Monday, November 7, 2011

သားအိမ်တွင်း၌ သန္ဓေသားလောင်း ကြီးထွားလာပုံ

ဒါလေးက ကြာတော့ ကြာပါပြီ... ဒါပေမယ့် ဆိုဒ်မှာ တင်ထားတာ ရှာမတွေ့ လို့ ပြန်တင်ပေးလိုက်ပါတယ်...

Lennart Nilsson ဟာ ဆွီဒင် နိုင်ငံသား ဓါတ်ပုံဆရာနှင့် သိပ္ပံပညာရှင် ဖြစ်ပါတယ်...
သူ ရိုက်ကူးခဲ့သော ဓါတ်ပုံများတွင် တစ်ချိန်က ဓါတ်ပုံ ရိုက်ကူး၍ မရနိုင်ဟု ယူဆထားသော လူ၏ သန္ဓေသားလောင်း နှင့် အခြား ဆေးပညာဆိုင်ရာ ဓါတ်ပုံများများအပြင် သူ၏ အနုစိတ် ဓါတ်ပုံပညာမှာ အထူးထင်ရှားလှပါတယ်...
၁၉၆၅ ခုနှစ်မှာ Lennart Nilsson ဟာ သားအိမ်အတွင်း၌ လူ၏ သန္ဓေသားလောင်း ကြီးထွားလာပုံ အဆင့်အဆင့်ကို ဆက်တိုက် ရိုက်ကူးကာ Life မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခဲ့ဖူးပါတယ်..
ထိုအချိန်က ထုတ်ဝေတဲ့ ပထမ ၄ ရက်အတွင်းမှာပင် စာအုပ် ၈ သန်းခန့် ရောင်းချခဲ့ရပါတယ်...
အဆိုပါ မှတ်တမ်းပြုဖွယ် ဓါတ်ပုံများကို “A Child Is Born” စာအုပ် မှာ ပြန်လည်စုဆည်း ဖော်ပြခဲ့ကြောင်း သိရှိရပါတယ်ရှင်...
မိခင်ဗိုက်ထဲက သန္ဓေသားလောင်းရဲ့  ဖြစ်စဉ် အဆင့်ဆင့် ကတော့ အောက်မှာ မြင်တွေ့ ရတဲ့ အတိုင်းပါပဲ...
http://patheincity.com/news//HLIC/d3960ac76acbe447ac41ac9cf2576182.jpg
သီတင်း ၅ပါတ်။
သန္ဓေသားလောင်းသည် ၆ မီလီမီတာခန့် သာ ရှည်လျားသည်။ မျက်နှာပြင်တွင် ပါးစပ်နေရာ ပွင့်လာကာ မျက်လုံးပေါက် နှာခေါင်းပေါက် ဖြစ်ပေါ်လာမည့် နေရာများလည်း ပေါ်ပေါက်လာသည်။
http://patheincity.com/news//HLIC/2b44c76dd2edd5274c42e70e4dbbd151.jpg
သီတင်း ၈ပါတ် အကြာ။
အလျင်အမြန် ကြီးထွားလာသော သန္ဓေသားလောင်းကို ထိခိုက်မှု မရှိစေရန် ရေမွာခေါ် အရည်အိပ်ထဲထွင် ကာကွယ်ထားသည်။
http://patheincity.com/news//HLIC/88755027a58240b2b5357d4d48abcc2f.jpg
သီတင်း ၁၀ပါတ် အကြာ။
မျက်ခွံသည် တစ်ဝက်ခန့်ပိတ်နေပြီး နောက် ရက်အနည်းငယ် အကြာတွင် အပြည့်ပိတ်သွားမည် ဖြစ်သည်။
http://patheincity.com/news//HLIC/2f286980f67c1bd61a4f37ca76d225ee.jpg
သီတင်း ၁၆ပါတ် အကြာ။
သန္ဓေသားလောင်းသည် လက်ဖြင့် မိမိကိုယ်ကို နှင့် ပါတ်ဝန်းကျင်ကို စမ်းနိုင်လာသည်။
http://patheincity.com/news//HLIC/d1cc959ddc1af3c9b32b5a3af84966a4.jpg
သန္ဓေသားလောင်းသည် ချက်ကြိုးကို ထိနိုင် ကိုင်နိုင်လာသည်။ အရိုးများသည် ပျော့ပြောင်းသော အချောင်းများအဖြစ် တည်ရှိပြီး သွေးကြောများ ဆက်နွယ်နေမှုကို အရေပြားမှ တဆင့် မြင်ရသည်။
http://patheincity.com/news//HLIC/92db026553923ad961559422c03477cb.jpg
သီတင်း ၁၈ပါတ် အကြာ။
သန္ဓေသားလောင်းသည် ပြင်ပအသံများကို စတင်ကြားသိနိုင်ပြီ ဖြစ်သည်။
http://patheincity.com/news//HLIC/1d63d3f9950fae43c047ceebfdcdaf51.jpg
သီတင်းပါတ် ၂၀ အကြာ။
lanugo ဟုခေါ်သော အမွှေးအမျှင်များ မျက်နှာပေါ်တွင် စတင်ပေါ်ပေါက်လာသည်။


မိမိတို့  လူဖြစ်လာပုံ အဆင့်ဆင့် ကို တွေ့ ကြပြီ...............ဟုတ်

No comments:

Post a Comment