၊မြန်မာ နိုင်ငံ ကို စစ်အာဏာရှင် တစ်ဦး အဖြစ် နှစ်ပေါင်း နှစ်ဆယ်
နီးပါး ကြာ အုပ်ချုပ် လာခဲ့ သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် အသက် ၇၈ နှစ် အရွယ်
တွင် တိုင်းပြည် အာဏာ ကို ချုပ် ကိုင်ထား မှု အား တရား ၀င် စွန့် လွှတ် ခဲ့ သည် ဟု သတင်း
များ က ဖော်ပြ သည်။
၁၉၉၂ ခုနှစ် ဧပြီလ ၂၃ ရက် နေ့ မှ စတင်ပြီး မြန်မာ့ နိုင်ငံရေး အာဏာတွင် အဆင့် မြင့် ဆုံးရာ
ထူး ဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ် ရာထူး ကို ရယူ ခဲ့ သည့် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည်
နောင် ၁၉ နှစ်ကြာသည့် အခါ ထိုရာ ထူး ကို ဆိုင်းမဆင့် ဗုံမပါ ပဲ လူသိသိပ် မများ သေး သည့်
ဗိုလ်ချုပ်ကြီး တစ်ဦး ကို လွှဲပြောင်း ပေး ခဲ့ ပြီး နိုင်ငံ ရေး စင်မြင့် ထက် မှ ပျောက်ကွယ် သွားခဲ့
သည်။
စဉ်းစား ရ ခက် သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ အာဏာ လွှဲ ပြောင်း မှု မှာ အရပ် ဘက်ထက်
စစ်တပ် ဘက်တွင် ပို၍ မေးခွန်း ထုတ်စရာ များ ဖြစ်လာ ခဲ့ သည်။ ဒီမိုကရေစီ လိုလာသည့် အ
တိုက် အခံ များ က ယခင် ဗိုလ်ချုပ်ကြီး ဟောင်း ဦးသိန်းစိန် ဦးစီး သည့် အစိုး ရ အဖွဲ့  သစ် နှင့်
လိုက် လျှော ညီထွေ ဖြစ်ရန် ဆောင်ရွက် နေ ချိန် တွင် စစ်တပ် အရာ ရှိ ငယ် များ က ဗိုလ်ချုပ်မှုးကြီး
သန်းရွှေ ၏ ကံကြမ္မာ ကို မေးခွန်း ထုတ် လာကြသည်။
ထိပ်တန်း စစ်အရာ ရှိ များ ၏ တစ်ကိုယ် ရည် သုံး လက်ပ်တော့ များ ၏ လုံခြုံ မှု ဆိုင်ရာ အစီအမံ
များ ကို စီစဉ် ပေး ရသည့် အရာ ရှိ ငယ် တစ်ဦးက ” အဖိုးကြီး တော့ အာဏာ သိမ်း ခံ လိုက်ရတာ
ပဲ ထင်တယ် ” ဟု FNG သို့  ပြောသည်။
ထိုအရာ ရှိ ၏ အမြင် နှင့် နီးစပ် စွာ သဘော ထား ချင်း တူညီ သည့် စာရေးဆရာ နှင့် လေတပ် အရာ
ရှိ ဟောင်း တစ်ဦး က ” တပ်ချုပ်ကြီး အာဏာ အခုထိ သက်ရောက် နေအုံး မယ် ဆို ရင် ဗိုလ်သိန်း
စိန် တို့  ဒီလောက် ထိ သိပ် မလှမ်း ရဲ သေး ဘူး ” ဟု သုံးသပ် သည်။
တိုင်း ပြည်၏ အဆင့် မြင့် ဆုံး အဖွဲ့  အစည်း ဖြစ် သည့် နိုင်ငံ တော် ကာ ကွယ် ရေး နှင့် လုံခြုံရေးကောင်
စီ တွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ဆက် လက် ဦးဆောင် နေ သည် ကို ဖော်ပြ နေခြင်း များ နှင့်
