မောင်ဝံသ ၊ ၊ ဒီမိုကရေစီနိုင်ငံများက လွှတ်တော်တွေမှာ အဓိက အာဏာရပါတီနဲ့ ယင်းရဲ
့ မဟာမိတ်များ၊ အဓိက အတိုက်အခံပါတီနဲ့ ယင်းရဲ့ မဟာမိတ်များဆိုတာ ရှိစမြဲပဲဗျ။ အတိုက်အခံ
တို့ဘာတို့ ပြောမနေပါနဲ့၊ လွှတ်တော်ထဲမှာ ပါတီတွေ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်အကျိုးရှိမယ့်
ကိစ္စတွေမှာ စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်သွားရအောင်}}လို့ ပြောရင် အဲဒါဟာ စိတ်ကူး
ယဉ်တာပဲ ဖြစ်မယ်လို့ ကျွန်တော်ပြောချင်သဗျ။ ပါတီစုံဒီမိုကရေစီဟာ နာမည်အတိုင်းပဲ ပါတီစုံ
ဖြစ်ရမယ်။ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ တစ်ပါတီပုံစံ လုံးဝ မဖြစ်သင့်ဘူးလို့ စဉ်းစားမိပါတယ်။
ဆိုလိုတာက လွှတ်တော်တွင်းရောက်နေတဲ့ နိုင်ငံရေးပါတီတွေအားလုံး တစ်သံတည်း
ထွက်ဖို့၊ တစ်ခုတည်းသော သဘောထားတွေ ဖော်ထုတ်ဖို့ဆိုတာ မဖြစ်လည်းမဖြစ်နိုင်၊ မဖြစ်
လည်း မဖြစ်သင့်ဘူးလို့ ပြောချင်တာပါ။ မဖြစ်နိုင်ဘူးဆိုတာကိုတော့ အထူးရှင်းပြစရာလိုမည်
မထင်ပါ။ မဖြစ်သင့်ဘူးဆိုတာကို နည်းနည်း ရှင်းပြချင်ပါတယ်။
ဖဲဝိုင်းအိမ်ဖြည့်လို
ပါတီစုံဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုက မတူကွဲပြားသောအမြင်များကို ဖော်ထုတ် တင်ပြဆွေးနွေးကြပြီး
နောက်ဆုံးမှာ မဲခွဲ ဆုံးဖြတ်၊ အများဆန္ဒကို အနည်းစုက လက်ခံ၊ အနည်းစုရဲ့ ဆန္ဒကို အများက လေးစား
သမှုပြုရမှာ ဖြစ်တယ်ဗျ။ အဲဒါကြောင့် လွှတ်တော်ထဲမှာ အမတ်နေရာအင်အားဟာ ၆၀း ၄၀
နှုန်းလောက်ရှိနေရင် အကောင်းဆုံးပဲလို့ နိုင်ငံရေးသိပ္ပံကျမ်းတချို့မှာ ဖတ်ဖူးပါတယ်။
သဘောကတော့ အာဏာရပါတီ + ယင်းရဲ့ မဟာမိတ်များ ပူးပေါင်းအင်အားဟာ ၆၀ ရာခိုင်နှုန်းလောက်ဆိုရင်
ကောင်းတယ်။ အဓိကအတိုက်အခံပါတီ + ယင်းရဲ့ မဟာမိတ်များအင်အားဟာ ၄၀ ရာခိုင်နှုန်းလောက်ဆိုရင်
ကောင်းတယ်။ စင်ကာပူလို ၈၀း ၆ အချိုးလောက်ဖြစ်နေရင်တော့ တစ်ပါတီအာဏာရှင်စနစ်နဲ့ ဘာမှ
မထူးဘူးလို့ ပြောစရာ ဖြစ်ပါလိမ့်မယ်။ အတိုက်အခံဆိုတာ ဖဲဝိုင်းတစ်ဝိုင်းမှာ အိမ်ပြည့်အောင်
ထည့်ပေးထားတာနဲ့ မခြားနားတော့ပါဘူး။
တက်ညီလက်ညီ နှစ်ပါတီဆိုတာ
အမေရိကန်ပြည်ဟာ ကွန်မြူနစ်ပါတီအပါအ၀င် ပါတီပေါင်းစုံကို ဖွဲ့စည်းရပ်တည်ခွင့်ပေးထားတဲ့အတွက်
ပါတီစုံစနစ်လို့ ဆိုနေပေမယ့် တကယ်တမ်း လွှတ်တော်ထဲရောက်တဲ့ လူတွေကို ကြည့်လိုက်ရင် နှစ်ပါတီစနစ်
ဘူတာကိုပဲ ဆိုက်နေတာ တွေ့ရမှာပါ။ ဘာရက်အိုဘားမား သမ္မတဖြစ်လာတော့ နှစ်ပါတီတက်ညီ
လက်ညီစခန်းသွားကြဖို့ မျှော်လင့်ချက် (Bi-partisan hopes) ထားတဲ့အကြောင်း ပြောပြီး တက်ညီ
လက်ညီ နှစ်ပါတီ လက်တွဲလုပ်ဆောင် သွားဖို့ ကြိုးစားခဲ့သေးတယ်။ သူက အတိုက်အခံတွေနဲ့ လက်တွဲ
လုပ်နိုင်တယ်၊ သူ့ဘက်က အာဃာတကင်းရှင်းစွာ လက်ကမ်းရင် အတိုက်အခံကလဲ သဘောကြီးကြီးနဲ့ လက်တွဲမှာ
ပဲလို့ ယုံကြည်ခဲ့တယ်။ ဒါပေမယ့် ပထမဆုံး စမ်းသပ်ပွဲအဖြစ် သမ္မတဖြစ်ပြီး ခြောက်လမပြည့်ခင်
အိုဘားမားအဆိုပြုတဲ့ စီးပွားရေး ပြန်လည်နိုးထဖို့ ဒေါ်လာ ၈၁၉ ဘီလျံအသုံးပြုမယ့် အစီအစဉ်ကို
အောက်လွှတ်တော်မှာ မဲခွဲတော့ ရီပတ်ဗလီကင်ပါတီက အမတ်တစ်ယောက်ကမှ မထောက်ခံဘူး။
ပထမဆုံး စမ်းသပ်ပွဲမှာပဲ စိတ်ပျက်စရာဖြစ်သွားခဲ့တယ်ဗျာ။ သည်စမ်းသပ်မှုမှာ အိုဘားမားအောင်မြင်ရင်
ကမ္ဘာမှာ ပြိုင်ဘက်ပါတီများ တက်ညီလက်ညီ လက်တွဲလုပ်နိုင်ဖို့ စံနမူနာတွေ့ပြီဆိုပြီး ကျွန်တော်တို့
စောင့်ကြည့်ခဲ့ကြတာဖြစ်လို့ မှတ်မိနေတာပါ။
ပါတီစွဲမထားကြဖို့
ရီပတ်ဗလီကင်တွေက မထောက်ခံပေမယ့် အဆိုပြုချက်ကတော့ အတည်ဖြစ်သွားတာပဲ။ အထက် အောက်
လွှတ်တော်နှစ်ရပ် စလုံးမှာ ဒီမိုကရက်တစ် အမတ်တွေက အများစုဖြစ်နေလို့ အတည်ပြုနိုင်ခဲ့တာ ဖြစ်တယ်ဗျ။
အိုဘားမားက အဲသလို ဖြစ်ချင်တာမဟုတ်ဘူး။ သူလိုချင်တာက တိုင်းပြည်ကောင်းစားရေး ကိစ္စဆိုရင် ပါတီစွဲမထားကြနဲ့။ ထောက်ခံသင့်တာကို ထောက်ခံရမယ်လို့ နှိုးဆော်ခဲ့တာဗျ။ သို့သော် လက်တွေ့ကျတော့
ရီပတ်ဗလီကင်အမတ် တစ်ယောက်တောင် ထောက်ခံသူမရှိဘူးဆိုတော့ သူ့မျှော်လင့်ချက် သဲထဲရေသွန်သ
လိုဖြစ်သွားရတာပေါ့။ အဲဒီတုန်းက မဲခွဲအတည်ပြုလိုက်တဲ့အခါ ဒီမိုကရက်တွေက သြဘာပေးကြတယ်။
ရီပတ်ဗလီကင်တွေက တုံဏှိဘာဝေ တိတ်ဆိတ်နေကြသတဲ့။
ရီပတ်ဗလီကင်တွေ မထောက်ခံတာက သူတို့ အကြောင်းနဲ့သူတို့ရှိတယ်။ ဘဏ်တွေကို အစိုးရက ကယ်ဆယ်ရမယ်
ဆိုတာကို သူတို့ ဘ၀င်မကျကြဘူး။ ပြီးတော့ သူတို့ ရီပတ်ဗလီကင်သမ္မတ ဘုရှ်က အမေရိကန် စီးပွားရေး
ပြန်ထူမတ်လာအောင် ကျားကန်ပေးဖို့ လွှတ်တော်ကနေ ဒေါ်လာ ဘီလျံ ၇၀၀ တောင်းပေးပြီးတာအပြင်
အိုဘားမားက ဒေါ်လာ ဘီလျံ ၈၀၀ ထပ်တောင်းတာကိုလဲ သဘာဝမကျဘူးလို့ သူတို့ယူဆတဲ့အကြောင်း
ကျွန်တော်ဖတ်လိုက်ရတယ်။
အိုဘားမားရဲ့ အဖြစ်က ဆိုးတယ်။ ကျန်းမာရေးရန်ပုံငွေ စီမံချက်ကို သူတင်ပြတော့ ရီပတ်ဗလီကင်တွေ
အကုန်လုံးက ကန့်ကွက်တာတော့ ထားပါတော့၊ သူ့ရဲ့ မိခင်ပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက အမတ်
၃၀ ကျော်ကပါ ကန့်ကွက်ခဲ့တာနဲ့ ကြုံရတယ်။
အတိုက်အခံပီပီသသ ရပ်တည်
အထက်ပါဥပမာကို ကြည့်ရင် တက်ညီလက်ညီနှစ်ပါတီဆိုတဲ့ မျှော်မှန်းချက်ဟာ စိတ်ကူးယဉ်တာပဲဆိုတာ
ပေါ်လွင်နေတာပါပဲ။ ကျွန်တော်တို့ ဆီမှာလည်း အဲသလို စိတ်ကူးယဉ်တဲ့ အမတ်တချို့ကိုတွေ့ဖူးတယ်။
