Saturday, October 8, 2011

ဆိုင်ကယ်ကို ကား ဝင်တိုက်၍ ကျောင်းသူ တစ်ဦး ပွဲချင်းပြီး သေဆုံး

မော်လမြိုင်မြို့၊ နောင်ခရီကျေး ရွာအုပ်စု၊ ကျိုက္ခမီလမ်းမကြီး၊ ရခိုင်ကုန်း ကုန်းဆင်း နေရာတွင် စက်တင်ဘာ ၂၈ ရက်နေ့ ၁၀ နာရီ ၅ မိနစ် အချိန်က မော်လမြိုင်မြို့မှ မုဒုံမြို့ဘက်သို့ မောင်းနှင် လာသည့် မောင်ရော့ခိုင် (မော်လမြိုင် တက္ကသိုလ် ရုက္ခဗေဒတတိယနှစ်) နှင့် နောက်မှ စီးနင်းလိုက်ပါလာ သည့် မမေဖြူသိမ့်၊ အသက် ၁၉ နှစ် (မော်လမြိုင် တက္ကသိုလ် ရူက္ခ ဗေဒ တတိယနှစ်)တို့ ၂ ဦး စီးနင်းလာသည့် ဆိုင်ကယ်သည် ဆီထည့်ရန် လမ်းဘေး၌ ရပ်ထားစဉ် မောင်သန့်ဇင်အောင် အသက် ၂၁ နှစ် မောင်းနှင်လာသည့် သဲတင် ထားသော GME အမျိုးအစား ၆ တန်ယာဉ်သည် မော်လမြိုင်မှ မုဒုံ မြို့ဘက်သို့ သွားစဉ် ဆိုင်ကယ်အား အနောက်မှဝင်တိုက်ရာ မမေ ဖြူသိမ့်မှာ လမ်းမပေါ်သို့ လွင့်စင်ကျစဉ် ၄င်းသဲတင်ယာဉ်မှ ရှေ့ဘီး၊ နောက်ဘီး ၂ ဘီးလုံး မမေဖြူသိမ့် ၏ ခန္ဓာကိုယ်အား ခါးပိုင်းမှ ကန့် လန့်ဖြတ်ကြိတ်မိသဖြင့် ပွဲချင်းပြီး သေဆုံးသွားသည်။

မမေဖြူသိမ့်၏ အလောင်းအား မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး တရားခံ မောင်သန့် ဇင်အောင်အား မုပွန်ရဲစခန်းမှ (ပ) ၂၆၀ ပြစ်မှုဥပဒေပုဒ်မ ၃၀၄ (က) ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိသည်။

No comments:

Post a Comment