ပတ် သက် ပြီး ယခင် ၀န်ကြီး ချုပ် ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း နှင့် အနီးကပ် အရာ ရှိ ငယ်
တစ်ဦးကို FNG မှ ဆက်သွယ် မေးမြန်းကြည့် သည့် အခါ
” ဒါက ( နိုင်ငံ တော် ကာ ကွယ် ရေး
နှင့် လုံခြုံရေးကောင်စီ ) ဆိုတာ တကယ် ရှိ တဲ့ အဖွဲ့  အစည်း လည်း ဖြစ်ရင် ဖြစ်မယ် ၊ တကယ်
မရှိ တာ လဲ ဖြစ်ရင် ဖြစ်မယ်။ အာဏာ အရှိဆုံး လဲ ဖြစ်ရင် ဖြစ်မယ် ၊ အာဏာ မရှိ တာလဲ ဖြစ်
ရင် ဖြစ်မယ်။ အခု ဦးသိန်းစိန် အစိုးရ က သူ တို့  အစိုးရ သက်တမ်း ၀ါ နု သေးတဲ့ အတွက် ဒါ
ကို တမင် ဖန်တီး ပြီးထားတာ ၊ သဘောက သူ တို့  ရဲ့  ဂယ်ပေါက် ပေါ့ ၊ ထွက်ပေါက် အနေ နဲ့ 
ထား တာ …ဒါက တမင် ဖန် တီးထား တဲ့ လုပ် ဇာတ် တစ်ခု ပဲ၊ အဖွဲ့  အစည်း တွေ လုပ်ငန်း
ကြီး တွေ တိုင်း မှာ ဒါမျိုး တစ်ခု ကို အမြဲ တမ်း ဖန်တီးထား တယ် ရှင်းရှင်း ပြောရရင် လက်တစ်
လုံးခြား လုပ် ဖို့  ပေါ့ ၊ ကျွန်တော် တို့  ငယ်ငယ် က အိမ် တွေ ကို အလှုခံ လာတဲ့ အခါ လူကြီး
မရှိ ဘူး ပြောသလို ပေါ့ ၊ လူကြီး ရှိရင် လည်း ရှိမယ် ၊ မရှိ ရင် လဲ မရှိ ဘူး ။ ဒါပေမယ့် လူကြီး
ဆို တဲ့ ဟာ ကြီး နဲ့  လှန် ထား တဲ့ သဘောပဲ ၊ မီဒီယာ တွေ မှာ သာ ကာလုံ က ဘာဖြစ်တယ်
ညာဖြစ်တယ် ၊ အရေးပါတယ် ဆိုပြီး ပြောကြတာ တွေ့ တယ်။ လက်ရှိ အစိုးရ က တော့ ဒီအဖွဲ့ 
အကြောင်း သိပ် High Light လုပ် ပြီး ပြောတာ မတွေ့ ရ ဘူး။ ကျွန်တော့် အမြင် အရ တော့
ဒီအဖွဲ့  တကယ် မရှိ ဘူး လို့  ပဲ ထင်တယ် “ ဟု ပြောသည်။
ယခုနှစ် မတ်လ ၂၇ ရက် နေ့  က ကျင်းပခဲ့ သည့် တပ်မတော် နေ့ တွင် ညစာစားပွဲ သို့  တက်
ရောက် လာသည့် ဗိုလ် ချုပ်မှုးကြီး သန်းရွှေ ကို ပြည် သူ များ မှ နောက် ဆုံး မြင်တွေ့ လိုက်ရ
ခြင်း ဖြစ်သည်။ အိုမင်းရင့် ရော် ပြီး စိတ်သွား တိုင်း ကိုယ်မပါ တော့ သည့် စစ်သား အိုကြီး
သည် အပြစ်မဲ့ ပြည်သူ များ ကို သတ်ဖြတ်မှု တွင် ကိုယ်တိုင် အမိန့် ပေး စေခိုင်း မှု များ ရှိ ခဲ့ ပြီး တပ်
မတော် နေ့  ဟု ခေါ်သည့် မြန်မာ စစ်တပ် အရာ ရှိ များ စုရုံး တွေ့ ဆုံ သည့် နေ့ တွင် ကြိုးကြီး
ချိတ် ပုဆိုး ကို ၀တ်လာ သည့် သူ့  အား ဗိုလ်မောင်အေး နှင့် ဗိုလ်ရွှေမန်း တို့  က နောက်က