သူတို့ ပြောတာဆိုတာတွေ ဖတ်ဖူးတယ်။ လွှတ်တော် ၀န်းကျင် လေထုထဲရောက်သွားပြီး ပြောခွင့်ဆိုခွင့်
အထိုက်အလျောက်ရတာနဲ့ပဲ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ရေးတို့ဘာတို့ ပြောလာကြတယ်။
ကျွန်တော်က အဲသလို မဖြစ်စေချင်ဘူး။ အတိုက်အခံပါတီတွေဟာ အတိုက်အခံပီပီသသ ရပ်တည်သင့်တယ်လို့ပဲ
ယူဆပါတယ်။ နောက်ရွေးကောက်ပွဲမှာ တစ်လှည့်တစ်ပြန် အစိုးရဖြစ်နိုင်သူတွေလို့ ပြည်သူတွေက
မျှော်လင့်ချက်ထားနိုင်အောင် မတူကွဲပြားတဲ့ အမြင်တွေကို တင်ပြနိုင်ရမယ်။ ပြည်သူထောက်ခံမှု
ပိုရအောင် အားမွေးသင့်တယ်။ ဒါမှသာ ဒီမိုကရေစီ အလေ့အကျင့်တွေ ရကြမှာပေါ့။
မြန်မာပြည်သူတွေကစစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်ကို မြင်လိုကြတာ ဖြစ်တယ်။ နိုင်ငံရေးပါတီတွေကိုလည်း
ကြောင်ဆိုရင်လည်း ကြောင်၊ ကြွက်ဆိုရင်လည်း ကြွက်အဖြစ် ရှင်းရှင်းလင်းလင်း မြင်ချင်တယ်။
မှုန်ဝါးဝါးနဲ့ ကြောင်လိုလို ကြွက်လိုလို လုပ်နေလို့ကတော့ ပြည်သူရဲ့ ယုံကြည်မှုကို ရတော့မှာ
မဟုတ်ဘူးလို့ ပြောချင်ပါတယ်။
၂၆၊ ၁၀၊ ၁၁
maungwuntha@gmail.com
ယခု အပတ်ထုတ် True News သစ္စာဂျာနယ်မှာ ဖော်ပြထားသည့် ဆရာ မောင်ဝံသ ၏
မှန်တာပြောသစ္စာ ဆောင်းပါး ဖြစ် ပါသည်။
မောင်ဝံသ သည် ၁၉၈၈ ခုနှစ် မတိုင် ခင်က နိုင်ငံပိုင် သတင်း စာ များ ၏ စာတည်း မှုးချုပ်
ဟောင်း ဖြစ်ပြီး ၊ နောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် သို့  ၀င် ကာ နိုင်ငံ ရေး လှုပ်ရှား မှု
ပြု ခဲ့ ပြီး နောက် စစ်အစိုးရ ၏ ဖမ်းဆီးထိမ်းသိမ်း ခြင်း ခံခဲ့ ရသည်။
မြန်မာ စာပေ လော က တွင် နှစ်ခါ ပြန်ထုတ် ဝေခဲ့ ရသည့် အတွေး အမြင် မဂ္ဂဇင်း ကို ထုတ်
ဝေ ၊ တည်းဖြတ် သူ တစ်ဦး လည်း ဖြစ်ပြီး ၊ လက်ရှိတွင် ပြည့်သူ့ ခောတ် သတင်းစာ ၏
အယ်ဒီတာ ချုပ် တစ်ဦး ဖြစ်သည်။
၎င်း ၏ သား ဖြစ်သူ သည် မြန်မာ စာအုပ်လောက တွင် အရောင်း ရ ဆုံး ဖြစ်သည့် “ရေးပေး
ပါ ” ဆိုသည့် စာအုပ် အတွက် စိတ်ကူးဥာဏ် ကွန့် မြူးခဲ့ သူ ဖြစ်သည်။
ဒီင်္တစ်ပတ်ထုတ် သတင်းဂျာနယ် များ မှ FNG အယ်ဒီတာ အဖွဲ့  ၏ အကြိုက် ဆုံး ဆောင်း
ပါး ကို မူရင်း အတိုင်း ဖော်ပြ ခြင်း ဖြစ်သည်။

မြန်မာပြည်သည် နိုင်ငံရေးနှင့် စီးပွားရေးတို့တွင် ဒေသတွင်းရှိ တခြားနိုင်ငံများထက် များစွာ နောက်ကျကျန်ရစ်ခဲ့ပြီ၊ ယခင်က အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ လာအိုနိုင်ငံတို့ထက်ပင် စီးပွားရေး၊ လူမှုရေး အဘက်ဘက်က နောက်ကျ ကျန်ရစ်ခဲ့သည်ကို မငြင်းနိုင်ပေ။

