Wednesday, November 16, 2011

မစိုးရိမ်ကျောင်း တိုက် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး တရားပွဲ သံဃာ နှင့် ပြည်သူ များ ပူးပေါင်း


Burma VJ Photoနိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ပြည်တွင်းငြိမ်းချမ်းရေး တို့  အတွက် ငြိမ်းချမ်းစွာတာင်းဆို
ဆန္ဒပြသည့်  သံဃာတော် များဖြစ်သည့် ဦးသောပါက၊ ဦးမာဃ၊ ဦးစန္ဒိမာ၊ ဦးဘိန္ဓောလ၊ ဦးဇောတိပါလ
တို့ ယနေ့  မစိုးရိမ် ကျောင်းတိုက် ဟောင်း အတွင်း ဉ် တရားပွဲ ကို အောင်မြင် စွာ ကျင်းပ နိုင် ခဲ့ သည်
ဟု သတင်းရရှိ သည်။
ဆန္ဒပြပွဲ ကို နေ့ လည် တစ်နာရီ တွင် စတင် ခဲ့ရာ နှစ်နာရီ တွင် ပြီးဆုံး ခဲ့ သည် ဟု သတင်း ရရှိ သည်။
မစိုးရိမ် ကျောင်း တိုက် ဟောင်း တွင်း ကျင်းပသည့် တရား ပွဲ သို့ ရောက် ရှိ ခဲ့ သူ တစ်ဦး က မစိုးရိမ်
တိုက်သစ် မှာ သံဃာတွေ နေ့ ဆွမ်း ဘုန်းပေး တယ် ဦးဇင်း တို့  က စစ်ကိုင်းကလာတာ။ ဒီမှာ ဒကာ
တွေ က ဆွမ်းကပ် မန္တလေး တစ်ဝိုက် ဆိုရင် တော့ အပါး ၂၀၀ ကျော် လောက် လာမယ် လို့  FNG
ကို မိန့် ပါတယ်။
ယနေ့ မနက် တွင် ပေါ်ထွက် ခဲ့ သည့် သံဃာတော် များ အား ဖမ်းဆီး မည် ဆိုသည့် သတင်းကြောင့်
အချို့  ပရိသတ်မှာ ကျောင်း တိုက် နား သို့  မကပ် ၀ံ့ ဖြစ်ကြ ပြီး အဆိုပါ ကောလ ဟာ လ ကို မန်းလေး
စွမ်းအား ရှင် များ က သပိတ်မှောက် တရား ပွဲ လာသူ များ ကို ခြိမ်းခြောက် ပြောကြား ခြင်း ဖြစ်သည်
ဟု သိရသည်။
၁၉၉၆ ခုနှစ် မန္တလေး မြို့  မဟာမြတ် မုနိ ဘုရားကြီး ၀င်း အတွင်း ဉ် သံဃာများ အုံကြွမှု ဖြစ်စဉ် စစ်
ထောက်လှမ်းရေး က သံဃာ အတုအယောင် များ ထည့် သွင်း ကုလား – ဗမာ အဓိကရုဏ်း အဖြစ်
လမ်းကြောင်း ပြောင်းပေး ခဲ့ရာ နောက်ဆက် တွဲ အဓိကရုန်း များ ဖြစ်ပေါ်လာခဲ့သည်။
မန္တလေး မြို့ ခံ တစ်ဦးက ဘုန်းဘုန်း တွေ တရား ပွဲ သွားချင်တယ်။ ဒါပေမယ့် ဒီနေ့  သတင်း တွေ အမျိုး
မျိုး ထွက် နေတယ် ဟု ပြောသည်။
စိန်ပန်း ရပ်ရှိ စားသောက် ဆိုင် လုပ်ငန်း ပိုင် ရှင် တစ်ဦး က မူ နေ့ ဆွမ်း ကမ်းတယ် ၊ တစ်မိသားစုလုံး
တရား ပွဲ သွားတယ်၊ အမျိုး ထဲ မှာ နိုင်ငံရေး အကျဉ်းသား မရှိ ဘူး ဒါပေမယ့် နိုင်ငံရေး အကျဉ်းသား
တွေ က ကျွန်တော် တို့  ညီအကို မောင်နှမ တွေ ပဲ ကျွန်တော် တို့  ထမင်းရည်ပူလာ ရှာလွှဲ လို့ မရဘူး
ဟု ပြောသည်။
မနက်ဖြန် တွင် ဒုတိယ မြောက် နေ့ အဖြစ် သပိတ် မှောက် ဆန္ဒပြ မှု ပြုမှု နှင့် ခွင့်ပြုထား သည့် အတိုင်း
တရား ပွဲ ကို ဆက်လက် ကျင်းပ မည် ဟု သိရသည်။ ဆန္ဒပြ သံဃာတော်များ သည် ယနေ့ ည ရေတော်
ဆရာတော် နှင့် တွေ့ ဆုံ မည် ဟု သိရသည်။
တရားပွဲ ကို သာဓု အနုမောဓနာ ဖြင့် ဖွင့်လှစ်ပြီး ၊ အရပ် ရှစ် မျက် နှာ မေတ္တာ ပို့  ဆုတောင်း ဖြင့် ပြီးဆုံး
ခဲ့ သည်။ တရားဟောကြား မှု ကို ဦးဆောင် ဆရာ တော် ဦးသောပါက မှ ဦးဆောင် ပြီး တရား ဟော
ကြားခဲ့ရာ စည်းလုံး ညီညွတ် ရေး တရား ပွဲ များ ဟောကြေား ခဲ့ သည်။
နောက်ဆုံး သိရသည့် သတင်းများ အရ အာဏာပိုင်များ နှင့်ဆွေးနွေးချက် အရ နက်ဖြန် ဆန္ဒပြ ခွင့် မပြု
တော့ ဟု သိရပြီး ဆရာတော် များ နိုင်ငံရေး အကျဉ်းသားမကြာခင်  ပြန်လည် လွတ်မြောက် လာမည် ဟု
မျှော်လင့်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ဒုတိယ မြောက် နေ့  မစိုးရိမ် ကျောင်း တိုက် တရားပွဲ


No comments:

Post a Comment