Saturday, December 31, 2011
*နှစ်သစ်ကိုယူမသွားသင့်တဲ့...အချက်(၁၂)ချက်
                        သူငယ်ချင်းမောင်နှမများအားလုံးပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ပါစေနော်...
ဘာလိုလိုနဲ့...နှစ်တစ်နှစ်တောင်ကုန်ပြီနော်...နှစ်ဟောင်းကအညစ်အကြေးတွေကို...နှစ်သစ်ကို
သယ်မသွားသင့်တာကတော့...ဆုဂျေတို့လူသားတိုင်းရဲ့တာဝန်တစ်ရပ်ပဲမဟုတ်ပါလားရှင်..
ဒီ့အတွက်နှစ်သစ်ကိုသယ်မသွားသင့်တဲ့..အချက်ကလေးတွေကို..ဆုဂျေအမြင်လေးတင်ပြလိုက်ရပါ
တယ်ရှင်။
                        ရှောင်ရန်ဆောင်ရန်တွေကတော့ပြောရင်ပြောသလောက်ကျယ်ပြန့်ပါတယ်နော်..
ဆုဂျေခုတင်ပြမယ့်အချက်ကလေး(၁၂)ချက်ကတော့...Happy New Year ဆိုတဲ့စာလုံးလေးတွေကို..
ကိုယ်စားပြုပြီးပြောပြတာဖြစ်ပါတယ်နော်...သိပြီးသားအချက်ကလေးတွေကိုမေ့နေမှာစိုးလို့..
သူငယ်ချင်းမောင်နှမများကို...စေတနာရှေ့ထားပြောကြားလိုက်ရပါတယ်ရှင်..။
**ံH---Hate=အမုန်း..
           သူငယ်ချင်းတို့ရေ...လူတိုင်းမှာအချစ်ရှိသလို...အမုန်းတွေလည်းရှိတတ်ပါတယ်နော်...
တကယ်တော့..ချစ်တယ်ဆိုတာတောင်လွန်ကျူးသွားရင်မကောင်းတဲ့ဘက်ပါသေးတာ...
အမုန်းဆိုတာကတော့...မကောင်းဘူးဆိုတာကို...ဆုဂျေသူငယ်ချင်းတိုင်းသိပြီးဖြစ်မှာပါနော်..
တယောက်ယောက်ကိုမုန်းနေတာနဲ့တင်...မိမိစိတ်တစ်ခုလုံးပူလောင်နေရတာနော်..(ဆုဂျေကိုယ်တွေ့..း))
ဒီတော့...အမုန်းတရားတွေကို...နှစ်ဟောင်းမှာပဲချန်ထားရအောင်နော့...။
*A---Atheism=ဘုရားမဲ့ဝါဒ
            သူငယ်ချင်းတို့ရေ...ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ပေါ့...မိမိတို့ရဲ့ဘုရားရှင်ကို...အလုံးစုံသက်ဝင်
ယုံကြည်သင့်တယ်မလား..တစ်ခါတစ်လေမှာ...ဘုရားပေါ်ယုံကြည်မှုကမစစ်မှန်တာတွေလည်း
ရှိနေတတ်တယ်လေ...အယူမှား..ကိုးကွယ်မှားရင်...ငရဲလားနိုင်တာမို့...နှစ်သစ်မှာ...
စစ်မှန်တဲ့ယုံကြည်မှုနဲ့အတူ...ဘုရားရှင်တော်မြတ်ကို...ကိုးကွယ်ယုံကြည်ကြရအောင်လားနော်...
အဲဒီလိုကိုးကွယ်ယုံကြည်လိုက်တာနဲ့...ဘုရားရှင်တော်မြတ်ကြီးမကြိုက်တာကိုလည်း...အလိုလို
ရှောင်ရှားပြီးဖြစ်တာမို့...ကုသိုလ်တွေသာရနေမှာမလွဲဧကန်မဟုတ်ပါလားရှင်...။
**P---Perfidious=သစ္စာမဲ့သော..
           သူငယ်ချင်းတို့ရေ...တကယ်တော့...လူလူချင်းဆက်ဆံရေးမှာ...အရေးကြီးဆုံးအချက်က..
သစ္စာတရားပဲမဟုတ်လားနော်...လွယ်လွယ်နဲ့ကတိတွေပေး..လွယ်လွယ်နဲ့သစ္စာပျက်နေကြတဲ့ဒီခေတ်ကြီး
မှာ..သစ္စာဖောက်တွေကိုလည်း...နေရာတိုင်းလိုလိုမှာ...မြင်နေကြားနေ..ရတာမလား...အဲဒီလိုလူတွေထဲ..
ဆုဂျေတို့မောင်နှမတစ်တွေ...မပါအောင်...နှစ်ဟောင်းမှာပဲ..ချန်ထားခဲ့ကြစို့နော်..။
*P---Penitence=နောင်တ
           သူငယ်ချင်းတို့ရေ...နောင်တဆိုတာ...နောင်မှတရတာပါကွာဆိုပြီး..လုပ်ချင်ရာလုပ်နေကြတဲ့
သူတွေကိုတွေ့ဖူးမှာပါနော်...တစ်ခါတစ်လေမှာ..မိမိရဲ့တစ်စွတ်ထိုးစိတ်တွေကြောင့်...နောင်တတရားကို
မေ့နေကြမိမယ်လေ...တကယ်တော့..နောင်မှတရတာမှန်ပေမယ့်...တကယ်တမိတဲ့အချိန်လည်းရောက်ရော..
အားလုံးဟာ..သဲထဲရေသွန်ဖြစ်ကုန်တာပဲမလား...ဒီတော့...ဘယ်တော့မှနောင်တမရအောင်...ချင့်ချိန်
နေထိုင်ကြရအောင်လားနော်..
**Y---Yesterday=မနေ့က
             သူငယ်ချင်းတို့ရေ...တစ်ချို့လူတွေက...မနေ့ကဖြစ်ခဲ့တာတွေကို..ပြန်ပြီးစားမြုံ့ပြန်နေတတ်တယ်နော်..
မနေ့ကဖြစ်ခဲ့တာတွေက...မိမိစိတ်ကိုအားအင်ဖြစ်စေခဲ့တယ်ဆိုရင်တော့...အဲလိုပြန်ပြန်တွေးနေတတ်တာ..ကောင်း
တယ်လိုဆိုနိုင်ပေမယ့်....နောင်တရစရာတွေ...စိတ်နာကျည်းစရာတွေကို...ထပ်တလဲလဲတွေးနေမယ်..စိတ်ဓာတ်ကျ
နေမယ်ဆိုရင်တော့...မိမိရှေ့ဆက်မယ့်...အနာဂတ်ခရီးမှာ...ဆူးငြောင့်တစ်ခုဖြစ်လာနိုင်တယ်လေ..ဒီတော့...
လက်ရှိအချိန်လေးကိုပဲ...အကောင်းဆုံးနေထိုင်ကြရအောင်လားနော်..
*N---Notorious=မကောင်းသတင်းဖြင့်ကျော်ကြားသော..
