Monday, January 30, 2012

မြင်ရခဲတဲ့ ပုံများ ( ၂ )

ဟဲဟဲ နွးထီးပဲနေမယ် .. :)
ဟဲ့ လုပ်ပါအုံး ငါ့ဘက်ရောက်တော့မယ် ..
တစ်ခါတစ်လေကျတော့ အဲ့လိုလုပ်ရတာပဲ
ပိုလုံခြုံသွားပြီ...ဟိဟိ
မြန်မြန်တတ် မြန်မြန်တတ် အသားယူတာမဟုတ်ဘူးနော် မြန်မြန်ရောက်အောင်လို့...ဟီးး
ချစ်နေလိုက်ကြတာနော်..
တရုတ်စစ်တပ်မှ ဘီးတပ်စနစ်...( ကြိုပြင်ထားတာနေမယ် ။ သူတို့လုပ်တာသူတို့သိလို့...ဟီးးး)
ဘယ်သူသွားလုပ်ထားတာလဲမသိဘူး လူတွေများနော်.
ချမ်းလွန်းလို့ဖြစ်သွားတာပါ...
ကျန်းမာရေးလည်းလုပ်ပြီးသား မုန့်လည်းလုပ်ပြီးသားဖြစ်တာပေါ့
ဘီးဖာတာ မှတ်သားစရာနော်
လုံခြုံမှု့ရှိလွန်းသော ပိုက်ဆံထုတ်စက်
ဘယ်ကထွက်လာတဲ့ ခြေထောက်လဲမသိဘူးနော်
တူတယ်နော် မဆိုးဘူး.
ချကွာ လူလစ်တုန်းချရတာ
မှတ်သားစရာပဲနော်..ရေကြီးကျောင်းတတ် ဒီလိုတတ်

အရှိန်ပြင်း ပြိုင်ကား သုံးဆင့် ဝင်တိုက် ကားမောင်း ဒဏ်ရာရ အဖော်ဖြစ်သူ သေဆုံး

အရှိန်ပြင်း ပြိုင်ကား သုံးဆင့် ဝင်တိုက် ကားမောင်း ဒဏ်ရာရ အဖော်ဖြစ်သူ သေဆုံး
နံနက်တစ်နာရီခန့်က မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တောင်မှ မြောက်သို့ အရှိန်ပြင်းစွာ မောင်းနှင် လာသည့် ပြိုင်ကားတစ်စင်းသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော ပါဂျဲရိုးကား၊ ပလက်ဖောင်းပေါ်ရှိ ရေတမာပင်များနှင့် ဖွင့်လှစ်ရန် ပြင်ဆင်ထားသော ဆောက်လုပ်ရေးပစ္စည်းအရောင်း ဆိုင်တစ်ဆိုင်အား ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းသူမှာ ပြင်းထန်စွာ ဒဏ်ရာရရှိကာ အဖော်ဖြစ်သူမှာအခင်းဖြစ်ပွားရာနေရာတွင်  ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားရာနေရာမှာ ကမ္ဘာအေးဘုရားရှေ့ မျက်နှာချင်းဆိုင်ရှိ အမှတ်၅၆၉ တွင် ဖွင့်လှစ်ရန် ပြင်ဆင်ထားသည့် ၂၄နာရီ မီနီမတ် ရှေ့တွင် ရပ်နားထားသည့် ၈ စ- ၂၈၈၈ ပါဂျဲရိုးကားအား အရင်ဦးဆုံး ဝင်တိုက်မိကာ၊ ထိုမှ တဆင့် ပလက်ဖောင်းပေါ်တွင် အလှစိုက်ထားသည့် ရေတမာပင်များကို ဆက်လက်တိုက်မိပြီး၊ လဝန်းသစ် ဆောက်လုပ်ရေးပစ္စည်းဆိုင် မျက်နှာစာအား ထပ်ဆင့်ကာ တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။ ယင်း၂၄နာရီ မီနီမတ်နှင့် လဝန်းသစ် ဆောက်လုပ်ရေးပစ္စည်းဆိုင်တို့မှာ ဇန်နဝါရီ၃၁ရက်တွင် ဖွင့်လှစ်ရန် ပြင်ဆင်ထားသည့် ဆိုင်ခန်းသစ်များ ဖြစ်ကြောင်းကို လဝန်းသစ် ဆောက်လုပ်ရေး ပစ္စည်းဆိုင်ပိုင်ရှင် မတင်ဇာလှိုင်က ပြောပြသည်။

