၎င်း၏စိတ်နေသဘောထားနှင့် ကိုယ်ရည်ကိုယ်သွေးတို့ကြောင့် ၄င်းသည် မလေးရှားနိုင်ငံတွင်
လူအကြောက်ဆုံးသော ဝန်ကြီးချုပ်တဦးဟု ထင်မြင်ခံခဲ့ရသည်ဟု (၂၂) နှစ်ကြာဝန်ကြီးချုပ်
တာဝန်ယူခဲ့သူ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်မှဝန်ခံခဲ့သည်။
“ ကျနော်ချန်ခဲ့တဲ့အမွေကဘာလဲဆိုတော့ လူတွေအကြောက်ဆုံး ဝန်ကြီးချုပ်က
ကျနော်ဖြစ်နေတာပါပဲ ” ဟု ၄င်း၏ (၈၆) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်ညစာစားပွဲ၌
မဟာသီယာမှဆိုခဲ့သည်။
(Tun Hussein Onn) တွန်ဟူစိန်အော်န်း (တတိယမြောက်မလေးရှားဝန်ကြီးချုပ်) က
ကျနော့်ကို ဒုဝန်ကြီးချုပ်အဖြစ်ခန့်ခဲ့တုန်းက ကျနော့်လို လူမျိုးရေးအစွန်းရောက်ဝါဒီတယောက်ကို
ဒုဝန်ကြီးချုပ်နေရာကို ဘယ်လိုကြောင့်များခန့်ခဲ့တာလဲလို့ လူတချို့ကပြောခဲ့ကြသေးတယ်..
ဟု မဟာသီယာမှဘွင်းဘွင်းပြောခဲ့သည်။
၎င်း၏ဝန်ကြီးချုပ်သက်တမ်းအတွင်း၌ လူမျိုးရေးအကြမ်းဖက်မှုမရှိခဲ့ခြင်းသည် သည်းခံနိုင်စွမ်းရှိမှုကို
ဖေါ်ပြခဲ့သည်ဟု မဟာသီယာမှဆိုသည်။ ကျနော့်လိုမျိုး မလေးလူမျိုးစွဲဝါဒီတဦး ဝန်ကြီးချုပ်
အဖြစ်နဲ့ရှိနေခဲ့တုန်းကတောင် လူမျိုးရေးအဓိကရုဏ်းတွေ မရှိခဲ့တာကို ကျေနပ်ဝမ်းမြောက်မိပါ
တယ်။ ၄င်းအားဝေဖန်ပြစ်တင်မှုများကို လက်ခံနိုင်ရန် လေ့လာသင်ယူခဲ့ပြီးဖြစ်သည်ဟု မဟာသီ
ယာမှဆိုပြီး အခြားနိုင်ငံရေးသမားများအနေနှင့်လည်း ထိုသို့လက်ခံနိုင်ကြရန် ၄င်းမှအကြံပြု
ခဲ့သေးသည်။
ဝေဖန်ပြစ်တင်မှုကို ခံကြရမည်ဖြစ်သည်ကား နိုင်ငံရေးသမားများအနေနှင့် လက်ခံနိုင်ကြရမည့်
အချက်အလက်တခုဖြစ်သည်။ ဝေဖန်ပြစ်တင်မှုများကို မိမိအနေနှင့်လည်း လက်ခံနှလုံးသွင်းခဲ့ရပြီး
အခြားနိုင်ငံရေးသမားတို့အနေနှင့် လက်ခံနှလုံးသွင်းနိုင်ကြရမည်ဖြစ်သည်။ တခါတရံမိမိသည်လည်း
အခြားသူများအား ဝေဖန်ပြစ်တင်ခဲ့သေးသည်ဟု မဟာသီယာမှပြောအပြီး ပရိသတ်မှအုန်းအုန်း
ကြွက်ကြွက် ရယ်မောခဲ့ကြ၏။
No comments:
Post a Comment