            သူငယ်ချင်းတို့ရေ...လူတိုင်းလူတိုင်းနာမည်ကျော်ကြားချင်ကြတာပဲမလား...ရပ်တည်နေတဲ့နယ်ပယ်သာ
မတူရင်နေမယ်...မိမိလုပ်ရပ်လေးတွေကို...အားလုံးကအသိအမှတ်ပြုတာခံချင်ကြတာပဲလေ..ဟုတ်တယ်ဟုတ်..
ဒီတော့...ကောင်းသတင်းနဲ့နာမည်ကျော်ရင်တော့အကောင်းသား...မနာလိုစိတ်...မလိုတမာစိတ်တွေနဲ့...
မလုပ်သင့်တာတွေလုပ်မိပြီး...မဖြစ်သင့်တာတွေဖြစ်ပြီး..မကောင်းသတင်းနဲ့နာမည်ကျော်တာတော့..
ဆုဂျေချစ်တဲ့သူငယ်ချင်းတို့...ကြိုက်မယ်မထင်ပါဘူးနော်...ဟုတ်လား..း)
**E---Ego=အတ္တ
              သူငယ်ချင်းတို့ရေ...ပုထုဇဉ်မှန်ရင်...အတ္တတော့အနည်းနဲ့အများရှိကြတာပဲမလား...အတ္တကြောင့်..
ကောင်းတာတွေဖြစ်နိင်သလို...အတ္တလွန်ကဲသွားရင်တော့လည်း...တစ်ကိုယ်ကောင်းဆန်မိတတ်လာမယ်..
မတရားတာတွေလုပ်မိလာမယ်မလား...ဒီတော့..ဒီအတ္တစိတ်ကို...ချိုးနှိမ်ထားရအောင်နော်..
**W---Waste=ဖြုန်းတီးခြင်း
                သူငယ်ချင်းတို့ရေ...ဖြုန်းတီးတယ်ဆိုတာ...တကယ်တော့ဘယ်လိုမှမကောင်းနိုင်ပါဘူးနော်..
အဆိုးဆုံးကတော့..အချိန်ကိုဖြုန်းတီးတာပဲမလား...ခုချိန်မှာတော့...မိမိတို့လုပ်ရပ်တွေကိုမမြင်မိသေးတော့..
ဖြုန်းတီးတယ်လို့ထင်ချင်မှထင်ဦးမယ်လေနော်...တစ်ချိန်ချိန်ကျရင်တော့...ငါအဲဒီတုန်းက...ဒီလိုမလုပ်ခဲ့မိလို့ပါလား
ဆိုတဲ့...နောင်တကပါအလိုလိုကပ်ပါလားမှာမို့...ဒီအချက်လေးကိုလည်းနှစ်သစ်ကိုယူမသွားနဲ့နော်..။
**Y---Yes=ဟုတ်ကဲ့..
                သူငယ်ချင်းတို့ရေ...ဆုဂျေအမြင်ကတော့...နေရာတကာဟုတ်ကဲ့မလုပ်သင့်ဘူးလို့ထင်တာပဲ..
တစ်ချို့တွေက...ပါးစပ်ကနေလွယ်လွယ်ဟုတ်ကဲ့..တတ်ကြတယ်နော်...တကယ်တော့..ဟုတ်ကဲ့ဆိုတာ..
ကတိပေးလိုက်ခြင်းတစ်မျိုးပဲမဟုတ်လား...လွယ်လွယ်ဟုတ်ကဲ့တယ်ဆိုရင်...လွယ်လွယ်ကတိပေးပြီး..
ကတိမတည်တဲ့လူလွယ်လွယ်ဖြစ်နိုင်တာမို့....နှစ်သစ်မှာ...လွယ်လွယ်...မဟုတ်ကဲ့နဲ့နော်...း)။
*E---End=နိဂုံး
              သူငယ်ချင်းတို့ရေ...လူတစ်ယောက်ရဲ့ဘ၀မှာ..နိဒါန်းကောင်းဖို့လိုသလို...အဆုံးသတ်နိဂုံးကောင်း
ဖို့လည်းအင်မတန်မှ...အရေးကြီးတယ်မလား....ဒါမှလည်း..ကျင်လည်ရာဘ၀အသီးသီးမှာ...အဆင်ပြေ
နေထိုင်နိုင်မယ်မဟုတ်ပါလားရှင်...နောက်တစ်ချက်ကတော့...မိမိဟာ...မိမိသူငယ်ချင်းအတွက်ဘယ်သော
အခါမှ...နိဂုံးမဖြစ်အောင်ကြိုးစားနေထိုင်သင့်တယ်မဟုတ်ပါလားရှင်..။
*A---Avarice=လောဘ
               သူငယ်ချင်းတို့ရေ...လောဘရှိလားလို့မေးရင်...လွယ်လွယ်တော့မရှိပါဘူးလို့ဖြေတတ်ကြတယ်နော်..
ဆုဂျေလည်းတူတူပါပဲ...တကယ်တော့...လောဘဆိုတာ...မတရားတာကိုပြုလုပ်မိတဲ့လမ်းစပဲမလား...
ကောင်းတဲ့ဘက်မှာလောဘကြီးရင်တော့တစ်မျိုးပေါ့နော်...သေသေချာချာချိန်ဆကြည့်ရင်တော့..လောဘကြီးမိတာနဲ့
မိမိရဲ့လုပ်ရပ်တွေဟာလည်း...မတရားတဲ့ဘက်ရောက်သွားနေတာမို့...ဒါလေးကိုလည်းနှစ်ဟောင်းမှာ..ချန်ထားရအောင်
နော်။
*R---Romantic=စိတ်ကူးယဉ်ဆန်သော
                 သူငယ်ချင်းတို့ရေ...စိတ်ကူးမယဉ်ဘူးတဲ့သူရှိတယ်ထင်လားဟင်...ဆုဂျေကတော့...လူတိုင်း
စိတ်ကူးယဉ်တတ်ကြတယ်လို့ထင်တာပဲလေ...ဟုတ်တယ်...တစ်ခါတစ်လေမှာ...ငါဘာဖြစ်ရင်..ညာဖြစ်ရင်..
ဘာရရင်..နဲ့စိတ်ကူလေးနဲ့ပျော်နေတတ်ကြတယ်မဟုတ်လား...၇ံဖန်ရံခါဆိုရင်တော့လည်းမဆိုးပါဘူးလေ...
ဒါပေမယ့်...ခဏခဏစိတ်ကူးယဉ်နေရင်တော့...မိမိရည်မှန်းချက်ကိုပါထိခိုက်လာစေနိုင်တာမို့...စိတ်ကူးလေး
တွေကိုဒီနေရာမှာတင်ရပ်ပြီး...နှစ်သစ်ကိုအလုပ်နဲ့သက်သေပြလိုက်ကြရအောင်လားနော်...။
**ချစ်တဲ့သူငယ်ချင်းမောင်နှမများအားလုံး..
နှစ်သစ်မှာ..အပူအပင်ကင်းကင်းနဲ့...
ဘ၀ကိုတန်ဘိုးရှိစွာ...
ပျော်ရွှင်စွာ..
ကျန်းမာစွာ..
ဖြစ်သန်းနိုင်ကြပါစေလို့...
ဆုဂျေလေးလေးစားစားဆုတောင်းပေးလိုက်ပါတယ်နော်..
အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven ကို၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှ…
အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven ကို၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှ
အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကိုနာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာအိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုးရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ်
လေ့လာခွင့်ရခဲ့ပါတယ်။
ထိုင်းဘုန်းတော်ကြီး ၂-ပါး မရှိတော့တဲ့နောက်ပိုင်း သူဟာ ဗုဒ္ဓဝါဒကိုဆက်လက်လေ့လာဖို့ သိပ်ပြီး စိတ်ဝင်စားခဲ့တယ်။ အဲဒီမှာ သူက
တိဗတ်ဘုန်းတော်ကြီး ဒလိုင်းလားမားရှိရာကို သွားရောက် အရိုအသေပေးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ လေ့လာဖို့ဆုံးဖြတ်ပြီးစားဝတ်နေရေးအတွက် နိုင်ငံခြားသား ခရီးသွားတွေများတဲ့ ဒေသတစ်ခုမှာ
ဒိုင်ဗင်ပစ်၊ ရေကူး နည်းပြလုပ်ခဲ့ပါတယ်။ သူ့ဘဝဟာအတိုင်းအတာတစ်ခုပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။ သူဟာ
လောကီဥစ္စာပြည့်စုံမှုတွေ မှာ ဘယ်လိုမှ မမွေ့လျော်နိုင်တော့တဲ့ နောက်ပိုင်းလက်ရှိအလုပ်ကို စွန့်လွှတ်ပြီး အမိခင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။
မိသားစုနဲ့ ဆွေမျိုးတွေက သူ့ကို ခရီးဆောင်အိပ်ကြီးသယ်ဆောင်ပြီး ပြန်လာမဲ့အောင်မြင်တဲ့ စီးပွားရေး သမားကြီးအဖြစ် မျှော်လင့်ခဲ့ကြတာပါ။သူ့ကိုတကယ်တွေ့လိုက်ရတော့ ဗုဒ္ဓဘာသာစာအုပ်တွေနဲ့ ဒိုင်ဗင်ပစ်၊ ရေးကူးရာမှာ
သုံးတဲ့ ပစ္စည်းတွေသယ်လာတဲ့ ဆံပင်ရိတ်ထားတဲ့ ယောဂီတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ အခြားလူတွေအတွက်တော့ ရေကူးစရာ ပင်လယ်မရှိ တရားဆွေးနွေးစရာဗုဒ္ဓဘာသာဝင် မရှိတဲ့ နိုင်ငံကို ဒါတွေသယ်လာတယ် ဆိုတော့ ထူးဆန်းနေကြတယ်။
ထိုင်းနိုင်ငံက ပြည့်စုံတဲ့ ဘဝကို စွန့်ပစ်ခဲ့တော့ အချို့က မင်းစိတ်မှမှန်သေးရဲ့လား ဆရာဝန်ပြပါလားလို့ နောက်ကြတယ်။ သူကတော့ တရားစာအုပ်တွေဖတ်တရားအားထုတ်နဲ့သာ ကိုယ့်ဟာကိုယ်နေခဲ့တယ်။ (သူမရှိတော့တဲ့ နောက်ပိုင်းမှာသူအလုပ်၊လုပ်ခဲ့တဲ့ အပန်းဖြေစခန်းလေးဟာ ဆူနာမီဒဏ် ခံလိုက်ရတော့ခင်မင်ရင်းနှီးသူတွေ များစွာရုတ်တရက်သေဆုံးသွားတဲ့ သတင်းကိုကြားခဲ့ရတယ်။
ဆရာတော်အလောင် လျာတွက်လည်း သံဝေဂယူစရာတွေ ဖြစ်ခဲ့ပါလိမ္မယ်။
(ကျွန်တော်ကတော့ သာသနာပြုဖို့ လူဖြစ်လာတဲ့ ပုဂ္ဂိုလ်ဖြစ်တာကြောင့်
နတ်ကောင်း နတ်မြတ်တွေများ စောင့်ရှောက်နေသလားလို့ တွေးမိသေးတယ်။)
အချို့သော ဆွေမျိုးတွေက ဆိုရင် စာအုပ်တွေအားလုံးမီးရှို့ဖျက်ဆီးပစ်ဖို့နဲ့ ဘိုင်ဘယ်တစ်မျိုးတည်းကိုသာထိုင်ဖတ်နေဖို့၊ သူ့ကို ခရစ်ယာန်ဘာသာဝင် ပြန်ဖြစ်လာဖို့စည်းရုံးကြသေးတယ်။ သူ့ကို အချို့ကလည်း ဆိတ်ကလေး၊ ကြက်ကလေးတွေ စားဖို့
လက်ဆောင်အဖြစ်ပေးပြီး ကြိုဆိုကြတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ ယောဂီလူငယ်Steven က အကောင်တွေ သတ်တာကို မလိုလားတော့ဘူး။ အထူးသဖြင့် သူ့အတွက်သတ်မှာကို လုံးဝ မဖြစ်စေချင်ဘူး။ ဗုဒ္ဓဘာသာဝင် မရှိတဲ့ဒေသမှာ
သူဟာတစ်ဦးတည်း တရားအားထုတ်နေတယ်။ တိုင်ပင်စရာမိတ်ဆွေနဲ့ နည်းခံစရာဆရာမရှိတဲ့ဘဝမှာ သူမနေနိုင်တော့ဘူး။ ပိုမိုပြည့်စုံတဲ့ အမှန်တရားကိုရှာဖွေဖို့ သူဟာ အမိမြေကို နောက်တစ်ကြိမ်စွန့်ခွာရပြန်တယ်။
တောင်အမေရီကား မြောက်အမေရီကားမှာ ဝိပဿနာတရားတွေ အားထုတ်ခဲ့တယ်။ TathagataMeditation Center TMC မှာ တရားအားထုတ်ခွင့်ရတယ်။ နောက်ပိုင်းမှာတော့သူဟာ ရဟန်းဝတ်ဖို့ကို ဆုံးဖြတ်လိုက်တယ်။ TMC စင်တာကပဲ
ဗီယက်နာမ်ဆရာတော်တွေ၊ မြန်မာဆရာတော်ကြီးတွေရဲ့ ကျေးဇူးနဲ့သာကီဝင်မင်းမျိုးမှ ရဟန်းပြုသွားသော သိဒ္ဓတ္ထဂေါ်တမ ဘုရားရှင်ရဲ့
