Battle of Sirte ဆိုသည် မှာ လစ်ဗျား နိုင်ငံ ၏ နောက်ဆုံး ကျန် ရှိ နေ သည့် အာဏာရှင် ထိမ်းချုပ်
ထား ရာ မြို့ ကို လစ်ဗျား တော် လှန် ရေး သက်တမ်း နှင့် အတူ တိုက် ယူ ရခြင်း ကို ပြောခြင်း
ဖြစ်သည်။ အာဏာရှင် အသိုင်း အ၀ိုင်း ၊ လစ်ဗျား စစ်တပ် အရာ ရှိ များ ၊ လစ်ဗျား အစိုးရ
ခေါင်းဆောင် များ နှင့် ကဒါဖီ မွေးဖွား ရာ မြို့ ဖြစ်သောကြောင့် အဆိုပါ မြို့  ကို လစ်ဗျား လက်နက်
ကိုင် တော်လှန်ရေး သမား များ ထရီပိုလီ မကျ မခြင်း သိမ်း ပိုက် နိုင် ခဲ့ ခြင်း မရှိ ကြ ချေ။
ဆာတ် သည် အသေဆိုး ဖြင့် အလ္လဟာ အရှင်မြတ် အမိန့် တော် ခံယူ သွား သည် အာဏာရှင်
ကဒါဖီ ၏ နောက် ဆုံး ခို လှုံ ရာ ဖြစ် ခဲ့ သည်။
ကဒါဖီ နှင့် အတူ အဖမ်းခံရ ခဲ့ ရပြီး ယခု မစ်ဆရာတာမြို့ ရှိ အကျဉ်းထောင် (ယခင်က နိုင်ငံရေး တက်ကြွ
လှုပ်ရှား သူ များ ကို ကဒါဖီက ဖမ်းဆီး ထားရာအကျဉ်း ထောင်) ထဲ တွင် ထိမ်းသိမ်း ခံထား ရသည့် ကဒါဖီ၏
ထိပ်တန်း လက်ထောက် တစ်ဦး ဖြစ်သူ မွန်ဆာ ဒေါ က CNN သတင်း ဌာန နှင့် တွေ ဆုံ ရာတွင်
“ ကဒါဖီ ဟာ ဆာတ် ကို ရောက် တော့ အတော်လန့် နေ ပြီ ဒီကို ထွက် ပြေးလာတဲ့ ကားတန်း တွေ
မှာ ရိက္ခာ တွေ ပါမလာ တော့ ဘူး ၊ သူတို့  သား အဖ လူတွေ မနေ တော့ တဲ့ အိမ်တွေ ၀င်ပြီး နံပြား
တို့  တို ရှည် တို့ လို စာကြွင်းစားကျန် တွေ ရှိ မလား ၀င် ပြီး ရှာ စား ရတယ် “ ဟု ပြောသည်။
ဆာတ် ရဲ့  အနောက်ဘက် ကီလိုမီတာ ၂၀ လောက်မှာ Jaref ဆို တဲ့ ရွာလေး ရှိတယ်ဗျ။ အဲဒါ သူ့ မွေး ရပ်
မြေပဲ ၊ သူ အဲဒီ ကို သွား ချင်တယ်။ သူ အဲဒီ မှာ ပဲ အသက် ထွက် ချင် တယ် ပြောတယ်။ နောက် ကျတော့
ဒီမြို့  မှာ စီအိုင်အေ နဲ့  NTC အင်ဖော်မာ တွေ ခြေချင်း လိမ် နေတယ် ကြားတာ နဲ့ သူ မသွား ရဲ တော့ ဘူး၊
ကျွန်တော် တို့ ဒီမြို့  ကို ရောက်လာတော့ ကျွန်တော် တို့ ဘ၀ တွေ ၁၈၀ ဒီဂရီ အပြောင်းအလဲ ဖြစ်လိုက်ပြီ
ဆိုတာ သိလိုက်တယ် ဟု ထရီပိုလီ မြို့  မှ ကဒါဖီ နဲ့  အတူ ထွက် ပြေး လာ သည့် လစ်ဗျား အာဏာရှင် ၏
လက်ရုံးက CNN ကို ပြောပြသည်။
