Thursday, December 29, 2011

ငမိုးရိပ် ချောင်းဘေး နေသူများ နေရာသစ် မှာ အဆင် မပြေ မှု တွေ နဲ့  ကြုံရ


2011-12-17T110127Z_165125437_GM1E7CH1H2801_RTRMADP_3_MYANMAR ရန်ကုန် တိုင်း တောင်ဥက္က လာပ မြို့နယ် ၁၅ ရပ်ကွက် ငမိုးရိပ် ချောင်းဘေး တစ်လျှောက် တွင်
နေ ထိုင်သူများ ကို ကျူးကျော် အဖြစ် သတ် မှတ်ကာ တောင်ဒဂုံ အမှတ် ၁၄၀ ရပ်ကွက် ရှိ အ
သင့် ဆောက် ပြီး တန်းလျား များ သို့  ပြောင်း ရွှေ့ ခိုင်း ရာတွင် နေရာသစ် ရှိ အိမ်ခန်း များ မှာ
ကျဉ်း မြောင်း လွန်း ပြီး မိသား စု တစ်စု နေ ထိုင် ရန် ပင် အခက် အခဲ ရှိ နေသည် ဟု အဓမ္မပြောင်း
ရွှေ့ ခံ ရ မှု တွင် ပါဝင် သည့် မိသား စု ၀င် တစ်ဦး က FNG သို့  ပြောသည်။
ဘိလပ်မြေ စက်ရုံ သစ် တည် ဆောက်မှု တွင် မော်တော် ကား ကြီးများ ၀င်ထွက် ရာ တွင် မလွတ်
သည့် ချောင်းကမ်းဘေး နေသူ များ ကို ပြောင်း ရွှေ့ ခိုင်းမှု ကို တောင် ဥက္ကက လာ ပ မြို  နယ်စည်
ပင် အုပ် ချုပ် ရေး မှုး ရုံးက ယခု လဆန်း မှ စတင် ပြီး ပြောင်း ရွှေ့  ရန် လာရောက် အမိန့် ပေး ခဲ့
သည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ မှ စတင် ပြီး ပြောင်း ရွှေ့ မှု တွင် လူဦးရေ ၈၀၀ ကျော် ရှိ ပြီး အိမ်ထောင်စု
၂၀၀ ကျော် ရှိသည်။
ပြောင်း ရွှေ့ ခံရ သူများ မှာ ယခင် က ချောင်း အတွင်း ၊ တံမြက်စည်း လုပ်ခြင်း ၊ တံငါ လုပ်ငန်းဖြင့်
အသက် မွေး ခြင်း ၊အနီးအပါး ရှိ ရပ် ကွက် များ တွင် သရေစာ စသည့် မုန့်   များ လှည့် လည်ရောင်း
ချခြင်း  တို့  ဖြင့် အသက်မွေး ၀မ်းကျောင်း ကြ  သော် လည်း ယခု စားဝတ် နေရေး အတွက် အခက်
အခဲ ဖြစ် ကြ ရသည်။
ကျောင်း နေအရွယ် ကလေး ငယ် များ အတွက် ရွှေ့ ပြောင်း ခံ ရ သည့် နေရာ သစ် တွင် စာသင်
ကျောင်း မရှိ မှု ကြောင့် ဆက်လက် ပညာ သင်ကြား နိုင် ရန် လည်း ခက် ခဲ နေသည်။
ရန်ကုန် မြို့ တော် စည် ပင်က ပြောင်းရွှေ့ ရန် စတင် အမိန့် ထုတ် စဉ် က ချောင်းကမ်း ပါး နေသူ တို့ 
က ပြောင်း ရွှေ့ ရန် ငြင်းဆန် ခဲ့ ပြီး နောက် ပိုင်း တွင် အတင်း အကျပ် ပြောင်း ရွှေ့  စေရန် ဒေသခံ
များ ကို ဖိအား ပေး ခဲ့ သည်။

No comments:

Post a Comment