ဒီဇင်ဘာလ ၁၇ ရက်နေ့  က ရထား ဖြင့် ခရီး သွား နေစဉ် နှလုံး ရော ဂါကြောင့် ကွယ်လွန် ခဲ့ တဲ့
မြောက် ကို ရီးယား ခေါင်းဆောင် ကင်ဂျုံအီလ် ရဲ့  ဈာပန အခမ်း အနား ကို ဒီနေ့  မြို့  တော် ပြုံး
ယမ် မှာ ကျင်း ပတယ် လို့  မြောက် ကို ရီးယား က လာတဲ့ သတင်း တွေ အရ သိရှိ ရပါ တယ်။
နှင်း တွေ တဖွဲ ဖွဲ ကျ နေ ပေမယ့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံ အီလ် ရဲ့  ပုံ တူ ပန်း
ချီ ကား ကို သယ် ဆောင် လာတဲ့ မာစီး ဒီး (ဘင့်ဇ) ကား နဲ့  သယ် ဆောင် လာခဲ့ ပြီး လက်နက်
တပ် ဆင် ထား တဲ့ မြောက်ကိုရီးယား စစ်သား တွေ က စောင့် ကြပ် လိုက် ပါလာ တဲ့ လွမ်းသူ့ 
ပန်း ခွေ တွေ တင် ဆောင် ထား တဲ့ တရုတ် နဲ့  ရုရှား လုပ် စစ်ကား တွေ နောက် မှာ တံခါး ခြောက်
ပေါက်ပါ အကောင်းစား ဇိမ်ခံ ကား ကြီး ကို ပြန်ပြင် ထား တဲ့ အခေါင်းတင် ကား မှာ တော့ အသက်
၆၉ နှစ် အရွယ် မှာ သေဆုံး ခဲ့ တဲ့ ကင်ဂျုံအီလ် ရဲ့  အလောင်း ကို တင်ဆောင် လာခဲ့ ပါတယ်။
အလောင်း ကို တင် ဆောင် လာတဲ့ ကား ပေါ် မှာ သွား လေ သူ ကင်ဂျုံ အီလ် ရဲ့  ဦးလေး လဲ ဖြစ်
မြောက် ကိုရီးယား က ပိုင် ဆိုင် တဲ့ ညူလက်နက် တွေ ကို ပစ်ခတ် ဖို့  အမိန့် ပေး နိုင် သူ လဲ ဖြစ်
တဲ့ ဂျန် ဆောင် ထဲ နဲ့  ကာကွယ် ရေး ဦးစီး ချုပ် ရီဟောင် ယို နဲ့  ကင်ဂျုံအီလ် ရဲ့  အရိုက် အရာ ကို
ဆက် ခံ တဲ့ သူ့  ရဲ့  တတိယ မြောက် သား ဖြစ်သူ ကင်ဂျုံ အွန် တို့  က ဘေးနား က လျှောက် ပြီး
လိုက်ပါ လာခဲ့ ပါတယ်။
တစ်ချိန် တည်း မှာ ပဲ ဗိုလ်ရှု သဘင် ခံ ယူ သလို ပါ လုပ်သွား တဲ့ လက်ရှိ ခေါင်းဆောင် ကင်ဂျုံအွန်း
ဟာ မြောက် ကို ရီးယား ဗိုလ်ချုပ် တွေ နဲ့  အထူး တပ် ဖွဲ့  ရှေ့ ရောက် တဲ့ အခါ မှာ ပြန် လည် အလေး
ပြု ခဲ့ ပါတယ်။
ကင်ဂျုံအီလ် ရဲ့  အလောင်း ကို သယ်ဆောင် လာတဲ့ ကား တန်း ကို ခြံရံ ပြီး လိုက် ပါလာတဲ့ ကား
တန်း မှာ မော် တော် ယာဉ် စီးရေ ၁၀၀ ကျော် ပါ ၀င် ပြီး ၊ မြောက်ကိုရီးယား အစိုးရ က ဥရောပ
