Saturday, December 3, 2011

အကျင့်ပျက် ခြစားမှု မှာ မြန်မာ ထိပ်ဆုံး က ပြေးနေဆဲ


CPI 2011 Map

CPI Index 2011 အရ အကျင့်ပျက်ခြစားမှုနှုန်းအမြင့်ဆုံး
နိုင်ငံများမှာ (၁) မှတ်စီဖြင့် အောက်ဆုံးအဆင့် (၁၈၂) ရရှိကြသောဆိုမာ
လီယာနှင့် မြောက်ကိုရီးယား တို့ဖြစ်ပြီး၊ (၁.၅) မှတ်စီဖြင့် ဒုတိယအောက်
ဆုံးအဆင့် (၁၈၀)ရရှိကြသောနိုင်ငံများမှာမူ မြန်မာနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့ဖြစ်ကြသည်။
(၂၀၁၁) ဒီဇင်ဘာ (၁) ရက်နေ့တွင် နိုင်ငံတကာအကျင့်ပျက်ခြစားမှုကင်းစင်ရေးအဖွဲ့ဟု
အဓိပ္ပာယ်ရသော Transparency International – TI မှ ထုတ်ပြန်ခဲ့သည့် Corruption
Perception Index (2010) အရ နယူးဇီလန်နိုင်ငံမှာမူ (၉.၅) မှတ်နှင့် အကျင့်ပျက်ခြစားမှု
ကင်းရှင်း၍ အသန့်ရှင်းဆုံးသောနိုင်ငံအဖြစ်ဆက်လက်ရပ်တည်နေပြီး၊ ဒိန်းမတ်နှင့် ဖင်လန်
(Finland) နိုင်ငံများမှာမူ (၉.၄) မှတ်ဖြင့် ဒုတိယအသန့်ရှင်းဆုံးသောနိုင်ငံများဖြစ်လာသည်။
ဆွီဒင်နိုင်ငံ (Sweden) မှာလည်း (၉.၃) မှတ် ဖြင့် စတုတ္ထနေရာ၌ ရှိနေခဲ့သည်။
အကျင့်ပျက်ခြစားမှုကင်းရှင်းသည့် အသန့်ရှင်းဆုံးနိုင်ငံအဖြစ် (၂၀၁၀) တွင် နယူးဇီလန်
(New Zealand)၊ ဒိန်းမတ် (Denmark) နိုင်ငံ တို့နှင့်အတူပူးတွဲ၍ ပထမအဆင့်တွင်
ရပ်တည်နိုင်ခဲ့သော စင်္ကာပူနိုင်ငံ (S’pore) ၏အဆင့်မှာမူ ပထမအဆင့်မှ အောက်သို့လေးဆင့်
ကျဆင်းလာခဲ့၍ အဆင့် (၅) ဖြစ်လာခဲ့သည်။ စင်္ကာပူနိုင်ငံအနေနှင့် အမှတ် (၁၀) မှတ်တွင် (၉.၂)
မှတ်ရရှိခဲ့၍ အာရှတိုက်တွင် အကျင့်ပျက်ခြစားမှုအနည်းဆုံးနိုင်ငံဖြစ်သည်။
(CPI Index) အကျင့်ပျက်ခြစားမှုဆိုင်ရာအညွှန်းပြကိန်း အား အစိုးရမဟုတ်သောအဖွဲ့အစည်း
တခုဖြစ်သည့်  TI  မှနှစ်စဉ်ထုတ်ပြန်လေ့ရှိသည်။
နိုင်ငံပေါင်း (၁၈၃) နိုင်ငံအများပြည်သူဆိုင်ရာ ဝန်ဆောင်မှုနှင့်လုပ်ငန်းကဏ္ဍများတွင် ရှိနေသည်
ဟု ယုံကြည်လက်ခံရသော အကျင့်ပျက်ခြစားမှုများအား လေ့လာစစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်
သည်။ ရမှတ် (၁၀) မှတ်ပေးထားပြီး၊ (၁) မှတ်သာရရှိသောနိုင်ငံများမှာ အကျင့်ပျက်ခြစားမှု
အများဆုံး နိုင်ငံဟု အဓိပ္ပာယ်ရ၍ အမှတ် (၁၀) မှာ အကျင့်ပျက်ခြစားမှုအနည်းဆုံးနိုင်ငံဖြစ်သည်။