အခုတော့ သူ လည်း မစ်ဆရာ တာ အကျဉ်းထောင် ထဲ က နေ ပြီး အမိန့် ချမယ့် ရက် ကို လက် ချိုး ရေတွက်
နေရ သည်။
သူက “ လူ တွေ က ခက် သားဗျ ရှင် နည်း ရာ အဂ္ဂ လူထွက် NTC တပ် တွေ က အရေး မယူ ဘူး ၊ မူလရာ
ထူး ပြန်ပေး မယ် ဆို ပြီး မက် လုံး ပေး ခေါ် တဲ့ အခါ ကြ တော့ တစ်ချို့  သစ္စာ ဖောက် သွား ကြတယ် ၊
ခေါင်းဆောင် ကြီး ကို ချီးထုပ် ကြီး ၊ လူသတ်ကောင် ကြီး ဆို ပြီး ဘက်ပြောင်း သွား ကြတယ်ဗျာ ဟု အချုပ်
ခန်း တွင်း မှ နေ ၍ ကဒါဖီ ၏ နောက်ဆုံး နေ့  များ ကို သံဝေဂ ရဖွယ်ရာ ပြောပြ သည်။
နောက်ပိုင်း တွင် တော့ မွန်ဆာ ဒေါ လက်အောက် မှ ကဒါဖီ ကို ရာနှုန်း ပြည့် သစ္စာ ခံ သူများ က ဘက်ပြောင်း
မည့်  သူများ ကို ပစ်သတ် ခြင်း ၊ ခြေလက် များ ဖြတ်တောက် ခြင်း တို့  ကို ကဒါဖီ ၏ အမိန့်  အတိုင်း ရက်
ရက် စက်စက် လုပ် ခဲ့ သည် ဟု New York Times သတင်း စာ နှင့် တွေ့ ဆုံ ခန်း တွင် ပြောပြသည်။
မွန်ဆာ ဒေါ သည် ထရီပိုလီ မြို့ ထဲ မှ ကဒါဖီ နှင့် အတူ “ ထွက်တော် မူ နန်း က ခွာ” သူ များ တွင် လိုက်
ပါ လာသူများ အနက် အကြီးဆုံး တစ်ဦး ဖြစ်ပြီး ကာကွယ်ရေး ၀န်ကြီး အဘူ ဘာကာ ယူနစ် ကမူ ကဒါဖီ နှင့်
အတူ ကန္တာရ ထဲ တွင် အသက် ပျောက် သွား ခဲ့ ပြီ ဖြစ်သည်။
ကဒါဖီ က နောက်ပိုင်း နေတိုး ၊ နေတိုး ကို တော်တော် လန့် လာ တယ်။ တစ်ခါ တစ်လေ သူ ကုရ်အန် ကျမ်း
စာ ကိုင် ရင်း နေတိုး … နေ တိုး ဆို ပြီး ရွတ် နေတတ် တယ်။ မသိရင် ကုရ် အန် ထဲ မှာ နေ တိုး နဲ့  ပတ်သက်
တဲ့ နှုတ်ကပတ် တော် ကို အလ္လာ က ပြောဆို သွား ပုံ ပဲ ဟု သူ ကြုံ ရတဲ့ အဖြစ် များ မစ်ဆရာတာ ရှိ
လစ်ဗျား ကြားဖြတ် အစိုးရ ထောက်လှမ်းရေး ဌာန ခွဲ ရှိ အခန်း ထဲ မှာ နေ ၍ Human Rights
Watch သို့  ပြောပြ သည်။
အောက်တိုဘာ လ ၁၉ ရက်နေ့  ညတွင် NTC တပ်များ ကဒါဖီ တို့  စခန်း ချရာ ဆာတ်မြို့  ထဲမှ အမှတ်
၂ ခရိုင် အထိ ချီတက် လာ နေပြီ ဆို သည့် သတင်း ကို ရလိုက် သည်။ ထိုနေ့ ကား အမေရိကန် နိုင်ငံ
ခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ထရီပိုလီ သို့ လာရောက် လည်ပတ်ပြီး နောက်တစ်နေ့ တွင် ဖြစ်
သည်။
