ကျနော်တို့ကားရောက်လာပြီးရပ်လိုက်တာနဲ့ (General Operations Force) လို့ခေါ်တဲ့
အထွေထွေစစ်ဆင်ရေးတပ်ဖွဲ့ (GOF) အရာရှိတယောက် စစ်ဆေးရေးဂိတ်အဆောက်အဦး
ကို လျှောက်လာပြီး ကားမှန်အောက်ချဖို့အချက်ပြလိုက်ပါတယ်။
ပြီးတော့.. (၁၀) ရင်းဂစ်ပေး..မြန်မြန်..မြန်မြန်..လို့ ကားထဲကို လက်တဖက်ထည့်ပြီး လေသံ
အုပ်အုပ်နဲ့ပြောပါတော့တယ်။ ကျေးဇူးရှင်က..ကျနော်တို့ရဲ့ ဗင်ကားစုတ်အနောက်မှာတန်း
စီနေတဲ့ကားတွေကိုလဲ ဂဏာမငြိမ်နဲ့ ကျီးကန်းတောင်းမှောက်ကြည့်လိုက်သေးတယ်။
ကားရှေ့ခန်းက ခရီးသည်ခုံမှာထိုင်နေတဲ့ ရုပ်ဖျက်ထားတဲ့ မလေးရှားရဲအရာရှိက အဲဒီသက်
လတ်ပိုင်း (GOF) အရာရှိကို (၁၀) ရင်းဂစ်ပေးလိုက်ပါတယ်။ အိုကေ..သွားပြီ။ ကျေးဇူးရှင်
က..ကျနော်တို့ကားကို ထွက်တော့လို့ အချက်ပြတော့တာပဲ။
ခရီးဆက်လာပြီး အတော်လေးကြာတော့ (Customs) အကောက်ခွန်စစ်ဆေးရေးဂိတ်ကို
ရောက်လာပါတယ်။ ရုပ်ဖျက်ထားတဲ့ ရဲအရာရှိက ကားထဲကထွက်ပြီး ဗင်ကားရဲ့နောက်ဖုံး
ကိုဖွင့်ပြလိုက်တယ်။ အထဲမှာ ခေါင်းအုံးစွပ်တွေနဲ့ထည့်ထားတဲ့ မှောင်ခိုဆန်အကောင်း
စားတွေနဲ့ တခြား အခွန်ကောက်လို့ရတဲ့ ကုန်ပစ္စည်းတွေလေ.. ဒီတခေါက် ရင်းဂစ် (၅၀)
ပဲကျတယ်။ အာတကေ..ယူသွားတဲ့လက်တွေကတော့ မြန်လိုက်တာဗျာ။ တော်တော်ဆရာ
ကျတယ်။
အနောက်မှာတန်းစီနေတဲ့ကားတွေက မမြင်ရအောင်လို့ ကျနော်တို့ကားပေါ်က ရုပ်ဖျက်ထား
တဲ့ရဲအရာရှိက ရင်းဂစ် (၅၀) တန်ကို ဆန်အိတ်တွေပေါ်ကို ဒိုင်လျှိုလေးတင်ပေးလိုက်တယ်။
အကောက်ခွန်အရာရှိက ခပ်တည်တည်နဲ့လျှောက်လာပြီး မှောင်ခိုပစ္စည်းရှာတဲ့ ဂိုက်ဖမ်း
လိုက်လေရဲ့။ ဗြုန်းဆို ငါးဆယ်တန် ပျောက်သွားတယ်။ မြန်လိုက်တာဗျာ.. ဒီအကောက်ခွန်
အရာရှိကို မျက်လှည့်ပညာရှင်ကြီး ဒေးဗစ်ကော့ပါးဖီးလ်တောင် “အဘ” ခေါ်ရလောက်တယ်။
(JPJ) လို့ခေါ်တဲ့ (က.ည.န နှင့်အလားတူ) ကုန်းလမ်းပို့ဆောင်ရေးဋ္ဌာန (JABATAN PENGA
NGKUTAN JALAN) က အရာရှိတွေထိုင်တဲ့ နောက်ထပ် တတိယမြောက်ဂိတ်တဂိတ်
ကျတော့ အဲဒီကရာထူးကြီးတဲ့ အရာရှိတယောက်ကို ဂါလိုက်တာနဲ့ ကျနော်တို့နဲ့ပါလာတဲ့ မှောင်ခို
