Thursday, November 24, 2011

ရုရှား ဝန်ကြီးချုပ် ပူတင် လှောင်ပြောင် ခံရ


Putinအင်္ကျီချွတ်ပြပြီး စတန့်ထွင်ကာ အပေါစားအကွက်များဖြင့် လူကြိုက်များအောင်လုပ်လေ့ရှိ
သော ရုရှားဝန်ကြီးချုပ်ဗလာဒီမီယာပူတင် (Vladimir Putin) သည် မော်စကိုမြို့၌ လတ်
တလောကျင်းပခဲ့သော ကိုယ်ခံပညာယှဉ်ပြိုင်ပွဲတခုတွင် မှန်းချက်နှင့်နှမ်းထွက် လွဲသွား
ခဲ့ရသည်။
၎င်းအား ရုရှားပရိသတ်မှ လှောင်ပြောင်ခဲ့ခြင်းကို ခံခဲ့ရသည်။ ပြီးခဲ့သောတနင်္ဂနွေနေ့၌
ကျင်းပခဲ့သော သိုင်းပြိုင်ပွဲ၌ ရုရှားနိုင်ငံသား ဖီဒေါ်အယ်မလီယန်နန်ကို (Fedor Emelianenko)
နှင့် အမေရိကန်နိုင်ငံသား ဂျက်ဖ်မွန်ဆဲန် (Jeff Monson) တို့ယှဉ်ပြိုင်မည့်ကြိုးဝိုင်းအတွင်း
သို့ အပေါစားဆန်ဆန် နိုင်ငံရေးအရ အမြတ်ထုတ်လိုသော ရုရှားဝန်ကြီးချုပ်ပူတင်
ဝင်ရောက်လာခဲ့သည်။ ပူတင်စကားစလိုက်သည်နှင့် မမျှော်လင့်ပဲ စင်အောက်ရှိ ရုရှား
ပရိသတ်ကြီးမှ အသံမျိုးစုံပေး၍ ဝိုင်းဟား၍ လှောင်ပြောင်ကြတော့သည်။
သို့သော်လည်း ပူတင်၏ဘက်တော်သားများကမူ ရုရှားပရိသတ်သည် အမေရိကန်နိုင်ငံသား
မွန်ဆဲန်အား လှောင်ပြောကြခြင်းဖြစ်သည်ဟု ဘူးခံငြင်းကြသည်။ ရုရှားအိုလံပစ်အားကစား
ကွင်း၏ ညွှန်ကြားရေးမှူးဖြစ်သူ မီခေးလ်မော့စ်ကယ်လ်ယော့ဗ် (Mikhail Moskalyov)
မှလည်း ပရိသတ်သည် မွန်ဆင်အားတုံ့ပြန်ကြခြင်းဖြစ်သည်ဟု အဖြစ်မှန်နှင့်ဆန့်ကျင်၍
ဒေသခံမီဒီယာများအား ပြောဆိုခဲ့သည်။ ယခုကိစ္စသည် ရုရှားနိုင်ငံအား အာဏာရှင်စနစ်
သို့ပြန်လည်ခေါ်ဆောင်ရန် ကြိုးပမ်းနေသော ပူတင်အား လူကြိုက်များမှုကျဆင်းလာခြင်းကို
ဖေါ်ပြနေသည်ဟု ပူတင်အားဝေဖန်သူများမှ ဆိုခဲ့ကြသည်ဟု မော်စကိုအခြေစိုက် (BBC)
သတင်းထောက် စတိဗ်ရိုဆဲန်ဘာ့ဂ် (Steve Rosenberg) မှ သတင်းတင်ဆက်ခဲ့သည်။
ထိုဖြစ်ရပ်သည် ပူတင်ခေတ်ကုန်ပြီဆိုခြင်းအား နိမိတ်ပြခဲ့ခြင်း ဖြစ်သည်ဟု ထင်ရှားသော
နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် ဘလော့ဂါတဦးဖြစ်သူ အဲလက်ဇီနာဗယ်လ်နီ (Alexei Navalny)
မှ (Twitter) တွင်ရေးသားဖေါ်ပြခဲ့သည်။ ရုရှားချယ်နယ်လ်ဝမ်း ရုပ်သံလိုင်းမှဖေါ်ပြခဲ့သော
သတင်းတွင် ထိုဖြစ်ရပ်အား ပြင်ဆင်တည်းဖြတ်ထားခဲ့သည်ဟု (AFP) သတင်းဋ္ဌာနမှ
ဖေါ်ပြခဲ့သည်။ သို့သော်လည်း ပြင်ဆင်တည်းဖြတ်မထားသော ဗီဒီယိုမှာမူ (YouTube)
၌ ပရိသတ် အများအပြားရရှိနေခဲ့ပြီ ဖြစ်ကာ၊ နောက်တနေ့ဖြစ်သော တနင်္လာနေ့၌
အကြိမ်ပေါင်း ငါးသိန်းကျော်ကျော် ကြည့်ရှုအားပေးခဲ့ကြပြီးဖြစ်သည်။
ရုရှားဖွဲ့စည်းပုံအရ သက်တမ်းနှစ်ကြိမ်ထက်ပို၍ သမ္မတလုပ်ခွင့်မရှိသော်လည်း
ကေဂျီဘီထောက်လှမ်းရေးဟောင်းပီပီ အာဏာရရန် ဂုဏ်သိက္ခာကိုတန်ဖိုးမထားပဲ
ကလိန်ကကျစ်နည်းလမ်းများကို သုံးစွဲရန် လက်မနှေးသော ပူတင်မှ အာဏာကို
မတရားသုံး၍ ရုရှားလွှတ်တော်ကို ဖိအားပေးကာ ရုရှားဖွဲ့စည်းပုံဥပဒေကို ပြန်ပြင်
ခဲ့သည်။ ယခုလာမည့် (၂၀၁၁) မတ်လတွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ပြန်လည်
ယှဉ်ပြိုင်အရွေးခံရန် ပူတင်မှစီစဉ်ထားသည်။ ၄င်းအား လူထုထောက်ခံမှုအနေအ
ထားမှာ ယခုချိန်ထိ (၆၁%) ခန့်နှင့် အားကောင်းဆဲ ဖြစ်သော်လည်း၊ ထိုအနေအ
ထားသည် ယမန်နှစ်၌ရှိခဲ့သော (၇၇%) မှ (၁၆%) ထိ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment