Thursday, November 24, 2011

အီဂျစ် စစ်တပ် က မြန်မြန် အာဏာလွှဲ ပေး မည် ဆိုသည် ကိုပင် ပြည်သူက လက်မခံ (Update)


FNGအီဂျစ် လူငယ် အဖွဲ့ များ နှင့်  ပြည်သူ လူထု ၏ အုံကြွ မှု တွေ ပြင်း
ထန်လာ ချိန် တွင် အီဂျစ် စစ်ကောင်စီက တိုင်းပြည်အာဏာကို ရွေးကောက်ပွဲ တွင် အနိုင်ရ
သည့် သမ္မတ အား အမြန်ဆုံး လွှဲပြောင်း ပေး အပ် မည် ဟု တိုင်း ပြည်သို့  ကတိ ပြု ပြောကြား
လိုက် ကြောင်း ကို ယနေ့  အီဂျစ် ရုပ် သံ နှင့် ရေဒီယို အစီအစဉ် များ တွင် ကြေငြာ ခဲ့ သည်။
(နောက်ဆုံး ရ သတင်း များ အရ ရွေးကောက်ပွဲ ကို တစ်လ အတွင်း ကျင်းပ ပြီး အာဏာလွှဲ
ပြောင်း ခြင်း မပြု လျှင် အထွေထွေ သပိတ် ဆင်နွှဲ မည် ဟု သိရသည်)
၂၀၁၂ ခုနှစ် မေလ သို့  မဟုတ် မတ်လ တွင် အီဂျစ် နိုင်ငံ ဉ် ရွေးကောက်ပွဲ များ ကျင်း ပ နိုင် သည်
ဟု ခန့် မှန်းသော် လည်း  စစ်ဘက် ရပ်ကွက် များ ကို ကိုးကား ပြီး လာသည့် သတင်း များ အရ
ဇူလိုင် လ မတိုင် ခင် ရွေးကောက်ပွဲ များ ကို ကျင်း ပမည် ဟု သိရသည်။
အီဂျစ် နိုင်ငံ တွင် နိုဝင်ဘာလဆန်း က တဖန် ပြည်လည်  စတင် ခဲ့ သည့် စစ်တပ် အုပ်ချုပ် မှု
အဆုံး သတ် ရေး  လူထု အုံကြွ မှု များကြောင့် ယမန်နေ့ က အစိုးရ အဖွဲ့  နှုတ် ထွက် သွား ခဲ့
ပြီး ယနေ့ အထိ ဆန္ဒပြ သူ ၃၃ ဦး သေဆုံး ကာ လူတစ်ကျော် ဒဏ်ရာ ရရှိ သည်။
အီဂျစ် စစ်တပ် က ဆန္ဒပြ သူ များ ကို မည်သည့် တိုက် ခိုက် မှု နှင့် သေဆုံး ဒဏ်ရာ ရရှိ အောင်
မည်သို့ မျှ မလုပ် ဟု အီဂျစ် လေတပ် ဗိုလ်ချုပ် ကြီး နှင့် ကာကွယ်ရေး ဦးစီးချုပ် မိုဟာမက် ဟူစိန်
တန်တာဝီ ကငြင်းဆိုသော် လည်း  အစိုးရ အဖွဲ့  မှ ယဉ်ကျေးမှု ၀န်ကြီး အာမက် အဘူ ဂါဇီ က
ဆန္ဒပြ သူ တွေ ကိုရက်စက် စွာ ကိုင်တွယ် မှု တွေ နဲ့  ပတ်သက် ပြီး စစ်တပ် ကို ဝေဖန် ပြောကြား
ကာ နှုတ် ထွက်သွား ခဲ့ ပါတယ်။
အီဂျစ် နိုင်ငံ ကို လက်ရှိ အုပ် ချုပ် နေသည့် စစ်ကောင်စီ သည် ဖေဖော် ၀ါရီလ ၁၁ ရက် နေ့ မှ
စပြီး တိုင်း ပြည်ကို နှစ်  ၂၀ ကြာ အုပ်ချုပ် ခဲ့ သည့် သမ္မတ ဟိုစနီ မူဘာရက် ထံ မှ အာဏာ ကို
လွှဲ ပြောင်း ရယူ ခဲ့ သည်။
