ထမ်းဆောင် နေသည့် လိုင်ဘေးရီးယား သမ္မတ အယ်(လ)လင် ဂျွန်ဆင် ဆာလိဖ် ၊ လိုင်ဘေးရီး
ယား နိုင်ငံ သူ ငြိမ်းချမ်း ရေး လှုပ်ရှား မှု ခေါင်းဆောင် လေးမာဂဘောဝီ နှင့် ယီမင်နိုင်ငံ မှ
တ၀ါကူးလ် ကားမန်း ဆိုသည့် တက်ကြွ လှုပ်ရှား သူ နှင့်
သတင်းထောက် အမျိုး သမီးသုံးဦး တို့ ကို ၂၀၁၁ ခုနှစ်၏ ငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင် များ အဖြစ်
နော်ဝေ နိုင်ငံ အော်စလိုမြို့  ရှိ ဆုရွေးချယ် ရေး ကော် မတီ က ယ နေ ကြေ ငြာ ခဲ့ သည်။
ယနေ့  ဆုရွေးချယ် ခံရ သူများ သည် ၎င်းတို့  ၏ အမျိုးသမီး များ အခွင့် အရေး နှင့် လုံခြုံမှု
အတွက် အကြမ်း မဖက် ဘဲ တိုက်ပွဲ ၀င် မှု ငြိမ်းချမ်းရေး တည်ဆောက် မှု လုပ်ငန်း စဉ်
များ တွက် အမျိုး သမီးများ အပြည့် အ၀ ပါနိုင်ခွင့် ရ အောင် စွမ်းစွမ်း တမံ ကြိုးပမ်း အား ထုတ်
မှုကြောင့် ရရှိ ခြင်း ဖြစ်သည် ဟု နိုဘဲလ် ဆု ရွေးချယ် ချီးမြှင့် ရေး ကော်မတီ က ဘီဘီစီ သတင်း
ဌာန သို့  ပြောသည်။
နိုင်ငံ တွင်း အစိုးရ ဆန့် ကျင်ရေး အုံ ကြွ မှု များ ဉ် လက်နက် ကိုင် ဖြေရှင်း မှု အထိ ပါဝင် နေသည့်
ယီမင် နိုင်ငံ တွင် အမျိုးသမီး အခွင့် အရေး နှင့် ငြိမ်းချမ်းရေး ကို တက်ကြွ စွာ ဆောင် ရွက် သည့်
တ၀ါကူးလ် ကားမန်း သည် ယီမင် သမ္မတ ဆာလေး ကို ဆန့် ကျင် သည့် လူထု အုံကြွ မှုများ
ဉ် တက္ကသိုလ် ကျောင်း သား များ ကို စည်း ရုံး စတင် ခဲ့ သူ ဖြစ်သည်။
တ၀ါကူး ကားမန်း သည် နိုဘဲလ် ငြိမ်းချမ်းရေး ဆုရရှိ သူများ တွင် အသက် အငယ် ဆုံး ဖြစ်ပြီး
အသက် ၃၂ နှစ် သာ ရှိ သေး သည်။ ကားမန်း သည် သူမ ၏ နိုင်ငံ တွင်း ဉ် နိုင်ငံရေး အကျဉ်း
သားများ လွတ်မြောက် အောင် စွမ်းဆောင် ခဲ့ သည့် ဂျာနယ်လစ် တစ်ဦး ဖြစ် ပြီး မကြာခဏ
သတ် ပစ် မည် ဟု ခြိမ်းခြောက် ခံရ သူ လည်း ဖြစ်သည်။
သူမ သည် ဖေဖော်ဝါရီလက မြို့ တော် ဆာနား ရှိ တက္ကသိုလ် ကျောင်း သားများ ကို စည်း ရုံး
ပြီး သမ္မတ ဆာလေး ကို ဆန့် ကျင်သည့် ဆန္ဒ ပြ ပွဲ များ ကို ကျင်းပ ခဲ့ ရာ ဖမ်းဆီး ခံခဲ့ ရသေး
သည်။
လက်ရှိ လိုင်ဘေးရီးယား သမ္မတ အယ်(လ)လင် ဂျွန်ဆင် ဆာလိဖ် သည် ဟားဗတ် တက္ကသိုလ်
မှ ဘွဲ့  ရရှိ ထား သူ တစ်ဦး ဖြစ် ပြီး လိုင်ဘေးရီးယား အာဏာရှင် ချားလ်(စ) တေလာ ဖြုတ်ချရေး
ဉ် ဦးဆောင် လှုပ်ရှား ခဲ့ သည်။
ဆုရွေးချယ် ချီးမြှင့် ရန် နာရီ ပိုင်း အလို တွင် တူနီးရှား လူထု အုံကြွမှု ဉ် ဘင်အလီ ကို ဆန့် ကျင်
ဆန္ဒ ပြန်ရန် ဦးဆောင် ခဲ့ သည် အမျိုး သမီး ဘလောက်ဂါ Lina Ben Mhenni လည်းရေ
ပန်းစား ခဲ့ သည်။
No comments:
Post a Comment