Monday, February 6, 2012

လစဉ်လတိုင်း ၁၄ ရက်နေ့၏ ထူးခြားမူ့များ


လစဉ်လတိုင်း ၁၄ ရက်နေ့၏ ထူးခြားမူ့များ

လတိုင်းလတိုင်းရဲ့၁၄ရက်နေ့မှာရှိတဲ့ထူးခြားချက်လေးတွေပါ။မသိသေးသောသူငယ်ချင်းများအတွက်ရည်ရွယ်ပါတယ်။လတိုင်းရဲ့၁၄ရက်နေ့လေးတွေမှာကိုယ့်ချစ်သူကိုဘယ်လိုလက်ဆောင်ပေးရမလဲဆိုတာသိရအောင်လို့ပါ။ ချစ်သူကိုလက်ဆောင်လေးတွေပေးရင်းပျော်ရွင်နိုင်ကြစေဖို့ရည်ရွယ်လိုက်ပါတယ်။

1.      January 14th "Diary Day"

နှစ်သစ်တစ်ခုရဲ့အစပိုင်း လ ဖြစ်တဲ့အတွက်အထိမ်းအမှတ်အနေနဲ့အပြန်အလှန်ချစ်စာလေးတွေရေးဖို့
ဒိုင်ယာရီလက်ဆောင်ပေးသင့်ပါတယ်။

2.      February 14th "Valentine Day"

       ကိုယ်ချစ်တဲ့သူကိုချောကလက်လေးတွေနဲ့နှင်းဆီပန်းလှလှလေးတွေပေးပို့လေ့ရှိပါတယ်။ချစ်သူများအတွက်
        ချစ်ဖို့ကောင်းတဲ့နေ့ရက်ကလေးပါ။"ချစ်သူများနေ့"လို့တင်စားခေါ်ဝေါ်တဲ့နေ့လေးတစ်နေ့ပေါ့။

3.     March 14th "White Day"

       ယောကျာ်းတွေကသူတို့ချစ်ရတဲ့ချစ်သူကိုသကြားလုံးသို့မဟုတ်နှစ်သက်ရာလက်ဆောင်လေးတေပေးကြတာပါ။

4.      April  14th " Black Day"

အနက်ရောင်နေ့လို့ခေါ်ပြီးချစ်သူမရှိတဲ့တစ်ကိုယ်တည်းသမားတွေအတွက်နေ့လေးတစ်နေ့ပါ။စုံတွဲမရှိသူအချင်းချင်းအတူတူသွားပြီးတစ်ကိုယ်တည်းအထိမ်းအမှတ်ပြုလုပ်ကျပါတယ်။ထိုနေ့မှာအနက်ရောင်များကိုဝတ်ဆင်လေ့ရှိကြပါတယ်။

5.  May 14th  "Rose Day"
နှင်းဆီများနေ့မှာတော့ချစ်သူကိုနှင်းဆီပန်းလက်ဆောင်ပေးလေ့ရှိပါတယ်။ယောကျာင်္းတွေကချစ်ရသူမိန်းခလေး
ကိုနှင်းဆီပန်းတွေပေးပြီးသူ့အချစ်ကိုဖေါ်ပြတဲ့နေ့တစ်နေ့ပါ။

6.     June 14th "Kiss Day"

အနမ်းများနေ့ကတော့သိပ်မကောင်းပါဘူး။သူတို့ယဉ်ကျေးမှုမှာတော့ ကိုယ်နဲ့တွေ့တဲ့၊သိတဲ့ ကိုယ့်အသိအား
လုံးကိုနမ်းလို့ရပါတယ်။ချစ်သူကခွင့်ပြုတယ်ဆိုရင်ပေါ့။

7.  July 14th "Silver Day"

 ချစ်သူစုံတွဲတွေ၊သူငယ်ချင်းတွေ၊ဒီနေ့မှာငွေထည်များလက်ဆောင်ပေးလေ့ရှိပါတယ်။

8.  August 14th  ""Green Day"

အစိမ်းရောင်နေ့မှာတော့ချစ်သူစုံတွဲတွေသဘာဝအလှအပများရှိရာနေရာကိုအလည်အပတ်သွားပြီးသာယာစွာ
ဒီနေ့ရက်ကိုကုန်ဆုံးကြပါတယ်။

9.  September 14th  "Photo Day"

ချစ်သူတွေအချင်းချင်းအဲဒီနေ့မှာဓါတ်ပုံလှလှလေးတွေရိုက်ပြီးအချင်းချင်းအမှတ်တရအနေနဲ့အပြန်အလှန်ပေးကြပါတယ်။

10.             October 14th "Wine  Day"

ဒီနေ့မှာကိုယ့်ရင်ထဲကအချစ်ဆုံးသူနဲ့ဝိုင်အတူတူသောက်ပြီးကြည်ကြည်နုးနူးစကားလေးတွေသီကျူးကြတဲ့နေ့
လေးပါ။

11.             November 14th "Movie  Day"

ဒီနေ့မှာတော့ချစ်သူစုံတွဲတွေအချစ်ဇာတ်လမ်းလှလှလေးတွေအတူတူသွားကြည့်ကြတဲ့နေ့ပါ။

12.                         December 14th "Hug Day"

နှစ်တစ်နှစ်ရဲ့နောက်ဆုံးလဖြစ်သလိုအေးချမ်းလှတဲ့ ဒီလို ဒီဇင်ဘာလမှာကိုယ့်ချစ်သူကိုနွေးထွေးမှုအပြည့်ပေးတဲ့
အနေနဲ့ကြင်ကြင်နာနာပွေ့ဖက်ပြီးချမ်းအေးမှုကိုဖြတ်ကျော်တဲ့နေ့တစ်နေ့ပါ။



ချစ်သူတိုင်းနေ့ရက်တိုင်းဆီမှာရင်ခုန်ခြင်း၊ပျော်ရွှင်ခြင်း၊ကဗျာဆန်ခြင်းများစွာနဲ့ထာဝရအထိချစ်နိုင်ကြပါစေ။

ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့ စိတ်နေစိတ်ထား

အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။ အဲဒီ
အက္ခရာတွေကို ဒီလိုနံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .
A=1, B=2, C=3, D=4, E=5,
F=6, G=7, H=8, I=9, J=10,
K=11, L=12, M=13, N=14, O=15
P=16, Q=17, R=18, S=19, T=20
U=21, V=22, W=23, X=24, Y=25, Z=26
အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့
နံပါတ်တစ်ခုစီ ရှိသွားပါပြီ။
ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။
၁။ အလုပ်ကြိုးစားခြင်း (Hard Work)
H+A+R+D+W+O+R+K
8+1+18+4+23+15+18+11= 98 %
အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။
၂။ ဗဟုသုတ (Knowledge)
K+N+O+W+L+E+D+G+E
11+14+15+22+12+5+4+7+5 = 96 %
ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။
၃။ ချစ်ခြင်းတရား (Love)
L+O+V+E
12+15+22+5 = 54 %
ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။
၎။ ကံတရား (Luck)
L+U+C+K
12+21+3+11 = 47 %
ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။
ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့်
အကြောင်းတရား တခုခုတော့ ရှိရမယ်။
သိပြီ ပိုက်ဆံ . . . ။
၅။ ပိုက်ဆံ (Money)
M+O+N+E+Y
13+15+14+5+25 = 72 %
မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။ ဒါဆိုရင်
၆။ ခေါင်းဆောင်မှု အရည်အသွေး (Leadership)
L+E+A+D+E+R+S+H+I+P
12+5+1+4+5+18+19+8+9+16 = 89 %
ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။
ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကို
စိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။ ဟုတ်ပြီ . . .
စိတ်နေစိတ်ထား။
၇။ စိတ်နေစိတ်ထား (Attitude)
A+T+T+I+T+U+D+E
1+20+20+9+20+21+4+5 = 100 %
ရပါပြီ . . . ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့
စိတ်နေစိတ်ထားပါပဲ။ “Attitude is everything ” လို့ ဆိုပါတယ်။ ကိုယ့်ရဲ့
စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့ ဘ၀တစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။
အခု အဖြေကို သိရပါပြီ။ ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။