သားတော်အဖြစ်ကို ရယူခဲ့တယ်။ ဗုဒ္ဓရက္ခိတ ဘွဲ့တော်နဲ့ မြင့်မြတ်သော ရဟန်းဘဝကို ခံယူလိုက်တယ်။
ရဟန်းပြုပြီးတဲ့ နောက်ပိုင်း ဆရာတော်ဟာ အိန္ဒိယနိုင်ငံတောင်ကြားဒေသတစ်ခုမှာ တရားအားထုတ်နေရရင် ကောင်းမလား၊ အမိမြေကို
ဓမ္မမျိုးစေ့ချပေးရရင် ကောင်းမလားလို့ အတွေး ၂-မျိုးဝင်လာတယ်။
မြန်မာဆရာတော်ဘုရားကြီး ဦးပဏ္ဍိတက ယူဂန်ဒါ နိုင်ငံမှာ သာသနာပြုဖို့ကိုအားပေးတော်မူခဲ့တယ်။ အမေရိကန်လူမျိုး အချို့ကတော့ ဗုဒ္ဓဘာသာဝင် တစ်ဦးမှမရှိတဲ့ဒေသမှာ ရဟန်းတပါးအဖြစ် နေဖို့ မလွယ်ကူနိုင်ကြောင်းစားဖို့နေဖို့ပင် အခက်အခဲရှိနိုင်ကြောင်းတွေကို ပြောကြသေးတယ်။
နောက်ဆုံးတော့ ဆရာတော်အရှင် ဗုဒ္ဓရက္ခိတဟာ အမိမြေကို ပြန်ပြီး ဗုဒ္ဓသာသနာပြုဖို့ ဆုံးဖြတ်လိုက်တယ်။ အမိမြေကို မပြန်ခင် အိန္ဒိယ၊ မြန်မာ၊သိရီလင်္ကာနိုင်ငံတွေကို အလည်အပတ်သွားရောက်ခဲ့သေးတယ်။ သိရီလင်္ကာနိုင်ငံဘာသာရေး အဖွဲ့အစည်းတစ်ခုက သူ့အပြန်လမ်းအတွက် ဗုဒ္ဓရုပ်ပွားဆင်းတုတော်၂-ဆူထဲက တစ်ဆူကို လက်ဆောင်အဖြစ် ယူသွားဖို့ ပေးလိုက်တယ်။ သူကလည်း
အရွယ်ကြီးမားတဲ့ ရုပ်ပွားတော်ကို ယူဖို့ဆုံးဖြတ်ခဲ့တယ်။
ဗုဒ္ဓဆင်းတုတော်ကြီးကို လေယာဉ်နဲ့ သယ်ဆောင်ရာမှာ ကင်ညာနိုင်ငံအရောက်အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ ဘုန်းတော်ကြီးကို မဖူးမြင်ဖူးတဲ့ လူတွေကသူ့ကို အထူးအဆန်း ဖြစ်နေကြတယ်။ ဒေသခံ Maasai လူမျိုးစုတစ်ခုရဲ့ဝတ်စားဆင်ယင်မှုနဲ့ ဆင်တူနေလို့ Maasai မဟုတ်ဘဲ ထေရဝါဒ ဗုဒ္ဓဘာသာဝင်ရဟန်းတော်တစ်ပါးဖြစ်ကြောင်းကို ရှင်းပြခဲ့ရတယ်။
အိမ်ပြန်ရောက်လိုက်တော့ မိခင်ဖြစ်သူက တအံ့တသြဖြစ်ရတယ်။သားရဟန်းကိုကြည့်ပြီး Steven မှဟုတ်ရဲ့လားလို့ မေးသေးတယ်။
ဟုတ်မှန်ကြောင်း ပြောပြတော့ မယ်တော်ကြီးဟာ သားဖြစ်သူကို အိမ်အရောက်ပြန်ပို့ပေးသော God ကို ကျေးဇူးတင်ကြောင်း ပြောသေးတယ်။ သားဖြစ်သူကတော့သူ့ကို အိမ်ရောက်အောင် ပြန်လည်ပို့ဆောင်ပေးသော ဘုရားသခင်ဆိုတာ
လုံးဝမရှိကြောင်း ကောင်းကောင်းနားလည်နေတယ်။ ဒါပေမဲ့ အမေဖြစ်သူစိတ်အနှောင်အယှက် မဖြစ်စေချင်လို့ ဘာမှ မပြောပဲနေခဲ့တယ်။
ဗုဒ္ဓဆင်းတုတော်ကြီးနဲ့ သင်္ဃန်းဝတ်ကြီးနဲ့ အိမ်မှာကြာကြာနေလို့မသင့်တော်တာကြောင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းလေး ဖြစ်လာအောင်အားထုတ်ရတယ်။ အမေရိကန်နိုင်ငံ TMC စင်တာက ဆရာတော်ဘုရားကြီးတွေ ကျေးဇူးနဲ့
ယူဂန်ဒါ နိုင်ငံမှာ ပထမဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ စင်တာတစ်ခုကိုဖွင့်လစ်နိုင်ခဲ့ပါတယ်။
သတင်းသုံးရာ၊ ဆွမ်းခံရာ၊ အစစ နားမလည်သူတွေများလို့ အခက်အခဲအမျိုးမျိုးတွေ့ရပါတယ်။ မြန်မာပြည်က ပါလာတဲ့ သံဃာတော်များကိုင်တဲ့ ယပ်ကို တင်းနစ်ကစားနည်းတစ်မျိုးအတွက် ဘတ်တန်လို့ထင်သူတွေ၊ သပိတ်ကို
ဗုံးထင်သူတွေ၊ ဘောလုံးထင်သူတွေ ဝတ်စားဆင်ယင်မှုကိုကြည့်ပြီးတိုင်းရင်းဆေးရောင်းတဲ့ Maasai ထင်သူတွေ စသဖြင့် အမျိုးမျိုးသောအခက်အခဲတွေ ရှိခဲ့ပါတယ်။ ဆွမ်းခံထွက်လို့ ဆွမ်းလောင်းရကောင်းမှန်းသိသူကလည်း မရှိသလောက် ရှားခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်ကတော့ ဖိနပ်မပါချေဗလာနဲ့ ကြိုးစားပြီး ဆွမ်းခံထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဆင်းရဲသားများကတောင် ဆွမ်းလှူဖို့ သဒ္ဓါတရားတွေဖြစ်လာကြပါတယ်။
အမေရိကန်နိုင်ငံမှာရှိတဲ့ မိတ်ဆွေအချို့ရဲ့ အဆက်အသွယ်နဲ့ယူဂန်ဒါနိုင်ငံမှာ နေထိုင်နေကြတဲ့ ထိုင်းမိသားစုတွေ၊ သိရီလင်္ကာမိသားစုတွေရဲ့ လိပ်စာကို ရခဲ့ပါတယ်။ မယ်တော်ကြီးကိုပါ အတူတကွအဆိုပါ မိသားစုတွေဆီကို ကြွခဲ့ပါတယ်။ ထိုင်းလူမျိုးတွေကစုပေါင်းဖွင့်ထားတဲ့ စားသောက်ဆိုင်ကို ရောက်ခဲ့ပါတယ်။ ထေရဝါဒပုံစံစနစ်တကျ သင်္ဃန်းရုံထားတဲ့ ဆရာတော်ကို ဖူးမြှော်ရလို့ ထိုင်းလူမျိုးတွေဟာဆွမ်းကိုလည်းလောင်းလှူကြ ရိုသေစွာ ရှိခိုး ကန်တော့ကြတာတွေ့တော့မယ်တော်ကြီးက အလွန်တရာ အံ့သြခဲ့ပါတယ်။ သိရီလင်္ကာလူမျိုးကလည်းစက်ရုံတစ်ခုရဲ့ ပိုင်ရှင် အရပ်မြင့်မြင့် လူကြီးလူကောင်းတစ်ယောက်ပါ။
