Monday, January 16, 2012

ကောင်လေးတစ်ယောက်ရွေးချယ်သင့်တဲ့ ချစ်သူမျိုးက ...

၁)ကိုယ်စိတ်ညစ်လို့ စိတ်ဓါတ်ကျနေချိန်မှာ ကိုယ့်အတွက် တစုံတခုကိုဖန်ဆင်းပေးချင်သူ ...
(ဖြစ်နိုင်ရင် ကိုယ်ရဲ့ ဝေဒနာတွေကို ဟိုးအဝေးကိုမောင်းထုတ်ပြစ်ပေးချင်သူ ...
အာလာဒင်သာဖြစ်ရင်ဆိုတဲ့ အတွေးမျိုးတခါတရံမှာ ၀င်တတ်သူ...)

၂)သိပ်ချစ်တာကိုသိသော်လဲ ခဏခဏကြားချင်လို့ 
နင်ငါ့ကိုယ်ဘာလို့ချစ်တာလဲလို့ မေးတတ်သူ ...

၃)ကိုယ်ဟာလူတကာအမြင်မှာ ချွတ်တားလေးဖြစ်နေပေမယ့်
သူ့ စိတ်အစဉ်ထဲမှာဟီးရိုးလို့ မှတ်ယူပေးထားတတ်သူ ...

၎)သာမာန်ထက်မထူးခြားတဲ့ကိုယ့်ကို ချစ်ဖို့ အရမ်းကောင်းတယ် ၊
ချစ်ဖို့အရမ်းကောင်းတယ်ဟုပြောကာ အူတိုနေတတ်သူ ...

၅)ဘာတွေဖြစ်လာဖြစ်လာ ကိုယ့်ကိုဦးဆုံးစဉ်းစား၊သတိရတတ်သူ
...(ဥပမာ-အစားအသောက်ကောင်းလေးများ၊
ဇာတ်လမ်းကောင်းလေးများနဲ့ ကြုံကြိုက်လာတာမျိုးကအစ...)

၆)ဖယောင်းတိုင်လို ကိုယ့်အပူကိုသူ့ ကိုယ်မပေးချင်ပဲ
...သူပျော်နေတာတွေကိုပဲ ဝေမျှခံစားပေးချင်သူ ...

၇)ဗေဒင် လက္ခဏာတွေကိုမယုံပါနဲ့ ...
အနာဂတ်ကငါတို့ ရဲ့ လက်ထဲမှာပါလို့ ရဲဝင့်စွာကြွေးကြော်တတ်သူ ...

၈)ချစ်သူကို တစ်နေ့ မမြင်ရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ ...
(သူ့ အတွက်ကိုယ်ဟာ necessary ဟုလို့ ပင်မှတ်ယူထားတတ်သူ...)

၉)မောပန်းနွမ်းလျလို့ အားအင်ချိနဲ့ ပင်ပန်းနေတဲ့အခိုက်
လိမ္မော်ရည်လေးတစ်ခွက်လောက်နဲ့ အသင့်ပြင်ဆင်ထားတတ်သူ ...
(အနည်းဆုံးရေအေးအေးလေးလောက်တော့ တိုက်ပေးတတ်သူ..)

၁၀)ပျော်ရွှင်စရာတွေယူဆောင်လာပေးတဲ့အတွက် ကျေးဇူးပါလို့ ခဏခဏပြောကာ...
( နင့်ကြောင့် ငါပျော်ခဲ့ရတာလေ ဆိုပြီး ချစ်သူကို ဂုဏ်ယူစရာမရှိ
ကြံဖန်ဂုဏ်ယူပေးတတ်သူ ...)

No comments:

Post a Comment