ဆေးလိပ်သောက်သော အမျိုးသားများနှင့် ပန်းသေပန်းညှိးရောဂါ



၊ပျှမ်းမျှခြင်းအားဖြင့် ဆေးလိပ်တလိပ်ဟာ အသက် ၁၁ မိနစ်တိုစေနိုင်ကြောင်း သိရပါတယ်။ အင်္ဂလန်မှာ
တစ်နေ့လျှင် ဆေးလိပ်သောက်တ့ငဲ ယ်ရွယ်သူ ၃၀၀ ဦးခန့်ဟာ ဆေးလိပ်ကြောင့် သေဆုံး ရပါတယ်။
အသက်၇၀ နှစ်အောက် သေဆုံးသူများတွင် ဆေးလိပ်သောက်ခြင်းနဲ့
ဆက်စပ်နေတဲ့ ရောဂါတွေကြောင့် သေဆုံးသူဦးရေဟာ ရင်သားကင်ဆာ၊ AIDS ၊ ယာဉ်မတော်တဆမှုနဲ့
မူးယစ်ဆေးစွဲမှုတို့ကြောင့် သေဆုံးရမှုတွေထက်ပိုများပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့်
ကင်ဆာ၊ နှလုံးသွေးကြောဆိုင် ရာရောဂါများ၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ သွေးကြောများနှင့်
ဦးနှောက်တွင် သွေးခဲပိတ်ဆို့ခြင်း၊ နာတာရှည်အသက်ရှူလမ်းကြောင်း
ဆိုင်ရာရောဂါများ၊ကျောက်ကပ်ပျက်စီးခြင်း၊ ခြေထောက်ပုပ်ခြင်း၊ မှတ်ညာဏ်ချို့ယွင်းခြင်း စတြဲ့ပဿနာတွေဖြစ်နိုင်
ပါတယ်။ နှလုံးသွေးကြောကျဉ်းရော ဂါ၊ ရင်ဘတ်အောင့်နှလုံးရောဂါ စတာတွေဟာ ပြင်းထန်ပြီး သေစေနိုင်ပါတယ်။
ကင်ဆာရောဂါတွေထဲမှာ အထူးသဖြင့် အဆုတ်ကင်ဆာက အဖြစ်များပါတယ်။
အဆုတ်ကင်ဆာရောဂါသည်တွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တယ်။ ဆေးလိပ်
အလယ်အလတ်သောက်သူ ၁၀ ဦးမှာ ၁
ဦးနဲ့ အများကြီးသောက်သူ( တစ်ရက်ကို စီးကရက် ၁၅ လိပ်ထက် ပိုသောက်သူ) ၅ ဦးမှာ ၁ ဦးဟာ
အဆုတ်ကင်ဆာဖြစ်ပြီး သေဆုံးပါတယ်။ ပါးစပ်ကင်ဆာဖြစ်ပွားမှုဟာ ဆေးလိပ်သောက်သူတွေမှာ
မသောက်သူတွေထက် ၄ဆ ပိုများပါတယ်။ ဆီးအိမ်ကင်ဆာ၊
အစာရေမျိုကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ တင်ပါးဆုံရိုးကွင်းကင်ဆာ
စတာတွေလည်း ဖြစ်ပွားနိုင်ပါတယ်။ သန္ဓေအောင်မှုဆိုင်ရာ ပြဿနာများ၊ ပန်းနာရင်ကျပ်၊
မျက်စိမြင်လွှာထိခိုက်ပျက်စီးခြင်း၊ ရေတိမ်ရောဂါ၊
ခံတွင်းအနံ့ဆိုးခြင်း၊ အနံ့အရသာ အာရုံများပျက်စီးခြင်း၊ သွားနှင့် သွားဖုံးများအရောင်စွန်းထင်ြး
ခင်းစတာတွေလည်းဖြစ်နိုင်လို့
ဆေးလိပ်သောက်ခြင်း ဟာ ကိုယ်ရည်ကိုယ်သွေးတောက်ပြောင်မှုကိုပါ
ထိခိုက်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောကြီးငယ်များကို
ကျဉ်းမြောင်းစေပြီး ထိခိုက်ပျက်စီးစေတာကြောင့် ခန္ဓာကိုယ်အနံ့အင်္ဂါများကို သွေးပို့လွှတ်မှု နည်းပါးစေပါတယ်။
စီးကရက်တစ်လိပ်ကလေးကတောင်မှ သင့်ရဲ့ အရေပြားကို သွေးထောက်ပံ့မှု ၁
နာရီကြာအောင် လျော့ကျစေပါတယ်။ အရေပြားတွေဟာ မွဲညစ်လာပြီး အရေးကြောင်းတွေလည်း
များလာစေပါတယ်။
ဒါဟာအရေပြားကို သွေးထောက်ပံ့မှုအားနည်းသွားရုံသာမက ဗီတာမင် အေ ပမာဏကိုပါ လျော့ကျစေလို့ပါပဲ။
ဒါကြောင့် စမတ်ကျပြီး ကြည့်ကောင်းတဲ့ သူဖြစ်ချင်ရင် ဆေးလိပ်မသောက်ပါနှင့် ။
ဆေးလိပ်နှင့် ပန်းသေပန်းညိုးရောဂါ
ဆေးလိပ်ဟာ အမျိုးသားတွေမှာ သီးသန့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေလည်း ရှိပါတယ်။ အဲဒီထဲက
တစ်ခုကတော့ ပန်းသေပန်းညိုးရောဂါပါပဲ။ အမျိုးသားများ ကျန်းမာကြံ့ခိုင်တဲ့ လိင်မဘှု ၀ကို
ရရှိလိုရင် ဆေးလိပ်မသောက်ပါနှင့်။ ကျန်းမာတဲ့ သားသမီးရတနာလေးတွေရဲ့ ဖခင်ဖြစ်လိုလျှင် ဆေးလိပ်
မသောက်ပါနှင့်။
ဆေးလိပ်သောက်ခြင်းကြောင့်ကျားလိင်အင်္ဂါကို ထောက်ပံ့ပေးနေတဲ့ သွေးကြေားလေးတွေ ကျဉ်းမြောင်း
ထိခိုက်ပျက်စီးမှု ရှိလာပါတယ်။ အမျိုးသား တစ်ဦးဟာ ဆေးလိပ်ကို ပိုများများန့ပဲိုပြီးကြာရှည်စွာသောက်လေလေ
သက်လတ်ပိုင်းမှာ ပန်းသေပန်းညိုးဆိုင်ရာ ပြဿနာများကိုပိုမိုခံစားရလေလေ
ဖြစ်ပါတယ်။ lahey Hitchcock ဆေးပညာဌာနရဲ့ သုတေသနအရ ဆေးလိပ်သောက်ခြင်းဟာ အိပ်နေစဉ်
အလိုအလျောက် လိင်အင်္ဂါနိုးကြားခြင်းဖြစ်ပေါ်တဲ့ အကြိမ်အရေအတွက်ကို သိသိသာသာ
နည်းပါးသွားစေကြောင်းတွေ့ရပါတယ်။ အဲဒီအကြိမ်အရေအတွက် ဟာ သွေးစီးဆင်းမှုနဲ့ လိင်မှုဘ၀ Sex Life ရဲ့
အရည်အသွေးကို အထင်ရှားဆုံးညွှန်ပြမှုဖြစ်ပါတယ်။ အဲဒီနိုးကြားမှု အကြိမ်အရေ
အတွက်နဲ့ ပြင်းထန်မှုတို့လျော့ပါးခြင်းဟာ ပန်းသေ ပန်းညိုးရောဂါ (Erectile Dysfunction ) ဖြစ်ပွားနိုင်တဲ့
အခြေအနေရှိကြောင်းညွှန်ပြနေပါတယ်။
အသက် ၃၀ မှ ၄၀ နှစ်အတွင်း အမျိုးသားတွေမှာ ဆေးလိပ်သောက်သူတွေဟာ Erectile Dysfunction ( E D
)ဖြစ်ပွားမယ့် အန္တရာယ်
ငါးဆယ်ရာခိုင်နှုန်းပိုများပါတယ်။ ဗြိတိသျှဆရာဝန်အသင်းရဲ့ ခန့်မှန်းမှုအရ ဗြိတိန်မှာ ဆေးလိပ်သောက်ခြင်းကြောင့်
E D ဖြစ်ပွားခံစားနေရသူ အမျိုးသား
၁၂၀၀၀၀ ဦးခန့်ရှိကြောင်းသိရပါတယ်။ ပန်းသေပန်းညိုးရောဂါဟာ ဆက်ဆံရေးပြိုကွဲမှု ၊ စိတ်ကျရောဂါ ၊
စိုးရိမ်ပူပန်မှု လွန်ကဲရောဂါ၊
မိမိကိုယ်မိမိ ယုံကြည်စိတ် ပျောက်ဆုံးခြင်းစတဲ့ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ၊ ဖြစ်ပေါ်စေပါတယ်။
သတင်းကောင်းကတော့
ဆေးလိပ်ဖြတ်လိုက်ရင် ၂၄ နာရီကြာတဲ့အခါမှာ
လိင်အင်္ဂါအလိုအလျောက်နိုးကြား ထောင်မတ်နိုင်သောအရည်အသွေး သိသိသာသာ တိုးမြင့်လာပါတယ်။
တစ်နေ့မှာ စီးကရက်အလိပ် ၂၀ အထက်သောက်တဲ့ အမျိုးသားများဟာ မသောက်တ့သဲူတွေနဲ့ ယှဉ်ရင်
ပန်းသေပန်းညိုးရောဂါ ဖြစ်ပွားဖို့ အန္တရာယ်အခွင့်အလမ်း ၆၀ ရာခိုင်နှုန်းပိုများပါတယ်။ ဆေးလိပ်သောက်နေသူများရဲ့
၁၅ ရာခိုင်နှုန်း ပန်းသေပန်းညိုးပြဿနာရှိနေကြောင်း တေ့ရွ တယ်။ ကျေနပ်မှုရှိတဲ့ လိင်မှုဘ၀ကို
ရရှိလိုတယ်ဆိုရင် ဆေးလိပ်ဖြတ်ဖို့ လိုပါမယ်။
ဆေးလိပ်နဲ့ မျိုးဆက်ပွားမှု
ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းဓာတ်ဟာ သုတ်ပိုးကောင်တွေကို ထိခိုက်ပျက်စီးစေပါတယ်။ အဲဒီလို
ထိခိုက်ပျက်စီးနေပေမဲ့ သုတ်ပိုးရဲ့ DNA
ဟာ ဆေးလိပ်သောက်နေဆဲအချိန်မှာ ပြန်လည်ပြုပြင်နိုင်စွမ်း မရှိပါဘူး။ နီကိုတင်းအပြင် ဆေးလိပ်မှာပါတဲ့
ဓာတုပစ္စည်းအချို့တွေကလည်း မျိုးဗီဇမှာ
ချို့ယွင်းမှုတွေဖြစ်စေနိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးလာသော ကလေးတွင် ချို့ယွင်းချက်များပါလာခြင်း၊
ကင်ဆာရောဂါနှင့် အခြားကျန်းမာရေး
ပြဿနာများပါလာခြင်းတို့ ဖြစ်တတ်ပါတယ်။ သူတ်ပိုး ထုတ်လုပ်မှုသံသရာ ကွင်းဆက်ဟာ ၇၄ ရက်ကြာမြင့်ပါတယ်။
ဆိုလိုတာက ဆေးလိပ်ဖြတ်လိုက်ပြီးနောက် ၇၄ ရက်ခန့်ကြာရင် သုတ်ပိုးအသစ်များ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်
ကျန်းမာရေးကြံခိုင်တ့ကဲ လေးကို ရယူလိုတဲ့ ဖခင်လောင်းတစ်ဦးဟာ ကလေးယူတော့မယ်ဆိုရင် ကလေးမယူခင်
အနည်းဆုံး ၃ လခန့် ကြိုပြီး ဆေးလိပ်ဖြတ်သင့် ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ မသောက်ခြင်းဟာ
လူတစ်ဦးချင်းစီရဲ့ ရွေးချယ်မှုဆိုပေမယ့် သား၊သမီးကို ကျန်းမာရေးပြဿနာ
အမွေဆိုးမပေးလိုရင် ကလေးမယူခင် ဆေးလိပ်ဖြတ်ပါ။ အဲဒီနောက်ပိုင်း ပြန်သောက်မယ်ဆိုရင်လည်းကလေးများနဲ့
အိမ်က မိသားစုဝင်များကို သင့်ရဲ့
ဆေးလိပ်မီးခိုးငေ့ွေ တွကို တစ်ဆင့်ခံ ရှူရှိုက်မိခြင်းမရှိအောင် သင့်ဘက် ဆင်ခြင်ပါ။ အိမ်ရဲ့ ပြင်ပ
သို့မဟုတ် ဆေးလိပ်သောက်သုံးရန်
သီသန့်နေရာတွေ မှာသောက်ပါ။
ဆေးလိပ်ဖြတ်တော့မလား
ဆေးလိပ်ကြောင့်ဖြစ်တဲ့ အန္တရာယ်တွေကို သိနားလည်ပြီး ဆေးလိပ်ဖြတ်တော့မယ်ဆိုရင် မှန်ကန်တဲ့
နည်းလမ်းကိုရွေးဖို့လိုပြီး အမြန်ဆုံးနည်းလမ်းကို မဖြစ်မနေ ရွေးဖို့မလိုပါဘူး။
ဆိုလိုတာက မြန်မြန်ဖြတ်ပြီး မြန်မြန်ပြန်သောက်ဖြစ်တာထက် ဆေးလိပ်တကယ်ပြတ်ဖို့က ပိုပြီးလိုအပ်ပါ
တယ်။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ မကြာခင် အထွေထွေကျန်းမာရေးကောင်းမွန်လာမှု၊ အနံ့အရသာ၊
အာရုံတိုးတက်လာမှု၊ နှလုံးရဲ့
လုပ်ဆောင်ချက် ပိုမိုကောင်းမွန်လာမှုတွေကို ခံစားရရှိမှာပါ။
ဆေးလိပ်ဖြတ်ဖို့ဆိုပြီး ဆေးလိပ်သောက်တ့အဲ လေ့အကျင့်ကို စွန့်လွှတ်လိုက်ပြီး မသောက်မိအောင်
စိတ်ကိုထိန်းချုပ်တ့နဲ ည်းနဲ့ ကြိုစားနေကြည့်တဲ့ နည်းဟာ အောင်မြင်ဖို့ မသေချာပါဘူး။
အတွေ့အကြုံတွေအရ ဆေးလိပ်ဖြတ်မယ့်သူက ပထမဦးစွာဆေးလိပ်သောက်သုံးမှု ရပ်စဲမယ့်နေ့တစ်နေ့ကို
သတ်မှတ်ရွေးချယ်ပါ။ ပြီးရင် ဆေးလိပ်လုံးဝမသောက်တော့ပါဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို အောင်မြင်စေမယ့်
စိတ်စွမ်းအားကိုရဖို့ အောက်ပါအချက် ၅
ချက်ရဲ့ အကူညီကိုရယူပါ-
-နီကိုတင်း အစားထိုးကုထုံး
( Nicotine Replacement Treatment )
-Zyban ( Buproplon) ဆေးလိပ်ဖြတ်ဆေး
-Champlx (Varenicline) နီကိုတင်းရဲ့ အာနိသင်ကို တုပခြင်းဖြင့်
ဆေးလိပ်သောက်ချင်စိတ်ကို
လျော့ကျစေတ့ေဲ ဆး
-အမှုအကျင့် ပြောင်းလဲ ပြုပြင်ခြင်းအစီအစဉ်များ
-နှိပ်နယ်ခြင်း၊ အပ်စိုက်ခြင်း၊ အိပ်မေ့ချွခြင်း စတဲ့ ကုထုံးများ၊
လေ့လာမှုတွေအရ ဆေးလိပ်ဖြတ်တ့အဲ စီအစဉ်တွေမှာ ပါဝင်ဆင်နွဲပြီး အပြုအမှုပြောင်းလဲခြင်းကုထုံး၊ ဆေးဝါးကုထုံး
စတာတွေနဲ့ ဆေးလိပ်ဖြတ်ဖို့
ကြိုးစားတာဟာ ကိုယ့်ဘာသာကိုယ် စိတ်ကိုတင်းပြီး စိတ်စွမ်းအားနဲ့ ဆေးလိပ်ဖြတ်တာထက် အောင်မြင်မှုနှုန်း ၃၀
ရာခိုင်နှုန်းကျော်
ပိုများတယ်လို့သိရပါတယ်။
ဆေးလိပ်သောက်သုံးသူ အမျိုးသားများ´ ဆေးလိပ်နှင့်ကျန်းမာရေးကြိုက်ရာရွေး´ ဒါမှမဟုတ် ´ဆေးလိပ်နှင့်
တက်ကြွပျော်ရွှင် အိမ်ထောင်ရှင်ဘ၀´
ကြိုက်ရာရွေးပါ။
TOM ( health DIgest journal )

ချစ်သူများနေ့(Valentine's Day)

ချစ်သူများနေ့(Valentine's Day)

ကို နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ဟု သတ်မှတ်သည်။ ထိုနေ့သို့ ရောက်တိုင်း ကမ္ဘာတစ်ဝှမ်းလုံး…

ချစ်သူများနေ့ ပေါ်ပေါက်လာပုံ

St. Valentine
ပေးပို့ သူ ။ ။လင်းဇော်ထက်
ကမ္ဘာတွင် ချစ်သူများနေ့(Valentine's Day)ကို နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ဟု သတ်မှတ်သည်။ ထိုနေ့သို့ ရောက်တိုင်း ကမ္ဘာတစ်ဝှမ်းလုံး မှာရှိသော ချစ်သူများအကြား အမှတ်တရ ချစ်လက်ဆောင်များအဖြစ် သကြားလုံး၊ ပန်းနှင့် အခြား ချစ်သက်လက်ဆောင်များကို St. Valentine အမည်နှင့် အပြန်အလှန် လဲလှယ် ပေးပို့လေ့ ရှိကြပါသည်။ သို့သော် St. Valentine ဆိုသည့် ထူးခြားသော သူတောင်စင်အကြောင်းကို မသိကြသလို ဘာကြောင့် St. Valentine အထိမ်းအမှတ်ပွဲကို အားလပ်ရက်အဖြစ် သတ်မှတ် ကျင်းပကြတယ်ဆိုတာကိုလည်း အမှတ်တမဲ့ ဖြစ်ကြတာများပါသည်။
ယေဘုယျအားဖြင့်တော့ ဖေဖော်ဝါရီလဟာ အချစ်ရည်အချစ်သွေး လွှမ်းနေတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ လတစ်လလို့ သိထားကြပါသည်။ ယနေ့ခေတ် နားလည်ထားကြသော St. Valentine Day သည် ရှေးခေတ် ရောမရိုးရာနှင့် ခရစ်ယာန် ဘာသာအတွက် အလေးအမြတ်ထားသော နေ့ထူးနေ့မြတ် တစ်ခု ဖြစ်ပါသည်။
ဒီနေ့ခေတ်မှာ ကက်သိုလစ် ဘုရားကျောင်းတွေက သိနားလည်ထားကြတာကတော့ Valentine အမည်တွင်တဲ့ သူတော်စင် သုံးဦးရှိပါတယ်။ ဒဏ္ဍာရီတစ်ခုက အတည်ပြုထားတာကတော့ Valentine ဆိုတာ သုံးရာစုလောက်က ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီး တစ်ပါးလို့ ဆိုထားပါတယ်။ ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ က တိုင်းပြည်မှာ ရှိသမျှ အိမ်ထောင်သည်များကို မရွေးချယ်ပဲ အရွယ်ရောက်သူ လူပျိုလူလွတ်များကို စစ်မှုထမ်းစေပါတယ်။ အဲဒီအခါ သူတော်စင် Valentine ဟာ ဘုရင် ကလောဒီးယပ်စ် တားမြစ်ထားတဲ့ ဥပဒေအပြင်ဘက် ကနေ စစ်မှုထမ်းသူ လူငယ်များကို သူတို့ရဲ့ ချစ်သူများနဲ့ တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ Valentine ရဲ့ လုပ်ရပ်များကို ဘုရင်သိသွားတဲ့ အခါ သေဒဏ်ချမှတ်လိုက်ပါတယ်။ အခြားပုံပြင်များမှာတော့ Valentine ဟာ အကျဉ်းထောင်များထဲက ခရစ်ယာန်အကျဉ်းသားများကို လွတ်မြောက်အောင် ကြိုးပမ်းပေးမှုကြောင့် သတ်ဖြတ်ခံလိုက်ရတယ်လို့လည်း ဆိုကြပါသေးတယ်။
နောက်ထပ် ဒဏ္ဍာရီတစ်ခုကတော့ သူတော်စင် Valentine က ပမထဆုံးချစ်သက်လက်ဆောင်ကို သူကိုယ်တိုင် ပေးပို့ခဲ့တယ်လို့ ဆိုထားပါတယ်။ အကျဉ်းချခံရစဉ်မှာ Valentine ဟာ သူ့ထံ အလည်လာတွေ့တတ်သူ ထောင်မှူးသမီးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ သူ မသေဆုံးခင် စာတစ်စောင် ရေးသားခဲ့ရာမှာ "From Your Valentine" လို့ လက်မှတ်ရေးထိုးထားပါသတဲ့။ စာအရေးအသားကို ထောက်ရှုခြင်းအားဖြင့် ယနေ့ခေတ် အသုံးအနှုန်း ရင်ဖွင့်စာများနဲ့ တူညီနေတာကို တွေ့ရပါတယ်။ ပါးစပ်ရာဇ၀င်တွေ အမျိုးမျိုး ကွဲလွဲနေပေမယ့် Valentine ဒဏ္ဍာရီများရဲ့ နောက်ကွယ်မှာ အမှန်တရားတစ်ခုတော့ တိမ်မြှုပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မူကွဲနေတဲ့ Valentine ဒဏ္ဍာရီများမှာ ကြင်နာဂရုဏာတရား၊ သူရဲကောင်းပီသမှုနဲ့ အခြားအရေးပါသော ချစ်မေတ္တာရဲ့ သင်္ကေတများကို အထင်အရှား ပြဆိုနေပါတယ်။
ခေတ်အလယ်ပိုင်းမှာတော့ Valentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့ အင်္ဂလန် နိုင်ငံများမှာ အတော်လေး ခေတ်စားနေခဲ့ပြီး အယူအဆ အမျိုးမျိုးကလည်း ဆင့်ပွားဖြစ်ပေါ်လာပါတယ်။ တစ်ချို့ကတော့ St.Valentine ဟာ ခေါင်းဖြတ် အသတ်ခံရကြောင်း အဆိုရှိပြီး အခြားပြော စကားများကတော့ St. Valentine ဟာ ထောင်ထဲမှာ နာဖျားပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၁၈၃၅ ခုနှစ်မှာ St. Valentine ရဲ့ ရုပ်ကြွင်း (သို့မဟုတ်) အရိုးပြာကို အိုင်ယာလန် ဘုန်းတော်ကြီး John Spratt ထံ ပုပ်ရဟန်းမင်းကြီး Gregory XVI က ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ တရားဟော ကောင်းမှုကြောင့် ပုပ်ရဟန်းမင်းကြီးကို အိုင်ယာလန် ဘုန်းတော်ကြီးက များစွာ အထင်ကြီးလေးစားတယ်လို့ သိရပါတယ်။ ဒီ့အတွက် ရောမကို ပုပ်ရဟန်းမင်းကြီး အလည်အပတ်ရောက်ခိုက် ပုပ်ရဟန်းမင်းကြီးက အနက်ရောင်ပါသော ရွှေကြုပ်နဲ့ ထည့်ထားတဲ့ St. Valentine ရဲ့ အရိုးပြာများကို အိုင်ယာလန် ဘုန်းတော်ကြီးကို လက်ဆောင်ပေးခဲ့ခြင်း ဖ်ြစပါတယ်။ St. Valentine ရဲ့ အရိုးပြာများ ထည့်ထားတဲ့ ရွှေကြုပ်ကို Valentine's Day ရောက်တိုင်း အိုင်ယာလန်နိုင်ငံ ဒူဘလင်မြို့က Whitefriar Street Church မှာ လူတိုင်း သွားရောက် ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။
သမိုင်းကြောင်း
ရောမပြည်က အချစ်အကြောင်းကတော့ ချစ်သူများနေ့ ဖြစ်ပေါ်ခြင်း၏ သမိုင်းအစပါ။ ရောမမြို ဘုရင်တစ်ပါး လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ စစ်သည်တော်တွေဟာ ချစ်သူရည်းစား ဇနီးမယားတွေကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရူံးနှိမ့်ခဲ့ကြသည်။ ဒီအကြောင်း ဘုရင်ကြီးသိတော့ ရောမမြို့မှာ ချစ်သူရည်းစား မဖြစ်စေရ အစဉ်အလာအားဖြင့် လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတ်ာကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမန့်ထုပ်ခဲ့သည်။ နှလုံးသားရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့၏ အချစ်ကို နေ့တစ်နေ့အတွက် မရည်စူးပါ။
ချစ်တက်သူတွေ အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး Valentine ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး Valentineသည် ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတက်သူမို့ မိမိအသက်ကို ပဓာနမထားပဲ လက်ထက်ပေးလိုက်ပါသည်။ ထိုအကြောင်းကို ဘုရင်သိသောအခါ ထိုနေ့ ဖေဖေါ်ဝါရီ (၁၄)ရက်တွင် ဘုန်းတော်ကြီးကို အဆုံးစီရင်လိုက်ပါသည်။ ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး Valentine ကို ဂုဏ်ပြုသောအားဖြင့် Valentine’ Day (သို့မဟုတ်) ချစ်သူများနေ့ဟု့ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါသည်။
