Thursday, November 10, 2011

ကျပ်ငွေ သိန်းတသောင်းခုနှစ်ထောင်တန်တဲ့ မြန်မာပြည်ကတောက်တက်ကြီး


                                     အရှည် သုံးပေခွဲရှိ တောက်တဲ့ တကောင်အား ကျပ်သိန်းပေါင်း တသောင်း ခုနစ်ထောင်ဖြင့် အရောင်းအဝယ်ဖြစ်မှု စစ်ကိုင်းတိုင်း ဒေသကြီး ကျောက်ဆည်ကျေးရွာ၌ အောက်တိုဘာလ ၃၀ ရက်နေ့က ဖြစ်ပေါ် ခဲ့ကြောင်း ပြည်တွင်းထုတ် ဆဲဗင်းဒေး သတင်းဂျာနယ်တွင် ပါရှိသည်။

“ကျောက်ဆည်ရွာက တောက်တဲ့တော့ မဟုတ်ဘူး။ အဲဒီရွာကိုယူပြီး အရောင်းအဝယ်ဖြစ်တာ တောက်တဲ့။ အရှည် က သုံးပေခွဲ ရှိတယ်။ အလေးချိန်က တပိဿာ လေးဆယ်ကျပ်သားရှိတယ်” ဟု မျက်မြင်သက်သေ တဦးကို ကိုးကား၍ ဂျာနယ်က ဖော်ပြသည်။

အဆိုပါ တောက်တဲ့အား မန္တလေးဒေသခံ ကုန်သည်တဦးမှ ကျပ်သိန်းပေါင်း တသောင်းဖြင့် ဝယ်ယူရန်အတွက် စတင်ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်ဟုလည်း မန္တလေးတိုင်းဒေသခံ တောက်တဲ့ကုန်သည် တဦးက ပြောဆိုသည်။

ပုံနှင့်တကွ ဖော်ပြထားသော အဆိုပါ တောက်တဲ့အား တရုတ်ကုန်သည်များက ဝယ်ယူသွားခဲ့ခြင်းဖြစ်ကာ သုံးရက် လျှင် တကြိမ် အန်လေ့ရှိသည့် အန်ဖက်အား ဆေးဖော်ရာ၌ အသုံးပြုရန်ဟု ဆိုသည်။

“ကျပ်သိန်းပေါင်း တသောင်းပေးတာ မရောင်းလို့ သိန်းငါးသောင်း ပေးမယ် သွားကမ်းလှမ်းတော့ ရောင်းပြီးကြောင်း သိရတယ်” ဟု မန္တလေး ဒေသခံ တောက်တဲ့ကုန်သည်က ဆိုသည်။

တောက်တဲ့ အရောင်းအဝယ် ဈေးကွက်အတွက် ၂၅ ကျပ်သားအထက် ရှိသော တောက်တဲ့များကို ဆေးဖော်စပ်ရန်
အတွက် မန္တလေးမြို့အား အခြေစိုက်၍ လိုက်လံ ဝယ်ယူလျက် ရှိကြောင်းလည်း သိရသည်။
(စကားချပ်) နာတယ်ကွာ..ငါ မလေးရှား ရောက်နေလို့  ဒီတောက်တဲ့ကြီးသာရလို့ ကတော့ မိန်းမယူလို့ ရပြီ...မြန်မာပြည်ပြန်ပြီ တောက်တဲ့ရှာမှထင်တယ်..ကဲတောက်တဲ့ရှာတဲ့ အဖွဲ့ ဖွဲ့ မယ်လိုက်ချင်တဲ့သူ စာရင်းပေး..ဟိဟိ

No comments:

Post a Comment