Friday, November 18, 2011

မြန်မာ ကို အာဆီယံ ဥက္ကဌ အဖြစ် အတည်ပြု


2011-11-17T023036Z_01_NUS02_RTRIDSP_3_ASEANဒီနေ့ အင်ဒိုနီးရှား နိုင်ငံ ဘာလီ ကျွန်းမှာ ယနေ့  ပြုလုပ်တဲ့ အာဆီယံ ထိပ်သီး
အစည်း အဝေး ကနိုင်ငံ ခေါင်းဆောင် တွေ ဟာ မြန်မာ နိုင်ငံ ကို ၂၀၁၄ ခုနှစ် မှာ အာဆီယံ
အဖွဲ့  ရဲ့  ဥက္ကဌ အဖြစ်ပေး ဖို့  သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
မြန်မာ နိုင်ငံ ဟာ အာဆီယံ အဖွဲ့ တည်ထောင် ခါစ ကတည်းက ပါဝင် ဖို့  နဲ့  ဦးဆောင် ဖို့  ကမ်း
လှမ်းခံ ခဲ့ ရ ပေမယ့် အဲဒီ အချိန် က ဗိုလ်ချုပ် ကြီး ဟောင်း ဦးနေ၀င်း ဦးဆောင် တဲ့ တော်လှန်ရေး
ကောင်စီ ရဲ့ မူဝါဒ တွေ ကြောင့် ငြင်းပယ် ခဲ့ ပါတယ်။ ၁၉၈၈ ခုနှစ် နောက် ပိုင်း မှာ တော့
အာဏာသိမ်း စစ်အစိုးရ ဟာ အာဆီယံ အဖွဲ့  ထဲ ကို ၀င်ရောက် ဖို့  တစ်ခါ ပြန် အား ထုတ် ခဲ့
ပြီး ၁၉၉၇ ခုနှစ် မှာ အနောက် နိုင်ငံ တွေ က ကန့် ကွက် မှု ကြားထဲ က ပဲ အာဆီယံ အဖွဲ့ ဝင်
ဖြစ်ခဲ့ ပါတယ်။
၂၀၀ရ ခုနှစ် မှာ စစ်အစိုးရ ရဲ့  လူ့  အခွင့် အရေး ချိုးဖောက် မှု တွေ ကြောင့် အာဆီယံ အဖွဲ့ ဝင်
နိုင်ငံ အချို့ က မြန်မာ နိုင်ငံ ကို အဖွဲ့ ဝင် အဖြစ် က ထုတ် ပယ် ဖို့  တောင်း ဆို ခဲ့ ဖူး ပါတယ်။
၁၉၆၇ ခုနှစ် မှာ အာဆီယံ အဖွဲ့  ကို အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊စင်္ကာပူ နဲ့  ထိုင်း နိုင်ငံ
တို့  က ဦးဆောင်ပြီး တည်ထောင် ဖွဲ့ စည်း ခဲ့ ပါတယ်။
၂၀၁၀ ခုနှစ် မှာ ပေါက်ကြား ခဲ့ တဲ့ ၀ီကီလိခ် မှတ်တမ်း တွေ အရ စင်္ကာပူ ခေါင်းဆောင် ဟောင်း
လီကွမ်ယူက မြန်မာ အစိုးရ ဟာ အာဆီယံ အဖွဲ့  ရဲ့  သတင်း တွေ ကို တရုတ် ကို ပြန်ပြီး သံတော်
ဦး တင် တယ် လို့  စွပ် ဆွဲ ပြော ဆိုခဲ့ ပါတယ်။
သုံးရက်ကြာ ကျင်းပ မယ့် အာဆီယံ အစည်း အဝေး ကို အမေရိကန် သမ္မတ အိုဘား မား ၊ ဥရော
ပ ခေါင်းဆောင် အချို့  နဲ့  အိန္ဒိယ ၀န်ကြီးချုပ် လည်း တက်ရောက် ခဲ့ ပါတယ်။
အာဆီယံ အဖွဲ့  ဟာ ဒေသတွင်း အဖွဲ့  အစည်း တွေ မှာ ထိုက်သင့် တဲ့ သြဇာ ရှိ တဲ့ အဖွဲ့  ဖြစ်တာ
ကြောင့်ဥက္ကဌ တာဝန် ကို ထမ်းဆောင် ရတဲ့ မြန်မာ နိုင်ငံ ဟာ နိုင်ငံ တကာ မျက် နှာ စာ မှာ တော့
အလိုလို လူရို သေ ရှင် ရို သေ ဖြစ်လာ နိုင်ပါတယ်။
မြန်မာ နိုင်ငံ ဟာ ၂၀၁၄ ခုနှစ် မှာ အာဆီယံ အဖွဲ့  အရဲ့  ဥက္ကဌ နေရာ ကို တာဝန်ထမ်းဆောင် ရမှာ
ဖြစ်ပေမယ့် ကမ္ဘာ့ နိုင်ငံ ရေး မှာ ကြွေတစ်လှည့် ကြက်တစ်ခုန် ကံကြမ္မာ အပြောင်း အလဲ တွေ ရှိ
ခဲ့ ဖူး တယ် လို့  ရန်ကုန် အခြေစိုက် အာဆီယံ ရေး  ကျွမ်းကျင် သူ ရောဘတ် မြင့်အောင်က သုံး
သပ် ပါတယ်။
မြန်မာ နိုင်ငံ ကို အာဆီယံ အဖွဲ့  ရဲ့  ဘာလီ သဘောတူညီ မှု The Bali Concord III မှာ အဖွဲ့  ၀င်
နိုင်ငံ အား လုံး က လက်မှတ်ထိုးပြီး အတည် ပြုခဲ့ တာ ဖြစ်ပါတယ်။

No comments:

Post a Comment