လူအချို့ရဲ့ ယုံကြည်မှုအရ Valentine's Day ကို ဖေဖော်ဝါရီ လလယ်မှာ ကျင်းပခဲ့ကြတာ အေဒီ ၂၇၀ ၀န်းကျင်ကတည်းက ဖြစ်ပါတယ်။ အချို့က St. Valentine Day စားပွဲသောက်ပွဲ ပျော်ပွဲရွှင်ပွဲများကို ဖေဖော်ဝါရီလလယ်မှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများမှာ ကျင်းပကြဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်နိုင်ကြောင်း ယူဆကြပါတယ်။ St. Valentine Day ကို ကိုယ်စားပြုပြီး ခရစ်ယာန် ဘာသာဝင်များရဲ့ Pagan Lupercalia ပွဲတော်များကို ကျင်းပဖြစ်ဖို့ အခွင့်အခါ ကြုံသွားခြင်းလည်း ဖြစ်ပါတယ်။ ရှေးခေတ် ရောမမှာတော့ ဖေဖော်ဝါရီလဟာ နွေဦးပေါက်လာချိန်ဖြစ်ပြီး သန့်စင်ဆေးကြောချိန်လို့ သတ်မှတ်ထားကြပါတယ် အိမ်များမှာ ဘာသာရေးအရ သန့်စင်ဆေးကြောခြင်းများ ပြုလုပ်ကြပြီး ဆားများ၊ Spelt အမည်ရ ဂျုံများနဲ့ ကြဲဖြန့်ထားတတ်ကြပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်မှာတော့ စိုက်ပျိုးရေးကို ကိုယ်စားပြုတဲ့ ရောမနတ်ဘုရား Faunus ကို ပူဇော်တဲ့ ပွဲတော် ကျင်းပလေ့ရှိသလို ရောမကို ထူထောင်တဲ့ Romulus နဲ့ Remus ကို ပူဇော်ပွဲလည်း ဖြစ်ပါတယ်။ ထိုပွဲတော်ကို စတင်ဖို့ Luperci အဖွဲ့ဝင်များနဲ့ ဘုန်းတော်ကြီးများဟာ Romulus နဲ့ Remus တို့ကို အထွတ်အမြတ်ထားသောအားဖြင့် ကလေးဘ၀က ခိုအောင်းခဲ့ကြတဲ့ ဂူထဲမှာ စုဝေးကြရလေ့ရှိပါတယ်။
ဘုန်းတော်ကြီးများဟာ ဆိတ်ကို ဖွံ့ဖြိုးတိုးတက်မှုအတွက် ယဇ်ပူဇော်ရပြီး ခွေးကို သန့်စင်မှုအတွက် ယစ်ပူဇော် တတ်ကြပါတယ်။ လူငယ် ယောက်ျားလေးများက ဆိတ်သားရေကို ခွာချွတ်ပြီး ယဇ်ပူဇော်မယ့် သွေးထဲစိမ်ပြီး လမ်းများပေါ် ပက်ဖြန်းသွား ကြပါတယ်။ လမ်းတစ်လျှောက် စောင့်နေကြတဲ့ အမျိုးသမီးများနဲ့ ကောက်ပဲသီးနှံများပေါ်ကို ယဇ်ပူဇော်ထားတဲ့ ဆိတ်သားရေမှာ စိမ့်ဝင်နေတဲ့ သွေးများနဲ့ ခပ်သာသာကလေး ပက်ဖြန်းသွားကြပါတယ်။ အကြောက်အလန့်မဖြစ်ပဲ အမျိုးသမီးများဟာ ဆိတ်သားရေများနဲ့ သူတို့ကိုယ်သူတို့ ထိတွေ့စေပါတယ်။
ဆိတ်သားရေက သူတို့ကို နှစ်သစ်မှာ ကောင်းကျိုးတွေပေးမယ်လို့ ယုံကြည်ကြလို့ဖြစ်ပါတယ်။ ဒဏ္ဍာရီအရ အမျိုးသမီးငယ် များဟာ သူတို့အမည်များကို ခရားအိုးငယ်လေးထဲ ထည့်ထားကြပြီး မြို့ရဲ့ ကာလသားများက အဆိုပါခရားအိုးထဲက မိန်းမပျိုလေးများ အမည်ပါရှိတဲ့ စက္ကူလိပ်လေးများကို မဲနှိုက်ကြရပါတယ်။ မိမိရရှိတဲ့ မဲလိပ်ထဲက မိန်းကလေးအမည်ဟာ မိမိရဲ့ ချစ်သူ မိန်းကလေးဖြစ်ပါတယ်။ အဆိုပါ စုံတွဲ ရှာပွဲဟာ လက်ထပ်ပေါင်းသင်းဖြစ်တဲ့အထိ အရေးပါခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး Gelasius က အေဒီ ၄၉၈ ခုနှစ်မှာ St. Valentine Day ကို ဖေဖော်ဝါရီလ ၁၄ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ရောမရဲ့ စုံတွဲရှာဖွေရေး ကံစမ်းမဲ စနစ်သစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ထိုစနစ်ဟာ ခရစ်ယာန်မဟုတ်သောသူများနဲ့ ဥပဒေစည်းမျဉ်းပြင်ပက လူများအတွက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ခေတ်တွေရွေ့လျားလာပြီး အလယ်ခေတ်အရောက်မှာ အင်္ဂလန်နဲ့ ပြင်သစ်တို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်ကို ငှက်များ အဖော်ရှာသော ရာသီအစလို့ ယုံကြည်လက်ခံလာကြပြန်ပါတယ်။ ထိုမှစလို့ ခေတ်ကာလ ပြောင်းလဲရာကနေ ဖေဖော်ဝါရီလလယ်ကို အချစ်၏ သင်္ကေတဖြစ်သော Valentine's Day ဆိုပြီး ကျင်းပလာကြခြင်းဖြစ်ပါတယ်။
အစောဆုံး Valentine Day အထိမ်းအမှတ် ကဗျာကို Charles Duke of Orleans မှ လန်ဒန်မျှော်စင်ပေါ်မှာ အကျဉ်းကျနေစဉ် သူ့ချစ်ဇနီးထံ ရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။ Charles Duke of Orleans ဟာ Battle of Agincourt စစ်ပွဲမျာ ဖမ်းဆီးခံရပြီး လန်ဒန် မျှော်စင်ပေါ် အကျဉ်းချခံရသူ ပြင်သစ်လူမျိုးတစ်ဦး ဖြစ်ပါတယ်။
သူ့ကဗျာကို ၁၄၁၅ ခုနှစ်က ရေးသားခဲ့တာဖြစ်ပြီး လန်ဒန်မြို့က ဗြိတိန်စာကြည့် တိုက်က လက်ရေးမူများမှာ တွေ့နိုင်ပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်တဲ့အခါ ဟင်နရီ၅ ဘုရင်က စာဆိုတစ်ဦး ငှားရမ်းပြီး သူ့ချစ်သူ Catherine of Valois ထံ Valentine ချစ်သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ Valentine's Day ရဲ့ သင်္ကေတတွေထဲမှာ ထင်ရှားတဲ့ Cupid (ကျူးပစ်)ဖူးစာရေးနတ်ကလေးကတော့ ကလေးငယ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ပြီး တောင်ပံတစ်စုံနဲ့ နတ်ကလေးပါ။ ကျူးပစ်ဟာ အချစ်နတ်ဘုရားမ ဗီးနပ်စ်ရဲ့ သားတော်လေးဖြစ်ပြီး ဂရိ ပုရာဏ်ကျမ်းထဲမှာတော့ Apphrodite ရဲ့ သားတော် Eros လို့ သိကြပါတယ်။
Great Britain မှာတော့ ၁၇ ရာစုမှာ Valentine's Day ကို စတင်ကျင်းပခဲ့ပါတယ်။ ၁၈ ရာစုအလယ်မှာ လူမှုအသိုင်းအ၀ိုင်းမှာ ချစ်သူများ အတွက်သာမက ပွဲလမ်းသဘင်နှစ်သက်သူများအတွက်ပါ အကျုံးဝင်လာပါတယ်။ ချစ်သူခင်သူ အချင်းချင်း အမှတ်တရဖြစ်ဖွယ် တိုကင်ကဒ်ပြား များ အပြန်အလှန် ပေးပို့ကြတဲ့ အလေ့အထ ဖြစ်လာပါတယ်။ ရာစုနှစ်အဆုံးမှာ လက်ရေးမူနဲ့ ချစ်သ၀ဏ်လွှာ ရေးပို့ခြင်းများအစား ပုံနှိပ်ထုတ်ဝေ ထားတဲ့ အမှတ်တရကဒ်များဟာ မိမိတို့ ခံစားချက်ကို ရင်ဖွင့်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အချစ်ရေးမှာ သတ္တိကြောင်သူများအတွက် အားကိုးဖော်ရလာတဲ့နည်းသစ်ပါ။ စာပို့ခ သက်သက်သာသာနဲ့ Valentine's Day ရဲ့ အကျိုးသက်ရောက်မှုနဲ့ နာမည်ကြီးမှုဟာ ထိရောက်မှုများ ရှိခဲ့ပါတယ်။ အမေရိကန်များကတော့ လက်လုပ် Valentine's Day လက်ဆောင်များကို ၁၇၀၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ပြုလုပ်ခဲ့ ကြပါတယ်။ ၁၈၄၀ ပြည့်နှစ်များက အမေရိကန်လူမျိုး Esther A. Howland ဆိုသူဟာ ပထမဆုံး Valentine လက်ဆောင် စတင်တီထွင်သူ ဖြစ်ပါတယ်။
Greeting Card Association က ခန့်မှန်းချက်အရ နှစ်စဉ် Valentine လက်ဆောင်ကဒ် တစ်ဘီလီယံကို ပို့သပေးရကြောင်းနဲ့ ခရစ္စမတ်ကဒ်များပြီးလျှင် ဒုတိယအများဆုံး ရောင်းချရတဲ့ အရေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ Valentine လက်ဆောင် ၈၅% ကို အမျိုးသမီးများက ပေးချေကြပါတယ်။ အမေရိကမှာ Valentine's Day ကို ကျင်းပကြသလို ကနေဒါ၊ မက္ကဆီကို၊ အင်္ဂလန်၊ ပြင်သစ်နဲ့ သြစတေးလျတို့ အပါအ၀င် ကမ္ဘာနိုင်ငံ အနှံ့အပြားမှာလည်း Valentine's Day ကို ကျင်းပလျက်ရှိပါကြောင်း…။
ချစ်ကြသူတိုင်းချစ်မြတ်နိုးတတ်ကြပါစေ
ချစ်ခင်လေးစားသော

