Wednesday, January 11, 2012

မစ်ရွမ်နီ အနိုင်ရလျှင် အိုဘားမား နှင့် တွေ့ မည်


Republican presidential hopeful Mitt Rom ၊ယနေ့  ပြု လုပ် သည့် နယူး ဟမ်ရှိုင်းယား ရီပတ်ဘလီကန် သမ္မတ လောင်း ဒုတိယ
အကျော့် ရွေးချယ် ပွဲ တွင် မက်ဆာ ချူးဆက် ပြည်နယ် အုပ် ချုပ် ရေး မှုး ဟောင်း မစ်ရွမ်နီ
အနိုင်ရှိ ပြီး တက္ကဆက် အောက် လွှတ်တော် အမတ် ဟောင်း ရွန်ပေါလ် က ဒုတိယ လိုက်သည်။
သမ္မတ လောင်း နေ ရာ အတွက် ခြောက် ဦး ၀င်ရောက်ယှဉ်ပြိုင်ပြီး မစ်ချလ် ဘာခ်ျမန်း က ပထမ
အချီ တွင် နှုတ်ထွက် သွား ခဲ့ သည်။
ယူထပြည် နယ်အုပ်ချုပ်ရေးမှုဟောင်း ဂျွန်ဟန့်စ်မင်းန် က တတိယ နေရာ လိုက်သည်။ မစ်ရွမ်နီ
ကို မဲပေး သူ များ ၏ ၃၉ ရာ ခိုင်နှုန်း ကျော် က မဲ ပေး ခဲ့ ခြင်း ဖြစ်သည်။
၂၀၁၂ အမေရိကန်သမ္မတရွေးကောက်ပွဲတွင်၊ လက်ရှိသမ္မတဘာရက်အိုဘားမား
(ဒီမိုကရက်တစ်ပါတီ)နှင့် ယှဉ်ပြိုင်ရန်အတွက် ရီပတ်ဘလစ်ကန်ပါတီ၏ကိုယ်စားပြုသမ္မတ
လောင်းအဖြစ် ၀င်ရောက်အရွေးခံရန် ထပ်မံတိုးလာနေသည့် ယှဉ်ပြိုင်မည့်သူများတွင်
အမေရိကန်မက်ဆာချူးဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း မစ်ရွမ်နီ (Former
Massachusetts Gov. Mitt Romney) မှဦးဆောင်နေသည်ဟု အင်္ဂါနေ့ တွင်ထုတ်ဝေ
သည့် ၀ါရှင်တန်ပို့စ်သတင်းစာကြီး၏ စစ်တမ်းတခုတွင်ဖော်ပြထားသည်။
Washington Post-ABC News စစ်တမ်းအရ ရီပတ်ဘလစ်ကန်ပါတီမှယှဉ်ပြိုင်မည့်သူများ၏
အရည်အသွေးများနှင့်ပတ်သက်ပြီး မေးခွန်းထုတ်မှုရှိသော်လည်း လက်ရှိအမေရိကန်စီးပွားရေး
အခြေအနေသည် သမ္မတအိုဘားမားကိုထိခိုက်စေနိုင်သည်ဟု ဖေါ်ပြထားသည်။ ဤစစ်တမ်းမှ
စီးပွားရေးကိုအဓိကဇောင်းပေး၍ မဲဆွယ်မှု တရားဝင်စတင်နေသူဖြစ်သည့် မစ်ရွမ်နီ (ရီပတ်ဘ
လစ်ကန်ပါတီ)၏ တာထွက်အားကောင်းမှုကို ဖေါ်ပြထားသည်။
အခြားသောယှဉ်ပြိုင်ရန်အလားအလာရှိနိုင်သူ ၅ ဦးနှင့်ယှဉ်လျှင် လက်ရှိသမ္မတအိုဘားမား
မှ ဦးဆောင်နေသော်လည်း၊ မစ်ရွမ်နီရော အိုဘားမားပါ ထောက်ခံမှုနှုန်း ၄၇%ခန့် ကိုယ်စီ
ရရှိကြ၍ တန်းတူသာဖြစ်သည်။သို့သော်တရားဝင်မှတ်ပုံတင်ထားသည့် ဆန္ဒပြုသူများ၏
ထောက်ခံမှုတွင် မစ်ရွမ်နီမှ ၄၉% ရရှိထားပြီး အိုဘားမားမှာမူထောက်ခံမှု ၄၆% သာရရှိခဲ့သည်။
ဆန္ဒပြုသူ ၁၀ ယောက်တွင် ၆ ယောက်မှာ သမ္မတအိုဘားမားအား အမေရိကန်စီးပွားရေးနှင့်
ကုန်သွယ်ရေးလိုငွေပြမှုတို့ နှင့်ပတ်သက်ပြီး နှစ်သက်မှုမရှိကြပဲ အဆိုးဘက်သို့အ ကဲဖြတ်ခဲ့
ကြသည်။

