ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့ နယ်တွင်လင်ပါသမီးကိုမိထွေးဖြစ်သူကငရုတ်ကျည်ပွေ့ ဖြင့်ထုသတ်သည့်
ဖြစ်စဉ်ဖြစ်ပွားခဲ့ ကြောင်းသိရသည်၊အောက်တိုဘာ(၂၁)ရက်နေ့ နံနက်(၈)နာရီခန့် ကမင်္ဂလာဒုံမြို့ နယ်သင်္ဃန်းကျွန်း
ကျေးရွာအုပ်စုရှိခြံဝန်းအတွင်းငှားရမ်းနေထိုင်သောတဲအိမ်အမှတ်(၅)တွင်လင်ပါသမီး(၁၃)နှစ်အရွယ်ကလေးမလေးအား
အတူနေမိထွေးဖြစ်သူကငရုတ်ကျည်ပွေ့ ဖြင့်ထုသတ်ခဲ့ သည်ဟုသိရသည်။
သက်ဆိုင်ရာကသွားရောက်စစ်ဆေးရာတွင်ကလေးမလေးသည်နေအိမ်အတွင်းဝဲဘက်ချိုစောင်းပေါက်ပြဲဒဏ်ရာ၊
နဖူးချိုင့်ဝင်ပေါက်ပြဲဒဏ်ရာများရရှိကာဂျင်းဘောင်းဘီတစ်ထည်ကိုလည်ပင်းတွင်ရစ်ပတ်လျက်ဘောင်းဘီအစတစ်စကို
ပါးစပ်အတွင်းသို့ သွတ်သွင်းခံရလျက်အလောင်းကိုစောင်ဖြင့်အုပ်ထားလျက်တွေ့ ရှိခဲ့ ရကြောင်းသိရသည်။
အဆိုပါလူသတ်မှုကိုရပ်ကွက်အုပ်ချုပ်ရေးမှုးကတရားလိုပြုလုပ်ကာရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ သဖြင့်မင်္ဂလာဒုံရဲစခန်း
က(ပ)၅၆၇/၂၀၁၁ပုဒ်မ၃၀၂ဖြင့်အမှုဖွင့်လှစ်ကာမိထွေးဖြစ်သူကိုဖမ်းစီးစစ်ဆေးလျက်ရှိကြောင်းသိရသည်။
NEWS WATCH ဂျာနယ်မှကူးယူဖော်ပြပါသည်..

No comments:
Post a Comment