသွားပါမယ်။

(Craton) နောက်ပိုင်းမှာ အမြဲတမ်း ဖြောင့်ဖြောင့်မှန်မှန်လုပ်တတ်ပြီး မှန်တယ်ထင်ရင် အလျှော့မပေးတတ်တဲ့ ဦးသန့်နဲ့ တိုင်းပြည်ခေါင်းဆောင်ဦးနုတို့ မသင့်မမြတ်ဖြစ်လာတာကနေစပြီး ၁၉၅၇ခုနှစ်မှာ ဦးသန့်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်လိုက်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့ New York ကိုစေလွှတ်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ ဦးသန့်ဟာ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ်သာမက တစ်ချိန်တည်းမှာပဲ ယာယီကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရပါတယ်။ ၁၉၆၀ ခုနှစ်မှာ မြန်မာအစိုးရက ဦးသန့်ကို “ပြည်ထောင်စုစည်သူသင်္ဂဟ ပြန်တမ်း” အရ “မဟာသရေစည်သူဘွဲ့” နဲ့ ဗိုလ်ရာထူးကို ပေးအပ်ခဲ့ပါတယ်။ ကဲ.. ကျွန်တော်ကပဲ ကုလသမဂ္ဂအဖွဲ့ဝင်ထဲကို ဦးသန့် တဖြည်းဖြည်းဝင်ရောက်လာပုံကို အနည်းငယ်ဆက်ပြောသွားပါမယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် (ဆောင်ရွက်ချက်များ)
(Craton) ဦးသန့်ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးကို အာရှနိုင်ငံတွေထဲမှာ ပထမဦးဆုံးရရှိခဲ့တဲ့သူပါ။


ကျူးဘားဒုံးပျံပြဿနာအားဖြေရှင်းပြီးသည့်နောက် ဦးသန့် သတင်းမီဒီယာအား ပြောကြားစဉ်
(Kyway Yote Lay) ဟုတ်ကဲ့ပါရှင်။ ၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှာ လုံခြုံရေးကောင်စီရဲ့ တညီတညွတ်တည်း ထောက်ခံမှုနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအဖြစ် သူ အငြိမ်စားယူမယ့် ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ခန့်အပ်ခြင်းခံရပါတယ်။ ဒီဒုတိယသက်တမ်းအတွင်းမှာ ဦးသန့်ဟာ အလုပ်တွေအများကြီးလုပ်ခဲ့ပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းအတွင်းကို အာရှနဲ့ အာဖရိက,က နိုင်ငံတော်တော်များများ ဝင်ရောက်နိုင်ရေးကိစ္စတွေ၊

ဒီအရေးအခင်းတွေအားလုံးဟာ ငြိမ်းချမ်းရေးကို ထိပါးစေနိုင်တဲ့အပြင် စစ်ဖြစ်ကြမယ့်အရေးတွေဖြစ်ပြီး ဦးသန့်ရဲ့လိမ္မာပါးနပ်စွာ ကြားဝင်စေ့စပ်ပေးမှုတွေကြောင့်သာ စစ်ကိုရှောင်လွှဲနိုင်ခဲ့တာဖြစ်ပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်က ၂ဝ ရာစုရဲ့ အထင်ကရပုဂ္ဂိုလ်များအကြောင်း စုစည်းထုတ်ဝေထားတဲ့ Who's Who in the 20th Century စာအုပ်မှာ ဦးသန့်ရဲ့အကြောင်းပါဝင်ပြီး နိုင်ငံတကာအရေးအခင်းတွေကို မတုန်မလှုပ်ဘဲ တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်ခဲ့သူဖြစ်တယ်လို့ အတ္ထုပ္ပတ္တိအကျဉ်းရဲ့ အစမှာ ဆိုထားပါတယ်။ တကယ်လည်း ဦးသန့်က သူ့လက်ထက်မှာ ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းပေါင်းမြောက်များစွာကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့သူဖြစ်ပါတယ်ရှင်။
(Craton) ဟုတ်ကဲ့။ ဦးသန့်ဟာ UFO ယာဉ်ပျံတွေကိစ္စနဲ့ ပတ်သက်လို့ စိတ်ဝင်တစားလေ့လာခဲ့သလို ၁၉၆၇ ခုနှစ်မှာ အမေရိကန်လူမျိုး ရူပဗေဒပညာရှင် ဒေါက်တာ

