တောင် ကိုရီးယား နိုင်ငံမှ ဆယ်ကျော်သက်တစ်ဦးသည် ပညာရေးတွင်ဖိအားပေးလွန်းသော မိခင်အား
သတ်ပြစ်ပြီး သူ၏ မိခင်အလောင်းကို ကုတင်အောင်တွင် (၈)လကြာ ၀ှက်ထားခဲ့ကြောင်း သိရသည်
ရဲများသည် အသက်(၁၈)နှစ်အရွယ် လူငယ်တစ်ဦးကို မိခင်သတ်မှု့ဖြင့် ၀ရမ်းထုတ်ကာ ဖမ်းဆီးခဲ့သည်.။
ဆိုလ်းမြို့ရှိ ဂွမ်ဂျင်တွင်နေထိုင်သော အဆိုပါလူငယ်သည် မတ်လက မိခင်ဖြစ်သူအား လည်ပင်းကို ဓါးဖြင့်
ထိုးကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်...။
တောင်ကိုရီးယားရဲတပ်ဖွဲ့သည် လူငယ်၏အမည်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိသော်လည်း ဖြစ်စဉ်အသေးစိတ်ကိုမူ....ယွန်ဟပ် သတင်းဌာနသို ပြောကြားခဲ့သည်..။
ဖြစ်ပုံမှာ...မိခင်ဖြစ်သူသည် သားဖြစ်သူအားစာမေးပွဲရမှတ်များ ပိုကောင်းစေရန် အတင်းအကြပ်ဖိအားပေးကာ
စာကျက် ခိုင်းခဲ့သည် ..။လူငယ်၏စာမေးပွဲရလဒ်များ ကောင်းမွန်သော်လည်း မိခင်ကမကျေနပ်ပဲ အလွန်အကျွံ
စာကျက်ခိုင်းကာ တခါတရံ အစားမကျွေးပဲ ထားခဲ့သလို တခါတရံ အိပ်ပင် ပေးမအိပ်ချေ....။
တစ်နိုင်ငံလုံးအတိုင်းအတာအရ စာမေးပွဲ သတ်မှတ်ချက် အဆင့်(၄၀၀၀)တွင်ရှိနေသော အဆိုပါလူငယ်သည်
သီးခြားအစမ်းစားမေးပွဲ တစ်ခုတွင် လူပေါင်း(၇၀၀၀၀)နှင့်ဖြေဆိုရာ အဆင့် (၆၂) ချိတ်ခဲ့သည်..
သို့ပါသော်လည်း မိခင်ဖြစ်သူက မကျေနပ်ပဲ..အတင်းဖိအားပေးလွန်းပြီး သားဖြစ်သူအား
ဘေစ့်ဘောတုတ်/ဂေါက်တံတို့ဖြင့် ရိုက်နှက်ဆုံးမခဲ့သည်..။
ထိုနောက်ဆက်တိုက်ဆူပူနေရာ သားဖြစ်သူမှာ မိခင်ဖြစ်သူအား ကြောက်လန့်လာခဲ့သည်..။
သူမအသတ်ခံရမည်နေ့တွင်ကျောင်းသို့ သွားကာ အရေးဆိုရန် စီစဉ်နေသဖြင့် လူငယ်က လုပ်မိလုပ်ရာဖြင့်
မိခင်ကို သတ်လိုက်ဖြင်းဖြစ်သည်..။
တောင်ကိုရီးယားတွင် ကျောင်သားများသည် ပညာသင်ကြားမှုတွင် ဖိအားများစွာရှိနေပြီး အဆင်မြင့်
ကောလိပ်ကျောင်းသို့ ၀င်ခွင့်ရရန် မိဘများ၏ အလွန်အမင်း တိုက်တွန်းမှု့များတွင် အထူး ဒဏ်ခံရလေ့
ရှိကြောင်းကျောင်းသားများ စစ်တမ်းအရ သိရသည်..။
စကားချပ်- သားသမီးများကိုတော်စေချင်လွန်းသော မိဘများ သတိပြုဘွယ်ရာဖြစ်ပါသည်
နောက် မိဘကိုပင်ပြန်သတ်ရဲသော သားဆိုးများနှင်လည်း ကင်းဝေးကြပါစေ
လူထုအသံမှ ကူးယူဖေါ်ပြပါသည်

No comments:
Post a Comment