(၁) လက်ရှိ အချိန်ကာလကို ခံစားနေထိုင်တတ်ပါ။
(၂) လှိုက်လှိုက်လှဲလှဲ ရယ်မောပါ။
(၃) မအိပ်ခင် စာကောင်းကောင်းလေးတွေ ဖတ်ပြီး အိပ်ရာဝင်ပါ။
(၄) ဂီတ နားဆင်ပါ။
(၅) စိတ်ရော ကိုယ်ပါ ကစဉ့်ကလျား မဖြစ်ပါစေနဲ့။
(၆) မလိုတာတွေ မလုပ်၊ မပြော၊ လက်မခံပဲ ငြင်းတတ်ပါစေ။
(၇) စိတ်ညစ်စရာ ပြဿနာတွေကို ဖြေရှင်းဖို့ စာရင်းလုပ်လိုက်ပါ။
(၈) တစ်ချိန်မှာ တစ်မျိုးပဲ အာရုံစိုက်ပါ။
(၉) လေကောင်းလေသန့်ရှူပါ။ ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ပါ။
(၁၀) မိမိချစ်သော ခွေးကလေးနှင့် လမ်းလျှောက်ထွက်ပါ။ (တိရိစ္ဆာန်လေးများကို
ကြင်နာတတ်ပါစေ)
(၁၁) ဘာသတင်းကိုမှ နားမစွင့်တဲ့နေ့ ရှိပါစေ။
(၁၂) လင်းလင်းရှင်းရှင်း၊သန့်သန့်မွှေးမွှေး နေတတ်ပါ။
(၁၃) လုပ်ငန်းခွင်ကို ခေတ္တမေ့ထားတဲ့အခါ ရှိပါစေ။
(၁၄) တိတ်ဆိတ် အေးငြိမ်းသော နေရာများသို့ သွားလည်ပါ။
(၁၅) လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီပါ။ လုပ်အားပေးပါ။
(၁၆) တစ်ယောက်တည်း နေတတ်ပါစေ။
(၁၇) စိတ်ပါ လက်ပါ လမ်းလျှောက် လှုပ်ရှားမှုပြုပါ။
(၁၈) ရင်းနှီးချစ်ခင်သော ဆက်ဆံရေးသည် ရောင်ပြန်ဟပ်တတ်တာ နားလည်ပါ။
(၁၉) ဘာသာတရား ကိုင်းရှိုင်းပါ။
(၂၀) အကောင်းမြင် မေတ္တာထားတတ်ပါစေ။
အသက် (၁၀ဝ) ကျော်နေရဖို့အတွက်…
(၁) စောစောအိပ်ရာထပါ။
(၂) အလွန်အကျူး မစားပါနှင့်။ ခန္ဓာကိုယ်ကို ဝန်ပိစေပါတယ်။
(၃) စိတ်မရွှင်မပျ ဖြစ်ရင်အပန်းဖြေခရီးတစ်ခုကိုစိတ်ကူးနဲ့ဖြစ်ဖြစ်သွားကြည့်လိုက်ပါ။
(၄)အရက်သောက်ရင် သင့်တင့်ရုံသာ သောက်ပါ။
(၅) မိမိပတ်ဝန်းကျင်မှာ ပြောင်းလဲနေတာကို လက်ခံပါ။ လိုက်လျောစွာ နေတတ်ပါ။
(၆) ပင်စင်ယူတော့မယ်ဆိုရင် မိမိဝါသနာပါ ထက်သန်တဲ့ အလုပ်တစ်ခုရှိပါစေ။
(၇) မိမိကံကြမ္မာကို မိမိထိန်းချုပ်နိုင်လေ၊
(၈) ဆေးဝါးကို နည်းနိုင်သမျှ နည်းနည်းသာ မှီဝဲပါ။
(၉) နာမကျန်းဖြစ်မှာ၊ သေဆုံးမှာကို စိုးရိမ်သောက ဖြစ်မနေပါနဲ့။
(၁၀) အစားအသောက်ကို တိုးစားလိုက်၊ လျော့စားလိုက် မလုပ်ပါနဲ့။
(၁၁) ဆေးလိပ်၊ ဆေးတံ မသောက်ပါနဲ့။
(၁၂) နှစ်သက်သဘောကျတဲ့ဝါသနာတစ်ခုရှိနေရင်စိတ်တက်ကြွရှင်သန်နေပါမယ်။
(၁၃)သကြား၊အချိုများတဲ့အစားအသောက်ရှောင်ပါ။
(၁၄)အဆီအဆိမ့်များတဲ့အစားအသောက်ရှောင်ပါ။
(၁၅)ထုတ်ပိုးပြုပြင်ထားသောအစားများရှောင်ပါ။