” တကယ်က ၂၈ရက်မှာ ဖွင့်ဖို့ လုပ်ထားပြီးမှ အဲဒီရက်က ၁၀ ဂဏန်း (ဘူ) ဖြစ်နေလို့ ၃၁ရက်ကို ရွေ့ထားတာ။ ဒီနေ့သာ ဖွင့်ဖြစ် လို့ ဖိတ်စာတွေ ဝေထားပြီးရင် သွားပြီ။ အခု ဆိုင်ရှေ့က မျက်နှာစာ ပျက်စီးသွားတာရယ်၊ နံရံပြိုသွားတာရယ်၊ အထဲက ဘိုထိုင်အိမ်သာကမုတ်နှစ်လုံး ကွဲသွားတယ်။ အဲဒီဟာနဲ့တင် သိန်း၅ဝဖိုးလောက် ရှိနေပါပြီ။ အထဲက ပစ္စည်းတွေ ဘယ်လောက် ပျက်စီးသွား တယ်ဆိုတာကိုတော့ ဝင်မကြည့်ရသေးလို့ မသိရသေးပါဘူး” ဟု ယင်းက ဆိုသည်။

ပျက်စီးသွားသည့် ၂၄နာရီ မီနီမတ်မှ ပါဂျဲရိုးကားနှင့် ပတ်သက်၍ ပြောပြရာတွင် ”သူတို့ဆိုင်ကလည်း ကျွန်မတို့နဲ့ အတူတူ ၃၁ရက်မှာ ဆိုင်ဖွင့်ပွဲ လုပ်မှာ။ အဲဒါကြောင့် မနေ့ညက သူတို့လင်မယားနှစ်ယောက် ဆိုင်ကို လာပြီး ပြင်ဆင်နေကြတာ။ သူတို့ ဆိုင်ထဲကို ပြန်ဝင်ကာစပဲ ရှိသေးတာ ဝုန်းဆိုတဲ့ အသံကြားလိုက်ရလို့ ပြန်ထွက်ကြည့်တော့ သူတို့ ပါဂျဲရိုးကားက မရှိတော့ဘူး။ ဆိုင်ရှေ့ရပ် ထားတဲ့နေရာကနေ လမ်းပေါ် ပေ၃ဝလောက် လွင့်ထွက်သွားတယ်။ သူတို့လည်း သီသီလေး လွတ်သွားတယ်” ဟု မတင်ဇာလှိုင်က ဆက်လက်ပြောပြသည်။

အခင်းဖြစ်ပွားပုံနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ်၊အမှတ်(၈)ရပ်ကွက်မှ ရာအိမ်မှုး ဦးကြည်မြင့်က ”ကျွန်တော့်နောက်မှာ ဖြစ်တာဗျ။ကျွန်တော်က ကမ္ဘာအေးဘုရားလမ်း အတိုင်း လမ်းလျှောက် ပြန်လာတာ။ တိုယိုတာ တာဘိုအနက် ပြိုင်ကားက အရှိန်ပြင်းပြင်းနဲ့ မောင်းလာပြီး၊ဝင်း ကားပစ္စည်းဆိုင်ကနေ လည်ထွက်လာပြီး၊ရပ်ထားတဲ့ ပါဂျဲရိုးကိုတိုက်တာ၊ ကျွန်တော့်တောင် ရှပ်ထိပြီး လဲသွားတာ ဒူးခေါင်းကွဲသွားတယ်။ အရှိန်ဘယ်လောက်ပြင်းသလဲဆိုတော့ ရေတမာပင်တစ်ပင် အမြစ်ကနေ ကျွတ်ထွက်သွားတယ်။  ပျက်စီးသွားတဲ့ ကားကို သွားကြည့်တော့ ကားတစ်စီးလုံး မှန်မရှိတော့ဘူး။ ဘော်ဒီသံပြားတွေကလည်း ပြတ်တဲ့နေရာက ပြတ်၊ ကွဲတဲ့နေရာက ကွဲနဲ့ တစ်စီးလုံး ကြေမွနေပြီ။ပြိုင်ကားနံပါတ်က ၇(ဂ) ၂၅၁၉။  ယာဉ်မောင်းဘေးက တစ်ယောက်က ပွဲချင်းပြီး ဆုံးနေတာ တွေ့ရတယ်။ယာဉ်မောင်းကောင်လေးကတော့ ဂျိုစောင်း(ညာ) ကွဲသွားပြီး ၁၆ချက် ချုပ်လိုက်ရတယ်။ သေတဲ့ကောင်လေးကတော့ ရင်ဘတ်ကြေသွားပြီး၊ နားနှစ်ဖက်က သွေးထွက်နေတာ တွေ့ရတယ်။ ဆေးရုံရောက်တော့ ဦးနှောက်ထွက်တယ်၊ ဘယ်ပေါင် ကျိုးသွားတယ်လို့ ဆရာဝန်က ပြောတယ်။ ဖြုဖြူအဖတ်တွေလည်း ကျွန်တော်တွေ့လိုက်ရတယ်” ဟု ယင်းညက ကင်းလှည့်နေစဉ် ကြုံတွေ့ရသည့် အဖြစ်အပျက်ကို ပြန်လည်ပြောပြသည်။

အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ပြိုင်ကားပေါ်တွင် လိုက်ပါလာသူများမှာ ယာဉ်မောင်း ကိုပြည်ဖြိုးအောင် (၂ဝနှစ်)၊နှင့် ကိုရန်ပိုင်းစိုး(၁၉နှစ်)တို့ဖြစ်ပြီး၊ သေဆုံးသူမှာ ကိုရန်ပိုင်စိုး ဖြစ်ကာ၊ ယင်းတို့သည် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဖူဆန်တရုတ်ဘုရားကျောင်းတွင် ကျင်းပသည့် နောက်ဆုံးရက် တရုတ်နှစ်သစ်ကူးပွဲတော်မှ ပြန်လာသူများ ဖြစ်ကြောင်း သိရသည်။

”ပျက်စီးသွားတဲ့ ကားထဲက လူတွေကို ဆွဲထုတ်တဲ့အချိန်မှာ အရက်နံ့တွေ ရတယ်။ အနားမှာ ရှိတဲ့သူတွေက ပြောတာကတော့ သူတို့တွေက ဖူဆန် ဘုရားကျောင်းက ထွက် ကတည်းက လမ်းမှာတွေ့တဲ့ကားတွေကို ပြိုင်မောင်း ကျော်တက်ပြီး မောင်းလာခဲ့ကြတာ” ဟု ယင်းတို့ကို ဆေးရုံသို့ လိုက်ပါပို့ဆောင်ခဲ့သူ တာဝန်သိ ပြည်သူတစ်ဦးဖြစ်သော ဦးမောင်နီက ပြောပြသည်။

ယင်းသို့ အခင်းဖြစ်ပွားမှုကို မရမ်းကုန်းမြို့နယ် ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၄)-က- ။၂၇၉။ ၃၃၈ အရ အရေးယူထားပြီး၊ (ပ) နံပတ်မှာ ၆၇။၂၀၁၂ ဖြစ်သည်။

မိုးသူအောင် (ရန်ကုန်တိုင်းမ်)

ဗိုလ်မှူးဘထူး၏သား ရေကြည်အိုင်တွင် ကွယ်လွန်ခဲ့





ဒေါ်အောင်ဆန်းစုကြည် ထားဝယ်သို့ရောက်ရှိစဉ် ဒေသခံတဦးထံမှ ရရှိသည့် ဗိုလ်ချုပ်အောင်ဆန်း ပါဝင်သော ဓာတ်ပုံ (ဓာတ်ပုံများ-ထားဝယ်မြို့ တော်/facebook)

Facebook တွင် အများစိတ်ဝင်စားနေသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွဲရိုက်ထားသည့်ဓာတ်ပုံတွင် ပါဝင်သူ မောင်မြင့်ထူးသည် စစ်အရာရှိတဦးဖြစ်လာပြီး ရန်ကုန်ရှိ စစ်ကြောရေးစခန်းတခုတွင် သေဆုံးသွားခဲ့သည်ဟု ဗိုလ်ကြီးဟောင်းနေမျိုးဇင်၏ Facebook တွင် ရေးထားသည်။