နောက်ဆုံးနေ့ရက်နှင့် မိသားစု

ဦးသန့်ရဲ့ မိသားစုနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်... ဦးသန့်ဟာ ဒေါ်သိန်းတင်နဲ့ ထိမ်းမြားလက်ထပ်ခဲ့ပြီးတော့သမီးတစ်ဦး၊ မြေး ၄ဦးနဲ့၊ မြစ် ၃ဦး ထွန်းကားခဲ့ပါတယ်။ ဦးသန့်ရဲ့ တစ်ဦးတည်းသော မြေးယောက်ျားဖြစ်တဲ့ ဦးသန်းမြင့်ဟာ သမိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာဌာနမှာ ဝါရင့်ဝန်ထမ်းတစ်းဦးဖြစ်ပါတယ်။ The River of Lost Footsteps စာအုပ်ကိုလည်း ဦးသန်းမြင့်က ရေးသားထုတ်ဝေခဲ့ပါသေးတယ်ရှင်။
အတွေ့အကြုံ၊ အမြင်နှင့် ဂုဏ်ပြုမှုများ
(Kyway Yote Lay) ဦးသန့်ရဲ့ အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး သူပါဝင်ဖြေရှင်းခဲ့ရတဲ့ အရေးအခင်းတွေအကြောင်းကို ရေးသားထားတဲ့ "View From the UN" ဆိုတဲ့စာအုပ်ကို American Publishing House က ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီလိုဖြေရှင်းရတဲ့အခါ နိုင်ငံတကာခေါင်းဆောင်တွေကို တာဝန်အရ ချဉ်းကပ်တာမျိုးတွေအပြင် အပြန်အလှန် ခင်မင်မှုတွေနဲ့လည်း ချဉ်းကပ်ရတာတွေရှိပါတယ်။ ဒီကြားထဲက ထူးခြားတဲ့ တိုက်ဆိုင်မှုတွေ ရှိခဲ့ပုံတွေကိုလည်း စာအုပ်ထဲမှာ ရေးသားထားပါတယ်။ ၁၉၆၆ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့မှာ ဦးသန့်ကို နိုင်ငံတကာ ချစ်ကြည်ရေးနားလည်မှုရရှိရေး ကြိုးပမ်းချက်အတွက် နေရူးဆုပေးအပ်ခဲ့ပြီး ဆုနဲ့အတူပါရှိတဲ့ အိန္ဒိယငွေ ရူပီး တစ်သိန်းကို ဦးသန့်က ကုလသမဂ္ဂ နိုင်ငံတကာဆိုင်ရာ ကျောင်းရန်ပုံငွေကို လှူဒါန်းခဲ့ပါတယ်။ မာရှယ်တီးတိုးကပေးအပ်တဲ့ ယူဂိုဆလဗ်တံခွန်ဘွဲ့တံဆိပ်အပြင် နိုင်ငံတကာက ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေါင်း ၁၇ ဘွဲ့ ရရှိခဲ့ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုပေးအပ်ဖို့တောင် လျာထားခြင်းခံခဲ့ရပါတယ်။ မြန်မာပြည်ကပေးအပ်တဲ့ ဘွဲ့ထူးတွေကတော့ ဝဏ္ဏကျော်ထင်၊ သီရိပျံချီ၊ စည်သူဘွဲ့နဲ့ မဟာသရေစည်သူဘွဲ့တွေဖြစ်ပါတယ်။

(DollFace) ဟုတ်ကဲ့။ ဦးသန့်ရဲ့အသက် ၁၀၀ ပြည့်အထိမ်းအမှတ်မွေးနေ့ပွဲမှာတော့ လက်ရှိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ဂုဏ်ပြုသ၀ဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။ မစ္စတာဘန်ကီမွန်းရဲ့သ၀ဏ်လွှာမှာ ဦးသန့်ဟာ ရှေ့က အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒက်ဂ် ဟမ်းမားရှိုး ကွယ်လွန်ပြီးနောက် သူ့သက်တမ်းကာလအတွင်း ကမ္ဘာ့ပြဿနာတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ကျေပွန်ခဲ့သူတဦးဖြစ်ကြောင်း၊ ဦးသန့်ဟာ တစ်ခုတည်းသော ကမ္ဘာ့မိသားစုဖြစ်ရေးနဲ့ ကမ္ဘာ့မိသားစုကြီးရဲ့ ငြိမ်းချမ်းဖွံ့ဖြိုးရေးအတွက်ဆိုတဲ့ ဦးတည်ချက်နဲ့ လုပ်ကိုင်ဆောင်ရွက်သွားသူ ဖြစ်ကြောင်း ဂုဏ်ပြုပြောဆိုထားပါတယ်။ ဦးသန့်နဲ့ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း တစ်ဦးဖြစ်သူ ကိုဖီအာနန်ကလည်း ဦးသန့်ဟာ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးစတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်သွားသူဖြစ်ကြောင်း ၂၀၀၃ ခုနှစ်ကပြောကြားတဲ့ မိန့်ခွန်းတခုမှာ ထ
ည့်သွင်းပြောကြားခဲ့ဖူးပါတယ်။
(Craton) ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ U Thant Peace Award ဆိုတဲ့ ငြိမ်းချမ်းရေးဆုကိုတီထွင်ပြီး နှစ်စဉ်ချီးမြှင့်လာခဲ့ပါတယ်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ရဲ့ သံရုံလမ်းကိုလည်း Jalan U Thant (ဦးသန့်လမ်း) ဆိုပြီးတော့ ဦးသန့်ကိုဂုဏ်ပြုတဲ့အနေနဲ့ နာမည်ပေးထားပါတယ်။ ကုလသမဂ္ဂရုံးချုပ်ရဲ့ အရှေ့ဘက် မျက်နှာချင်းဆိုင်မြစ်မှာရှိတဲ့ Belmont Island ဆိုတဲ့ကျွန်းငယ်လေးကိုလည်း U Thant Island ဆိုပြီး ပြောင်းလဲခေါ်တွင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာဆိုလို့ရှိရင်လည်း တိုကျိုမြို့ရဲ့ United Nations University (UNU) ဌာနချုပ်မှာ “U Thant Honorary Lecture Series” ဆိုတဲ့ သင်ခန်းစာတွေကို ပုံမှန်သင်ကြားပေးနေပါတယ်။ အဲ့ဒီအပြင် အဲ့ဒီဌာနချုပ်က Conference ခန်းမကြီးကိုလည်း ဦးသန့်အမည်နဲ့ပဲ မှည့်ခေါ်ထားပါတယ်။ အဲ့ဒါတွေအပြင် United Nations International School မှာ U Thant Scholar ဆိုတဲ့ပညာသင်ဆုကိုတောင် ပေးအပ်ချီးမြှင့်ပါတယ်။

