ကမ္ဘာ့ ဗုဒ္ဓသာသနာ ပြု သီတဂူဆရာတော် ဒေါက်တာ အသျှင် ဥာဏိဿရ သည် တိဘက် လွတ်
မြောက်ရေး နှင့် ဘာသာရေး ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဘုန်းတော်ကြီး ဒလိုင်းလားမား အား
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် နိုင်ရန် အတွက် အစိုးရ ၏ ခွင့်ပြုချက် ရရှိ နိုင် ရန် စတင်
ဆောင်ရွက် နေပြီ ဖြစ်ကြောင်း ဝေါလ်စရိ သတင်းဂျာနယ် အင်တာနက် စာမျက် နှာ
တွင် ဖော်ပြထား သည်။
ရှေ့ နှစ်ဆန်း တွင် ဒလိုင်းလားမား သည် မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ် နိုင်ရန် အတွက်
အစိုးရက ခွင့် ပြု ပေးရန် ရန် မျှော်လင့် ကြောင်း နှင့် ဖြစ်မြောက်ရန် အတွက် လည်း သူစီစဉ်
မှု များ ပြုလုပ် ထား ပြီး တစ်ဆင့် ပြီး တစ်ဆင့် ကြိုးစား နေသည် ဟု သဲကုန်း ဆရာ တော်
ဒေါက်တာ အသျှင် ဥာဏိဿရ က ဝေါလ်လမ်းမ သတင်းစာ သို့  မိန့် တော်မူ သည်။
ပြီးခဲ့ သည့် အောက်တိုဘာလ က တောင်အာဖရိက နိုင်ငံ သို့  ဘုန်းတော်ကြီး ဒလိုင်းလားမား ကြွ
ချီရန် စီစဉ် ခဲ့ သော်လည်း တရုတ် နှင့် အကျွမ်းတ၀င် ရှိ သည့် တောင်အာဖရိက အစိုးရ က ပြည်
ဝင်ခွင့် ကဒ်ပြား ထုတ်မပေးခဲ့ ချေ။
တရုတ်အစိုးရက တိဘက် လူမျိုးတို့  နယ်မြေကို ၀င်ရောက် သိမ်းပိုက် ထား မှု အတွက်
တရုတ် အစိုးရ ကို ဆန့် ကျင် ဝေဖန်မှု လုပ် သည့် ဒလိုင်းလား မား ကို လက်ခံ သည့် နိုင်ငံ
များ အား တရုတ် က ငြိုညင် ပြစ်တင် လေ့ ရှိ သဖြင့် တစ်ခါက အမေရိကန် အစိုးရ ပင်လျှင်
ဒလိုင်းလား မား နှင့် ပတ်သက် သည့် အခမ်းအနား တစ်ခု အား ပယ်ဖျက် ခဲ့ ရသည်။
မြန်မာ နိုင်ငံ အစိုးရ က တိဘက် ခွဲထွက်ရေး ခေါင်းဆောင် ဒလိုင်းလားမား အား ပြည်ဝင်ခွင့်
လက်မှတ် ထုတ်ပေးလျှင် တရုတ် က ယမ်းပုံ မီးကျ ဒေါသ မာန် ဖြင့် ကျွဲ မြီးတို မည် မှာမြေ
ကြီးလက် ခတ် မလွဲ ဖြစ် နိုင် သည် ဟု မန္တလေး မှာ ဆရာ တော် ဦးကောဝိဒ က FNG သို့ 
မိန့် သည်။
ပြီးခဲ့ သည့် အပတ်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာ
သာ ညီလာခံ၌ ရွှေတိဂုံဘုရားအား ဖူးမြော် လိုသည် ဟု ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာ
တော်ကြီးနှင့်တွေ့ဆုံစဉ် ဘုန်းတော်ကြီး ဒလိုင်းလားမား က လျှောက်ထားခဲ့ သည်။
ဒေါက်တာ အသျှင် ဥာဏိဿရ က လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ၊မြန်မာ့
ဒီမိုကရေစီ ရေး တို့  တွင် ကူညီခဲ့ သည့် ဒလိုင်းလားမား အား ရွှေတိဂုံ စေတီ တော် ကို ဖူး
မြော် ကြည်ညို နိုင်ရန် မျှော်လင့် သည် ဟု ဆိုသည်။
မြန်မာ အစိုးရ သည် ဒလိုင်းလားမား ကို ပြည်ဝင်ခွင့် ပေးခြင်း ဖြင့် တရုတ် အစိုးရ ကို စိမ်ခေါ်
ချင် ပုံ ရသည် ဟု သတင်းစာ က ဆိုသည်။
လာမည့် နှစ် များ တွင် မြန်မာ နိုင်ငံ ဉ် ကျင်းပ သွား မည့် ဗုဒ္ဓဘာသာ ညီလာ ခံ ဉ် လည်း ဘုန်း
တော်ကြီး ဒလိုင်းလားမား ကို မြန်မာ အစိုးရက ခွင့် ပြု နိုင် ဖွယ် ရှိ သည်။
ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်သည် မြန်မာ အစိုးရသည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါး ဖြစ်သည့်
ဒလိုင်းလား မား ကို ပြည်ဝင်ခွင့် ဗီဇာ ခွင့် ပြုပေး သင့် သည် ဟု မြန်မာ နိုင်ငံ လုံး ရဟန်းပျိုများ
သမဂ္ဂ ဦးဆောင်ဆရာ တော် တစ်ပါး ဖြစ်သူ ဦးခေမာစာရ က FNG သို့  မိန့် တော် မူသည်။
သီတဂူ ဆရာ တော် ဒေါက်တာ အသျှင် ဥာဏိဿရ သည် မြန်မာ နိုင်ငံ ဉ် ထင်ပေါ်ကျော်ကြား
ပြီး သြဇာတိက္ကမ ရှိ သည့် ဘာသာရေး ခေါင်းဆောင် တစ်ယောက် ဖြစ်သည်။
No comments:
Post a Comment