ဖမ်းဆီးစစ်ကြောခံရသည့် အကြောင်းရင်းနှင့် သေဆုံးချိန်ကို ဖော်ပြထားခြင်း မရှိပေ။

"ပုံမှာပါတဲ့ ဗိုလ်ချုပ်နံဘေးက မောင်မြင့်ထူးဟာ တပ်မတော်မှာ ဗိုလ်ကြီးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့ပြီး အာဏာရှင် ဦးနေ၀င်း လက်ထက်မှာ အာဏာရှင် စနစ်ကို ဆန့်ကျင်ဖီဆန်တဲ့ အဖေတူသား ဗိုလ်မှူးဗထူးရဲ့ သား ဗိုလ်ကြီးမြင့်ထူးဟာ ရေကြည်အိုင် ဖက်ဆစ်အကျဥိးစခန်းထဲမှာပဲ ကွယ်လွန်ခဲ့ပါတယ်" ဟု
ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ရေးထားသည်။

"အဲဒီ သမိုင်းတွေကို နောက်လာနောင်သားတွေ အတုယူသင့်ပါတယ်။ အဖေရော သားပါ နိုင်ငံအတွက် အသက်စွန့်ခဲ့ကြတဲ့ ထားဝယ်သားတွေ တကယ့် မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေ အားလုံးကို အလေးအမြတ် ဂုဏ်ပြုလိုက်ပါတယ်" ဟု ၎င်းက ဆက်လက် ရေးသား ဖော်ပြထားသည်။

ဗိုလ်မှူးဗထူး၏သား ရေကြည်အိုင်တွင် ကွယ်လွန်သည်ဟူသော အချက်အလက်နှင့် ပတ်သက်ပြီး စစ်တပ်အတွင်းရေးများကို ဖွင့်ချနေသည့် "စည်းလုံးခြင်းရဲ့အင်အား" အင်တာနက်စာမျက်နှာ http://photayokeking.blogspot.com/2009/03/blog-post_4306.html တွင်လည်း တွေ့ရသည်။
ရေကြည်အိုင်သည် ရန်ကုန်မြို့ရှိ နာမည်ကျော် စစ်ကြောရေးစခန်းတခုဖြစ်သည်။

ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း နိုင်ငံရေးသမားများ အပါအ၀င် ထိန်းသိမ်းခံရသူ အများအပြားကို စစ်ထောက်လှမ်းရေးတပ်ဖွဲ့က အထူး နှိပ်စက်ညှဉ်းပန်းရာတွင် ထိုစခန်းကို အသုံးပြုကြသည်။

ထိုစခန်းတွင် စစ်ကြောခံရစဉ် ဒုက္ခိတဖြစ်သွားသူ၊ သေဆုံးသူ အများအပြား ရှိသော်လည်း ထိုအကြောင်းအရာတို့ကို စုံစမ်းဖော်ထုတ် ဖွင့်ချမှုများ မရှိသေးပေ။
ထားဝယ်သား တစ်ဦးက ဗိုလ်မှူးဗထူး၏သား ပါဝင်သော ယင်းဓာတ်ပုံကို သိမ်းဆည်းထားခြင်း ဖြစ်ပြီး တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့သို့ ရောက်ရှိစဉ် လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
အသက် ၈၈ နှစ်အရွယ် ထားဝယ်သား ဦးရန်ရှင်း (၈၈)နှစ်က ဒေါ်အောင်ဆန်းစုကြည်အား
သမိုင်းဝင်ပုံ လက်ဆောင်ပေး

ညွှန်း - http://moemaka.blogspot.com/2012/01/son-of-col-ba-htoo.html

မြင်ရခဲတဲ့ ပုံများ ( ၁ )


အားလုံးမင်္ဂလာပါခင်ဗျာ ကြောင်ချစ်သူများအတွက်ကြောင်လေးနဲ့ကြိုလိုက်တာပါ ...
ယမကာလုလင်တွေ ဒီလိုပဲထင်ပါတယ်နော်....ဟီးးးးးးး
မြင်တာနဲ့တင် အံချင်တယ် ပေါက်တီးပေါက်တတ်စားတတ်ကြတယ်နော်...
ဘဝကလည်းနော် ရေချိုးနေတာတောင် ပတ်ပို့စ် လာပြခိုင်းနေသေးတယ် ... :P

ကဲ ခွေးလေးနဲ့နှုတ်ဆက်ခဲ့ပါတယ်ခင်ဗျာ...ဘိုင်ဘိုင်

Saturday, January 28, 2012

Zoya Phan: Burma Needs Real Peace, Not Just A Pause in Conflict


January 27, 2012

What’s the benchmark for real change in Burma?

By Zoya Phan

With the recent release of high profile political prisoners, and the agreement in principle of a ceasefire with the Karen National Union (KNU), there is no doubt that major developments are happening in Burma.

The question is how genuine are these steps, and how far is the military-backed government willing to go forward for peace?

International pressure does work. Burmese governments frequently raise the relaxation of sanctions as a reward for steps they are taking. When it became clear that the international community would not relax sanctions while conflict in ethnic areas was increasing, the government started talking about ceasefires.

As an ethnic Karen woman forced to flee my home at just 14 when the Burmese Army attacked our village, many people expect me to be very excited about a potential ceasefire agreement with the KNU. The agreement does give me some hope, but I am also feeling very cautious.

There are good reasons for this. The recent negotiations were the sixth time the KNU had met with the central governments in the past sixty-three years, sometimes they were democratic governments, sometimes dictatorships. Always though, the demands were the same. The KNU had to surrender, or as the government called it, return to the legal fold. Everything had to be on their terms, there was no compromise.

Having a ceasefire doesn’t solve the political problem that caused the conflict.

The KNU is accountable to the Karen people, leaders could not be bought off with promises of gifts and business ventures. They were willing to compromise for the sake of peace, but insisted that there also be dialogue for solving political problems that are the root cause of the conflict. So far, no government in Burma—civilian, military, or the current mixed civilian/military government—have been willing to seriously discuss these political problems. They just see ethnic groups as a conflict problem, so if there is a ceasefire the problem is solved. The danger is, that seems to be how many governments around the world also look at the problem.

If the ceasefire with the Karen is successful, it could be a positive step towards nationwide ceasefire and national reconciliation. But will the Burmese Army respect the ceasefire, when they have broken others in the past? Will they stop soldiers committing human rights abuses—raping, looting and killing, as they do in other places where there are ceasefires?

We must also not forget that while the government is in talks about ceasefires with the Karen, Chin, and the Shan, the Burmese Army is launching offensives against the Kachin and targeting civilians in those attacks, committing horrific human rights abuses.

A ceasefire without a political solution is like a pressing pause button, not a stop button. It doesn’t stop the human rights abuses committed by the Burmese Army, or grant rights and autonomy for the Karen and other ethnic nationalities in Burma.

The international community is in danger of making a big mistake in Burma. They talk about certain benchmarks needing to be met before sanctions are lifted—an end to conflict, for example. But just having a ceasefire doesn’t solve the political problem that caused the conflict. The problem remains. The same mistake is made with political prisoners. There is pressure to release all political prisoners, but even if this happens— it is possible around a thousand remain in jail—the unjust laws under which they were all jailed will still be in place.

Human rights abuses in Burma are a symptom of an undemocratic political system. That political system remains unchanged. The military and military-backed government haven’t given up any powers.

People such as myself who have been forced to flee from our homeland because of attacks by the Burmese Army won’t be able to return home safely until there is a political settlement. That political settlement is a real benchmark for judging if there is real change in my country.
________________________________________________________________________

Zoya Phan is Campaigns Manager at Burma Campaign UK. Her autobiography is published under the title Undaunted in the USA, and Little Daughter in the rest of the world.

Friday, January 27, 2012

ရွှေညဝါဆရာတော်ကြီးနှင့် မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်တို့မှ ကျင်းပပြုလုပ်ပေးတဲ့ အနယ်နယ်အရပ်ရပ်မှ မသန်းမစွမ်းသူများအား တရားဟောကြားပွဲ

ရွှေညဝါဆရာတော်ကြီးနှင့် မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်တို့မှ ကျင်းပပြုလုပ်ပေးတဲ့ အနယ်နယ်အရပ်ရပ်မှ မသန်းမစွမ်းသူများအား တရားဟောကြားပွဲ

ရွှေညဝါ ဆရာတော်၊ မေတ္တာရှင် ဆရာတော်တို့အား ဒုက္ခိတ မသန်မစွမ်းသူများမှ ဖူးမြော်ကြည်ညိုနေစဉ်..