ဆရာတော်ကို မြင်တာနဲ့ ဗုဒ္ဓဝါဒီတို့ ထုံးစံအတိုင်းရိုသေစွာရှိခိုးကန်တော့ပါတယ်။ အဲဒီအချိန်မှာ မယ်တော်ကြီးရဲ့
စိတ်ခံစားမှုသဒ္ဓါတရားကို မြင်လို့ ဆရာတော်က လက်ျာတော်ရံ အရှင်သာရိပုတ္တရာရဲ့ မယ်တော်ကြီး ချွတ်ခန်းကို သတိရခဲ့ပါတယ်။ ထိုင်းလူမျိုးတွေက ဆိုရင်ယူဂန်ဒါနိုင်ငံမှာ ဆရာတော် သီတင်းသုံးသရွေ့ ဆွမ်းအဖို့ကိုတာဝန်ယူပါရစေလို့ လျှောက်ထားလိုက်ပါသေးတယ်။
အိမ်ကို ပြန်ရောက်တော့ တစ်ချိန်တုန်းက ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ပြီးလောလောဆယ်အနေအားဖြစ် အစ္စလာမ်ဘာသာဝင်ဖြစ်နေခဲ့သည်မှာ ၁၀-နှစ်ခန့်ကြာပြီဖြစ်သော မယ်တော်ကြီဟာ ဗုဒ္ဓဆင်းတုတော်ရဲ့ တင့်တယ်လှတဲ့
ရူပကာယတတော်ကို ကြည်ညိုတတ်ပြီဖြစ်ကြောင်း နဲ့ ဗုဒ္ဓဝါဒကို လေ့လာလိုကြောင်းသားရဟန်းပြောပါတယ်။ သားဖြစ်သူက တရာဓမ္မတွေ ဟောပြလို့ မယ်တော်၊နှစ်မတော်နဲ့ ယောက်ဖ၊ တူ/တူမ များအပြင် မိတ်ဆွေအချို့နဲ့ အနည်းငယ်သော
ယူဂန်ဒါ နိုင်ငံသားတွေဟာ သရဏဂုံသုံးပါးနဲ့ ငါးပါးသော နိစ္စသီလတို့ကိုတည်ဆောက်သူ ဗုဒ္ဓရဲ့တပည့်သာဝကများ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြပါတယ်။ အခုတော့အာဖရိကတိုက်ရဲ့ ရတနာမြေ ဖြစ်သော ယူဂန်ဒါနိုင်ငံ the pearl of Africa မှာ
ဗုဒ္ဓဝါဒဟာ စတင်လို့ အမြစ်တွယ်ခဲ့ပါပြီ။
ဆရာတော်ဟာ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီးကိုလည်း ယူဂန်ဒါနိုင်ငံတော် ကိုယ်စားပြုအနေနဲ့ ပထမဆုံးတတ်ရောက်ခွင့်ရခဲ့ပါတယ်။King Oyo of Tooro ယူဂန်ဒါနိုင်ငံက Tooroဒေသရဲ့ဘုရင်လေး Oyo ဟာလည်း ဆရာတော်နဲ့အတူ အစည်းအဝေးကို တတ်ရောက်ခဲ့ပါတယ်။
မကြာသေးခင်က မြန်မာနိုင်ငံမှာ သီတဂူဆရာတော်ဘုရားကြီးဦးဆောင်ကျင်းပခဲ့တဲ့ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ်ပေါင်းစုံ
အစည်းအဝေးကြီးကိုလည်း တတ်ရောက်ခဲ့ပါတယ်။
ယူဂန်ဒါနိုင်ငံ Kampalaမြို့တော်က University of Makere ရဲ့ဖိတ်ကြားချက်ကြောင့်ဟောပြောပွဲတစ်ခုကို ဟောပြောခဲ့ရပါတယ်။
အမေရိကန်နိုင်ငံ မဆာချူးဆက်တက္ကသိုလ်မှာလည်း အခါအားလျော်စွာ ဟောပြောမှုတွေ ပြုလုပ်ပါတယ်။ အဲဒါတွေကတော့ဆရာတော်ရဲ့ အောင်မြင်မှုတွေပါပဲ။
၂၀၀၉ ခုနှစ်အတွင်း ဆရာတော်ရဲ့ဆက်လက်လုပ်ဆောင်ဖွယ် ခရီးစဉ်နဲ့ လုပ်ငန်းစဉ်တွေကိုတော့ ဒီမှာလေ့လာနိုင်ပါတယ်။
[index]
Uganda Buddhist Centre
Plot 31, Garuga Road, Bulega, Entebbe
P.O.Box 16650, Kampala
UGANDA
Telephone: +256-(0)414-662203
Mobile phone: +256-(0)782-159985
E-mail : ugandabuddhistcentre@gmail.com
Web site: http://www.ugandabuddhistcentre.org/
[စာကြွင်း။ ။စစ်ကိုင်း၊ သီတဂူ ဗုဒ္ဓတက္ကသိုလ် နိုင်ငံတကာ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ်ပေါင်းစုံ အစည်းအဝေးကြီး တွင်ဦးဇင်းနှင့် ထိုဆရာတော် ဆုံဖြစ်ခဲ့ပါသည်။ဆရာတော်၏ပြောပြချက်အရ အာဖရိကမှာ ဆရာတော်၏ စွမ်းဆောင်မူကြောင့်ထေရဝါဒဗုဒ္ဓဘာသာဝင် လူဦးရေ လေးဆယ်ကျော်ရှိသွားပြီဖြစ်ကြောင်းသိခဲ့ရပါသည်။]
အရှင်ဝရသာမိ
၂၀၁၁မှာအချမ်းသာဆုံးဆဃ်ကျော်သက်(၈)ဃောက်
၁။ Miley Cyrus
ပာာ pop သီဆိုမှုကိုလည်း ချဲ့ ထွင်လုပ်ဆောင်လာကာ ရုပ်ရှင်တွေမှာ အဓိကကျတဲ့နေရာကနေ ပါဝင်လာပါတဃ် ။
အသက် ၁၈ နှစ် အရွဃ်ပဲရှိသေးတဲ့  Cyrus  ရဲ့ ပိုင်ဆိုင်မှုကတော့ ၁၂၀ မီလီဃမ်ဒေါ်လာ ပါ။  သူရဲ့ ဖျော်ဖြေပွဲ လက်မှတ်
တွေ ၊  DVD နဲ့ ကုန်ပစ္စည်းတွေကလည်းပဲ ဘီလီဃမ်ဒေါ်လာ ထပ်တောင်ကျော်ပါသေးတဃ် ။
၂။ Angus T. Jones
TVမှာအရမ်းနာမည်ကြီးခဲ့ တဲ့ Two and a Half Men စီးရီးထဲက အဓိကသရုပ်ဆောင် ၃ဃောက်မှာတစ်ဃောက်