(၁၆)သစ်သီး၊ဟင်းသီးဟင်းရွက်အစိမ်းများများစားပါ။
(၁၇)ရေတွေ၊အရည်တွေများများသောက်ပါ။
(၁၈)တစ်နေ့ငှက်ပျောသီးတစ်လုံးစားဖြစ်အောင်စားပါ။(ငှက်ပျောသီးကပန်းသီးထက်ခန္ဓာကိုယ်အတွက်ပိုကောင်းပါတယ်)(၁၉)တတ်နိုင်သမျှအသားစားတာလျော့ပါ။
(၂၀)မိမိရင်ထဲခံစားရတဲ့ဝေဒနာတွေကိုအရင်းနှီးဆုံးလူတွေထံရင်ဖွင့်ပါ။
(၂၁)မိမိအချစ်ဆုံးသူကိုအနည်းဆုံးတစ်နေ့တစ်ခါ
“ချစ်တယ်”လို့ဖွင့်ပြောပါ။(အမုန်းတရားတွေပြည့်နှက်နေတဲ့ဆင်ခြင်ကင်းမဲ့သောကမ္ဘာကြီးတွင်ချစ်မေတ္တာထားခြင်းသည်စိတ်ဖိစီးမှုကိုသက်သာစေပါတယ်)(၂၂) တစ်ပတ် အနည်းဆုံး (၃)ကြိမ်လောက် ကိုယ်လက်လေ့ကျင့်ခန်း(လမ်းလျှောက်၊ ရေကူး) လုပ်ပေးပါ။
(၂၃) တစ်ပတ်မှာ နေ့တစ်ဝက်လောက် မိမိစိတ်ချမ်းသာတာကို လုပ်လိုက်ပါ။
(၂၄) ဘဝကို ပျော်ရွှင်စရာ စွန့်စားခန်းတစ်ခုလို သဘောထား ခံစားပါ။
(၂၅) အဆိုးဆုံးကို ရင်ဆိုင်ဖို့ မကြောက်ပါနဲ့။ (အဆိုးဆုံးကို သိရှိလက်ခံလိုက်တာနဲ့ကြောက်ရွံ့တုန်လှုပ်စိတ်တွေအတော်များများပျောက်ကွယ်သွားတာ အံ့ဩဖွယ် တွေ့ရမှာပါ)
(၂၆) ဘဝကို အလဟသ မဖြုန်းတီးပဲ မိမိ လုပ်ချင်တာတွေအတွက် အချိန်ပေးပါ။
(၂၇) တယ်လီဖုန်းတွေက မိမိတို့ဘဝကို လွှမ်းမိုးခြယ်လှယ်နေတာ ခွင့်မပြုပါနဲ့။
(၂၈) မိမိစိတ်ကြိုက် ရေးချင်ရာရေးနိုင်ဖို့ နေ့စဉ်မှတ်တမ်းစာအုပ်ထားပါ။
(၂၉)စိတ်ထိခိုက်ဝမ်းနည်း ဒေါသဖြစ်နေတဲ့အခါကိုယ်လက်လှုပ်ရှားမှုတစ်ခုခု ပြုလုပ်ခြင်းဖြင့်စိတ်ဖြေဖျောက်ပါ
(၃၀) ကြိုက်တဲ့ ရုပ်ရှင်ကြည့်နေလို့၊ ချစ်သူ၊ မိတ်ဆွေတွေနဲ့ ညစာထွက်စားနေလို့တစ်ခါတစ်ရံ အိပ်ရာဝင်နောက်ကျတာ ကျပါစေ။
(၃၁) နေအိမ်မှာ အလင်းရောင် အားကောင်းတဲ့ မီးလုံးမီးချောင်း ရှိပါစေ။
(၃၂) ကော်ဖီ၊ လက်ဖက်ရည် ပြင်းပြင်းလျော့သောက်ပါ။
(၃၃) မိမိကိုယ်ကို မိမိနှစ်သက်သလို ဝတ်စားဆင်ယင်ပါ။
(၃၄) ညနေတိုင်း မိမိနားထင်ကို လက်ထိပ်လေးနဲ့ နှိပ်ပေးပါ။
(၃၅) ငြီးငွေ့မှု ခံစားရရင် ရေနွေးနဲ့ ရေချိုးပါ။
(၃၆) T.V အစီအစဉ်ကို ရွေးကြည့်ပါ။ အကြာကြီး မကြည့်ပါနဲ့။
(၃၇) မိမိရဲ့စွမ်းအားကို လျော့မတွက်ပါနဲ့။
(၃၈) အများသုံး ရေချိုးခန်း၊ အိမ်သာတွေကို တတ်နိုင်သမျှ ရှောင်ပါ။
(၃၉) မိမိခန္ဓာကိုယ်က အချက်ပေးတာ နားထောင်လိုက်နာပါ။ (ဆရာဝန်ကိုသာအားကိုးပုံအပ်ခြင်း မပြုပါနဲ့)
(၄၀) လေကောင်းလေသန့် များများရှူပေးပါ။

No comments:
Post a Comment