၂၀၁၂ ခုနှစ် ၏ ပထမ ဦးဆုံး နေ့  တွင် ကွယ် လွန် ခဲ့ သည့် Living Color Magazine နှင့် TheVoice Journal တို့  ကို တည် ထောင် သူ ဒေါက်တာ နေ၀င်းမောင် သည် ၎င်း ကွယ်လွန် အနိစ္စ
မရောက် ခင်ကတည်းက Freedom News Group သတင်းဌာန အယ်ဒီတာ အဖွဲ့  မှ ၎င်း နှင့်
ရင်း နှီး သူ များ ထံသို့  သတင်း အချက် အလက် လွှဲ ပြောင်း ပေး ခဲ့ သည် ဟု သတင်း ရရှိ သည်။
အဆိုပါ အချက် အလက် များ တွင် မြန်မာ နိုင်ငံ တွင်း လာရောက် အခြေစိုက် သည့် အစိုးရ မဟုတ်
သည့် အဖွဲ့  အစည်း များ ၊ အစိုးရ အရာ ရှိ များ ၏ ပိုင် ဆိုင်မှု များ ၊ နိုင်ငံ ခြား သံ တမန် အချို့  ၏
အကြောင်း ၊ NDF ပါတီ ၀င် များ အကြောင်း ၊ ပြည်ပ အခြေစိုက် ၂၀၁၀ ရွေးကောက် ပွဲ ထောက်
ခံ သူ များ အကြောင်း ၊ အမေရိကန် နိုင်ငံ ရှိ နိုင်ငံ တကာ ကူညီ ထောက်ပံ့ ရေး ဧဂျင် စီ များ မှ မြန်
မာ လူမျိုး ၀န်ထမ်း များ နှင့် တိုင်းရင်း သား အဖွဲ့  အစည်း အချို့  အကြောင်း ပါဝင် သည်။
ဒေါက်တာ နေ၀င်းမောင် က ပေးပို့  ထား သည့် မှတ်တမ်း အချို့  မှာ FNG နှင့် မြန်မာ ၀ီကီလိခ်
အုပ်စု အနေဖြင့် သတင်း အချက် အလက် အချို့  ကို သိထား နိုင်စေရန် ပေး အပ်ထား ခြင်း သာ
ဖြစ် သည်။ မူလက သတင်း ဖော် ပြ ရန် နှင့် အများ ပြည်သူ သိရှိစေရန် မရည် ရွယ် သော်လည်း
ဒေါက်တာ နေ၀င်း မောင် ကွယ် လွန် ပြီး နောက် တွင် အများ ပြည်သူ သိရှိ သင့် သည် ဟု FNG
က ယူဆ သည့် မှတ် တမ်း အချို့  ကို FNG က ထုတ် နှုတ် ဖော် ပြ သွား မည် ဖြစ်ပါသည်။
ယနေ့ မနက် အစော ပိုင်း တွင် FNG မှ နောက် ဆုံး ရရှိ သည့် သတင်း အရ ဒေါက်တာ နေ၀င်း
မောင် ၏ Laptop ကွန်ပျူတာ နှင့် အခြား မှတ်တမ်း အချို့  ကို စစ်ထောက်လှမ်း ရေး အရာ ရှိ
များ က လာ ရောက် သိမ်း ဆည်း သွား သည် ဟု သိရသည်။
No comments:
Post a Comment