Saturday, February 4, 2012

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်နိုင်ပါမည်လော

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်နိုင်ပါမည်လော
ဥပဒေဘက်တော်သားတစ်ဦး
ဇန်န၀ါရီ ၃၊ ၂၀၁၂

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက် ၁-၄-၂၀၁၂ ခုမှာကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အောင် နိုင်ရေး၊ မိမိကိုယ်တိုင် ကော့မှူးမဲဆန္ဒနယ်မှာ အောင်ပွဲခံ၊ အနိုင်ရရှိရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် မအိပ်မနေကြိုးပမ်းနေ သည့် ဒေါ်အောင်ဆန်းစုကြည်သို့ မြန်မာနိုင်ငံရေးခရီးမှာ ရင်ဆိုင်ရဖွယ်ရှိသည့် ပြဿနာများကို ကျွန်တော်လေ့လာမိသလောက် သန့်စင် သောစေတနာဖြင့် တင်ပြလိုပါသည်။

၂။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုလို လှုပ်ရှားဆောင်ရွက်လာနိုင်သည့် အခြေခံအကြောင်းရင်းဟာ နေပြည်တော်မှာ သမ္မတကြီး ဦး သိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာက စတင်ဖြစ်ပေါ်လာခဲ့သည်ဆိုလျှင် ငြင်းစရာမရှိဟု ထင်ပါ သည်။ အဲဒီဆွေးနွေးပွဲမှာ သမ္မတကြီးကလည်း ဖြစ်ကြောင်းကုန်စင်၊ ဘ၀င်ကျလောက်အောင် ကြံ့/ဖွံ့အစိုးရနှင့် နိုင်ငံတော်မှာ မွဲပြာကျနေပုံတွေကို အိတ်သွန်ဖာမှောက်ပြောပြခဲ့ပြီး ဒေါ်စု ကလည်း NLD ရှေ့ ဆက်လက်ရပ်တည်နိုင်ရေးနှင့် ပြည်တွင်းပြည်ပကို ဘယ်လိုဘယ်ပုံ စည်းရုံးဆက်သွယ်ပေးနိုင်ပုံတွေကို တစ်စမကျန် ပြောခဲ့ဟန်ရှိပါသည်။

၃။ အဲဒီလို တွေ့ဆုံကြပြီးအပြန်မှာ NLD အမှုဆောင်စည်းဝေးပွဲခေါ်ပြီး “ကျွန်မအနေနဲ့ ဦးသိန်းစိန်ကို ယုံကြည်တယ်။ NLD ပါတီကို မှတ်ပုံ ပြန်တင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်။ ကျွန်မကို ထောက်ခံကြပါ။ တာဝန်ယူပါတယ်” ဆိုပြီး အခုလို ပါတီမှတ်ပုံတင်၊ ကြားဖြတ်ရွေး/ပွဲဝင်ဖို့ ဆောင်ရွက်ခဲ့သည်ဟု ယူဆပါသည်။ ဒီလို ဆောင်ရွက်နိုင်အောင် ဦးသိန်းစိန်က ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ နည်းဥပဒေထဲက ပုဒ်မအချို့ကို ပြင်ပေးခဲ့ပါသည်။ ထောင်ကျခံနေရသူ ရွေး/ပွဲဝင်ခွင့်၊ ၂၀၀၈ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဆိုသည့် စကား အစား လေးစား “လိုက်နာပါမည်”ဟု ပြင်ဆင်ချက်၊ အနည်းဆုံး မဲဆန္ဒနယ်သုံးနယ် ၀င်ရောက်ယှဉ်ပြိုင်ရမည်ဟူသော ဥပဒေသုံးခုတို့ကို ပြင်ပေးသည်ဟုဆိုကာ ဒေါ်စုတို့ NLD ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်နိုင်ရန် ကြေညာချက်ထုတ်ခဲ့သည်ဟု မှတ်သားမိပါသည်။ ရွေး ကောက်ပွဲဥပဒေနှင့် အခြေခံဥပဒေပါ အရေးကြီးသော ပုဒ်မတို့ကို ပြင်ပေးထားကြောင်း မတွေ့ရပါ။

၎။ အထက်ပါ လိုက်လျောချက်များမှာလည်း ထောင်ကျခံနေရသူ ရွေးး/ပွဲဝင်ခွင့်ဆိုသည်မှာ ယခုအချိန်၌ ဒေါ်စုသည် ထောင်ကျနေသူ မဟုတ်တော့ပါ။ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဆိုသည့် စကားရပ်အစား လေးစားလိုက်နာပါမည်ဟု ပြင်ဆင်ပေးခြင်း ကလည်း “အရာကြီးနှင့် ကုလားကြီး”ပါပဲ။ ကျွန်တော် အဓိကထားတင်ပြဆွေးနွေးချင်သည်မှာ အောက်ပါအချက်အလက်၊ ဥပဒေများနှင့် သုံးသပ်ချက်များ ဖြစ်ပါသည်။

၅။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိခြင်း ခေါင်းစဉ်အောက်တွင် ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေ ပုဒ်မ ၁၂၁၊ ပုဒ်မခွဲ (စ) ၌ “နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများ၊ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ”ဟု ပါရှိပါသည်။

ထိုပုဒ်မ ၁၂၁၊ ပုဒ်ခခွဲ (စ) ပါ ပြဋ္ဌာန်းချက်အတိုင်းပင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ တွင် “အောက်ပါပုဂ်္ဂိုလ်များသည် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေရ”ဟူသော ခေါင်းစဉ်အောက်တွင်လည်း ပြဋ္ဌာန်းထားပါသည်။

၆။ အထက်ပါ ပုဒ်မများမှာ ပြဋ္ဌာန်းချက်အရ နိုင်ငံခြားသားထံမှ အခွင့်အရေးများ၊ ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ၊ ခံစားပိုင်ခွင့် ရှိသူသည် ခံစားသည်ဖြစ်စေ၊ မခံစားသည်ဖြစ်စေ ခံစားခွင့်ရှိပါက ရွေးကောက်ပွဲဝင်ခွင့်မရရှိနိုင်ဟု အဓိပ္ပာယ်ကောက်ယူနိုင်ပါသည်။

၇။ အထက်ပါ ရွေးကောက်ပွဲဥပဒေနှင့် အခြေခံဥပဒေပါပုဒ်မကို လုံးဝပြင်ဆင်မထားဘဲ ပြဋ္ဌာန်းထားဆဲရှိပါသည်။ မယုံမရှိပါနှင့်။ ယင်းဥပဒေ များကို လေ့လာကြပါဦးဟု တိုက်တွန်းပါရစေ။

၈။ ထိုသို့ ပြဋ္ဌာန်းထားသည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ ပကတိအခြေအနေနှင့် မည်သို့သက်ဆိုင်နေသည်ကို တင်ပြလိုပါသည်။

(က) ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေကို အောက်ပါအတိုင်း ပါလီမန်တွင် ပြဋ္ဌာန်းခဲ့ပါ သည်။ ထိုအမွေဆက်ခံမှုအက်ဥပဒေပုဒ်မ ၂၂ တွင် ဗုဒ္ဓဘာသာဝင်မဟုတ်သည့်ယောက်ျားက၊ ဗုဒ္ဓဘာသာဝင်မိန်းမကို ထိမ်းမြားရန် ကတိပြု လျှင် ထိုယောက်ျားသည် ထိုမိန်းမကို ဤအက်ဥပဒေအရ ထိမ်းမြားရန် ကတိပြုသည်ဟု မှတ်ယူရပါမည်။

