Friday, November 18, 2011

မြန်မာ နိုင်ငံ သို့  ကူးစက် လာနိုင်သည့် အမေရိကန် လူထု အုံကြွ မှု စတင် Story Unfold | LIVE


imageအမေရိကန် တစ်လွှား က ဆန္ဒပြပွဲ တွေ နဲ့  ပတ်သက်ပြီး နောက်ဆုံး ရသတင်း
တွေ က တော့ နယူးယောက် မြို့  မှာ တင် ၂၆၀ ကျော်ဖမ်းဆီးထား ပြီး ၊ လာစ်ဗီးဂတ်(စ) ၊ချီ
ကာဂို ၊ လောစ်ဇင်းဂျလိစ် နဲ့  ဟူစတန် မြို့ တွေ မှာ လည်း ရာ နဲ့ ချီ ဖမ်းဆီးထား ပါတယ်။
လောစ်ဇင်းဂျလိစ် မှာ ကနဦးက ဖမ်းဆီးထား သူ တွေ ကို အာမခံ ကြေး ဒေါ်လာ ၅၀၀ သတ်
မှတ် ခဲ့ ပေမယ့် နောက်ပိုင်း မှာ ဒေါ်လာ ၅၀၀၀ သတ်မှတ် ခဲ့ တာကြောင့် မြို့ ခံ လူထု တွေ
ဟာ ပိုပြီး လမ်းပေါ်ထွက် ဆန္ဒပြ ခဲ့ ကြပါတယ်။
တက္ကဆက် ပြည်နယ် ဒါလ်လက်(စ) မြို့ မှာ ဆန္ဒပြ သူ တွေ စခန်း ချရာ မြို့ တော် ခန်းမ အနီး
က ရွက်ဖျင် တဲ့ တွေ ကို ဖယ်ရှား ရာ မှာ ဆန္ဒပြသူ တွေ ထိခိုက် ဒဏ်ရာ ရမှု ရှိတယ်လို့ သိ
ရပါတယ်။
သမင်မွေးရင်း ကျားစား ရင်း ၊ ဖောင်စီးရင်း ရေငတ် ဖြစ်နေရတဲ့ အမေရိကန် ပြည်သူ တွေဟာ
ဓနရှင် ဈ  အရင်း ရှင် တွေ နဲ့  သူ တို့  ကို ကျောထောက် နောက် ခံ ပေးထား တဲ့ နိုင်ငံရေး သမား
တွေ ကို ဆန့် ကျင် ဖို့  အတွက် ဒီနေ့ မနက် အစော ပိုင်း က စပြီး နိုင်ငံ တ၀ှမ်း မှာ ဆန္ဒပြ ပွဲ တွေ
စတင် နေပြီ ဖြစ်ပါတယ်။
နယူးယောက် မြို့ တော် မှာ တော့ နာမည် ကျော်ငွေကြေး ဈေး ကွက်ဖြစ် တဲ့ ဝေါလ်စထရိ
လမ်းမ ကို ပိတ် ဆို့  ပြီး ဆန္ဒပြ ရာ မှာ ဆန္ဒပြ သူ အနည်း ဆုံး ၇၅ ဦး အဖမ်း ခံရ ပြီး OCW
ရဲ့  အဓိက ဘူမိနက်သန် ဖြစ် တဲ့ ဇူကိုတီ ပန်းခြံ ဆန္ဒပြသူ တွေ ကို မြို့ တော်ဝန် မိုက်ကယ်
ဘလွန်း ဘတ် ရဲ့  ပျူ စော ထီး တပ် က အကြမ်းဖက် တိုက် ခိုက် တယ် လို့  OCW ဖေ့ဘွတ်
စာ မျက် နှာ မှာ ဖော်ပြ ထား ပါတယ်။
မနေ့ က ဆီအာတလ် မှာ အသက် ၈၄ နှစ် အရွယ် ရှိ  ဆန္ဒပြ မှု မှာ ပါဝင် တဲ့ အငြိမ်းစား
ကျောင်း ဆရာ မ တစ်ဦး ကို ရဲတပ် ဖွဲ့  က ငရုတ် ကောင်း မှုန့်  မှုတ် ဆေး ဗူး တွေ နဲ့ 
ပက်ဖျန်း တိုက် ခိုက် ရာ မှာ ဆိုးဆိုးရွားရွား ဒဏ် ရာရရှိ ခဲ့ တဲ့ အတွက် ဆန္ဒပြ သူ တွေ
ပိုပြီး ဒေါသ ထွက် ခဲ့ ပါတယ်။
လောစ်ဇင်ဂျလိစ် နဲ့  ချီကာဂို မြို့ တွေ မှာ ဆန္ဒ ပြ မှု တွေ ပို အားကောင်းလာ ပြီး အချို့  နေရာ
တွေ မှာ တော့ ပို့ ဆောင် ဆက်သွယ်ရေး လိုင်း တွေ ပြတ်တောက် ကာ ရဲတပ် ဖွဲ့  က အကြမ်း
ဖက် ဖမ်း ဆီး မှု တွေ ရှိလာပါတယ်။
ဒီနေ့ မနက် အမေရိကန် တစ်လွှား က အုံကြွ မှု တွေ နဲ့  ပတ်သက် ပြီး ရန်ကုန် မြို့  က နာမည်
ကျော် ရုပ်ရှင် ဒါရိုက်တာ တစ်ဦးက ” အမေရိကန် မှာ ဖြစ်ရင် တော့ မြန်မာ ပြည်မှာ ဖြစ်ပြီ ပဲ
မြန်မာ တွေ က အမေရိကန် ဆို အရမ်း အား ကျတာ အမေရိကန် လုပ်တာ အကုန် လိုက် လုပ်
မှာ ပဲ ဟု FNG သို့  သုံးသပ် ပြောကြား ပါတယ်။
နောက်ဆုံး ရ သတင်း များ အရ အမေရိကန် တစ်လွှား က ကောလိပ် နဲ့  တက္ကသိုလ် ကျောင်းသား
တွေ ကလည်း ဆန္ဒပြ ပွဲ ကို ပူးပေါင်း လိုက်ပြီး ၊ LA မှာ တော့ အဓိက ကျ တဲ့ လမ်း ဆုံး ငါးခု
လောက် ကို ဆန္ဒ ပြ သူ တွေ က သိမ်းပိုက် ထား လိုက် ပြီ ဖြစ်ပါတယ်။
http://www.occupystream.com/

No comments:

Post a Comment