Friday, December 2, 2011

အိုဘားမား ကိုယ်တိုင် လက်ရေး ဖြင့် အမှာ ပါး လိုက် သည့် စာ ကို ဟီလာရီကလင်တန် က ဒေါ်အောင်ဆန်းစုကြည် ကိုပေး (Update)

အိုဘားမား ကိုယ်တိုင် လက်ရေး ဖြင့် အမှာ ပါး လိုက် သည့် စာ ကို ဟီလာရီကလင်တန် က ဒေါ်အောင်ဆန်းစုကြည် ကိုပေး (Update) TRWas4447429


မြန်မာ နိုင်ငံ သို့  လာရောက် လည်ပတ် သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်
၏ ဒုတိယနေ့  ခရီးစဉ် တွင် မြန်မာ သမ္မတ  ဦးသိန်းစိန် နှင့် ဇနီး ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်
ပြည်သူ့  လွှတ်တော် ဥက္ကဌ ဦးသူရ ရွှေမန်း နှင့် သီဟသူရ ဦး တင်အောင်မြင့်ဦး နှင့် အစိုးရ အဖွဲ့  ခေါင်း
ဆောင် အချို့  ကို ပါ တွေ့ ဆုံ ခဲ့ သည်။
ညနေ ပိုင်း တွင် လေယာဉ် ဖြင့် ရန်ကုန် မြို့  သို့ ရောက် ရှိ လာ ပြီး နောက် မြန်မာ နိုင်ငံ ၏ အထင်ကရ
စေတီ တစ်ဆူ ဖြစ်သည့် ရွှေ တိဂုံ စေတီ သို့  သွားရောက် ဖူးမြော် ကြည်ညိုသည် ဟု သိရသည်။
နောက်ဆုံး ရ သတင်း များ အရ မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏
တက္ကသိုလ် ရိပ်သာ လမ်း နေအိမ်တွင် တွေ့ ဆုံ နေ သည် ဟု သတင်း ရရှိ သည်။ ရွှေတိဂုံ စေတီ တော်
အား ဖူး မြော် ကြည် ညိုပြီး နောက် ဟီလာရီ ကလင်တန် နှင့် အဖွဲ့ သည် ရန်ကုန်မြို့  ရှိ အမေရိကန် သံရုံး
သို့  ခေတ္တ ၀င်ရောက် ပြီး နောက် အမေရိကန် သံရုံး ယာယီတာဝန် ခံ ၏ အိမ် တွင်  ဒေါ်အောင်ဆန်းစု
ကြည် နှင့် အတူ ညစာ သုံးဆောင်ခဲ့သည်။
ဟီလာရီ ကလင်တန် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့  သည် ညစာအတူ သုံးဆောင် ပြီး နောက် တစ်နာ
ရီ ကျော်ကြာ ဆွေးနွေး မှု များ ပြု ခဲ့ သည် ဟု သတင်း ရရှိ သည်။
ယနေ့ ည တွေ့ ဆုံ ပွဲ တွင် အမေရိကန် သမ္မတ ဘရက်(ခ) အိုဘားမား ကိုယ်တိုင် လက်ရေး ဖြင့် အမှာ
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ထံ အမှာ ပါး လိုက် သည့် နှစ်မျက်နှာ ခန့် ရှိ စာ ကို ဟီလာရီကလင်တန်
က ဒေါ်အောင်ဆန်းစုကြည် ကို ညစာ စား သုံး ပြီး နောက် လွှဲပြောင်းပေး လိုက်သည် ဟု သတင်းရရှိ
သည်။
ယနေ့ မနက် အစော ပိုင်း က မြန်မာ သမ္မတ ဦးသိန်းစိန် နှင့် တွေ့ ဆုံ ရာ တွင် မြန်မာ နိုင်ငံ အပေါ် အရေး
ယူကန့် သတ် ထား မှု များ ကို လတ်တလော ဖယ်ရှားပေး ရန် အစီအစဉ် မရှိ သေးကြောင်း ပြော ဆို ခဲ့
ပြီး ၊ မြန်မာ နိုင်ငံ ၏ ပြု ပြင် ပြောင်း လဲ မှု များ အတွက် ကို မူ အသိအမှတ် ပြု သည့် အနေ ဖြင့် ငွေကြေး
ထောက်ပံ့ကူညီ မှု များ ပြု မည် ဟု ပြော ဆို ခဲ့ သည်။
မြန်မာ အစိုး ရ ပြောင်းလဲ မှု သည် ယခု ထက် ပို မို လုပ်ဆောင် လို သည် ဟု ဦးသိန်းစိန် နှင့် တွေ့ ဆုံ ချိန်
တွင် ၀န်ကြီး ကလင်တန် က ပြော ဆို ခဲ့ သည်။
မြန်မာ နိုင်ငံ အား အမေရိကန် အစိုးရ က ပုံ မှန် သံ တမန် ဆက် ဆံရေး များ ပြန်လည် ထူထောင် သွား
မည် ဖြစ် သည်။မြန်မာ နိုင်ငံ အား အမေရိကန် က သံအမတ် ကြီး အဆင့် ပြန်လည် ထား ရှိ မည် ဖြစ်သည်။
အမေရိကန် အစိုးရ နိုင်ငံခြား ရေး ၀န်ကြီး ဌာနသည် မြန်မာ နိုင်ငံအား  သံအမတ် ကြီး
အဆင့် မှ သံရုံး ယာယီ တာ ၀န် ခံ (Charge de Affair) အဖြစ် အမေရိကန် က ၁၉၉၅ ခုနှစ် မှ စပြီး
သံတမန် ရေး ရာ ဆက်သွယ်မှု အဆင့် နှိမ့် ပြောင်း လဲ ခဲ့ သည်။













No comments:

Post a Comment