Friday, December 9, 2011

အဖေ နဲ့ သမီး

ဇင်ဘာဘွေနိုင်ငံ၊ ဘူလာဝါယိုအရပ်၊ နကူလူမိန်း အမှတ် ၅ ရပ်ကွက်မှ အမျိုးသားတစ်ဦးဟာ ၎င်းတည်းခို နေထိုင်လျှက်ရှိသည့် ဟိုတယ်ခန်းသို့ အိပ်စက်ပျော်ပါးရန် ခေါ်ယူခဲ့ လိုက်သည့် အမျိုးသမီးမှာ ၎င်း၏သမီး ဖြစ်နေသဖြင့် အံ့ သြတုန်လှုပ်ချောက်ခြားသွားခဲ့ ရပါတယ်....
အသက် ၂၀ အရွယ်ရှိသမီးဖြစ်သူက သူမ၏ဖခင်အားမြင်တွေ့ လိုက်ရပြီးနောက်အခန်းထဲမှထွက်ပြေးသွား ခဲ့စဉ် အလန်းဇယားနဲ့ စခန်းသွားမယ်လို့ ရည်ရွယ်ထားသည့် ဖခင်ဖြစ်သူ မစ္စတာတီတပ်စ် ငကျူဘ် တစ်ယောက် လဲကျသတိလစ်သွားခဲ့ တယ်လို့ ဆိုပါတယ်...
ထိုဖြစ်ရပ်ကိုသတင်းမီဒီယာများတွင်ဖ်ာပြခြင်းမပြုရန် (မဖွရန်) လည်း မစ္စတာ ငကျူဘ် ကသတင်ထောက်များကို လွန်ခဲ့ သည့် ရက်သတ္တပါတ်က တောင်းပန်တိုးလျှိုးခဲ့ ပါသေးတယ်....( အားလုံးကလည်းမေတ္တာ ထားကြပါပေတယ်...သိပ်မဖွပါဘူး...အခုပဲ တစ်ကမ္ဘာလုံးကသိသွားကြပါပြီ...)
သူမှားယွင်းခဲ့ တာအတွက် အထူးပဲစိတ်မကောင်းဖြစ်ရကြောင်း...ဇနီးဖြစ်သူနှင့် သမီးဖြစ်သူကိုလည်း ပွင့်  ပွင့် လင်းလင်းပြောကြားခဲ့ ပြီးမိသားစုမပြိုကွဲချင်တာမို့ ထိုလုပ်ရပ်အတွက်တောင်းပန်ခဲ့ ကြောင်း သူကပြော ကြားခဲ့ ပါတယ်...
သားသမီး ၃ ယောက်တို့ ၏ဖခင်ဖြစ်သူက ၎င်းအနေဖြင့် သမီးဖြစ်သူအား အခကြေးငွေယူပြီး လိင်ဆက်ဆံ ခွင့် ပြုနေခြင်းအပေါ် ခွင့် လွှတ်ကြောင်းထုတ်ဖေါ်ပြောကြားခဲ့ ပြီး သူမအား ထိန်းကျောင်းပြောဆိုဆုံးမ၊ ကုသပေးရန် ကုသမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးအား ငှားရမ်းပေးခဲ့ ပါတယ်...


ဖေ့ ဖေ့ အကြိုက်...သမီးမိုက်....

မိသားစုအတွင်းဖြစ်ပျက်နေခဲ့ တဲ့ ပြဿနာများအပေါ် သူမရဲ့ ခံစားမှုများအားတုန့် ပြန်သည့် အနေဖြင့် ယခု ကဲ့သို့ အဖြစ်မျိုး ရောက်ရခြင်းဖြစ်တယ်လို့ ၎င်းအနေဖြင့် ထင်မြင်ယူဆလို့ သမီးဖြစ်သူအား အပြစ်မတင်ပဲ ခွင့် လွှတ်ခဲ့ ပြီး ယခုအခါမှာတော့ သူမဟာဖြစ်ပျက်ခဲ့ တာတွေကိုအဆုံးသတ်ခဲ့ ကာနောက်နှစ်တွင်ကျောင်း ပြန်တက်မှာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်....
" ကျွန်တော့် ရဲ့ အိမ်ထောင်ရေးပြဿနာများရှိနေဆဲဖြစ်ပေမယ့် ထိုကိစ္စအတွက်ကျွမ်းကျင်သူအကြံပေးတစ် ယောက်ငှား ရမ်းထားပြီး ထိုသူမှ ကျွန်တော်တို့ အိမ်ထောင်ရေးရဲ့ အဓိကအရေးအကြီးဆုံး အခက်အခဲနှင့်  ရင်ဆိုင်နေရသည့် ယခုလိုအချိန်မျိုးတွင် ကျော်လွှားနိုင်ဖို့ ကူညီလျှက်ရှိနေပါတယ်.." လို့ သူကဆက်ပြီးပြော ကြားခဲ့ ပါတယ်...
ဇနီးဖြစ်သူ ရို့ စ်မေရီ ကလည်း " ကလေးတွေအတွက်သာမငဲ့ ဖူးဆိုယင် ကျွန်မဖြင့် သူ့ ကိုကွာရှင်းခဲ့ တာဟို ယခင်အချိန်တွေကတည်းက ဖြစ်မှာပါ....ဒါပေမယ့် မိဘတွေကွာရှင်းပြတ်စဲကြယင် သားသမီတွေစိတ်ထိ ခိုက်ခံစားကြရ၊ ဒုက္ခရောက်ကြရတာမို့ ဆက်နေဖို့ ကျွန်မဆုံးဖြတ်ခဲ့ ရတာဖြစ်ပါတယ်..."လို့ ပြောခဲ့ ပါတယ်..

No comments:

Post a Comment