(ခ) ပုဒ်မ ၂၃ တွင် ... ဟိန္ဒူဘာသာ၊ ဆိ(ခ)ဘာသာ၊ ဂျိန္နဘာသာတစ်ရပ်ရပ်ကို ကိုးကွယ်သော ပစ္စည်း မခွဲရသေးသည့် အိမ်ထောင်စုဝင်တစ်ဦး တစ်ယောက်သည် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဤအက်ဥပဒေအရ ထိမ်းမြားလျှင်၊ သို့တည်းမဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခြင်းခံရလျှင် ထိုသူသည် ထိုအိမ်ထောင်မိသားစုမှ ခွဲခွာပြီဟု မှတ်ယူရမည်။ ထို့ပြင် ပစ္စည်းခွဲဝေခြင်းမပြုမီ ထိုသူသေဆုံးလျှင် ထိုသူပိုင်သည့်ဆိုင်ရာ ဆိုင် ခွင့်သည် ထိုသူ၏ မယားနှင့် သားသမီးများသို့ သက်ရောက်ရမည်။

(ဂ) ပုဒ်မ ၂၄ (၁) ဤအက်ဥပဒေပုဒ်မအရ ထိမ်းမြားသူတို့၏ သို့တည်းမဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခံရသူတို့၏ ပစ္စည်းပိုင်ခွင့်နှင့် စပ် လျဉ်းသောကိစ်္စအားလုံးကို ထိုသူတို့နှင့် ထိုသူတို့၏ မိသားစုအားလုံးသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်း ဖြစ်ဘိသကဲ့သို့ ဗုဒ္ဓဘာသာဓမ္မ သတ်အတိုင်း ဆုံးဖြတ်ရမည်။

၉။ အထက်ပါ ပြဋ္ဌာန်းချက်များကိုသုံးသပ်လျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရွေးကောက်ပွဲဝင်ရန် ဖြစ်နိုင်အံ့မထင်ပါ။ ၀င်ခွင့်ရလို့ ရွေးကောက်ပွဲနိုင်၍ လွှတ်တော်ထဲရောက်လျှင်လည်း ပြိုင်ဘက်အမတ်လောင်းက ကန့်ကွက်လျှင် လွှတ်တော်ကိုယ်စားလှယ်ဘ၀မှ ပြုတ်၍ “ဖွတ်မရ ဓားမဆုံးသည့်ဘ၀”ရောက်သွားနိုင်ပါသည်။

၁၀။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသား မိုက်ကယ်အဲရစ်၏ ဇနီးဖြစ်ပါသည်။ မိုက်ကယ်အဲရစ်သည် နိုင်ငံခြားအစိုးရ၏ လက် အောက်ခံဖြစ်ပြီး တိုင်းတစ်ပါးသားလည်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သည်ဟုလည်း သိရပါသည်။ အမွေမခွဲမီ သေဆုံးခဲ့သဖြင့် သူခံစား ခွင့်ရှိသောအမွေပစ္စည်းများကို ဒေါ်အောင်ဆန်းစုကြည် ခံစားခွင့် ရှိပါသည်။ ခံစားမှုမပြုဟု ပြောနိုင်သော်လည်း ဥပဒေအရ ခံစားခွင့်ရှိကြောင်း ထင်ရှားပါသည်။ ထိုသို့ဆိုလျှင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀ နှင့် အခြေခံဥပဒေ ၁၂၁-ပုဒ်မခွဲ (စ) တို့တွင် ပြဋ္ဌာန်းထားချက်များနှင့် အရေး ယူလျှင်ခံရနိုင်ဘွယ် ရှိပါသည်။

၁၁။ ရွေးကောက်ပွဲဥပဒေကို ပြင်လိုက ပြင်နိုင်သော်လည်း အခြေခံဥပဒေ ၁၂၁ (စ) ကို ပြင်ရန်မှာ အလွန်ခဲယဉ်းပါသည်။ ပြည်သူ့လွှတ် တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၇၅% ကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ရပါမည်။ လက်ရှိ ပြည်သူ့လွှတ်တော်တွင် ကြံ့/ဖွံ့အမတ် ၆၀% နှင့် တပ်မတော်ကိုယ်စားလှယ် ၂၅% ရှိသည်ဟု မှတ်သားမိပါသည်။ အခြားအမတ်များသည် ၂၀% ပင် မရှိပါ။ ဤသို့ဆိုလျှင် ဒေါ်အောင်ဆန်း စုကြည်သည် အမတ်မဖြစ်နိုင်ပါ။ အမတ်ဖြစ်ဖို့ အင်္ဂါရပ်တွင် ပါဝင်သော ပုဒ်မ ၁၂၀၊ ၁၂၁ တို့နှင့် မညီလျှင် မည်သူ့ကိုမျှ ၀န်ကြီးမခန့်နိုင်ပါ။ ဒုသမတဖြစ်ဖို့ဆိုလျှင်လည်း အခြေခံဥပဒေပုဒ်မ ၅၉၊ ပုဒ်မခွဲ (စ) အရ သားသမီးများ နိုင်ငံခြားသားဖြစ်နေလျှင် ဒုသမ္မတ မဖြစ်နိုင်ပါ။

၁၂။ ကျွန်တော့်တင်ပြချက်များသည် ဥပဒေပါအတိုင်းဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကြိုတင်စဉ်းစားနိုင်ရန်သာဖြစ်ပါသည်။ ဦး သိန်းစိန်အစိုးရက လိုက်လျောလျှင် ရနိုင်မည်ဆိုပါက ၀မ်းမြောက်ဘွယ်၊ ဂုဏ်ယူဘွယ် ဖြစ်ပါသည်။ လိုက်လျောနိုင်အံ့မထင်ပါ။ ၁၉၉၀ ခု ရွေးကောက်ပွဲတုန်းက ဗဟန်းမြို့နယ်အတွက် ကိုယ်စားလှယ်လောင်းကို ဒေါ်အောင်ဆန်းစုကြည်အား တင်သွင်းရာတွင် တစညကိုယ်စား လှယ်အမတ်လောင်း ဦးလဗန်ဂရောင်က ကန့်ကွက်၍ ဒေါ်စုရွေးကောက်ပွဲမ၀င်ခဲ့ရသည်ကို ပြန်လည်သတိရ၍ လိုအပ်သည်တို့ကို ကာ ကွယ်နိုင်ရန် ရိုးသားစွာတင်ပြအပ်ပါသည်။ NLD ဥပဒေပညာရှင်များနှင့်လည်း တိုင်ပင်သင့်သည်ဟု အကြံပြုလိုပါသည်။