အနေအထားကိုရောက်သွားစေတာပဲ ။ သူပာာ ဒီစာရင်းမှာရှိတဲ့ တခြားကလေးတွေလို ဈေးကွက်မရှိပေမဲ့လဲ
၁၅ မီလီဃမ်ဒေါ်လာလောက်တော့ ချမ်းသာတဃ်လို့ ပြောရပါလိမ့်မဃ်။
၃။ Abigail Breslin
ဒီနာမည်ကြီးတဲ့ ကောင်မလေးကတော့ အသက်ဆဃ်နှစ်အရွဃ်မှာပဲ Little Miss Sunshine ရုပ်ရှင်ကသူ ပါဝင်ရတဲ့
ဇာတ်ကောင်နေရာအတွက် အော်စကာဆုပေးဖို့ အဆိုတင်သွင်းခံရပါတဃ် ။ နောက်ပိုင်းမှာတော့ သူပာာ ဝေဖန်ရေး
သမားတွေကို မျက်လုံးပြူးသွားအောင် ဖမ်းစားခဲ့ ပြီး သူပာာ လက်မှတ်တွေအများဆုံးအ၀ဃ်ခံရတဲ့ သရုပ်ဆောင်ဆိုတာ
သက်သေပြလိုက်ပါတဃ် ။ အခုဆိုရင် အသက်၁၅နှစ်ရှိပြီး ရုပ်ရှင်လက်မှတ်တွေအများကြီးရောင်းရကာ Rango ၊ 
My Sister’s Keeper and Zombieland တို့ ပါအပါအ၀င် ကြိုတင်ရုပ်ရှင်လက်မှတ်တွေမပါသေးဘဲတင်
၂၀ မီလီဃမ်ဒေါ်လာလောက် အမြတ်ရနေပါပြီ ။
၎။ Justin Bieber
အေးဂျင့်တွေပာာ Bieberရဲ့  အိမ်ကနေရိုက်ကူးတဲ့ သူ့ သီချင်းတွေ Youtube မှာနာမည်ကြီးလာတဲ့ နောက်ပိုင်းမှာ
Bieberကိုတွေ့ ရှိလာကြပါတဃ် ။ အသက်၁၇ နှစ်အရွဃ်သာရှိသေးပြီး ကမ္ဘာ့ အသည်းစွဲအဆိုတော် ၊ အဃ်လ်ဘမ်
၂ ခုထုတ်ပြီး ၊တစ်ကမ္ဘာလုံးကို ဖျော်ဖြေရေးခရီးစဉ်တွေထွက်ပြီး ၊ ပြည်တွင်း ဖျော်ဖြေပွဲတွေ အများကြီး ပြုလုပ်ခဲ့ပြီး
သူ့ ဆဃ်ကျော်သက်ဘ၀မှာပဲ အဃ်လ်ဘမ်တွေအများကြီး ထုတ်ဖို့  ကြိုးစားစီစဉ်နေပါတဃ် ။ သူပာာ ၈၅မီလီဃမ်
ဒေါ်လာ ကြွဃ်ဝချမ်းသာပေမဲ့လဲ တစ်နေ့ မှာ ဒေါ်လာ၅၀ပဲ သုံးဖို့ မုန့် ဖိုးရပါသတဲ့ ။
၅။ Jaden and Willow Smith
ဒီ ပါရမီရှိတဲ့ အနုပညာရှင်မောင်နှမနှစ်ဃောက်ကတော့  သူ တို့ မွေးကတည်းက လူတွေရဲ့ စိတ်ဝင်စားခြင်းကို ခံရပြီး ၊
မိဘနှစ်ပါး Will နဲ့  Jada Smithတို့ ကိုကျေးဇူးတင်ရပါလိမ့်မဃ် ။ ဒါပေမဲ့ သူတို့ ကြိုးစားမှုနဲ့ သူတို့ လည်း အောင်မြင်
အောင်လုပ်ဆောင်နိုင်ခဲ့ပါတဃ် ။ JaddenကThe Karate Kid မှာအဓိကမင်းသား နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့ ပြီး
Willowကတော့ သူရဲ့ “Whip My Hair.” အဃ်လ်ဘမ်နဲ့ နာမည်ကြီးခဲ့ပြီး  မိသားစုရဲ့ ကြွဃ်ဝချမ်းသာမှု မပါသေးဘဲတင်
သူတို့ နှစ်ဃောက်ပာာ သူတို့ အတွက်ငွေတွေအများကြီး ရှာပြီးသွားပါပြီ ။ Willow ( 12 ) က ၄မီလီဃမ်ဒေါ်လာ ၊
Jaden ( 14 )က ၈မီလီဃမ်ဒေါ်လာပါ ။
၆။ Taylor Lautner
အသက် ၁၉နှစ်အရွဃ်ရှိပြီဖြစ်တဲ့ Taylorကို ဒါရိုက်တာက နာမည်ကြီးရုပ်ရှင် Twilight ( ၂ )မှာ Jacobအနေနဲ့ 
သရုပ်ဆောင်စေခဲ့ ပြီး ခုတော့  သူ့ နေရာကို အစားထိုးချင်နေပါပြီ .။  Jacobနေရာကနေပြီးတော့  မီလီဃမ်နဲ့ ချီတဲ့
ဒေါ်လာတွေကို ရှာဖွေ နိုင်ခဲ့ ၊  ကမ္ဘာတစ်လွှား ဂုဏ်သတင်းပျံ့ နှံ့ပြီး ၊ ဆဃ်ကျော်သက်ဈေးအကြီးဆုံးမင်းသား
စတာတွေကို လုပ်ဆောင်နိုင်ခဲ့ပါတဃ်။ အခုတော့ သူပာာ ရုပ်ရှင်ဇာတ်ကား တော်တော်များမှာနာမည်ကြီးလာပြီး ၊
ဥပမာအားဖြင့်Abductionရုပ်ရှင်လိုမျိုးမှာပါ ။ Lautner ပာာ ၄၀ မီလီဃမ်ဒေါ်လာလောက် ချမ်းသာပါတဃ် ။
၇။ Selena Gomez
အသက် ၁၉နှစ်ရှိပြီဖြစ်တဲ့  ဒီကြဃ်ပွင့်လေးကတော့ Disney sitcom က နေစပြီး နာမည်ကြီးလာတဲ့နောက်ပိုင်းမှာ ၊
pop music တွေစတင်သီဆိုခဲ့ ပြီး ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ပါတဃ် ။ အခုလောလောဆဃ်တော့ သူက
Justin Beiber ကို ရည်းစားအနေနဲ့ ကမ်းလှမ်းခြင်း ( စတင်ကမ်းလှမ်းတော့ လက်ကစေ့စပ်လက်စွပ်ကို ချွတ်လိုက်ခြင်း )
အတွက်နာမည်ကြီးနေပါတဃ်။ နောက်ပြီး ဖက်ရှင်projects တွေ ၊ ထုတ်လုပ်ရေး ကုမ္မဏီ  ၊ တက်သစ်ရုပ်ရှင်သရုပ်
ဆောင်သချို့ ကို သရုပ်ဆောင်နိုင်စေရန်ကောင်းကြောင်း ထောက်ခံပေးတာတွေ လည်းလုပ်ပေးပါတဃ် ။
Gomezပာာ UNICEFFမှာလည်း ပါဝင်ပါသေးတဃ်။  သူမရဲ့ စုစုပေါင်းကြွဃ်ဝချမ်းသာမှုကတော့ ၄မီလီဃမ်ဒေါ်လာ
ဖြစ်ပါတဃ်။
၈။ Lanthe Fullagar
အသက်၁၉နှစ်အရွဃ်ရှိပြီး ဖြစ်တဲ့ အင်္ဂလန်နိုင်ငံသူ Lanthe Fullagarပာာ အသက်၁၈နှစ်အရွဃ်မှာဘဲ ညတွင်းချင်း