ပစ္စည်းတွေနဲ့ ပတ်သက်လို့ ထုံးစံအတိုင်း အိုကေမှာစိုပြေသွားပြန်ရော။ ရင်းဂစ် (၂၅၀) ပေး
လိုက်တာနဲ့ ကျနော်တို့ကားရဲ့ရှေ့မှန်မှာကပ်ဖို့ စတစ်ကာ အစိမ်းလေးတခုပေးတယ်။
အဓိပ္ပာယ်ကတော့ ကျနော်တို့ အာတကေပေးလိုက်တဲ့ ဘိုးတော်ရဲ့ တပည့်၊ လမ်းပေါ်က
စစ်ဆေးရေးအရာရှိတွေအနေနဲ့ ကျနော်တို့ကားကို ထိစရာမလိုဘူးဆိုတဲ့ သဘောပဲ။
အိမ်ရောက်ဖို့တော့ နီးသထက်နီးလာပြီ။ နောက်ဆုံးကျန်တဲ့တဂိတ်ကတော့ မှောင်ခို
ပစ္စည်းတိုက်ဖျက်ရေးအဖွဲ့ (Anti-Smuggling Unit) ရဲ့စစ်ဆေးရေးဂိတ်လေ။
ယုံလားတော့ မသိဘူး.. (၅၀) ပဲကျတယ်။ တန်လိုက်တာ..မပြောပါနဲ့တော့။
အဖြစ်က..မနှစ်ကနဲ့တောင်မတူဘူး။
နယ်စပ်လုံခြုံရေးဂိတ်တွေအားလုံးက ဥပဒေထိန်းသိမ်းရေး အဖွဲ့ပေါင်းစုံကတော့ ခိုင်တယ်ဗျာ..
တချက်ရှိုးလိုက်၊ ခေါင်းငြိမ့်ပြီး ဆစ်ဂနယ်တချက်လောက်ပေးလိုက်၊ အခြေအနေကြည့်ပြီး
အာတကေနည်းနည်းလျော်လိုက်.. ဆင်တောင်ဝင်လို့ရတယ်ဗျား.. တနေ့တနေ့ ဖြတ်သွားတဲ့
ကားအရေအတွက်ပေါ်မူတည်ပြီး ဒီအရာရှိတွေ တရက်တရက်ကို အာတကေ ရင်းဂစ် (၃၀၀၀)
ကနေ (၅၀၀၀) လောက်ခိုင်ကြတယ်လို့ ယုံကြည်ရတယ်။
(RM 5000 ~ ၁၈၇၅၀၀၀ ကျပ်) ကျနော်တောင် သူတို့နေရာခဏ ဝင်ချင်မိတယ်..
(နောက်တာ..နောက်တာ..)
အစောပိုင်းတုန်းက ဘူးကစ်ကာယူဟီတမ် (Bukit Kayu Hitam) ဂိတ်က လာဘ်စားတဲ့
အရာရှိတွေကို အရေးယူတော့၊ သူတို့က ဘာဘာဘာမှမသိဘူးလို့ ဘူးခံငြင်းကြသေးတယ်။
ရုပ်ဖျက်ထားတဲ့ ရဲအရာရှိတွေက စွဲချက်တင်ကြတဲ့ လာဘ်ပေးလာဘ်ယူကိစ္စကို အပြင်းအထန်ငြင်း
တဲ့ အရာရှိတယောက်လည်း ကြုံရသေးတယ်။ ပုဂ္ဂိုလ်က ဖင်ပိတ်ငြင်းတာဗျ။ “သနား..တယ်..
ရွာသာကြီးမှာသွားပြောဆိုတဲ့” အထာမျိုးလေ။ အဲဒါနဲ့ သူတို့ လာဘ်ယူတာကို ဒိုင်လျှိုရိုက်ထားတဲ့ ဗီဒီယိုလည်းဖွင့်ပြလိုက်ရော.. ကျေးဇူးရှင်..ဗြုန်းခနဲ..မှတ်ညဏ်တွေ ပြန်ကောင်းသွားရောဗျား။
ကျနော်လဲ..ဒီဘဲကိုတော့..ရေလည်လေးစားသွားတယ်.. ဒါပေမယ့် သူ..တွတ်ပီဖြစ်သွားတယ်ဗျာ
.. ဒီနေ့ကံမကောင်းဘူးပေါ့..
No comments:
Post a Comment