ယမန်နှစ်က စင်္ကာပူ၊ ဒိန်းမတ်နှင့် နယူးဇီလန်တို့မှာ ရမှတ် (၉.၃) မှတ်စီဖြင့် အကျင့်ပျက်ခြစားမှုနှုန်း
အနည်းဆုံး ဖြစ်သည့် ပထမနေရာအား ပူးတွဲရရှိခဲ့ကြသည်။ ယခုနှစ်တွင် စင်္ကာပူ၏အဆင့်မှာ အဆင့်
(၅) သို့ကျဆင်းလာသော်လည်း စင်္ကာပူအစိုးရသည် သန့်ရှင်းသောအစိုးရဖြစ်သည်ဆိုသော ဂုဏ်
သတင်းမှာမူ မူလအတိုင်းသာဖြစ်သည်ဟု The Straits Times သတင်းစာမှ တွေ့ဆုံမေးမြန်းခဲ့
သည့် သုတေသီများမှ ဆိုခဲ့ကြသည်။
(၀.၁) မှတ်ကျဆင်းသွားခြင်းသည် သိသာသောထူးခြားမှုရှိသည်ဟု မဆိုလိုပါဟု အရှေ့အာရှဒေ
သတွင် TI ၏အကဲဖြတ်မှုအားတာဝန်ယူရသော လျောင်ရန် (Liao Ran) မှ The Straits Times
သတင်းစာအားပြောကြားခဲ့သည်။ စင်္ကာပူနိုင်ငံအဆင့်ကျသွားရခြင်းမှာ စစ်တမ်းများအားကောက်
ယူသည့်နည်းလမ်းများတွင် ပြောင်းလဲမှုအနည်းအကျဉ်းရှိခြင်းကြောင့် ဖြစ်နိုင်ခြင်း၊ သို့မဟုတ်
လုပ်ငန်းပေါင်း (၁၇) ခုတွင်ကောက်ယူခဲ့သည့် စစ်တမ်းအနည်းငယ်တို့၏
ရလာဒ်များအရ နှင့် TI မှ အဆင့်အတန်းသတ်မှတ်ရာတွင် အသုံးပြုသော ကျွမ်းကျင်သူပညာရှင်
များ၏ စစ်တမ်းများကြောင့်သော်လည်းကောင်း ဖြစ်နိုင်သည်ဟု ၄င်းမှဆိုသည်။ အကယ်၍ (၀.၃)
မှတ်နှင့် အထက်သာ လျော့နည်းသွားမည်ဆိုပါက သိသာထင်ရှားသည်ဟု ဆိုရမည်ဖြစ်သည်ဟု
၎င်းမှဆို၏။
အကျင့်ပျက်ခြစားမှုတိုးတက်များပြားပြီး စီးပွားရေးကျဆင်းနေသော မလေးရှားနိုင်ငံမှာမူ ယမန်နှစ်က
(၄.၄) မှတ်ဖြင့် အဆင့် (၅၆) ရရှိခဲ့ရာမှ၊ ယခုနှစ်တွင် (၄.၃) မှတ်ဖြင့် အဆင့် (၆၀) သို့ကျဆင်းခဲ့သည်။
ဘရူနိုင်းနိုင်ငံမှာမူ အဆင့် (၃၈) မှ (၄၄) သို့၊ ထိုင်းနိုင်ငံမှာ အဆင့် (၇၈) မှ (၈၀)၊ ကမ္ဘောဒီးယားနိုင်ငံ
သည် အဆင့် (၁၅၄) မှ (၁၆၄) သို့အသီးသီးကျဆင်းလာခဲ့ကြပြီး၊ အင်ဒိုနီးရှားနိုင်ငံသည် အဆင့် (၁၁၀)
မှ ဆယ်ဆင့်တက်လာကာ အဆင့် (၁၀၀) သို့လည်းကောင်း၊ ဗီယက်နမ်နိုင်ငံမှာ အဆင့် (၁၁၆) မှ (၁၁၂)
သို့လည်းကောင်း၊ ဖိလစ်ပိုင်မှာ အဆင့် (၁၃၄) မှ (၁၂၉) သို့လည်းကောင်း အဆင့်များတိုးတက်လာခဲ့ကြ
သည်။ လာအိုနိုင်ငံမှာမူ ယမန်နှစ်ကရရှိခဲ့သော အဆင့် (၁၅၄) တွင်သာဆက်လက်တည်ရှိနေပြီး
အတက်အကျမရှိပဲ တန့်နေခဲ့သည်။
DK

No comments:

Post a Comment