မီလီဃံနာတစ်ဃောက်ဖြစ်လာပါတဃ် ။ EuroMillionsထီရဲ့  အငဃ်ဆုံးပေါက်သူအနေနဲ့ Fullagarပာာ ၁၁မီလီဃံ
ဒေါ်လာရရှိခဲ့ ပြီး သူမထီပေါက်ကတည်းက လူတွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတော့တာပါပဲ။
Thursday, December 29, 2011
ဂြိုလ်သားတွေကြောင့် ကိုယ်ဝန်ရသွားတဲ့ အီတလီအမျိုးသမီး
ဂြိုလ်သားတွေကြောင့် ကိုယ်ဝန်ရသွားတဲ့ အီတလီအမျိုးသမီး
မယုံနိုင်ဖွယ်ရာပါပဲ ။ အီတလီအမျိုးသမီး Gionanna ဆိုသူဟာ ဂြိုလ်သားတွေရဲ့ အဓမ္မခေါ်ဆောင် အနိုင် ကျင့်ခြင်း ခံခဲ့ရပြီး ကိုယ်ဝန်ရခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ် ။ ဂြိုလ်သားတွေဟာ သူမ လေးနှစ် သမီး အရွယ် ကတည်းက သူမဆီကို ပထမဆုံးအကြိမ်လာရောက်ခဲ့ပါတယ် ။ အခုဆိုရင် သူမဟာ ၄၁ နှစ်ရှိပါပြီး ။ သူမဆီမှာ ဂြိုလ်သားတွေကြောင့် ရရှိခဲ့တဲ့ ဒါဏ်ရာဒါဏ်ချက်တွေလည်း ရှိနေတယ်လို့ပြောဆိုခဲ့ပါတယ် ။
စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ညဖက်တွေမှာ ဂြိုလ်သားတွေ လာရောက်လည်ပတ်ခဲ့တယ်ဆိုတဲ့ သက်သေတွေ ရှိနေတာပါပဲ ။
သူမကို အဓမ္မအနိုင်ကျင့်လိင်ဆက်ဆံခဲ့တဲ့ ဂြိုလ်သားကို သူမက ဓါတ်ပုံရိုက်ထားခဲ့ပါသတဲ့ ။
သူမ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဖော့စပရပ် အလင်းရောင်လေး ။ ( ဂြိုလ်သားတွေလက်ချက်ကြောင့်ပါ )
ဒီလို မျိုး ဘဲဥပုံ ပျံသန်းနေတဲ့ အ၀ိုင်းအချပ်ကြီးတွေဟာ သူမ ဆီကို ပထမအကြိမ် လာလည် ကတည်း က တွေ့ခဲ့ရတယ် ။
သူမကို ဆရာဝန်တွေဆီပေးဖို့ စမ်းသပ်စေတဲ့အခါမှာတော့ သူမဆီမှာ ကလေးငယ်တစ်ယောက် ရဲ့ နှလုံး ခုန်သံတဲ့ တူတဲ့ rhythm ကို ရှာတွေ့ခဲ့ကြတယ် ။
အဲဒီနောက်မှာတော့ ဆရာဝန်က ထိတ်လန့်ဖွယ်ရာ ဂြိုလ်သားသန္ဓေသားကို တွေ့ခဲ့ရပါသတဲ့ ။
အမြီးလည်းပါတယ် ဒါပေမယ့် မျက်နှာကပိုပြီး ဆင်တူတယ် ။
ဘုရားဘုရား ဒီသတင်းသာ တကယ်ဆိုရင်တော့ ကမ္ဘာကြီးရဲ့ အနာဂါတ်မတွေးဝံ့စရာပါလား အမျိုးသမီးတွေ သတိသာ ထားနေကြပေတော့ဗျို့ ။
ဘင်္ဂလားဒေ့ ရှ်က ခွေးနဲ့ မျောက် သံယောဇဉ်....
ဘင်္ဂလားဒေ့ ရှ်က ခွေးနဲ့ မျောက် သံယောဇဉ်....
ဘင်္ဂလားဒေ့ ရှ်နိုင်ငံအရှေ့ မြောက်ပိုင်းမှ မြို့ ကြီးပြကြီးနှင့် ဝေးကွာလှသည့် ကျေးလက်တောရွာတစ်ခုမှ ခွေး တစ်ကောင်ဟာ မျောက်ကလေးတစ်ကောင်အား ကျန်းမာရှင်သန်လာအောင် နို့ တိုက်ကျွေးနေခဲ့ သဖြင့် လူ အများ စိတ်ဝင်စားကာ ထင်ပေါ်ကျော်ကြားနေပါတော့ တယ်... အဆိုပါမျောက်ငယ်အား (၎င်းတို့ ၏စိုက်ခင်းများအားဝင်ရောက်ဖျက်ဆီးသည့် မျောက်အုပ်နှင့် အတူပါလာ သည့် အတွက် ) စိတ်ဆိုးဒေါသထွက်နေသည့် ရွာသားများထံမှ ကယ်တင်ထားခဲ့ ခြင်းဖြစ်ပါတယ်...
ခွေးမကြီးနို့ မျောက်ကလေးစို့ ....
မိတဆိုးလေးမို့ အကြင်နာပိုခဲ့ လေသလား...
လူပေါင်းများစွာဟာ ဘစ်ရှဝါနတ်ပုရ် ရွာကလေးမှ ခွေးပိုင်ရှင် ရှီပါရီဇာ ရဲ့ နေအိမ်သို့ လာေ၇ာက်ကာ ခွေး သားပေါက်ကလေး ၇ ကောင်ရှိသည့် ခွေးမကြီး မင်းတူ နှင့် မျောက်ကလေးတို့ ၏ ထူးခြားဆန်းကျယ် စွာ သံယောဇဉ်တွယ်ကာ ခွေးသားအုပ်မကြီးအတွင်း နေထိုင်လျှက်ရှိသည်ကို ကြည့် ရှုနေကြပါတယ်... အဆိုပါမျောက်ငယ်အား ၎င်းတို့ ၏စပါးခင်းကို လာရောက်ဖျက်စီးသည့် မျောက်အုပ်ကြီးထံမှ ရွာသားများ ဖမ်းဆီးခဲ့ စဉ်က ရက်ပိုင်းမျှသာ အရွယ်ရှိသေးတာဖြစ်တယ်လို့ ပိုင်ရှင်ဖြစ်သူ ဗြိတိသျှ၊ ဘင်္ဂလားဒေ့ ရှ်နွယ် ဖွား ရီဇာ ကပြောကြားခဲ့ ပါတယ်.... " (အိမ်ရောက်လာပြီး) နောက်နေ့ မှာပဲ မျောက်ငယ်လေးဟာ တစ်ခြားခွေးသားပေါက်ကလေးများနှင့် အတူ မိခင်ခွေးမကြီးထံမှ နို့ ကိုစို့ ပါတော့ တယ်... အဲဒီကတည်းကစပြီး ခွေးမကြီး မင်းတူ ကလည်း သင်းကွဲမျောက်ကလေးကို မိမိရင်သွေးပမာ မွေးမြူခဲ့ တာ ဖြစ်ပြီး ယခုအခါ ခွေးမကြီးနှင့် တစ်ကွ ခွေးသားပေါက်ကလေးများနှင့် အတူ အိပ်စက်လေ့ ရှိပါတယ်..." ဟု ၎င်းက ဆိုပါတယ်...