MYMC ပရိတ်သတ်ကြီးများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေရှင်။ ကျွန်မတို့ Knowledge101 အစီအစဉ်လေး ပြုလုပ်ပေးဖို့ အချိန်ကျ ရောက်လာပြန်ပါပြီ။ ဒီတစ်ပတ်အတွက် တင်ဆက်ပေးဖို့ ရွေးထားတဲ့ သူကတော့ ဗိုလ်ချုပ်အောင်ဆန်း ပဲဖြစ်ပါတယ်။ ဖေဖေါ်ဝါရီ ၁၃ ဆိုရင် နိုင်ငံရဲ့အထိပ်အမြတ် ခေါင်းဆောင်တစ်ယောက်၊ သေတဲ့အထိ နိုင်ငံ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် တည်တည်တံ့တံ့ ရပ်တည်ပေးခဲ့ပြီး လွတ်လပ်ရေးရအောင် ကြိုးပမ်းပေးသွားတဲ့ ကျွန်ုပ်တို့နိုင်ငံရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို ကျရောက်လာတော့မှာ ဖြစ်ပါတယ်။ ကျွန်မတို့လို လူငယ်တွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ နိုင်ငံအတွက် စွမ်းစွမ်းတမံ အကျိုးဆောင်ပေးခဲ့တဲ့ ကမ္ဘာ့သမိုင်းဝင် လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သိသင့်သိထိုက်တယ် ထင်တဲ့အတွက် ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးတစ်စုံတစ်ရာ မပါဝင်ဘဲ အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့သာ ကျွန်မတို့ MYMC ကနေ ဗိုလ်ချုပ်ရဲ့ သမိုင်းနဲ့ သူရဲ့ရဲရင့်စွာ လုပ်ဆောင်ခဲ့ပုံများကို ဂုဏ်ယူစွာ တင်ပြပေးမှာဖြစ်ပါတယ်။။ အမှားတစ်စုံတစ်ရာ ရှိခဲ့တယ်ဆိုရင်လည်း နားလည်ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်ရှင်။ ကဲ.. ဒါဆို ဗိုလ်ချုပ်ရဲ့ ငယ်ဘ၀အကြောင်းကနေ စလိုက်ရအောင်နော်။

အငယ်ဆုံးဖြစ်ပြီး အလိုလိုက် ထားတာကြောင့် အသက် ၈နှစ်ရောက်မှ ကျောင်းစနေ ဖြစ်ခဲ့ပါတယ်။။ ဒါတောင် အစ်ကိုက ရှင်ပြုတာအားကျပြီး ရှင်ပြုချင်လို့ ကျောင်းနေခဲ့တယ်လို့ ဆိုပါတယ်။။ ကျောင်းတက်တော့လည်း အတန်းကျောင်း တက်ခဲ့ရတာကြောင့် စာသင်နှစ် ၄ နှစ်တည်းနဲ့ ၁၀တန်း အောင်မြင် ခဲ့ပါတယ်။။ အင်္ဂလိပ်-မြန်မာ သတ္တမတန်းစာမေးပွဲမှာ ဗမာတစ်နိုင်ငံလုံး န၀မစွဲခဲ့ပြီး အထက်တန်း စကေားလားရှစ် ရခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ကျောင်းနဲ့ အမျိုးသားကျောင်းများမှာလည်း ပထမစွဲခဲ့ပြီး ဦးရွှေခိုဆုကို ရရှိခဲ့ပါတယ်။

၁၉၄၅ ခုနှစ် ဖေဖေါ်ဝါရီမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ဂျပန်ကနေ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ဖူမီမာရိုကိုနိုး အစိုးရဆီက လက်နက်နဲ့ ငွေကြေးထောက်ပံမယ်ဆိုတဲ့ ကတိရလာခဲ့ပါတယ်။ အဲ့ဒီနောက် စစ်သင်တန်းတက်ဖို့ ရဲဘော်သုံးကျိတ် အဖွဲ့ဝင်တွေနဲ့ ဂျပန်ပြည်ကို ခဏပြည်လည် ထွက်ခွာသွားခဲ့ပါတယ်။ ၁၉၄၂ ခုနှစ် မတ်လမှာ မြန်မာနိုင်ငံရဲ့မြို့တော် ရန်ကုန်ဟာ ဂျပန်တို့ လက်အောက်သို့ ကျရောက် သွားခဲ့ပါတယ်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်နေ့မှာ ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေးကို ကြေညာပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ဗိုလ်ချုပ်ရဲ့တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပေမယ့် ဂျပန်တို့နဲ့ပူးပေါင်းမှုကတော့ ကြာကြာတော့မခံလိုက်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်များပြောတယ့် လွတ်လပ်ရေးဆိုတာကို သံသယဝင်လာတဲ့အပြင် ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေး ကိုလည်း မနှစ်မြို့ခဲ့ပါဘူး။ ဂျပန်တပ်များ မဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင် သတိပေးခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင်များဖြစ်တဲ့ သခင်သန်းထွန်း၊ သခင်စိုးတို့၏ အကူအညီနဲ့ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဘီအင်အေတပ်ကို ဦးဆောင်ပြီး ဂျပန်ကျူးကျော်သူများကို မဟာမိတ်တို့နဲ့ ပူးပေါင်းပြီး တိုက်ထုတ်ခဲ့ပါတော့တယ်။ ဒါကြောင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင် စစ်အစိုးရမှ တပ်မတော်နေ့လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။

ဗိုလ်ချုပ်က ဘာသာရေးဆိုင်ရာ စာပေများကို ရေးသားခဲ့ရုံသာမက ဘာသာရေးနဲ့သက်ဆိုင်တဲ့ အလုပ်တွေကိုလည်း လုပ်ခဲ့ပါသေးတယ်။ ၁၉၃၅ခုနှစ် ဂန္ဓလောက မဂ္ဂဇင်း ဧပြီလထုတ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး Burma and Buddhism ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ရေးသားခဲ့ပါတယ်။ အသက် (၂၀)အရွယ်မှာ ‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ ကျင့်သုံးနည်း' ဆိုတဲ့ဆောင်းပါးကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့ပါသေးတယ်။ စာပေနဲ့ပတ်သက်ပြီး အညာသားလေး ဆိုတဲ့ ကလောင်နာမည်နဲ့ သူရိယ မဂ္ဂဇင်းမှာ စာရေးသားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ရဲ့အရေး ကောင်းကျိုးကို လိုလားတာကြာင့် နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရပေမယ့် တကယ်တမ်းက စာရေးဆရာတစ်ယောက် ဖြစ်ချင်တာလို့ သိရပါတယ်။ ၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့က ကိုယ့်မင်းကိုယ့်ချင်း လမ်းရှိ ဖဆပလဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ဆရာများ အစည်းအဝေးမှာ ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဆိုပြီး သူဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်းပြောခဲ့သေးတယ်။ 