ဒါဆို သူတို့  အမြန်ဆုံး ဒီမြို့  က ထွက်ေ
ပြေးမှ ဖြစ်တော့ မည် ကဒါဖီ က ညတွင်းချင်း ထွက် ပြေး ချင် နေသည်။ မနေ့ ကတော့ သူ့ သမီး လတ်
အယ်(လ)ဂျီးရီးယား နယ်စပ် မှာ ကလေး မွေး တယ် ဆို တာ သူ သိလိုက် သည်။ သူ ဒီမြို့  က အမြန် ဆုံး
လွတ် မြောက်ရန် တပ် ပြန် စု သော်လည်း ချက်ခြင်း တပ်ပြန် စု ၍ မရ။ အားလုံး တစ်ကွဲ တစ်ပြား စီဖြစ်နေ
သည်။ အချို့  က ကဒါဖီ နှင့် မလိုက် လို တော့ ၍ NTC တွင် လက်နက် ချသွား ပြီး အချို့  က ပုန်းအောင်း
နေကြသည်။ ကဒါဖီ က တပ်ပျက် နေသည် ဟု ပြောလျှင် မှန်ပေမည့် ဟု မူဆာ ဒေါ နှင့် အတူ အဖမ်းခံ
ရသည့် 2011 လစ်ဗျား အုံကြွမှု ကို နှိမ်နှင်း ခဲ့ သည့် ကဒါဖီ ၏ စွမ်းအားရှင် တပ်မှ ဗိုလ်မှုး ခါလစ် အယ်
မူဆာအင် က Human Rights Watch သို့ ပြောသည်။
မူလက နံနက် လေးနာရီ ဝေလီ ဝေလင်း အချိန် တွင် ဆာတ် မှာ ထွက်ပြေး ရန် စီစဉ်ထား သော်လည်း
လက်နက်ကြီးတင် ကားများ ကို ဆီဖြည့် နေပြီး လမ်းခရီး ဉ် စက်သုံးဆီ ပြတ်လပ်မှု မရှိရန် စီစဉ်နေရ
သောကြောင့် သတ်မှတ် ချိန် ထက် လေးနာရီ နောက် ဆုတ် ပြီးမှ မြို့  က ထွက် ခွာ နိုင် ခဲ့ သည်။
ရုရှား လုပ် မြေပြင်မှ မြေပြင် ပြစ် ဒုံးလက်နက် တင်ဆောင်ထား သည့် ကား ခြောက်စီး နှင့် မြေပြင်မှ ဝေဟင်
ပြစ် ဒုံး လက်နက်ကို တင်ဆောင် ထား သည့် ကား နှစ် စီး ကို ဆီ အပြည့် ဖြည့်ပြီး ထိုကားများ အတွက် ထပ်
မံ လို အပ် မည့် လောင်စာ ဆီ ကို တိုယိုတာ ပစ်ကပ် ကားများ ပေါ် တွင် အပြည့် တင်ဆောင် ရခြင်းကြောင့်
ကဒါဖီ တို့  ဆာတ်မြို့  က ထွက် ချိန် တွင် မိုး စင်စင် လင်းနေ ပြီ ဖြစ်သည်။
မော်တော်ကား ၇၅ စီးဖြင့် ဆာတ်မြို့ ပြင် နှစ် ကီလို မီတာ လောက် အရောက်မှာ ကဒါဖီ ၏ ဂြိုလ်တုဖုန်း ခေါ်
ဆို မှု ကို နေတိုး က အတိအကျ ခြေရာ ခံ မိပြီး နောက်ဆယ် မိနစ် လောက် အရောက် မှာ တော့ မိုင်ထောင်
ချီ ဝေး သည့် အမေရိကန် နိုင်ငံ နီဗားဒါး ပြည်နယ် ရှိ လေတပ် စခန်း မှ ထိမ်းချုပ် မောင်းနှင် နေသည့် ပရီဒေ
တာ ဒရုမ်း ဖြင့် တစ်နာရီ ၇၅ မိုင်နှုန်း အရှိန် ခန့်  မောင်းနှင်လာသည့် ကဒါဖီ တို့  ကားတန်း မှာ ရှေဆုံးည ပစ်
