
မုဒိမ်းကျင့် ခံရမှု ၊ လိင်ပိုင်းဆိုင်ရာ၊ စော်ကား မှု ၊ မိတ်ဆွေ (သို့  မဟုတ်)ချစ်သူများ ၏ လိင်ပိုင်း
ဆိုင်ရာ အနိုင် အထက် ပြု မှု နှင့် တွေ ကြုံခဲ့ရ ကြောင်း ယနေ့ လေ့လာထား ချက် များ ကို သတင်း
ပြန်သည်။
မိန်းကလေး ၅ ယောက် လျှင် ၁ ယောက် က လိင်ပိုင်းဆိုင်ရာ မတော် မတရား ပြု ကျင့်ခံရမှု (သို့ 
မဟုတ်) ထိုကဲ့ သို့  အဖြစ်မျိုး ၊ ၄ ယောက်လျှင် ၁ ယောက် က ချစ်သူ သို့  မဟုတ် ခင်ပွန်း ၏ နာ
ကျင် အောင် ပြုကျင့် မှု နှင့် ၆ ယောက် လျှင် ၁ ယောက်က စိတ်တိုင်းကျ လိင် ဆက်ဆံ ပေးရန်
ခြိမ်းခြောက်မှု နှင့် ကြုံခဲ့ရ သည် ဟု New York Times သတင်းစာ တွင် ဖော်ပြထားသည်။
National Intimate Partner and Sexual Violence Survey ဟု ခေါ်သည့် လေ့လာမှု
စစ်တမ်း တွင် အမျိုးသမီး ၅ ဦးလျှင် ၁ ဦးက လိင်ပိုင်းဆိုင်ရာ အနိုင့်အထက် ပြုကျင့်မှု ၏ သား
ကောင် ဖြစ်ခဲ့ ရသည် ဟု ဆိုသည်။
အမေရိကန် အစိုးရက စစ်တမ်း နှင့် ပတ်သက် ပြီး လောစ်ဇင်း ဂျလိစ် ရှိ အမည် မဖော်လိုသော
မြန်မာ အမျိုးသမီး တစ်ဦးက ” ဒီစစ်တမ်းမှာ အလိုမတူ ပဲ သားမယား ပြုကျင့် တာ ခံ ရ သလို
မျိုး ပဲ၊ တစ်ချို့ လည်း စိတ်တိုင်းကျ လိင်ဆက်ဆံ ပေး ဖို့  အတွက် နှိပ်စက် ခံရ တာတွေ ရှိတယ်။
ကျွန်မ ဟိုက်စကူး တုန်းက ကြိုက်ခဲ့တဲ့ ရည်းစား က ကျွန်မ ကို သဘာဝ မဟုတ်တဲ့ လိင်ဆက်ဆံ
မှု များ ပြုပေး ဖို့ တောင်း ဆိုခဲ့တယ်။ သူ တို့  ရဲ့  စစ်တမ်းမှာ ဒါတွေ ပါ ပါတယ် ဟု FNG သို့ 
ပြောသည်။
ပြီးခဲ့ သည့် နှစ်က အမေရိကန် အမျိုးသမီး နှစ်သိန်း သုံးသောင်း ကျော်မှာ သားမယား အဖြစ်ပြု
ကျင့် ခံခဲ့ ရ ပြီး မိနစ် နှစ်ဆယ် လျှင်အမျိုးသမီး ၁ ဦး ခန့် မှာ လိင်ပိုင်း ဆိုင်ရာ စော်ကားမှု
ခံနေရ သည် ဟု စစ်တမ်း က ဆို သည်။
ကော်လိုယာဒို ပြည်နယ် ဒင်ဗာ မြို့  ရှိ ကောလိပ် ကျောင်းသူ တစ်ဦး ဖြစ်သည့် မယ်လိုရီ ရိန်းဝါး
တား က ” သူငယ်ချင်း ပါတီ တစ်ခု မှာ Weed ရှုတာ များ ပြီး သတိလက်လွတ် ဖြစ်နေတယ်။အဲ
ဒီ အချိန် မှာ ကျွန် မ ကို အုပ်စု လိုက် ကာမဂုဏ် ခံစား သွား ကြတယ် ” ဟု ပြောသည်။
လိင်ပိုင်း ဆိုင်ရာ စော် ကား ခံရ မှု တွင် ရမ္မက် ထစေသော နှိပ်စက်ညှင်းပန်း များ လည်း ပါဝင်ပြီး
အချိန် အတန် ကြာ ပြင်းထန် စွာ ဆက်ဆံ မှု များ ဖြင့် ၊ သမရိုးကျ မဟုတ် သည့် နည်းများ ကို
အသုံး ပြုရန် အတွက် ခြိမ်းခြောက် ခံရ ခြင်း တို့ ပါဝင် သည်။
လေ့လာမှု က အမေရိကန် သို့  ပြောင်းရွှေ့ လာသည့် အာရှ နွယ်ဖွား များ လည်း ပါဝင်သည် ဟု
သိရသည်။
Related articles
- CDC – The National Intimate Partner and Sexual Violence Survey (bespacific.com)
- Survey: 1 in 5 US women victims of sexual assault (thegrio.com)
- Nearly 1 in 5 US women have been victims of sexual assault, CDC finds (guardian.co.uk)

No comments:
Post a Comment