(Craton) ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ U Thant Peace Award ဆိုတဲ့ ငြိမ်းချမ်းရေးဆုကိုတီထွင်ပြီး နှစ်စဉ်ချီးမြှင့်လာခဲ့ပါတယ်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ရဲ့ သံရုံလမ်းကိုလည်း Jalan U Thant (ဦးသန့်လမ်း) ဆိုပြီးတော့ ဦးသန့်ကိုဂုဏ်ပြုတဲ့အနေနဲ့ နာမည်ပေးထားပါတယ်။ ကုလသမဂ္ဂရုံးချုပ်ရဲ့ အရှေ့ဘက် မျက်နှာချင်းဆိုင်မြစ်မှာရှိတဲ့ Belmont Island ဆိုတဲ့ကျွန်းငယ်လေးကိုလည်း U Thant Island ဆိုပြီး ပြောင်းလဲခေါ်တွင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာဆိုလို့ရှိရင်လည်း တိုကျိုမြို့ရဲ့ United Nations University (UNU) ဌာနချုပ်မှာ “U Thant Honorary Lecture Series” ဆိုတဲ့ သင်ခန်းစာတွေကို ပုံမှန်သင်ကြားပေးနေပါတယ်။ အဲ့ဒီအပြင် အဲ့ဒီဌာနချုပ်က Conference ခန်းမကြီးကိုလည်း ဦးသန့်အမည်နဲ့ပဲ မှည့်ခေါ်ထားပါတယ်။ အဲ့ဒါတွေအပြင် United Nations International School မှာ U Thant Scholar ဆိုတဲ့ပညာသင်ဆုကိုတောင် ပေးအပ်ချီးမြှင့်ပါတယ်။
Quotes
(Craton) ကဲ.. နောက်ဆုံးအနေနဲ့ ဦးသန့်ရဲ့ မှတ်သားဖွယ်ရာ မိန့်မြွက်စကားတွေထဲကတချို့ကို MYMC ပရိသတ်တွေအားလုံးပဲ သိရအောင် ကျွန်တော်က ရွေးထုတ်ပြီးဖတ်ပြပေးသွားပါမယ်။
"Every human being, of whatever origin, of whatever station, deserves respect. We must each respect others even as we respect ourselves."
(လူတိုင်းဟာ ဘယ်အနွယ်ဘယ်အဖွားကပဲ ဆင်းသက်လာပါစေ... လေးစားသမှုနဲ့တော့ ထိုက်တန်ကြတာချည်းပါ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် လေးစားသမှုထားသလိုမျိုး လူတိုင်းအပေါ် တူညီစွာဆက်ဆံကြရမယ်။)
"Wars begin in the minds of men, and in those minds, love and compassion would have built the defenses of peace."
(စစ်ပွဲတွေဟာ လူသားတွေရဲ့စိတ်သန္တန်ထဲမှာ အစပြုတာပါ။ အဲ့ဒီစိတ်တွေထဲမှာပဲ လူသားတို့ရဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ်ချင်းစာနာမှုတရားတွေကသာ ငြိမ်းချမ်းရေးကို တကယ် ကာကွယ်စောင့်ရှောက်သွားမှာပါ။)
No comments:
Post a Comment