ဗိုလ်ချုပ်နဲ့ ပက်သက်ပြီးတော့ စာရေးဆရာကြီး ဒဂုန်တာရာက သူ့ရဲ့ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဆိုတဲ့ခေါင်းစဉ်နဲ့ တင်စားရေးသားခဲ့ပါသေးတယ်။ ဆရာဒဂုန် တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့မှာ ဗိုလ်ချုပ်ဟာ မြန်မာပြည် လွတ်လပ်ရေး အကြောင်းကိုသာ အမြဲစဉ်းစားနေတတ် ပြီး ကျန်သည့်အရာတွေကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးလိုပဲ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ ဘယ်လောက် နိုင်ပုံ၊ သူ ယုံကြည်ရာကို တစိုက်မက်မက်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ ဒါပေမယ့် သူ့မှာ အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို လှလှပပလေး တင်စားရေးဖွဲ့ခဲ့ပါတယ်။ အဲ့ဒီ့ရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ လို့ သူ့ရဲ့ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောပြီး ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်က နိုင်ငံရေးအလုပ်တွေကြောင့် မအားလပ်နိုင်ပေမယ့် အလင်္ကာကျော်စွာ မြို့မငြိမ်းရဲ့ သီချင်းတွေကို ကြိုက်နှစ်သက်ပြီး ညည်းတွားနေတတ် သေးတယ်လို့လည်း ပြောကြပါတယ်။ ဗိုလ်ချုပ်က ‘ဗမာအက၊ ဗမာဂီတ တွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ လို့လည်း ပြောကြားခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်မှာလည်း အနုပညာနဲ့ပတ်သက်ပြီး ခံစားတတ် ဂုဏ်ယူတတ်တဲ့ စိတ်ကလေး ကိန်းအောင်းနေခဲ့သေးတာကို တွေ့မြင်နိုင်ပါတယ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံး ဒါရိုက်တာဆု ၆ ခုအပြင် ၁၉၅၈ ခုနှစ်မှာ အလင်္ကာကျော်စွာဘွဲ့၊ ၁၉၆၀ ပြည့်နှစ်မှာ ရုပ်ရှင်ဝါသနာအိုးများ၏ သူရသာတီရုပ်တု၊ ၁၉၉၄ ခုနှစ်မှာ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့၊ ၁၉၉၄ ခုနှစ်မှာပဲ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆု၊ ၁၉၉၇ ခုနှစ်မှာ အာဆီယံစာပေဆု၊ ၁၉၉၉ ခုနှစ်မှာ ကျေးဇူးသစ္စာ မြတ်ဘဏ္ဏာဂုဏ်ပြုဆု၊ ၂၀၀၀ပြည့်နှစ်မှာ လူမူထူးချွန်(ပထမအဆင့်)၊ ၂၀၀၀ ပြည့်နှစ်မှာပဲ ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ Ph.D ၊ ၂၀၀၅ ခုနှစ်မှာ ဓမ္မဗိမာန် တစ်သက်တာ စာပေဆုတွေကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။ ၁၉၈၃ ခုနှစ် နောက်ပိုင်းတွေမှစပြီး ဘဘဟာ ရန်ကုန်တိုင်း ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းနဲ့ တက္ကသိုလ်ဆရာလောင်း မွမ်းမံသင်တန်းတွေမှာလည်း စကားပြောဟောနည်းပညာ၊ တရားဟောပြောနည်းပညာတွေကို သင်ကြားပို့ချခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၄ ခုနှစ်မှာလည်း