သင့်ပတ်ဝန်းကျင်၊သင့်အသိုင်းအ၀ိုင်း၊ သင့်သူငယ်ချင်းတွေထဲက ကောင်လေး တစ်ယောက်ဟာ သင့်အပေါ် ဘယ်လိုသဘောထားနေလဲဆိုတာကို သေသေချာချာ သိချင်ပါသလား။ ကောင်လေးတစ်ယောက်ဟာ သင့်ကိုစိတ်ဝင်စားနေပြီလား၊ရင်ခုန်နေပြီလား ဆိုတာ သေသေချာချာ သိနိုင်မယ့် သက်သေပြချက်လေးတွေရှိနေပါတယ်။ သူတို့တွေဟာမှန်းရခက်တဲ့ အပြုအမူတွေကို ပြုလုပ်တတ်ကြပါတယ်။ ဒါပေမယ့် မပူပါနဲ့။ သူသင့်ကိုစိတ်ဝင်စားနေပြီ၊ရင်ခုန်နေပြီ ဆိုတာသိရအောင် ဒီအချုက်လေးတွေက ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အခုဖော်ပြထားတဲ့ အချက်အလက်လေးတွေနဲ့ သင့်ရဲ့ အဖြစ်အပျက်လေးတွေကို တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ပါ။ဒါဆိုရင်တော့ သူသင့်အပေါ် သဘောထားပြောင်းလဲနေပြီလားဆိုတာ အသေအချာသိရမှာပါ။အပြန်အလှန်အားဖြင့်ကတော့ သင်က ဒီအချက်တွေအတိုင်းပြုမိနေပြီဆိုရင် သင်သူ့ကိုရင်ခုန်နေပါပြီ။
(၁) သူသင့်ဆီကို ခဏခဏဖုန်းဆက်တယ် ဆိုရင်…
ထွေထွေထူးထူး အကြောင်းအရာမရှိပါဘဲနဲ့ သင့်ဆီကိုခဏခဏ ဖုန်းဆက်တတ်တယ် ဆိုတာက သင့်အပေါ်မှာ ထူးထူးခြားခြား ခံစားနေရလို့ပါ။ သူသတိရတဲ့အချိန်တိုင်း သင့်ကို Message လေးတွေပို့နေမယ်။ သူ့ဆီကို Message ပို့လိုက်တယ်ဆိုရင်လည်း ချက်ချင်းပြန်ပြီး Reply လုပ်မယ်။ ဒါတွေက သူသင့်ကိုအလေးထားတယ်ဆိုတဲ့အချက်တွေပါပဲ။ ဖုန်းဆက်တယ်ဆိုတာရဲ့ နောက်ကွယ်က တိကျတဲ့ခံစားချက်ကတော့ သူဟာ သင့်အသံကို ကြားချင်နေလို့ပါ။ သင့်ဆီကို ဘယ်တစ်ယောက်ဖုန်းဆက်လေ့ရှိသလဲစဉ်းစားကြည့်လိုက်ပါဦး။။။
(၂) သင့်ရဲ့ Facebook၊ Twitter၊ Google တို့နဲ့ ပတ်သတ်တဲ့ သူ့ရဲ့ အပြုအမူတွေ…
သူဟာ သင့်ကို Facebook၊ Twitter၊ Google တို့မှာ Invite လုပ်တယ်၊ သင့်ရဲ့ Status တိုင်းကိုချက်ချင်းဆိုသလို Comment တွေပေးမယ်၊ သင်နဲ့ ပတ်သတ်တဲ့ အကြောင်းတွေကို Like လုပ်မယ်၊ သင်Update လုပ်ထားတဲ့ Note တွေ၊ ဓာတ်ပုံတွေနဲ့ ပတ်သတ်ပြီး Comment ခဏခဏ ပေးနေမယ်ဆိုရင်တော့ သူဟာ သင့်ကိုစိတ်ဝင်စားနေပြီဆိုတာ ဖော်ပြတာပါပဲ။ ဒါကတော့ Cyber Network ကနေတဆင့် သူသင့်ကို စိတ်ဝင်စားနေကြောင်း သိနိုင်တဲ့ သေချာတဲ့ လက္ခဏာ တစ်ရပ်ပါပဲ။
(၃) သင်နဲ့ ပတ်သတ်သမျှတွေကို သတိရနေတတ်တယ်ဆိုရင်…