သံယောဇဉ်ဆိုတာ ဖြစ်တတ်ပါတယ်လေ...
" တစ်စုံတစ်ယောက်ယောက်ကများ မျောက်ကလေးကို နောက်ပြောင်ခဲ့ ယင်လည်း ခွေးမကြီးမင်းတူ က ဒေါသတစ်ကြီးနဲ့ ဟောင်ပါတယ်... မျောက်ကလေးဟာ ခွေးမကြီးကျောပေါ်ကနေသွားလေရာတစ်ရွာလုံး လိုက်ပါလေ့ ရှိပါတယ်... ကျွန်တော်မျောက်ကလေးကို တွေ့ ခဲ့ တာအခုဆိုယင် တစ်လရှိခဲ့ ပါပြီ...ဒါပေမယ့် တောထဲပြန်သွားမယ့် အ ရိပ်အယောင်၊ လက္ခဏာတောင်မပြပါဘူး..." လို့ လည်း သူကပြောကြားခဲ့ ပါတယ်...
မင်္ဂလာတောင်ညွန့် မီးလောင်ပေါက်ကွဲမှု သေဆုံး သူ ၂၅ ဦးကျော်ရှိ
5920578.binရန်ကုန်တိုင်း မင်္ဂလာ တောင် ညွန့် မြို့ နယ် စက်ဆန်း နဲ့  အေဘီစီ မှာ ရှိ တဲ့ အစိုးရ ပိုင် ကူးတို့ 
ဆိပ် ဂိုဒေါင်တွေ မှာ ယနေ့  မနက် ၂ နာရီ အချိန် က ဆက် တိုက် ဆို သလို ပေါက် ကွဲ မှု တွေ
ဖြစ် ပြီး မီးလောင် ခဲ့တာ ကြောင့် ပျက် စီးဆုံး ရှုံး မှု တွေ များ ပြား ကာ အနည်း ဆုံး  ၂၀ ဦး ရှိ သည် ဟု FNG
မှ သတင်း ရရှိ သည်။
မီးလောင် ပေါက် ကွဲ မှု ကြောင့် ထွက် ပေါ် လာ သည့် တုန်ခါ မြည်ဟည်း သံ ကို အရှေ့ သို့ လား သော်
ဒဂုံ ဆိပ်ကမ်း မြို့  နယ် နှင့် သံ လျှင် ထိ အနောက် သို့ လား သော် စမ်း ချောင်း မြေနီ ကုန်း ထိ ကြား ရ
သည် ဟု သိရသည်။
မီးလောင် ပေါက်ကွဲမှု အနီး တွင် ရှိသည့် မီးခြစ် စက်ရုံ အမှတ် ၂ နှင့် မြန်မာ့ သစ်လုပ် ငန်း ပိုင် အစိုးရ
အဆောက် အဦ အချို့  အပြင် လူနေ ရပ် ကွက် များ မှာ အိမ် အချို့  လည်း ပေါက်ကွဲ မှု အရှိ န် ကြောင့်
ပြို ကျ ပျက် စီး ခဲ့ ရသည်။
ပုဇွန် တောင်း ချောင်း တွင်း ရှိ သင်္ဘော၊ လှေ နှင့် သဗ္ဗာန် များ လည်း ပေါက် ကွဲ သည့် အရှိန် ကြောင့်
တိမ်းမှောက် မှု နှင့် မီးလောင် ဆုံး ရှုံး မှု များ ရှိ သည် ဟု မလွှ ကုန်း ဘူတာ မှ မြန်မာ့ မီးရထား ၀န်ထမ်း
တစ်ဦး က ပြောသည်။
မီးလောင် ပေါက် ကွဲ မှု ကြောင့် မီးသတ် သမား ၅ ဦး သေဆုံး ခဲ့ ပြီး ပေါက် ကွဲ မှု တွင် အနည်း ဆုံး ၁၀
ဦးထက် မနည်း ပွဲ ချင်း ပြီး သေဆုံး နိုင် သည် ဟု မြန်မာ နိုင်ငံ မီးသတ် တပ် ဖွဲ့  အရာ ရှိ တစ်ဦး က
အတည် ပြု ပြောသည်။
ဆာလ်ဖြူရစ် နှင့် ယမ်းစိမ်း ထား သို့  သည့် စက်ဆန်း ရပ် စက်ရုံ တစ်ခု မှ စတင် ပေါက် ကွဲ ခဲ့ ဖြင်း ဖြစ်
ပြင်းထန် လွန် သည့် မီး အရှိန် သည် ချက် ခြင်း ပင် အနီး ၀န်း ကျင် သို့  ကူး စက် ခဲ့ သည်။
မီးငြိမ်းသတ် ရန် ရောက် ရှိ လာ သည့် မီးသတ် မော် တော် ယာဉ် များ လည်း ပျက် စီး ခဲ့ သည်။ မနက်
၉ နာရီ အထိ နောက် ဆုံး ရရှိ သည့် သတင်း များ အရ သေဆုံး သူ ၂၀ ကျော် နှင့် ဒဏ်ရာ ရသူ ၁၀၀
ကျော် ရှိ သည် ဟု သိရသည်။
ဒဏ်ရာ ရရှိ သူ များ ကို သင်္ဃန်း ကျွန်း ဆေးရုံ ကြီး နှင့် ရန်ကုန် ဆေးရုံ ကြီး အရေးပေါ် လူနာ ဌာ န များ
တွင် ကုသ မှု ပေး နေ သည်။
မြန်မာ့ ရုပ် မြင် သံကြား မှ သေဆုံး သူ အနည်းဆုံး ၂၀ ရှိ သည် ကို အတည် ပြု ခဲ့ ပြီး မည်သည့် အကြောင်း
ကြောင့် ပေါက် ကွဲ မှု ဖြစ်ပွား ရသည် ကို ထုတ် ဖော် ပြော ခြင်း မရှိ သေး ဟု ရန်ကုန် မြို့  ခံ တစ်ဦး က
ပြောသည်။
ပြီး ခဲ့ သည့် သတင်း တစ်ပတ် ဗုဒ္ဓဟူး နေ့  က ရန်ကုန် မြို့  ကမာ ရွတ် မြို့  နယ် လှည်းတန်း တွင် ဗုံးပေါက်
ကွဲ မှု ဖြစ်ပွား ခဲ့ ရာ အမျိုး သမီး တစ်ဦး သေဆုံး ပြီး အမျိုး သမီး တစ်ဦး ဒဏ်ရာ ရရှိ ခဲ့ သည်။
ပေါက်ကွဲ လောင်ကျွမ်း မှု ကြောင့် အစိုးရ စက်ရုံ ဂိုဒေါင် ၁၆ ခု ခန့် ပျက်စီး ဆုံး ရှုံး ခဲ့ ပြီး လူနေ အိမ်ခြေများ
နှင့် မော်တော်ကား ၊စက် ရုံ ၊ အလုပ် ရုံ များ နှင့် ဘုန်းတော် ကြီး ကျောင်း လေး ကျောင်း ၊ စေတီ ၁ ဆူ ပျက်
စီး ခဲ့ သည်။