Wednesday, November 16, 2011

ပဲတီစိမ်းခင်း အလယ်တွင် မြက်ရိတ်နေသူ အမျိုးသမီးငယ်အား သားမယားပြုကျင့်ခဲ့မှုဖြစ်ပွါး




နေပြည်တော် ပျဉ်းမနားမြို့နယ် တွင် လူခါးစောင်းခန့် မြင့်သော ပဲတီစိမ်းအခင်းထဲ၌ နွားစာ မြက်ရိတ်နေသည့် မိန်းကလေး တစ်ဦးအား အိမ်နီးချင်း အမျိုးသားက "နောက်တစ်ခေါက် လာဦးမှာလား" ဟု မေးမြန်းကာ သားမယားအဖြစ် ပြုကျင့်သဖြင့် အရေးယူပေးပါရန် ရဲစခန်းသို့ တိုင်တည်ခဲ့မှု တစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။

 နေပြည်တော် ပျဉ်းမနားမြို့နယ် ရှိ ..... ကျေးရွာတွင် အသက် ၂၈ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးမှာ ရွာ၏ တောင်ဖက်ရှိ ပဲတီခင်း စိုက်ပျိုးထားသော ရာခင်းထဲ၌ ၂၂.၇.၂၀၁၀ ရက်နေ့နံနက် ၁၀း၃၀ အချိန်က နွားစာမြက် ရိတ်နေကြောင်း၊ ထိုအချိန် အိမ်နီးချင်းနေ မင်းမင်းအောင်မှာ တိတ်တဆိတ် ရောက်လာပြီး သူမအား "နောက်တစ်ခေါက်လာဦးမှာလား" ဟု မေးမြန်းလိုက်၍ ၄င်းက လန့်ဖြန့်သွားပြီး "မလာတော့ဘူး" ဟု ပြန်လည် ဖြေကြားလိုက်စဉ် မင်းမင်းအောင်က သူမအား ရုတ်တရက် သိုင်းဖက် ပွေ့ချူပ်လှဲချပြီး ပါးစပ်ကိုပိတ် လည်ပင်းကို ညစ်ကာ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း၊ သူမက ရုန်းကန် အော်ဟစ် ကြိုးစားသော်လည်း မရခဲ့ကြောင်း ပဲတီးခင်းမှာ လူခါးစောင်းခန့် မြင့်ပြီး ပဲခင်း အလယ်ဖြစ်၍ လူအများ ရုတ်တရက် အမြင်နိုင်ကြောင်း ထိုသို့ ဖြစ်ပွါးနေစဉ် လူသံများ ကြားသဖြင့် မင်းမင်းအောင်က ထွက်ပြေးသွားခဲ့ကြောင်း သူမ အနီးသို့ ....... နှင့် .... တို့ ရောက်ရှိလာသဖြင့် မြက်ထုံး ပင့်ခိုင်းပြီး နေအိမ်သို့ ပြန်ကာ မိခင်ဖြစ်သူ ဒေါ်.... အား ဖြစ်စဉ်များကို ပြောပြခဲ့ကြောင်း၊ ထို့နောက် မိခင်ဖြစ်သူနှင့်အတူ ရယက ဥက္ကဌထံသို့ တိုင်ကြားခဲ့ရာမှ တဆင့် ည ၇ နာရီအချိန်တွင် ပျဉ်းမနား ရဲစခန်းသို့ ကာယကံရှင် မ......  (၂၈-နှစ်) က တိုင်ကြားသဖြင့် ရဲစခန်းက ပ ၃၇၈ / ၁၀ ပုဒ်မ ၃၇၆ အရ အရေးယူခဲ့သည်။

 အမှုစစ်အရာရှိက စွပ်စွဲခံရသူ မင်းမင်းအောင် (၂၇-နှစ်) အား ဖမ်းဆီးစစ်ဆေးပြီး အမှုကို ခိုင်မာစွာ တည်ဆောက်လျက် ပျဉ်းမနားမြို့နယ် တရားရုံးသို့ တင်ပို့ခဲ့ရာ၊ တရားရုံးက လက်ခံ ကြားနာ စစ်ဆေးလျက် ရှိကြောင်း မှုခင်းရှုထောင့် ဂျာနယ်အရ သိရသည်။

No comments:

Post a Comment