Monday, November 7, 2011

ကိုလံဘီယာ FARC သူပုန်ခေါင်းဆောင် သေပြီ


farc-alfonso-cano-m_0ကိုလံဘီယာ နိုင်ငံ ၏  နယ် မြေ ထက်ဝက် ခန့်  ကို ယခင်က သိမ်း ပိုက် ထား နိုင်ခဲ့ သည့်
ကိုလံဘီယာ လက်ဝဲ တော် လှန် ရေး လက်နက် ကိုင် အဖွဲ့  ၏ ခေါင်းဆောင် တစ်ဦး ဖြစ်
သူ အယ်(လ)ဖွန်ဆို က နို သည် ယနေ့  ကိုလံ ဘီယာ အစိုးရ တပ် များ နှင့် ဖြစ်ပွား သည့်
တိုက် ပွဲ အတွင်းကျဆုံး သွား ခဲ့ သည် ဟု New York Times  သတင်း စာတွင် ဖော်ပြထားသည်။
အသက် ၆၃ နှစ် ရှိ FARC သူပုန် ခေါင်းဆောင် အယ်(လ)ဖွန် ဆို ကနို သည် ၂၀၀၈ ခု
နှစ် တွင် FARC အဖွဲ့  တည် ထောင် သူ သေဆုံး ပြီး နောက် ထို အဖွဲ့  ၏ ခေါင်းဆောင်
ဖြစ်လာခဲ့ သည်။
သူ့ ကို ဖမ်းဆီး ရမိ နိုင်အောင် သတင်းပေး ပါက ဆုငွေ ဒေါ် လာ ၅ သန်း ပေး မည် ဟု
ကိုလံဘီယာ အစိုး ရ က ကြေ ငြာ ထားသည်။
FARC သည် ယခင်က ကိုလံဘီယာ ကွန်မြူနစ် ပါတီ ၏ လက်နက် ကိုင် တပ်ဖွဲ့  ဖြစ်ပြီ
နောက်ပိုင်း တွင် ပို၍ အင်အားကြီးထွား လာခဲ့ ကာ တောင် အမေရိက တိုက် ၏ အကြီး
ဆုံး လက်နက် ကိုင် သူပုန် အဖွဲ့  ဖြစ်လာ ခဲ့ သည်။
FARC ကို အမေရိကန် ၊ ဥရောပ ၊ သြစတေးလျှ နှင့် ကနေဒါ တို့  က အကြမ်းဖက် အဖွဲ့ 
အဖြစ် ကြေငြာထား ခဲ့ သည်။
Alfonso Cano သည် ဘိုဂိုတာ တက္ကသိုလ် တွင် ၁၉၆၀ ပြည့် လွန် နှစ်များ က ကျောင်း
သား ခေါင်းဆောင် အဖြစ် နိုင်ငံ ရေး လှုပ်ရှား ခဲ့ ပြီး နောက်ပိုင်း တွင် FARC ၏ နိုင်ငံ
ရေး အဖွဲ့  ဖြစ်သည့်ကိုလံဘီယာ ကွန်မြူနစ် ပါတီ နှင့် ဆက်သွယ် မိကာ လူငယ် အဖွဲ့ 
ဝင် ဖြစ်လာ ခဲ့ သည်။
၂၀၀၈ ခုနှစ် တွင် FARC ကို တည် ထောင်သူ ရောလ် ရိုင်းယက်(စ) သေဆုံး သည့် အခါ
သူ ခေါင်းဆောင် ဖြစ်လာခဲ့သည်။
Alfonso Cano ၏  နာမည် ရင်းမှာ Guillermo Leon Saenz ဖြစ်သည်။
လွန်ခဲ့ သည့် တစ်လ က FARC အဖွဲ့  ၏ အရေး ပါသည့် ဌာနချုပ် စခန်း ဖြစ်သည့် တိုလီ
မာ  ကို ကိုလံဘီယာ တပ်များ က သိမ်း ပိုက် နိုင်ခဲ့ သည်။
Alfonso Cano သေဆုံးသည် ကို ကိုလံဘီယာ ကာကွယ်ရေး ၀န်ကြီး က အတည်ပြု
ပြောကြား ခဲ့ ပြီး သူ၏ လက်ကိုင် ကွန်ပျူတာ ပါ သိမ်းဆည်း ရမိ သည် ဟု ကြေငြာ
ခဲ့သည်။
FARC အဖွဲ့  သည် မူးယစ် ဆေးဝါး နှင့် ဆက်နွယ်မှု ရှိ ပြီး အမေရိကန် အစိုး ရက FARC
ကို နှိမ်နှင်း ရန် နှစ်စဉ် ဒေါ်လာ သန်း ချီထောက်ပံ့ ခဲ့သည်။
၁၉၉၂ ခုနှစ် က မက်ဒလင်း ဂိုဏ်း ၏ ဘိန်းရာဇာ ပါဘလို အက်(စ) ကို ဖမ်းဆီး နိုင်ရန်
အမေရိကန် Delta Force နှင့် CIA က ကိုလံဘီယာ ရဲတပ် ဖွဲ့  ကို နှစ်အတန်ကြာ
လေ့ကျင့် ပေး ခဲ့ ရသည်။
ကိုလံဘီယာ အစိုးရ က သူ၏ ကြိုးမဲ စကားပြောစက် ဆယ်သွယ် မှု တစ်ခု ကို ဖမ်း
ယူ ရရှိ ပြီး နောက် ၀င်ရောက် တိုက် ခိုက် ကာ ပစ်သတ် နိုင် ခဲ့ ခြင်း ဖြစ်သည်။
၂၀၀၅ ခုနှစ် မှ စပြီး FARC ၏ ခြေကုပ် စခန်း အတော် များ များ ကို ကိုလံဘီယာ
အစိုးရ တပ် က သိမ်း ပို က် နိုင် ခဲ့ သည်။

No comments:

Post a Comment