သင်အမှတ်တမဲ့ပြောဖူးတဲ့ သင့်အကြောင်းလေးတွေကို သတိတရရှိနေတတ်တယ်ဆိုရင် (ဥပမာ။ ။ သင် ပေးခဲ့တဲ့ Comment တစ်ခုမှာ သင်က နှင်းဆီပန်းလေးတွေကို ကြိုက်တဲ့အကြောင်း ပြောခဲ့ဖူးပြီး သူက သင့်ရဲ့ Webpage မှာနှင်းဆီပန်းလေးတွေလာပေးတယ်ဆိုရင်၊ သူငယ်ချင်းတွေ အတူတူ စားသောက်ကြတဲ့ပွဲမှာ သင်ဟာ ပင်လယ်စာနဲ့ မတည့်ဘဲ Allergy ဖြစ်ခဲ့ဖူးတယ်ဆိုတာ သူသိထားပြီး နောက်တစ်ကြိမ် စားသောက်ပွဲ တစ်ခုကို အတူတူသွားတဲ့ အခါ ပင်လယ်စာမစားဖို့ သတိတရနဲ့ သတိပေးလာခဲ့မယ်ဆိုရင်) သူဟာ သင့်ကို ဂရုတစိုက် ရှိနေပြီး သင်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေပေါ် အမြဲတမ်း သတိရနေတယ်ဆိုတာကို ဖော်ပြနေတာပါပဲ။
(၄) သင်နဲ့ ထိတွေ့ရဖို့ သူကြိုးစားတယ်ဆိုရင်…
ထိတွေ့တယ် ဆိုတဲ့နေရာမှာ ရမ္မက်ဆန္ဒကိုဆိုလိုတာ မဟုတ်ပါဘူး။ လမ်းဖြတ်ကူးတဲ့အခါမှာ သင့်လက်ကို ရုတ်တရက် ဆုပ်ကိုင်ပြီး လမ်းဖြတ်ကူးတာမျိုး၊ အတူလမ်းလျှောက်ရင်းနဲ့ သင်လဲကျမလို ဖြစ်သွားတယ်ဆိုရင် ပခုံးကိုဖက်ပြီး ထိန်းပေးလိုက်တာမျိုး၊ ထီးအတူဆောင်းဖြစ်ရင်တောင် သင့်ဘက်ကို ပိုလုံအောင်ဆောင်းပေးတာမျိုး၊ မတော်တဆ လက်မှာ ဒဏ်ရာရသွားတဲ့အခါမျိုးမှာ သင့်လက်ကိုတယုတယ ထိကိုင်တာမျိုးလေးတွေက သာမာန်ထက်ပိုနေပြီဆိုတဲ့ အပြုအမူလေးတွေပါပဲ။
(၅) သူ့အကြည့်တွေဟာ သင့်အပေါ်မှာပဲ ရစ်ဝဲနေမယ်ဆိုရင်…
သူ သင့်ကိုခဏခဏခိုးကြည့်နေမယ်၊ သူ့အကြည့်တွေကို လူမိသွားတဲ့အခါ ရှက်ပြုံးနဲ့ တစ်ဖက်ကိုလှည့်သွားမယ်။ ဒီလိုဆိုရင်တော့ သူသင့်ကို တော်တော်လေးကို စိတ်ဝင်စားနေပါပြီနော်။ ဒါပေမယ့် သူ့အကြည့်တွေကို ဖမ်းဖို့တော့ ခဏခဏသူ့ကို သွားမကြည့်မိပါစေနဲ့။ သင်ကလည်း သူ့ကိုရင်ခုန်နေပြီလို့ ထင်သွားနိုင်ပါတယ်။
(၆)သူနဲ့ ပတ်သတ်သမျှ သင့်ကိုသိစေချင်တယ်ဆိုရင်…
သူ့သူငယ်ချင်းတွေ၊ သူ့မိသားစု၊ သူ့ဝါသနာ၊ သူ့ရဲ့ အိမ်မွေးခွေးလေး အပါအ၀င် သူနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတော်တော်များများကို သင့်ကိုရင်းနှီးအောင် ပြောပြတတ်တယ်ဆိုရင်တော့ (၈၀)ရာခိုင်နှုန်းလောက် သေချာနေပါပြီ။ သူနဲ့ပတ်သတ်သမျှကို သင့်ကိုလည်း ရင်းနှီးကျွမ်းဝင်စေချင်ပြီး ဆွေးနွေးစရာ အကြောင်းအရာတွေများလာဖို့ သူလိုလားနေတာပါ။
(၇) လက်ဆောင်လေးတွေပေးတတ်တယ်ဆိုရင်…
မွေးနေ့လက်ဆောင်လိုမျိုးမဟုတ်ဘဲ သူခရီးတစ်ခုက ပြန်လာချိန်နဲ့ သင်နှစ်သက်တဲ့ ပစ္စည်းလေးတွေ တွေ့တဲ့အချိန်မျိုးမှာ အကြောင်းပြချက်မရှိဘဲ သင့်အတွက် အမှတ်တရ ၀ယ်လာတတ်တယ်ဆိုရင် သူစိတ်ထဲမှာ သင်စိုးမိုးနေတာ သေချာပါပြီ။ သူကိုယ်တိုင် Handmade လုပ်ပြီးပေးတာမျိုး၊ သင်အသုံးပြုလေ့ရှိတဲ့ ပစ္စည်းလေးတွေကို မှတ်သားထားပြီး ၀ယ်ပေးတာမျိုးတွေက သူ့ရဲ့ အလေးထားတဲ့စိတ်ကို ဖော်ပြနေတာပါပဲနော်။

No comments:
Post a Comment