လှောင်ပြောင် သရော် ကြည့်ရှု နေပုံ မှာ စစ်သား အို ကြီး ၏ နောက် ဆုံး ဓာတ် ပုံ ပင် ဖြစ်
သည်။
ထို နေ့  က သူ မျက် နှာ မကောင်း လှ၊ အဆိုပါ ရက် မတိုင် ခင် က မြန်မာ စစ်တပ် ထဲ တွင်
ဘာ တွေ ဖြစ်ခဲ့ သည် ၊ ဘာတွေ လိုက် လျှောခဲ့ ရသည်။ စစ်အာဏာရှင် အိုကြီး၏ ကံကြမ္မာ
မည် သို ပြောင်း လဲ ခဲ့ သည် မှာ မည် သူမျှ မသိကြ သေး သည့် ဒဏ္ဍာရီ တစ်ခု လို ဖြစ်နေသည်။
ကာကွယ်ရေး ၀န်ကြီးဌာန တွင် လက်ရှိ တာဝန်ထမ်းဆောင် နေသည့် အရာ ရှိ ငယ် တစ်ဦးက
“နိုင်ငံ တကာ အခမ်းအနား တွေ ကို သွား တဲ့ အခါ အခု ခင်ဗျား တို့  သမ္မတ ကြီး ..သမ္မတ
ကြီးခေါ် နေတဲ့ သူ က လေဆိပ်မှာ ထီးလည်း မိုးသူ မရှိ .. ကော်ဇော နီ ပေါ် ကို တောင်တက်
မလျှောက် ရတာ ဘယ်လို လုပ် ပြီး သူက တော့ လူဆိုး ဖြစ် ၊ ကျန် တဲ့ သူ တွေ က ပြုပြင်ပြောင်း
လဲရေး လိုလား တဲ့ သူ ရဲ ကောင်း တွေ ဖြစ် ဆိုတာ မျိုး ဗိုလ် ချုပ် မှုးကြီး သန်းရွှေ က
အဖြစ်မခံလား ဗျာ… စဉ်းစား လဲ ကြည့်ပါ အုံး ” ဟု FNG သို့  ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ဗိုလ်ချုပ် မှုးကြီး သန်းရွှေ နှင့် မိသားစုက တရုတ် ပြည် မှ
ပင့်ဆောင်လာသည့် ဗုဒ္ဓမြတ် စွယ် တော် အတွက် လှုဒါန်း မှု မှာ အစိုးရ အာ ဘော် သတင်း
စာများ တွင် မထင်မရှားသာ ဖော်ပြ ခံရသည်။
ယခင်က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ သားမက် ဟု မီဒီယာ များ က ပြောဆိုခဲ့ စဉ် က ရေငုံနှုတ်ပိတ်
နိုင်လှသည့် စီးပွားရေး လုပ်ငန်း ရှင် ဦးတေဇ က သူသည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ သာမက်
မဟုတ် ပဲ တစ်ခါ နှစ် ခါ တွေ့  ဖူး ရုံ လောက် သာ ရှိ သည် ဟု ပြော ဆို ခဲ့ သည် မှာ ယောက္ခမ
ဟောင်း စစ်သား အို ကြီး ကို ခြေစုံ ကန် လိုက် ခြင်း ပင် ဖြစ်သည်။
မြန်မာ နိုင်ငံရေး အစဉ်အလာ အရ အာဏာ ကို ချုပ် ကိုင် ထား နိုင် မှု မရှိ လျှင် အာဏာ နှင့် ဝေး
သထက် ဝေး သွား မည် သာ ဖြစ်သည်။ ကမ္ဘာ့  သမိုင်း တွင် ရော မြန်မာ့ သမိုင်း တွင် ပါ အာဏာ
ကို ကို လူမမြင် ကွယ်ရာ ကနေ အကြာကြီး ကိုင် ထား လို့  မရကြောင်း မြန်မာ ဆိုရှယ်လစ် လမ်း