ပြီးခဲ့တဲ့ ဇန္နဝါရီလ ၂၅ရက်နေ့က ကြည့်မြင်တိုင် သာဓုကျောင်းတိုက်မှာ ရွှေညဝါဆရာတော် ဦးပညာသီဟနှင့် မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်ဦးဇဝနတို့မှ ဦးစီးပြီး မြန်မာနိုင်ငံအနယ်နယ် အရပ်ရပ်မှ ဘဝကံအကြောင်းကြောင်းကြောင့် ဒုက္ခိတဖြစ်နေရတဲ့ မသန်မစွမ်းသူများအား တရားဟောကြားပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်...။ အဆိုပါနေ့က ကျောင်းတိုက်သို့ ရောက်ရှိလာကြတဲ့ ဒုက္ခိတ မသန်မစွမ်းသူများအား အားပေးစကားများ ပြောကြားခဲ့ပြီး တရားရေအေး တိုက်ကြွေးခဲ့ပါတယ်...။ မသန်းမစွမ်းသူတွေလည်း တရားရေအေးနာကြားခွင့် ရှိတဲ့အတွက်ကြောင့် ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း ဆရာတော်က မိန့်ဆိုပါတယ်..။
ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးဟာ ပြီးခဲ့တဲ့ အပတ်က နိုင်ငံတော် သံဃမဟာနာယက (၁၀)ပါးသာ သိရှိတဲ့ ၄၇ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၁လအတွင်း ကျောင်းတိုက်မှ ထွက်ခွာရန် ဖိအားပေးခြင်း ခံနေရပါတယ်..။ ထေရဝါဒဗုဒ္ဓဘာသာ ဓလေ့ထုံးစံအရ ထေရ်ကြီးဝါကြီးများအား အပြစ်ရှိကြောင်း တောင်းပန်ပါက.. ခွင့်လွှတ်ကြေအေးရတဲ့ မေတ္တာတရားကို အခြေခံတဲ့ ဗုဒ္ဓဘာသာတရားတော်လာ ဟောကြားချက်များ ရှိပေမယ့် ရွှေညဝါဆရာတော်အား လျစ်လျူရှုခဲ့ပြီး မန္တလေးအဖွဲ့ချုပ်ရုံးမှာ သြဝါဒပေးမှုနဲ့ ကျောင်းတိုက်မှ ထွက်ခွာရန် ဖိအားပေးခြင်း ခံနေရပါတယ်..။ အစိုးရ ကြံ့ဖွံ့ရုံးများမှာ တရားဟောကြားပါက မည်သို့ ဆုံးဖြတ်မည်ကိုလည်း ပြည်သူအများမှ သိရှိလိုကြပါတယ်...။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွှေညဝါဆရာတော်ကြီးအား ပစ္စည်းလေးပါး ဒါယကာအဖြစ် သတ်မှတ် လှူဒါန်းမည်ဟုလည်း သိရှိရပါသည်..။  ထို့အတူ မေတ္တာရှင်(ရွှေပြည်သာ)ဦးဇဝန၊ ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလတို့ အားလည်း မြန်မာပြည်တွင်း တရားဟောကြားခွင့် ပိတ်ပင်ခြင်း ခံနေရပါတယ်...။ 
 
ဒီမိုဝေယံ

Supporting Social Welfare Administration – Promotion of the Social Participation of the Deaf Community

Supporting Social Welfare Administration – Promotion of the Social Participation of the Deaf Community

Background and Aim

photo
Myanmar lacks adequate welfare services for the disabled. This project is aiming to foster environment in which the disabled, civil society and government officials jointly conduct activities and to establish model and foundation of social welfare administration through the process to develop sign language teaching materials.
  • Record of Discussion signed on: July 18, 2007
  • Total Amount: 122 million yen
  • Executing Agency: Department of Social Welfare, Ministry of Social Welfare, Relief and Resettlement

Project Summary

photo
The project established a taskforce composed of deaf persons, social welfare administrators and the deaf school teachers. The taskforce is conducting activities such as preparing standard Myanmar sign language teaching materials, training of facilitators to teach sign language using the materials to the families of the deaf and raising awareness at primary schools and civil organizations. The goal of these activities is to create an environment that facilitates the disabled to independently participate in social activities together with social welfare administrators.

Project Highlights

photo
Yangon and Mandalay are geographically distant and use different forms of sign language. During the course of the project, the stakeholders from the two cities made a joint analysis of Myanmar sign languages and prepared the standardized teaching materials by initiative of the deaf. This attempt is epoch-making in Myanmar.

http://www.jica.go.jp/myanmar/english/activities/activity08.html မှ ကူးယူးဖော်ပြပါသည်။