လွန်ခဲ့သည့်အပတ်မှစပြီး သမိုင်းဝင်နေရာများသို့ ခရီးထွက်နေပြီး ၂၀၁၂ အမေရိကန်သမ္မ
တရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင် သည်ဟု ထင်ကြေးပေးကြသည့် အလက်စကာပြည်
နယ်အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဆာရာပေလင်းမှာမူ ပြဿာနာလေးများအနည်းငယ်
ရှိလာနေကြောင်းစစ်တမ်းမှ ဖေါ်ပြထားသည်။
ရီပတ်ဘလစ်ကန်ပါတီ၏ ပါတီကိုယ်စားပြုသမ္မတလောင်းရွေးချယ်ပွဲတွင် ယှဉ်ပြိုင်မည့်
ရီပတ်ဘလစ်ကန်ပါတီဝင်များနှင့် ရီပတ် ဘလစ်ကန်ပါတီကိုအမှီပြုသည့် တသီးပုဂ္ဂ၀င်ရောက်
အရွေးခံမည့်သူများအနက်တွင် ဆာရာပါလင်းမှ မစ်ရွမ်နီနောက်မှ ကပ်လျက်ရှိနေပြီး၊
ရီပတ်ဘလစ်ကန်ပါတီဝင် ၄၂% မှမူ ဆာရာပါလင်းအနိုင်မရရှိနိုင်ကြောင်း ယူဆကြ၍စစ်တမ်း
သို့ဆန္ဒပြုသူ ၃ ပုံ ၂ ပုံမှ ၄င်းတို့အနေဖြင့် ဆာရာပေလင်းအား လုံးဝထောက်ခံမဲပေးမည်မ
ဟုတ်ကြောင်းနှင့် ဤစစ်တမ်းတွင်ပါဝင်သော လက်ရှိသမ္မတအိုဘားမားနှင့် ၂၀၁၂
အထွေထွေရွေးကောက်ပွဲတွင်ယှဉ်ပြိုင်ရန်အတွက် ရီပတ်ဘလစ်ကန်ပါတီတွင်း ယှဉ်ပြိုင်
သူ ၆ ဦးထဲတွင် ဆာရာပေလင်းအား အညံ့ဆုံးဟုယူဆထားကြကြောင်း စစ်တမ်း တွင်ဖေါ်ပြ
ထားသည်။
အိုဘားမားနှင့်ယှဉ်ပြိုင်ရန် စစ်တမ်းကောက်ယူခံရသည့်အခြားယှဉ်ပြိုင်သူ ၄ ဦးမှာ အမေ
ရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်းနျုဒ်ဂင်းဂရစ်ခ်ျ (Newt Gingrich) ယူထပြည်
နယ်အုပ်ချုပ်ရေးမှုဟောင်း ဂျွန်ဟန့်စ်မင်းန် (John Huntsman)၊ မင်နီဆိုတာပြည်နယ်အုပ်
ချုပ်ရေးမှုဟောင်း တင်မ်ပေါ်လင်န်တီ (Tim Pawlenty) နှင့် လက်ရှိအမေရိကန်အောက်လွှတ်တော်
အမတ် မီရှဲလ်ဘက်ဂ်မင်း (Michele Bachman, R-Minn) တို့ဖြစ်ကြပြီး၊ ၄င်းတို့အနက်မှ
နျုဒ်ဂင်းဂရစ်ခ်ျ နှင့် တင်မ်ပေါ်လင်န်တီတို့ ၂ ဦးသာ ၀င်ရောက်ယှဉ်ပြိုင်မည့်အကြောင်း တရား
ဝင်ကြေငြာခဲ့ကြသည်။ ဤသဘောထားစစ်တမ်းအား ဇွန်လ ၂ ရက်မှ – ၅ ရက်အတွင်း လူပေါင်း
၁၀၀၂ ဦးထံမှ ကောက်ယူခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ် သမ္မတ ရွေးကောက် ပွဲက ရီပတ်ဘလီကန် ပါတီ မှ အရီဇိုးနား ပြည်နယ် အထက်
လွှတ်တော် အမတ်ဂျွန်မက်ကိန်း က အိုဘားမား နှင့် ၀င်ရောက် ယှဉ်ပြိုင် အရွေးခံခဲ့ရာ ရှုံး နိမ့် ခဲ့သည်။

အယ်ဒီတာ ဖြည့်စွက်ချက်
မစ်ရွမ်နီ သည် ခရစ်ယာန် ဘာသာ နှင့် မူ တစ် မျိုး ကွဲ သည့် မိုမန် ခေါ် အယ်(လ)ဒီအက်(စ)
(Mormon – Letter Day Saints )ဘာသာတရား ကို ယုံကြည် သူ ဖြစ်ပြီး  မြန်မာ့ ဒီမို
ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နှင့်
တွေ့ ဆုံ ခဲ့သူ ဂျွန်မက်ကိန်း သည် လည်း မိုမန် ဘာသာ ၀င် မိသား စု များ မှ မွေးဖွား ခဲ့သူ
တစ်ယောက် ဖြစ်ကာ ၊ ၂၀၀၉ ခုနှစ် မေလက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
၏ အင်းလျှား ကန် ဘောင် နေအိမ် အား ရေကူး ၍ ၀င်ရောက်ခဲ့သူဗီယက်နမ် စစ်ပြန် ဂျွန် ၀ီလျှံ ယက်ေ
တာ မှာ လည်း မိုမန် ဘာသာ ၀င် တစ်ယောက် ဖြစ်ပြီး ယက်တောက ဒေါ်အောင်ဆန်းစုကြည်
အား မိုမန် ဘာသာ ၀င် တို့ ၏ သမ္မကျမ်းစာ ဟု ခေါ် နိုင်မည့် ၎င်း တို့ ၏ ဘာသာရေး ခေါင်းဆောင်
ဂျိုးဆက်(ဖ) စမစ် ဂျူနီယာ ၏နှုတ်ကပတ်တော် များ ကို စုစည်းချက် ဖြစ်သည့် Book of Mormon
စာအုပ်ကို ပေး ခဲ့သည်။
အကယ်၍ မစ်ရွမ်နီ သမ္မတ ဖြစ်လာလျှင် အမေရိကန် သည် တင်းကျပ် သောဘာသာရေး ထုံးတမ်း
စဉ်လာများ အောက် ရောက်သွား မည် ကို စိုးရိမ်ကြသူ များ ရှိသည် ဟု News Week ၏ စစ်တမ်း
တစ်ခု တွင် ဖော်ပြထားသည်။

No comments:

Post a Comment