Saturday, January 14, 2012

သတိထားရမယ့် ယောက်ျားစကား (၇) ခွန်း



ယောကျာ်းလေးနဲ.မိန်းကလေး ချစ်ကြိုက်ကြပြီဆိုရင် ယောကျာ်းလေးတွေဟာ မိန်းကလေးတွေရဲ့ခန္ဓာကိုယ်ကို ရရှိဖို.အတွက် အယုံသွင်းတဲ့ စကားတွေကို နည်းမျိုးစုံနဲ. ပြောတတ်ကြတယ် အဲဒီစကားတွေကိုရှောင်နိုင်ရအောင်လို. ဆရာအတ္တကျော်ရဲ. မီးငယ်တို.အသိကြွယ်ဖို.စာအုပ်ထဲကနေ မိန်းကလေးများအတွက်ဝေမျှလိုက်ပါတယ်
(၁) မောင်ဘယ်လိုမှမနေနိုင်လို.ပါ
အဲလိုပြောလာမယ်ဆိုရင်ပြောစရာတစ်ခွန်းပဲရှိတယ် အဲလိုဆိုလည်း လဲသေလိုက် လို့
(၂) ဘာရယ်မဟုတ်ပါဘူး နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ်စကားပြောချင်လို့
ဘာမှမဟုတ်ပါဘူး စိတ်ကွယ်ရာကိုခေါ်သွားမလို့ပါ ဘယ်တော့မှမလိုက်ပါနဲ့ မည်သည့်နေရာမဆို လွတ်လွတ်လပ်လပ်ပြောလို့ရပါတယ် ဒါလည်းလိမ်လည်မှုတစ်ခုပါပဲ
(၃) မင်းကို ကိုယ်တကယ်ချစ်တာပါ တကယ်လည်းတန်ဖိုးထားပါတယ်
တကယ်တော့လူတစ်ယောက်ကိုယ့်ကိုတကယ်ချစ်မချစ် တန်ဖိုးထားမထားဆိုတာ သူ့ပါးစပ်ကထုတ်မပြောလည်း အသည်းနှလုံးနဲ့အလိုလိုသိနိုင်တာမျိုးပါ အပြောကအရေးမကြီးပါဘူး အလုပ်ကသက်သေပြသွားမှာပါ
(၄) မောင့်ကိုတကယ်ချစ်တယ်ဆိုရင်အလိုလိုက်မှာပါနော်
ပတ်ချွဲနှပ်ချွဲ စကားကိုမယုံကြပါနဲ. ကိုယ့်ကိုအပြစ်မကင်းသလိုခံစားရအောင်ပြောတဲ့စကားပါ အဲဒီအချစ်ဆိုတာကြီးကိုခုတုံးလုပ်ပြီး ယောက်ျားတွေကအယုံသွင်းတာကို သတိကြီးကြီးထားနိုင်မှ တန်ကာကျလိမ့်မယ်
(၅) တို့နှစ်ယောက်ရဲ.အချစ်ကပိုပြီးခိုင်မာလေးနက်လာမှာနော်
ဒါကကိုယ်ကစောင့်စည်းနေတဲ့အတွက် မိမိတို.ကြားကချစ်ခြင်းမလေးနက်ဘူးလို.ထင်အောင်ဖျားယောင်းတာပါ
(၆) သူများတွေလည်း ဒီလိုပဲနေကြတာပဲဟာ
အဲလိုသူများတွေနဲ.ကိုင်ပေါက်လာပြီဆိုရင် အဲလိုအလွယ်တကူခေါင်းငြိမ့်တတ်တဲ့သူများတွေဆီသွားလိုက်တော့ ငါနဲ့လာမပတ်သတ်နဲ့တော့လို့ရဲရဲပြောလိုက်ပါ
(၇) ဘယ်သူမှမသိစေရပါဘူး (ကိုယ်ဘယ်သူ့ကိုမှ မပြောပါဘူး ကိုယ့်ကိုယုံပါ)
အဲဒီအချိန်ကာလလေးတစ်ခုအတွက်တော့ဟုတ်လိမ့်မယ် ချစ်စိတ်မွှန်နေတဲ့အချိန်မှာမှန်နိုင်ပေမယ့် အဲဒါတွေပြီးတဲ့နောက်မှာ သူတို့က သူတို့အစွမ်းဘယ်လောက်ရှိလဲဆိုတာသူတို.ကြားထဲမှာပြောနေလိမ့်မယ်
အဓိကကတော့ အခုခေတ်မိန်းကလေးတွေကို ကိုယ့်ရဲ.အပျိုစင်ဘ၀ကိုတန်ဖိုးထားစေချင်တာပါ
အနောက်တိုင်းယဉ်ကျေးမှုတွေဖုံးလွှမ်းလာတဲ့နောက် မိန်းကလေးတွေဟာ သိပ်ပြီးတော့မထူးဆန်းတဲ့ကိစလို့ထင်မှာအရမ်းစိုးရိမ်လို့ပါ အခုဆိုလမ်းပေါ်မှာတောင် မြင်သူရှက်လောက်အောင်နေနေကြပြီဆိုရင် စိတ်ကွယ်ရာဆို မတွေးဝံ့တော့လို.ပါ
အခုစာလေးက ဆရာအတ္တကျော်ရဲ့ မီးငယ်တို့အသိကြွယ်ဖို့စာအုပ်ကနေပြီး နည်းနည်းချုံ့ပြီးပြန်ရေးတာပါ
ဖြစ်နိုင်မယ်ဆိုရင်ဒီစာအုပ်လေးကို အရွယ်ရောက်ပြီးမိန်းကလေးတိုင်းဖတ်ရှုလိုက်နာသင့်ပါတယ်
တို့မြန်မာမလေးတွေကိုယ့်ရဲ့အပျိုစင်ဘ၀ကိုထိန်းသိမ်းနိုင်ကြပါစေ
ဘာလို့လဲဆိုတော့ မင်္ဂလာဦးညဆိုတာ ကိုယ်တစ်သက်လုံးထိန်းသိမ်းလာတဲ့အပျိုစင်ဘ၀လေးကို ကိုယ့်ရဲ့သတို့သားကို လက်ဆောင်ပေးတာပါ အဲဒီဘ၀လေးကိုတန်ဖိုးထားကြပါ ဒါလေးကအရမ်းအရေးကြီးတယ်

No comments:

Post a Comment