
အိုဘားမား က သူ၏ နိုင်ငံ ခြား ရေး ၀န်ကြီး ဟီလာရီ ကလင်တန် အားမြန်မာ နိုင်ငံ သို့ 
လာမည့် လ တွင် စေလွှတ် မည် ဖြစ်ကြောင်း ယနေ့ ထုတ် ဖော် ပြောကြား လိုက်သည်။
ထိုသို့  စေလွှတ် မှု သည် မြန်မာ နိုင်ငံ တွင်း နိုင်ငံ ရေး အကျဉ်းသား ပြန်လည်လွတ်မြောက်
ရေး၊ မီဒီယာ ထိမ်းချုပ်မှု ဖြေလျှော့ရေး ၊ ဖိနှိပ် မှု များ သည့် နိုင်ငံ ရေး အစဉ် အလာ ကို
ပွင့် လင်း မြင်သာ မှု ရှိ ရေး လုပ်ငန်းစဉ် တို့  ကို ဖော်ဆောင်ရာ တွင် ပိုမို တွန်းအား ပေး သည့်
အနေဖြင့် ဟု လာရောက် သည့် အကြောင်း အရင်း ကို ပါ တစ်ပါတည်း ပြောကြား သွားသည်။
သြစလေးလျှ နိုင်ငံ မှ ဘာလီ ကျွန်းသို့  ထွက် ခွာ ချိန် တွင် အမေရိကန် သမ္မတ အိုဘားမား
က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တယ်လီ ဖုန်း ပြောကြား ခဲ့ပြီး
အဆိုပါ ဆက်သွယ်မှု ဉ် ဒေါ်အောင်ဆန်းစုကြည်က ” မြန်မာ နှင့် အမေရိကန် ဆက်ဆံရေးကောင်း
သည် ကို သူမ မြင် လို ကြောင်း ” ပြော ခဲ့သည် ဟု အိုဘာမား က လော့စ်ဇင်းဂျလိတိုင်းမ်(စ)
သတင်းစာ သို့  ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် တယ်လီဖုန်း ဆက်သွယ် ပြောဆို အပြီး တွင် အိုဘား မား က “နှစ်
ပေါင်း ရှည်ကြာစွာ မြန်မာ နိုင်ငံ ဉ် အမှောင် တိုက် ဖုန်း နေခြင်း မှ အလင်းရောင် ပျိုးပျိုးပျက် ပျက်
များ ကို မြင်ရပြီ ဟု သတင်း ထောက် များ ကို ပြောခဲ့ သည်။
ကြာသပတေး နေ့  ည ပိုင်း က ဒေါ်အောင်ဆန်းစုကြည် နှင့် တယ်လီဖုန်း ဆက်သွယ် ပြောဆိုမှု အပြီး
တွင် အမေရိကန် သမ္မတ အိုဘားမား က ယခုကဲ့ သို့  ဟီလာရီ ကလင်တန် ကို လွှတ် ရန် ဆုံး ဖြတ်
ခဲ့ခြင်းဖြစ် သည်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်သည် မြန်မာ နိုင်ငံ သို့ ဒီဇင်ဘာလ ၁ရက် နေ့ တွင်
နှစ်ရက်ကြာ လာရောက် လည်ပတ် မည် ဖြစ်ပြီး အစိုးရ အဖွဲ့  ခေါင်းဆောင် များ ၊ မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် များ နှင့် အရပ် ဘက် လူ့  အဖွဲ့  အစည်း များ နှင့် တွေ့ ဆုံ မည် ဖြစ်သည်။
ဝန်ကြီး ကလင်တန် ယခု ကဲ့ သို့  မြန်မာ နိုင်ငံ လာရောက် လည်ပတ် ခြင်းသည် အမေရိကန် အစိုး
ရ အဖွဲ့  ၏ အဆင့် မြင့် ခေါင်းဆောင် များ ဉ် မြန်မာ နိုင်ငံ သို့  နှစ် ပေါင်းများ စွာ အတွင်း ပထမ ဦး
ဆုံး လာရောက် လည်ပတ် သူ တစ်ယောက် ဖြစ်သည်။
( FNG တိုကျို ဌာန ခွဲ မှ စည်သူ က ဤ သတင်း ကို ဘာသာ ပြန် ဖော် ပြ ပါသည်)

PHOTO : Reuters , News Source : WSJ, LA TIMES
No comments:
Post a Comment