မော် တော်ကား ကုမ္ပဏီ တွေ ကနေ အထူး မှာ ယူထား တဲ့ မော်တော် ကား တွေ လည်း ပါရှိတယ်
လို့  CNN သတင်း မှာ ဖော် ပြ ထား ပါတယ်။
အချက်ပြ လမ်းရှင်း မီး တွေ တပ် ဆင် ထား တဲ့ မာစီဒီး ကား ခြောက် စီးက ကင် ရဲ့  အလောင်း ကို
သယ် ဆောင် လာတဲ့ ကား ရှေ့ က နေ စတင် ခဲ့ ပြီး အဲဒီ နောက် မှာ တော့ မိုင် ၀က် လောက် ရှည်
တဲ့ ကား တန်းကြီး လိုက်ပါလာ ခဲ့ ပါတယ်။
ကင်ဂျုံအီလ် ရဲ့  ဈာပန အခမ်းအနား ဟာ ၁၉၉၄ ခုနှစ် က ကွယ်လွန် ခဲ့တဲ့ သူ့  ရဲ့  ဖခင် မြောက်
ကိုရီးယား ခေါင်းဆောင် ကြီး ကင်အီဆွန်း ရဲ့  ဈာပန နဲ့  ဆင်တူ တယ်လို့  ပြုံးယမ် က လာတဲ့
AP သတင်း မှာ ဖော် ပြထား ပါတယ်။
ကင်အီလ်ဆွန်း ရင် ပြင် ရောက် တဲ့ အခါ မှာ ဂုဏ်ပြု တပ် ဖွဲ့  က သေနတ် ၂၁ ချက် ပစ် ဖောက် အလေး
ပြု ခဲ့ ပြီး ဈာပန အခမ်း အနား ကို တက်ရောက် လာကြတဲ့ ပြည်သူ ထောင် ပေါင်း များ စွာ က ငိုကြွေး
တာ ကို မြောက် ကို ရီးယား အစိုး ရ အာ ဘော် ရုပ် သံ မှာ ဖော်ပြ ခဲ့ ပါတယ်။
ကင်ဂျုံအီလ် ရဲ့ အလောင်း တင်ဆောင် လာတဲ့ ကား ကို မြောက်ကိုရီးယား အလုပ်သမား ပါတီ ရဲ့  အလံ
အုပ်ထား ပြီး ဒီကား ဘေးမှာ တော့ ပါတီ နဲ့  အစိုး ရ ဘက် မှာ ထိပ် တန်း ခေါင်း ဆောင် ၅ ဦး နဲ့  စစ်
တပ် ဘက် မှာ ထိပ် တန်း ခေါင်း ဆောင် ၅ ဦး တို့  က ခြံရံ ပြီး လိုက်ပါလာ ခဲ့ ကြပါတယ်။
ဒီ အသု အဘ အခမ်းအနား ကို ကြည့် ရတာ ဟာ မြောက် ကိုရီးယား နိုင်ငံ ဟာ အာဏာ ကို ချောချော
မွေ့ မွေ့  နဲ့  လွှဲ ပြောင်း နိုင် ခဲ့ ပုံ ရှိတယ် လို့  ဟိုနိုလူလူ မှာ ရှိတဲ့ အရှေ့ - အနောက် စင်တာ က မြောက်
ကို ရီးယား ရေးရာ ကျွမ်းကျင် သူ ဒယ်နီရွိုင်း က CNN ကို ပြောပါတယ်။
လက်ရှိ မြောက် ကိုရီးယား မှာ ထိပ်တန်း သြဇာ အာဏာ ရှိ တဲ့ သူ တွေ ဟာ ခေါင်းဆောင် သစ် ကင်
ဂျုံအွန်း ရဲ့  နောက်က နေ ရိုရိုသေသေ လိုက်ပါ လာ ခဲ့ ကြပါတယ်။
No comments:
Post a Comment