ပြည်တော်ပြန် အိပ်မက် အလှမ်းဝေးနေဆဲ …


 
မြန်မာပြည်မှာ “အပြောင်းအလဲတွေ” တသီတတန်းဖြစ်ထွန်းနေပါပြီလို့ အစိုးရက နိုင်ငံတကာမိသားစုကို ထုတ်ဖော်ပြသနေပေ မယ့် အိမ်နီးချင်း ထိုင်းနိုင်ငံကမြန်မာဒုက္ခသည် ထောင်ပေါင်းများစွာအတွက်တော့ ပြည်တော်ပြန်ဖို့အရေးဟာ အလှမ်းဝေး နေ တဲ့ အိပ်မက်ပမာ ရှိနေဆဲပါ။
ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း(ဓာတ်ပုံ - မိုးကျော် / ဧရာဝတီ)
“တိုးတက်မှုက မြို့ကြီးတွေမှာလောက်ပဲ မြင်ရတာ၊ ငါတို့ မွေးရပ်မြို့လေးမှာဆို ဘာမှမတိုးတက်ဘူး”လို့ သူ့အိမ်ရှေ့က ဝရန် တာလေးမှာထိုင်ရင်း အသက် ၆၁ နှစ်အရွယ် ကရင်အမျိုးသား စောရော်က ဧရာဝတီကို ပြောပြပါတယ်။ သူဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် မယ့်စရီးယမ်း မြို့နယ်မှာရှိတဲ့ မယ့်လာဦး ဒုက္ခသည်စခန်းက ဒုက္ခသည် တဦးဖြစ်ပါတယ်။
အေးလှတဲ့ ဆောင်းရာသီမနက်ခင်းမှာ ကရင်ပြည်နယ်ဖွား စောရော်တယောက် အိမ်ရှေ့မှာထိုင်ရင်း သူ့ရဲ့တရုတ်နိုင်ငံထုတ် ရေ ဒီယိုလေးနဲ့ အာရ်အက်ဖ်အေ မြန်မာပိုင်း အစီအစဉ်ကို နားထောင်နေပါတယ်။ သူ့အတွက်တော့ အာရ်အက်ဖ်အေဟာ သူ့နိုင်ငံက သတင်းတွေသိခွင့်ရတဲ့ တခုတည်းသော သတင်းဌာနပါပဲ။
“ငါတို့ အိမ်ပြန်ရမယ့်ရက်က အဝေးကြီးလိုသေးတယ် ထင်တာပဲ” လို့လည်း စောရော်က မျှော်လင့်ချက်မဲ့တဲ့အသံနဲ့ ခေါင်းခါပြီး ဆက်ပြောပါတယ်။ ဒီလိုမျှော်လင့်ချက်မဲ့နေမှုဟာ နှစ်ပေါင်း ၃၀ ကျော်ကြာ သူတို့အိမ်လို့ သူတို့ခေါ်ဝေါ် သတ်မှတ်ခဲ့ကြတဲ့ ဒီ အထီးကျန် ဒုက္ခသည်စခန်းက ဒုက္ခသည် ၄၀၀၀၀ ကျော်ကြားမှာတွေ့နေရတဲ့  စိတ်ခံစားမှု လက္ခဏာဖြစ်ပါတယ်။
အစိုးရစစ်တပ်က စစ်ဆင်ရေးဆင်နွှဲပြီး သူ့ရွာဖျက်ဆီးခံလိုက်ရတဲ့နောက် ၁၉၈၀ အစောပိုင်းမှာ စောရော်ဟာ သူ့မွေးရပ်မြို့ကနေ ထွက်လာခဲ့တာပါ။ အဲ့ဒီအချိန်မှာ “ယာယီ” နားခိုစရာလို့ သူထင်ထားခဲ့တဲ့ ဒုက္ခသည် စခန်းဟာ နှစ်ပေါင်း ၃၀ နီးပါးကြာပြီးတဲ့နောက်မှာလည်း သူ့ရဲ့ “အိမ်” အဖြစ် ဆက်လက်တည်ရှိနေပါတော့တယ်။
စောရော်လိုပဲ ခန့်မှန်းခြေ ၁၄၀၀၀၀ လောက်ရှိတဲ့ မြန်မာဒုက္ခသည်တွေဟာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ နေ ထိုင်လျက်ရှိကြပါတယ်။
ကရင်အမျိုးသား အစည်းအရုံး (KNU) လို တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေဟာ သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက် အစိုးရကို ၁၉၄၈ ခုနှစ်ကတည်းက စတင်တော်လှန်တိုက်ခိုက်ခဲ့ကြပေမယ့် အစိုးရကတော့ အာဏာခွဲဝေမယ့်ကိစ္စကို သူတို့နဲ့ဆွေးနွေးဖို့ အခုထိ ဆန္ဒမရှိသေးပါဘူး။
မကြာသေးခင်က မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အပြောင်းအလဲ လက္ခဏာတွေဟာ မြို့ပြဒေသတွေ အတွက် လောက်ပဲဖြစ် တယ်ဆိုတာကို သူသဘောတူတယ်လို့ မယ်လဒုက္ခသည်စခန်း ဥက္ကဌဖြစ်သူ ကိုထွန်းထွန်းက ဧရာဝတီကို ပြောပါတယ်။
သူဆိုလိုတဲ့ မြို့ပြဒေသတွေဟာ ဗြိတိသျှကိုလိုနီကာလမှာ မြန်မာပြည်မလို့ လူသိများပြီး တိုင်းရင်းသား ပြည်နယ်တွေ မပါဘဲ သီးခြား အုပ်ချုပ်ခဲ့တဲ့ နယ်ပယ်တွေဖြစ်ပါတယ်။
“ဒုက္ခသည်တွေ နေရပ်ပြန်ရေးကတော့ အဝေးကြီးလိုသေးတယ်လို့ ကျနော်ထင်တယ်။ တိုင်းရင်းသားတွေရဲ့မွေးရပ်မြေတွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ဖော်ဆောင်နိုင်မှပဲ ဒီကိစ္စက ဖြစ်နိုင်ပါလိမ့်မယ်”လို့ ကိုထွန်းထွန်းက ဆိုပါတယ်။
မြန်မာပြည်ရဲ့ တိုင်းရင်းသားပြည်နယ်တွေမှာ တင်းမာမှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ရှိနေပေမယ့် ထိုင်း အစိုးရ ကတော့ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ပို့လိုတဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို ထပ်တလဲလဲ ထုတ်ဖော်နေပါတယ်။
ထိုင်းအစိုးရရဲ့ ဒုက္ခသည်ပြန်ပို့ရေး တောင်းဆိုချက်တွေဟာ ပြီးခဲ့တဲ့နှစ် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအသစ် တက် လာတဲ့အချိန်မှာ ပိုလို့ကျယ်လောင် လာခဲ့ပါတယ်။
ဒုက္ခသည်တွေအနေနဲ့ အိမ်ပြန်ဖို့ စိတ်အားထက်သန်နေကြတယ်၊ ဒါပေမယ့် ပြည်တွင်းမှာ မကြာသေးခင်က အပြောင်းအလဲ
တွေဖြစ်ခဲ့သလို လက်နက်ကိုင် ပဋိပက္ခတွေလည်း ရှိနေသေးတယ်၊ အထူးသဖြင့် ကချင်ပြည်နယ်မှာ ပိုပြီးကြီးထွားလာနေ တယ် လို့ ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့(TBBC)ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဆယ်လီ သွမ်ဆင် (Sally Thompson) က ဧရာဝတီကို ပြောပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာပဲ ရွှေ့ပြောင်းနေရတဲ့ တိုင်းရင်းသား ဒုက္ခသည် ၅၀၀၀၀၀ လောက် မြန်မာပြည်ရဲ့အရှေ့ဘက်၊ မြောက်ဘက်နဲ့ တောင်ဘက်တွေမှာ ရှိနေကြတယ်လို့လည်း သူက ဆိုပါ သေးတယ်။
“ဒုက္ခသည်တွေ တချိန်မှာသူတို့အိမ်ပြန်နိုင်ကြလိမ့်မယ်လို့ ကျမတို့ အမြဲတမ်းမျှော်လင့်ပါတယ်”လို့ ဆယ်လီကဆိုပါတယ်။ ဒါ
ပေမယ့် ဘယ်တော့ဖြစ်မလဲဆိုတာကိုတော့ သူမခန့်မှန်းနိုင်ပါဘူးလို့ ထပ်ပြောပါတယ်။
တတိယနိုင်ငံတွေမှာ သွားရောက်အခြေချတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၇၀၀၀၀ လောက်ရှိသွားပြီဖြစ်ပေမယ့် ဒုက္ခသည် စခန်းမှာကျန်ရှိနေတဲ့ အတော်များများကတော့ မြန်မာပြည်ကိုပြန်ရဖို့ မျှော်လင့်နေကြတာမို့ အဲ့ဒီနိုင်ငံတွေမှာ သွားအခြေချမယ့်နည်းလမ်းကို မရွေးချယ်ကြဘူးလို့လည်း ဆယ်လီက ဆိုပါသေးတယ်။
“ငြိမ်းချမ်းရေးရရင် အိမ်ပြန်မှာပေါ့”လို့ အသက် ၅၄ နှစ်အရွယ် ဖောမူနန်းက ဧရာဝတီကို ပြောပြပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၂၅ နှစ် ကတည်းက မြန်မာပြည်ကနေ ထွက်လာခဲ့သူဖြစ်ပြီး လောလောဆယ်မှာ မယ့်လာဦး ဒုက္ခသည်စခန်းရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူနေသူပါ။
“သူတို့မြို့တွေမှာ အစိုးရစစ်သားတွေမရှိဘူးဆိုရင် ဒုက္ခသည်တော်တော်များများ အိမ်ပြန်သွားကြပြီပေါ့”လို့လည်း ဖောမူနန်းက ဆိုပါသေးတယ်။
၁၉၈၄ နဲ့ ၁၉၉၇ အကြားမှာ အစိုးရတပ်က ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာရှိတဲ့ KNU စခန်းတွေအပြင် သူ့ရဲ့ ပန်းဟက်ရွာ အပါအဝင် အရပ်သားတွေနေထိုင်တဲ့ ရွာတွေကိုလည်းသိမ်းယူခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သူလည်း ကရင်ပြည်နယ်ကနေ ထိုင်း-မြန်မာနယ်စပ်ကို ထွက်လာခဲ့ပါတယ်။
ဘာသာတရားအပေါ်ယုံကြည်ကိုင်းရှိုင်းမှုဟာ ကရင်တိုင်းရင်းသားတွေ အတော်များများအကြားမှာ အားကောင်းတဲ့ အလေ့ အထ တခု ဖြစ်ပါတယ်။ သူတို့ရဲ့ ပြည်တော်ပြန်အိပ်မက်တွေ အကောင်အထည်ပေါ်စေဖို့ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းမှာ ဆုတောင်းကြပါတယ်။
ဇန်နဝါရီလ ၁၂ ရက်နေ့ KNU ခေါင်းဆောင်တွေနဲ့ အစိုးရကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးစကားပြောနေချိန်မှာ ဂျပန်၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန် နဲ့ အခြား ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအပါအဝင် ကမ္ဘာအနှံ့မှာရောက်ရှိနေကြတဲ့ ကရင်ပြည်သူတွေကလည်း ကရင်ပြည်နယ်ငြိမ်းချမ်းရေး အတွက် ဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။
အစိုးရနဲ့ KNU ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ ရလဒ်ကတော့ အချက် ၁၁ ချက်ပါတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူချက် ကို ပဏာမအဆင့်အနေနဲ့ အဲဒီနေ့မှာပဲ လက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ သဘောတူချက်အရ KNU အနေနဲ့ ဆက်သွယ်ရေး ရုံးတွေဖွင့်ခွင့်ရမှာဖြစ်ပြီး အစိုးရအနေနဲ့လည်း အရပ်သားတွေအပေါ် အဓမ္မ လုပ်အားပေးခိုင်းစေနေတာ တွေ၊ ဥပဒေမဲ့ ထင် သလို အခွန်ကောက်ခံနေတာတွေနဲ့ ခြိမ်းခြောက်ငွေညှစ်တာတွေကို အဆုံးသတ်သွားအောင် တာဝန်ယူဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဒီလို သဘောတူညီချက်တွေ ရှိပေမယ့်လည်း စစ်ပြေးဒုက္ခသည်တွေကတော့ သူတို့ ဘယ်အချိန် လုံလုံခြုံခြုံနဲ့ အိမ်ပြန်ခွင့်ရ မလဲဆိုတဲ့အပေါ် မရေမရာရှိနေဆဲဖြစ်ပါတယ်။ လက်ရှိအခြေအနေတွေကို အကောင်းဘက်ကမြင်တယ်လို့ ဒုက္ခသည်တချို့က ဆိုပါတယ်၊ ဒါပေမယ့် သိပ်မဝေးတော့တဲ့ကာလမှာ အိမ်ပြန်နိုင်လိမ့်မယ်ဆိုတာကိုတော့ လူအနည်းငယ်ကပဲ ယုံကြည်ကြပါတယ်။
အခုအချိန်မှာ အတော်လေးငြိမ်သက်နေတယ်လို့ဆိုနိုင်တဲ့ ကရင်ပြည်နယ်ရဲ့အခြေအနေဟာ စစ်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ် နေ တဲ့ ကချင်ပြည်နယ်နဲ့တော့ လုံးဝဖီလာဆန့်ကျင်ဖြစ်နေပါတယ်။
အစိုးရက ကချင်ပြည် လွတ်လပ်ရေးတပ်မတော်(KIA)ကို ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး စစ်ဆင်ရေးဆင်နွှဲခဲ့တာမို့ ၁၇ နှစ်ကြာ နှစ် ဘက်အပစ်အခတ်ရပ်စဲရေး သဘောတူချက်ဟာလည်း ပျက်ပြားသွားခဲ့ရပါတယ်။ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)ပြော
ရေးဆိုခွင့်ရှိသူ ဦးလနန်ကတော့ အစိုးရဘက်က ဟယ်လီကော်ပတာတွေ သုံးနေတာဟာ ဒဏ်ရာရ ရဲဘော်တွေကို စစ်မြေပြင် ကနေ သယ်ထုတ် သွားဖို့အတွက်သာ မဟုတ်ဘဲ နိုဝင်ဘာ၂၅ ၇က်နေ့ကစပြီး လက်နက် ခဲယမ်းတွေနဲ့ စစ်သားတွေကို စစ်မြေပြင်ဆီ ပို့ဖို့အတွက် ဖြစ်တယ်လို့ ဧရာဝတီကို ပြောပြပါတယ်။
ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ကချင်ပြည်သူ ၄၅၀၀၀ ကျော်ဟာ မိမိတို့နေရပ်ရင်းကို စွန့်ခွာထွက်ပြေးခဲ့ကြ ရပြီး သူတို့ ဘယ်အချိန်အိမ်ပြန်လို့ရမယ်ဆိုတာကို ပြောဖို့ခက်တယ် လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
“အစိုးရအနေနဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး မတည်ဆောက်ဘူးဆိုရင် စစ်ပွဲတွေ ရေရှည် လိမ့်မယ်”လို့ ဦးလနန်က သတိပေးပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အမေရိကန်နိုင်ငံ မက်ဆာချူးဆက် ပြည်နယ် ကိန်းဘရစ်ခ်ျမြို့အခြေစိုက် လူ့အခွင့်အရေး အတွက် သမားတော်များ(Physicians for Human Rights)အဖွဲ့က ကချင်ပြည်နယ်မှာ အစိုးရတပ်ဖွဲ့တွေက လူ့ အခွင့်အရေးချိုးဖောက် မှုတွေ၊ ရက်စက်ယုတ်မာမှုတွေရှိနေတယ်လို့ စွပ်စွဲပြောဆိုတာတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီစုံစမ်းစစ်ဆေးမှုအရ ၂၀၁၁ ဇွန်လနဲ့ စက်တင်ဘာလအတွင်းမှာ အစိုးရတပ်က အရပ်သားတွေ ဆီကနေ စားနပ်ရိက္ခာတွေ လုယူခဲ့တယ်၊ ရွာတွေထဲကို လက်လွတ်စပယ်ပစ်ခတ်ခဲ့တယ်၊ ရွာသားတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်၊ ပြီးတော့ သူတို့ကို ပေါ်တာအဖြစ်၊ မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခဲ့တယ်ဆိုတာတွေကို တွေ့ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် ကချင်သတင်းဌာန(KNG)ရဲ့အဆိုအရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Cliton) မြန်မာနိုင်ငံမှာ သမိုင်းဝင်အလည်အပတ်ခရီးအဖြစ် ရောက်ရှိနေတဲ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာလည်း အစိုးရတပ်ဖွဲ့တွေက သာမန် ကချင်ပြည်သူတွေကို သတ်ဖြတ်ပြီး သူတို့အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။
နိုင်ငံတကာမိသားစုအနေနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးအားမြှောက်ပြုသင့်တယ်၊ ဒါပေ မယ့် ဆိုးဆိုးဝါးဝါး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့ အထူးသဖြင့် လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခဒဏ် ခံနေရ တဲ့ ဒေသတွေက ချိုးဖောက်မှုတွေကိုတော့ လျစ်လျူ မရှုသင့်ဘူးလို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေသူ အက်ရှ်လေ ဆောက်သ်(Ashley South) က ပြောပါတယ်။
တိုင်းရင်းသားအင်အားစုတွေရဲ့ ပြင်းပြတဲ့ဆန္ဒနဲ့ နစ်နာချက်တွေကို အရေးတယူ ကိုင်တွယ်ဆောင်ရွက်ခြင်းမရှိဘဲနဲ့ တိုင်းပြည် ရဲ့လူမှုရေးနဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ထိုင်းနဲ့ အခြားနိုင်ငံတွေမှာရောက်နေကြတဲ့ ဒုက္ခသည်တွေဟာ ဘယ်နေ့ ပြန်ရမယ်ဆိုတာ မသေချာပေ မယ့် သူတို့နိုင်ငံ ပြန်ရမယ့်နေ့ အတွက် ဆက်လက် ဆုတောင်းနေကြဆဲပါ။ ဒုက္ခသည်စခန်းမှာပဲ သူ့ဘဝရဲ့အချိန်အများစုကို ကုန်ဆုံးခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် မောလူးကတော့ သူ့အနေနဲ့ မိုက်ရူးရဲ ဆန်ပြီး အိမ်ကိုအလောတကြီးပြန်ဖို့ မကြိုးစားချင်ဘူးလို့ ပြောပါတယ်။
တတိယနိုင်ငံတခုခုကိုသွားတာဟာ သူ့အတွက်ရော သူ့ရဲ့ “နောက်မျိုးဆက်တွေ” အတွက်ပါ ပိုကောင်းတဲ့ ရွေးချယ်စရာလမ်း တခုဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါပေမယ့် သူလည်း ငြိမ်းချမ်းရေးရတဲ့အချိန် တနေ့နေ့မှာ သူ့ ဘိုးဘေးဘီဘင်တွေ အခြေ ချခဲ့တဲ့မြေကို ပြန်မြင်တွေ့ရဖို့ မျှော်လင့်နေဆဲပါပဲ။
သူက ရယ်လျက်“အဲ့ဒီအချိန်ဆို ငါလည်း အဘိုးကြီး ဖြစ်ကောင်း ဖြစ်နေလောက်ပြီ” တဲ့။   ။