စစ်တပ်က အာဏာလွှဲ ပေး ဖို့  ကို အမြန်ဆုံး ပြုလုပ် မယ် လို့ ကမ်းလှမ်း ခဲ့ ပေမယ့် လည်း ကိုင်ရို
မြို့  တီဟီရာ ရင် ပြင် မှာ စုရုံး နေ တဲ့ ဆန္ဒ ပြ သူ တစ်သိန်း ကျော် က လက်မခံ ပဲ ပယ် ချခဲ့ ပါတယ်။
သူ တို့  က တန်တာဝီ ကို ရာ ထူး က ထွက် ပေး ဖို့  တောင်း ဆိုခဲ့ ကြသည်။
အဓိကရုဏ်း နှိမ်နှင်း ရေး ရဲ များ က ယနေ့ ည အစောပိုင်း တွင် မျက် ရည်ယို ဗုံး များ ၊ မီးလောင်ဗုံး
များ ဖြင့် ပစ်ခတ် တိုက် ခိုက် မှု ကြောင့် လူ စုကွဲ သွား သော် လည်း ချက် ခြင်း ပင် လူ ပြန် စု က
ရင် ပြင် ကို ပြန်လည် သိမ်း ပိုက် နိုင် ခဲ့ သည်။
ကိုင်ရို တက္ကသိုလ် မှ ကျောင်း သူ တစ်ဦး ဖြစ်သူ ဟက်ဂါရ် ရ၀န် က ” တော်တန်ဝီ နှုတ် မထွက် သေး
သမျှ ကျွန်မ တို့  ဒီရင် ပြင် မှ မထွက် ဘူး ဟု ပြောသည်။
အီဂျစ် ရဲတပ် ဖွဲ့  က အမေရိကန် တက္ကသိုလ် ကျောင်း သား ၃ ဦး ကို ဖမ်းဆီး ထား သည်။
တန်တာဝီ အပြင် အီဂျစ် စစ်တပ် အကြီး အကဲ များက မူ ဆန္ဒ ပြ သူ များ ကို စစ်တပ် က တိုက်
ခိုက်ခြင်း မပြု ပါ ဟု ငြင်းဆို ထား သည်။
ဆန္ဒပြ မှု များ နှင့် အပြန်အလှန် တိုက် ခိုက် မှု များ သည် အီဂျစ် နိုင်ငံ ကိုင် ရို မြို့  မှာ သာမက
ဆူးအက်(ဇ)၊ အလဇန္ဒရီးယား နှင့် အဆ၀န် မြို့  များ တွင် လည်း ဖြစ်ပွား နေသည်။
ဆန္ဒပြ သူ များ က ဒီဇင်ဘာ ဆန္ဒခံယူပွဲ နှင့် လွှတ်တော် အစည်းအဝေး ပြီး နောက် အမြန်ဆုံး
ရွေးကောက် ပွဲ ကျင်းပရန် တောင်း ဆိုထား သည်။
အီဂျစ် နိုင်ငံ တွင် သမ္မတ ဟောင်း ဟိုစနီ မူဘာရက် ကို ဖြုတ် ချပြီး နောက် ယခု တစ်ခါ ဆန္ဒပြ
မှု များ သည် အကြီးမား ဆုံး ဖြစ်ကာ ယနေ့  ငါးရက် မြောက် နေ့  အဖြစ် ဆန္ဒ ပြ နေခြင်း ဖြစ်
သည်။
နောက်ဆုံးရ သတင်း များ အရ အီဂျစ်  စစ်တပ် က အီဂျစ် အသွင် ကူးပြောင်း ရေး ကောင်စီ သစ်
ကို အတည် ပြု ပေး လိုက် ပြီ ဖြစ်သည်။
မူလ က စစ်တပ် သည် ၂၀၁၃ ခုနှစ် လောက် တွင် မှ ရွေးကောက်ပွဲ ကျင်းပရန် ရည် ရွယ်ထား
သည်။
ဓာတ် ပုံ များ ကို We are all Khaled Said face book စာမျက် နှာ admin အဖွဲ့  နှင့် ဟက်ဂါရ် ရ၀န်
တို့  က ကျေးဇူး ပြု ပါသည်။
watch?v=y-1FzMvw_mc&feature=player_embedded

No comments:

Post a Comment