ရာမာခရစ္စနာ၏သုတပုံပြင်များ စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်။ အဲ့ဒီနှစ်ဇန်န၀ါရီလ ၄ ရက်နေ့လွတ်လပ်ရေးနေ့မှာပဲ ဘဘဟာ မဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်ကိုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ၁၉၉၅ ခုနှစ် နောက်ပိုင်း တွေမှာလည်း ဘဘရဲ့တရားတော်နဲ့ ပတ်သတ်တဲ့စာအုပ်စာပေတွေ သုတရသစာအုပ်တွေဟာ ဆက်တိုက်ထွက်ရှိလာခဲ့ပါတယ်။ဘဘဦးသုခရဲ့ ဘ၀သက်တမ်းတစ်လျှောက်မှာ လူသားတွေအတွက် အကျိုးရှိမဲ့စာအုပ်စာပေ အများအပြားကိုရေးသားခဲ့ပြီး ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှာတော့ရန်ကုန်တက္ကသိုလ်ကနေပြီး ဂုဏ်ထူးဆောင်စာပေပါရဂူ ဘွဲ့ကိုအပ်နှင်းပေးအပ်ခဲ့ပါတယ်။
အမေဆိုတာ ဘယ်လိုကြီးမြတ်ကြောင်းကိုသိစေဖို့အတွက် ဘဘဟာ စာပေဟောပြောပွဲတိုင်းမှာ အမေနဲ့ပက်သက်တဲ့ အကြောင်းအရာ တစ်ခုခုကိုတော့ ဟောပြောတတ်စမြဲပါ။ အမေများနေ့အတွက် ကျင်းပတဲ့ စာပေဟောပြောပွဲတစ်ခုမှာတော့ ဘဘဟာ အမေတွေကို ဂုဏ်ပြုတဲ့ စာပိုဒ်လေးတစ်ပုဒ်ကို ရွတ်ဆိုပေးခဲ့ပါတယ်။ “ကမ္ဘာကြီး ကမ္ဘာကြီးကို အာဒံနဲ့ဧဝကပဲ စတယ်လို့ပြောပြော... ဗြဟ္မာကြီးလေးဦးက စတယ်ပဲပြောပြော... သူတို့ထဲမှာ အမေဆိုတဲ့ ဣတ္ထိလိင်ပါလာလို့သာ ကမ္ဘာကြီးကအဆက်မပြတ်ဘဲနဲ့ ဒီနေ့အထိကျနော်တို့အထိ သားစဉ်မြေးဆက်တွေ ဖြစ်လာတယ်မဟုတ်လားအမေ... အမေမှန်သမျှ ဘာသာခြားလူမျိုးခြားရယ်လို့ ကျွန်တော့်စိတ်ထဲမှာမရှိဘူးအမေ... သားသည်အမေတစ်ယောက်ဟာ အမေပါပဲအမေ... သူကယုတ်ညံ့လို့... သူကလူမျိုးခြားမို့လို့... သူက ဘယ်ဘာသာမို့လို့ မဟုတ်ပါဘူးအမေ မဟုတ်ပါဘူး ကျွန်တော်မြင်တာဖြင့် ကျွန်တော်ပြောဦးမယ် ကျွန်တော်လွန်သွားမလား... မလွန်ပါဘူးအမေ ကျွန်တော်စဉ်းစားထားပြီးမှ ပြောတာပါ အမေမှန်ရင်လေ အမေနားနဲ့မနာဖဝါးနဲ့နာ ပြောလိုက်ပါရစေတော့... အမေဟာ ကျွန်တော့်လက်ထက်ထဲမှာ ကျွန်တော့်မျက်စိအောက်မှာပဲ မိန်းမရွှင်ဖြစ်နေပါစေ...... အမေဟာ အမေပါပဲ။” ဒီစာစုတိုကလေးဟာ လူထုကြားမှာ အလွန်ပဲနာမည်ကြီးခဲ့ပြီးတော့ အမေနဲ့ပက်သက်တဲ့သီချင်းတွေမှာတောင် ထည့်သွင်းအသုံးပြုခဲ့ကြပါတယ်။

မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်ရာမှာလည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဖခင်ကွယ်လွန်စဉ်တုန်းက ဦးသန့်ဟာ အသက်၁၄နှစ်သား သာရှိပါသေးတယ်။ အမွေဆက်ခံမှု အရှုပ်အရှင်းတွေကြောင့် မိခင်ဒေါ်နန်းသောင်နဲ့ ကလေး၎ယောက်ဟာ စီးပွားရေး အကြပ်အတည်း ပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။