Thursday, February 2, 2012

ခြေတွေလက်တွေမရှိပေမယ့် ဘ၀ကိုအရှုံးမပေးတဲ့ သတ္တိခဲမလေး




သာမာန်ရိုးရိုး သူလို ကိုယ်လိုမဟုတ်ဘူး ။ သူမမှာ ကျွန်တော်တို့ နဲ့မတူတဲ့ ခြားနားချက်များစွာရှိတယ် ။ သူမမျက် ၀န်းတွေဟာ အစဉ်ရီဝေနေတတ်ပေမယ့် အမြဲရွှန်းလဲ့တောက်ပနေခဲ့တယ် ။ သူမဟာ ဘယ်လို လူသားမျိုးလဲ ကမ္ဘာမြေပေါ်မှာ သူမ ဘယ်လို အသက်ရှင်သန်နေသလဲ ဘယ်လို အဓိပ္ပါယ်တွေနဲ့ဘ၀ကို ရှင်သန်နေခဲ့သလဲ ။



သူမ နာမည်က Qian Hong Yan လို့ခေါ်ပါတယ် ။ မတော်တဆမှုတစ်ခုကြောင့် သူမ ခြေတွေ ငယ်ငယ်က တည်းက ဆုံးရှုံးခဲ့ရတယ် ။ ဒီနေရာမှာ ကျွန်တော်တို့ သူမကို ဒုက္ခိတ လို့မသုံးသင့်ဘူးမဟုတ်လား ။ သူမကို ကံမကောင်း အကြောင်းမလှလို့ ခြေလက်မစွမ်းရှာသူလို့ပဲ ကျွန်တော်တို့ မြင်ရမယ်မဟုတ်လား ။

တရုတ်ပြည်မှာ ရှိတဲ့ သူမ မိသားစုဟာ ဆင်းရဲချို့တဲ့လွန်းပါတယ် ။ ခြေတု တပ်ဆင်ဖို့ လောက်ငွေကြေးကို သူတို့မစွမ်း သာခဲ့ကြဘူး ။ ဒါကြောင့် သူမ တနေရာကနေ တနေရာကို ရွေ့သွားဖို့အတွက် ပုံမှာ မြင်ရတဲ့အတိုင်း ဘတ်စ် ကတ်ဘောလုံးတစ်လုံးကို အသုံးပြုနေခဲ့ရတယ် ။

Qian ဟာ သစ်သားနဲ့လုပ်ထားတဲ့ ဒေါက်လေးနှစ်ကို သူမကိုယ်သူမှ “ မ ” ဖို့ အသုံးပြုနေရတယ် ။ ဒါပေမယ့် သူမက ငယ်စဉ်ကတည်းက ဂျီးများတတ်တဲ့သူတစ်ယောက်မဟုတ်ခဲ့ဘူး ။ သူမမှာ လဲလှယ်အ သုံးပြုဖို့ ဘော လုံး ခြောက်လုံးရှိပါတယ် ။



သူမ အတန်းပညာသင်ယူဖို့ ကျောင်းတတ်နေတဲ့ပုံပါ ။



သူမ ကိုဘယ်အချိန်ကြည့်ကြည့် အမြဲပြုံးနေခဲ့တယ် ။



အသက်အရွယ်ကြီးလာလည်း ပြုံးနေမြဲ ။





သူမကို ကျွန်တော် ဦးညွှတ်လေးစားပါတယ် ။ ကျွန်တော်တို့သာဆိုရင်ရော ဒီလို ခံနိုင်ရည်ရှိပါ့မလား

ဘ၀ကို နေထိုင်ဖြတ်သန်းတဲ့အခါ အမြဲပဲ အကောင်းမြင်ပါ ။ ကျွန်တော်တို့ဟာ ခြေတွေလက်တွေရှိရက်နဲ့ ဟင်းမကောင်းဘူး ၊ ဒါမစားချင်ဘူး ၊ ဟိုဟာ ၀ယ်ပေးပါ ဒီဟာ ၀ယ်ပေးပါ ၊ သူတို့ ၀တ်သလို ၀တ်ချင်တယ် ၊ မုန့်ဖိုးမလောက်ဘူး စသဖြင့် စသဖြင့် အကြောင်းပြချက်များစွာနဲ့ ဘ၀ကို အပေါ်ယံ ဖြတ်သန်းနေခဲ့ကြတယ် ။ ကျွန်တော်တို့ သူမနဲ့ယှဉ်ကြည့်လိုက်ရင် သူမ သတ္တိကို ကျွန်တော်တို့ လိုက်မှီနိုင်ပါ့မလား ။ သူမ အမြဲပြုံးနေသလို ကျွန်တော် တို့ ပြုံးနေခဲ့ကြရဲ့လား ??????? လူတိုင်းဟာ ကိုယ့်ဘ၀သာလျှင် ဆိုးတာတွေကြုံရတယ် ကိုယ်သာလျှင် အဆင်မပြေမှုတွေနဲ့ကြုံရတယ် စသဖြင့် ညည်းတွားလေ့ရှိကြတယ် ။ တကယ်တော့ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို သေသေချာချာလေး လေ့လာကြည့်ကြစမ်းပါ ။ ကျွန်တော်တို့ ထက်ဆိုးတဲ့ဘ ၀တွေ ရေတွက် လို့မရအောင် အများကြီးရှိပါတယ် ။ ကျွန်တော်တို့အားလုံး ယခုအချိန်ကစလို့ မိမိကိုယ်ကိုယ် အားငယ်နေ တဲ့စိတ်တွေ ဘ၀ကို အရှုံးပေးချင်တဲ့စိတ်ဓါတ်တွေကို အပြီးအပိုင်ဖယ်ရှားလိုက်ကြပါစို့ ။