Monday, December 12, 2011

ပနားမား ပြန်ရောက် တဲ့ နိုရေးဂါး ထောင်ဒဏ် ၆၆ နှစ် ကျခံရအုံးမည်


111212060734-noriega-panama-story-topအသက် ၇၇ နှစ် အရွယ် ရှိ ပနားမား အာဏာရှင် ဟောင်း မနွဲ နိုရေးဂါး ဟာ
တနင်္ဂနွေ နေ့  ညနက်ပိုင်းမှာ  ပြင်သစ် နိုင်ငံ က နေ တစ်ဆင့် ပနား မား နိုင်ငံ ကို ပြန်လည်
ရောက် ရှိခဲ့ ပါတယ်။
အတိုက် အခံ တွေ ကို ဖမ်းဆီးသတ် ဖြတ် ပြီး ၊ ငွေမည်း ခ၀ါချမှု မူးယစ် ဆေးဝါး မှောင် ခို မှု တွေ
လုပ် ခဲ့ တဲ့ ပနားမား အာဏာရှင် နိုရေးဂါး ကို အမေရိကန် တပ် တွေ က နိုင်ငံ တွင်း ၀င်ရောက်
ပြီး ဖြုတ် ချ ခဲ့ တာ ဖြစ်ပါတယ်။
အဲဒီ နောက် မှာ အမေရကန် ဖလော်ရီဒါ ပြည် မိုင်ယာမီ က အကျဉ်းထောင် ထဲ မှာ ဆယ်စု နှစ်
နှစ် စု လောက် ဖမ်းဆီး ထိမ်းသိမ်းထား တာ ခံခဲ့ ရ ပြီး ၂၀၁၀ ခုနှစ် မှာ ပြင်သစ် နိုင်ငံ မှာ ရင်
ဆိုင် ရမယ့် အမှု တွေ အတွက် လွှဲ ပြောင်းပေး ခဲ့ ပါတယ်။
ဗိုလ်ချုပ်ကြီး နိုရေးဂါး ဟာ ပနား မား နိုင်ငံ က ဂမ်ဘိုအာ မြို့ က အယ်(လ) ရီနေဆာ
အကျဉ်းထောင် မှာ သူအာဏာ ရှိ စဉ် ကအတိုက် အခံ တွေ ကို  ဖမ်းဆီး သတ် ဖြတ် မှု တွေ
အတွက် ထောင်ဒဏ် ဆက် လက် ကျခံရမှာဖြစ်ပါတယ်။
နိုရေးဂါး ဟာ ပနားမား နိုင်ငံ မှာ သူ အာဏာရှိ စဉ် မှာ ကိုလံဘီယာ က မက်ဒလင် မူးယစ်ဆေး
ဂိုဏ်း ခေါင်းဆောင် ပါဘလို အက်(စ) ကို ဘာနဲ့  ချိတ် ဆက် ပြီး အမေရိကန် နိုင်ငံ ထဲ ကို မူးယစ်
ဆေးဝါး နဲ့  ဘိန်းဖြူ တွေ ခိုး သွင်း ခဲ့ ပါတယ်။
အမေရိကန် တွေ က သူ့  ကို ရာထူး က ဖယ်ရှား ဖို့  ကြိုးစားစဉ် မှာ ပနားမား က ဗာတီကန် သံရုံး
ထဲ  မှာ ခိုလှုံ ခဲ့ ပြီး ၁၉၉၀ ခုနှစ် ဇန်န၀ါရီလ မှာ အဖမ်းခံ ခဲ့ ပါတယ်။
နိုရေးဂါး ဟာ ကျန် ရှိ နေတဲ့ ထောင်ဒဏ် ၆၆ နှစ် ကို ပနား မား နိုင်ငံ မှာ ဆက် ပြီး ကျခံ ရမှာ
ဖြစ်ပါတယ်။
သူဟာ အမေရိကန် စစ်တက္ကသိုလ် တစ်ခု ဖြစ်တဲ့ United States Army School of
the Americas
ကနေ ဘွဲ့  ရရှိ ခဲ့တာ ဖြစ်ပါတယ်။ နိုရေးဂါး ဟာ ပနားမား ထောက်လှမ်း
ရေး အကြီး အကဲ တစ်ဦး အဖြစ် ကနေ ၁၉၈၃ ခုနှစ် မှာ အာဏာရရှိ ခဲ့ တာ ဖြစ်ပါတယ်။

No comments:

Post a Comment