အများအပြားကိုတက်ရောက်ခဲ့ပြီး ၁၉၅၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့မှာကျင်းပတဲ့ “ဘက်မလိုက်လှုပ်ရှားမှု” ကို မွေးဖွားပေးခဲ့တဲ့ ပထမအကြိမ် အာရှ-အာဖရိက နိုင်ငံများဆိုင်ရာ ညီလာခံမှာ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။

တောင်အာဖရိက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးတွေ၊ ၁၉၆၂ ခုနှစ်မှာ ယီမင်အရေးနဲ့ ၁၉၆၈ ခုနှစ်မှာ ဘာရိန်းအရေး၊ ၁၉၆၇ ခုနှစ်မှာ အာရပ်-အစ္စရေးခြောက်ရက်စစ်ပွဲ၊ ပရာ့ဂ်နွေဦးတော်လှန်ရေး (Prague Spring) နဲ့ ချက်ကိုစလိုဗက်ကီးယားကို ဆိုဗီယက်ကျူးကျော်မှုအရေးအခင်း၊ ဗီယက်နမ်စစ်၊ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လွတ်လပ်ရေးရရှိစေမယ့် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ စတာတွေကို အေးငြိမ်းအောင် ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် အမေရိကန်-ဆိုဗီယက် စစ်အေးတိုက်ပွဲမှာတုန်းက သမ္မတနှစ်ဦးအကြား ဦးသန့်ဟာ “တတိယ ဘာသာစကားအသစ်” ကိုအသုံးချ၊ “တွေ့ဆုံအဖြေရှာရေး” ကိုအခြေခံပြီး စေ့စပ်ဆောင်ရွက်ပေးခဲ့တဲ့အတွက် ဆိုဗီယက်တို့က ဒုံးကျည်စခန်းတွေကို ရုပ်သိမ်းသွားပြီး အမေရိကန်တွေက ကျူးဘားကို ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့ပါတယ်။
James E. McDonald ကို UFO နဲ့ပတ်သက်ပြီး ကုလသမဂ္ဂမှာ စကားပြောနိုင်ဖို့ စီစဉ်ပေးခဲ့ဖူးပါတယ်။ ၁၉၇၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာတော့ ဦးသန့်က သူဟာဘယ်အကြောင်းပြချက်နဲ့မှ တတိယသက်တမ်း အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဆက်လက်လုပ်ကိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။ အဲ့ဒီတော့ လုံခြုံရေးကောင်စီကလည်း ဦးသန့်နေရာမှာ ဆက်ခံမယ့်သူကို သီတင်းပတ်ပေါက်များစွာ အပူတပြင်းလိုက်ရှာရတော့တာပေါ့။ နောက်ဆုံးမှာတော့ ကွတ်ရ်ထ် ဝါးလ်ဒ်ဟိုင်းမ် (Kurt Waldheim) ကို ရွေးချယ်လိုက်ပါတယ်။ ဦးသန့်က သူ့နောက်ဆုံး တာဝန်သက်တမ်းမကုန်ဆုံးမီ ၁၀ရက်အလိုမှာပဲ Kurt ကို တာဝန်ဝတ္တရားတွေအားလုံး လွှဲအပ်ပေးခဲ့ပါတယ်။ ဦးသန့်အငြိမ်းစားယူသွားတာနဲ့ ပတ်သက်ပြီး New York Times သတင်းစာရဲ့ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ အယ်ဒီတာ့အာဘော်မှာလည်း The Liberation of U Thant ဆိုတဲ့ခေါင်းစဉ်နဲ့ တခမ်းတနား ဂုဏ်ပြုရေးသားဖော်ပြခဲ့ပါတယ်။ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်းမှာ ဦးသန့်ဟာ Palisade နဲ့ Douglas Avenues လမ်းကြား၊ ၂၃၂ လမ်းအနီးမှာရှိတဲ့ ၄.၇၅ ဧကလောက်ကျယ်တဲ့ Riverdale, Bronx ခြံမှာ နေထိုင်ခဲ့ပါတယ်။