စဉ် ပါတီ ဥက္ကဌ ကြီး ဟောင်း သမ္မတ ကြီး ဦးနေ၀င်း က သက်သေ ပြ ခဲ့ ပြီး ဖြစ်သည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မိသားစု များ နှင့် နီးစပ် သူ များ ၏ အဆိုအရ ယခင် က မောက်မား
ထောင်လွှား ခဲ့ သည့် သူ ၏ မိသား စု မှာ အခု တော့ — အရင် လို မဟုတ်တော့ ဟု ဆို
သည်။ ချွေ ရံ သင်း ပင်း များ လည်း ကင်း မဲ့ ပြီး အရင် ကလို စင်္ကာပူ နှင့် ဂျပန် နိုင်ငံ များ
ထိ အလည်အပတ် နှင့် ဈေးဝယ် မထွက် နိုင် တော့ ပြီ ဟု ဆိုသည်။
ကျန်းမာရေး လည်း သိပ် မကောင်းတော့ သည့် ဗိုလ်ချုပ်မှုးကြီး မှာ ရွေးကောက် ပွဲ အပြီး လွှတ်
တော် စတင် ခေါ် ယူခါစက အာဏာလွှဲပြောင်း ရန် ကြန့် ကြာ နေမှု ကြောင့် အရပ်ဘက် ပြောင်း
ခါ စ ဗိုလ်ချုပ် အချို့  နှင့် ပြဿနာ ဖြစ်ရ သည် ဟု သူက ပြောသည်။ ထို ပြဿနာ ၏ အကျိုး
ဆက် ကို သူလည်း မသိ ဟု ဆိုသည်။ ဒါပေမယ့် သူ သိထား သည် မှာ ယခင် ကာကွယ်ရေး
ဦးစီးချုပ် တာဝန် ထမ်းဆောင် ရန် လျှာထား ခံရသည့် ဗိုလ်ချုပ်ကြီး သူရ မြင့်အောင် ကို ရာထူး
မှ ဖယ်ရှား လိုက် သည် မှာ ဗိုလ်ချုပ် မှုး ကြီး သန်းရွှေ မဟုတ် တာတော့ သေချာသည် ဟု ဆို
သည်။ ဗိုလ်မြင့် အောင် က ဗိုလ်ချုပ် မှုး ကြီး လူယုံ လေ… ဟု သူက ပြောသည်။
ထိုအချိန် များ ဆီက နအဖ ခေါင်း ဆောင် များ ၏ အာဏာလွန် ဆွဲ ပွဲ နှင့် အဆုံးသတ် ဖြေရှင်း
မှု မှာ စိတ်ဝင် စား စရာ ဖြစ်ပြီး ကမ္ဘာ ကျော် ရုပ်ရှင် ဇာတ်လမ်း တစ် ခု လို့  သဲထိတ် ရင် ဖို များ
ဖြင့် ပြည့် နှက် နေသည် ဟု ဆိုသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က အာဏာကို ဆက်လက် ချုပ် ကိုင် ထား သည် ဆိုလျှင် အလွန် ရယ်
စရာ ကောင်းသော ပျက် လုံး တစ်ခု ဖြစ်ပေ လိမ့် မည် ဟု ထိပ်တန်း စစ်အရာ ရှိ များ ၏ တစ်ကိုယ်
ရည် သုံး လက်ပ်တော့ များ ၏ လုံခြုံ မှု ဆိုင်ရာ အစီအမံ များ ကို စီစဉ် ပေး ရသည့် အရာ ရှိ ငယ်
တစ်ဦးက ဆိုသည်။
ဥာဏ် နီ ဥာဏ် နက် များ လှ သည့် မြန်မာ ပြည်ကြား ရေး ၀န် က မူ သိုးဆောင်း သတင်း စာ တစ်
ခုနှင့် တွေ့  ဆုံ ရာတွင် “သူ စာဖတ် နေတယ် ” ဟု ဆိုသည်။
သူ ဘာ စာ တွေ ကို ဘယ် နေရာ မှာ … ဘယ်လိုပုံစံ ဖြင့် ဖတ် နေလဲ ဆိုသည် ကို မည် သူမျှ မသိ
နိုင် တော့ ပြီ ဖြစ်သည်။
No comments:
Post a Comment