Friday, November 18, 2011

ဟောင်ကောင်ဆရာဝန်များက ခန္ဒာကိုယ်အဆီကျစေရန် သံကောင်များအားမျိုာကသူများကိုသတိပေး

   ဟောင်ကောင်မှတရုတ်ဘာသာစကားဖြင့်ဖွင့်ထားသော website များတွင် အစားရှောင်ရန်မလိုဘဲ ကပ်ပါးသန်ကောင်များပါရှိ
သော ပစ္စည်းများကိုမျိုချခြင်းဖြင့် ကိုယ်ခန္ဒာအဆီကျစေရန်ပြုလုပ်နိုင်ကြောင်းဖော်ပြနေကြရာ ဟောင်ကောင်ကျန်းမာရေးဌာနက ထို
ကိစ္စသည်အလွန်အန္တာရာယ်ကြီးပြီး အသက်သေဆုံးနိုင်ကြောင်း အသိပေးကြေညာခဲ့ပါသည်။
     ထို website များတွင် ဖော်ပြထားသော ပစ္စည်းများမှာ Ascaris သံကောင်များ၏ ဥများပါဝင်နေပြီး၊ ထိုသံကောင်များမှာ ၁၅ လက်
မခန့်အထိကြီးလာနိုင်ကာ လူ၏အူထဲတွင် ကြီးပြင်းနေထိုင်နိုင်ကြောင်းဆိုပါသည်။ ထို့အပြင် ထိုသံကောင်ကြီးများမှာ လူ့ခန္ဓာကိုယ်ထဲတွင်
တစ်နေ့လျှင် စုစုပေါင်းဥ ၂သိန်းခန့် ဥနိုင်ကြောင်းသိရပါသည်။
         ဟောင်ကောင်ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက သံကောင်များကိုမျိုချကြသူများသည် ဗိုက်နာခြင်း။
အစာအိမ်ရောင်ခြင်း၊အော့အန်ခြင်း၊ဝမ်းလျှောခြင်းနှင့် အာဟာရချို့တဲ့မှုတို့ကို ခံစားကြရလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    သူက " တကယ်လို့အူလမ်းကြောင်းနှင့် ပန်ကရိယပြွန်တွင်မှာ ကပ်ပါးကောင်တွေနဲ့ပိတ်ဆို့သွားခဲ့ရင် သေဆုံးတတ်ပါတယ်"ဟုရှင်း
ပြပါသည်။
     ထို့နောက်သူက ထိုသံကောင်များသည် အဆုတ်များထဲသို့လည်း ကျူးကျော်ဝင်ရောက်လာနိုင်ကြောင်းဆိုပါသည်။
    "ဒီအကောင်တွေ ခန္ဓာကိုယ်ထဲမှာရောက်သွားရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသံချဆေးတွေကို သောက်ဖို့လိုပါမယ်။ အူလမ်းကြောင်း၊
ပန်ကရိယပြွန်တွေ ဘာတွေမှာပိတ်ဆို့နေမယ်ဆိုရင်တော့ ခွဲစိတ်ပြီး ဖယ်ရှားပစ်ဖို့လိုပါတယ်"ဟုပြောသည်။
    ဟောင်ကောင်ရှိလူများမှ မလှုပ်ရှားတတ်ဘဲ အစားအသောက်ကောင်းများကို စားသောက်တေထိုင်တတ်သော အလေ့ရှိသဖြင့် အဝ
လွန်လူဦးရေမှာ တစ်နှစ်ထက်တစ်နှစ် တိုးပွားနေခဲ့ရာ ခန္ဓာကိုယ်အဆီချသည့်လုပ်ငန်းမှာ အလွန်ကျယ်ပြန့်လာနေသောလုပ်ငန်းကြီး
ဖြစ်လာနေကြောင်းသိရပါသည်။

No comments:

Post a Comment