ကပ်ကား နှင့် စစ်ကား နှစ် စီး ကို ပစ်ချလိုက်သည်။
ဆယ်မိနစ် လောက်အကြာတွင် ပြင်သစ် လေတပ်မှ တိုက်လေယာဉ်များ က ယာဉ်တန်းများ ကို ဆက်
လက် ပစ် ချ ရာ ယာဉ် အစီး ၂၀ ခန့် က မူလ ကားတန်း နှင့် ကွဲ ပြီး ကစဥ့် ကလျှား ဖြစ်ကုန်သည်။ အချို့ 
ပစ်ကပ် များ မှာ မီးလောင် ပေါက်ကွဲ နေပြီး ယာဉ်ပေါ် ပါလာ သည့် ကဒါဖီ ၏ သစ္စာ ခံ ၂၀ ကျော် သေ
ဆုံးခဲ့ ပြီး ဖြစ်သည်။ နေတိုးလေယာဉ် ၂ စီးက ထပ်မံ ပစ်ခတ် ပြီး နောက် တွင် NTC မြေပြင် တပ် ဖွဲ့  များ
က ရောက်ရှိလာပြီး ပစ်ခတ် ရာ ကဒါဖီ ၏ တပ်ဖွဲ့  များ မော်တော်ကာ တန်း များ ကို ၀ိုင်းဝန်း ပစ်ခတ် မှု ကြောင့်
ယာဉ်တန်း တွင် ပါလာ သူတို့  ခွေးပြေး ၀က်ပြေး ဖြစ်ကုန် သည်။
နံနက် ကိုး နာရီ ဆယ်မိနစ် ခန့် တွင် တိုယိုတာ ထရပ် ကား တစ်စီးမှ လူ ကိုးယောက် ခန့် ပြေးဆင်းလာ ပြီး
ကားလမ်းဘေးရှိ ရေပိုက်မြောင်းများ ထဲသို့  ၀င် ပုန်းကြသည်။ NTC တပ် ဖွဲ့  က ထွက် လာ ဖို့  ပြောသည့် အခါ
အထဲက ပြန်လည် ပစ်ခတ် သဖြင့် NTC တပ်ဖွဲ့  ၀င် နှစ်ဦး သေဆုံး ခဲ့ သည်။
ရေမြောင်းထဲ မှာ ပစ်ခတ် နေသူ အား NTC လက်ဖြောင့် သမား နှစ် ဦး က လေးချက် ပြန်လည် ပစ်ခတ် ပြီး
နောက် အထဲ မှ ပစ်ခတ် မှု များ ငြိမ်သွား ခဲ့ သည်။
လေး မိနစ် လောက်ကြာ တော့ ရေမြောင်း ထဲ မှ လူ ခြောက် ဦး ထွက် လာသည်။
ကဒါဖီ ၊ သူ ၏ သားဖြစ်သူ မူတာဆင် ကဒါဖီ ၊ ကာကွယ်ရေး ၀န်ကြီး နှင့် နောက်ထပ် လက်နက် ကိုင် သုံးဦး
ဖြစ်သည်။ NTC တပ်ဖွဲ့  ၀င်များ က ကဒါဖီ ကို ဖမ်းဆီး ပြီး သူတို့  ၏ ယာဉ်တန်းဆီ သို့  ခေါ်ဆောင် သွား
ကြသည်။
CNN သတင်းဌာန ကို မူဆာဒေါ က ပြန်ပြောင်း ပြော ပြ ချိန် တွင် သူ တို့  ခေါင်းဆောင် ကြီး ရဲ့  ဖင်ထဲကို
ဘက်နက် နဲ့  ထိုးတယ်။ ကျွန်တော်လည်း တိုက်လေယာဉ် ကျဉ်ဆန် မှန် ထား တော့ သတိ မေ့ သွားတယ်။
ပြန်သတိရလာ တော့ မစ်ဆရတာ ဆေးရုံ အချုပ်ခန်း ထဲမှာ ဖြစ်ပျက် ခဲတာ တွေ အတွက် အလွန်
ဝမ်းနည်း ပါတယ် လို့  ပြောပါ ရစေ လို့  သူက ညှိုးငယ် တဲ့ အသံ နဲ့  CNN သတင်းဌာန ကို ပြောပါတယ်။

No comments:
Post a Comment