Thursday, November 3, 2011
အမေရိကန် သံ နှစ်ဦး နှင့် ဒေါ်စု တစ်ချိန် တည်း တွေ့ မည်
ASSK Bagan Tripအမေရိကန် အစိုးရ ဒီမိုကရေစီ ၊ လူ့  အခွင့်အရေး နဲ့  အလုပ်သမား ရေးရာ လက်ထောက် ၀န်ကြီး
မိုက်ကယ် ပို့စ်နာ နဲ့  မြန်မာ နိုင်ငံ ဆိုင်ရာ ညှိုနှိုင်းရေမှုး နဲ့  အထူး အကြံပေး ပုဂ္ဂိုလ် ဒဲရက်(ခ)
မစ်ချလ် တို့  ကို မြန်မာ့ ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က နိုဝင်ဘာလ ၃ ရက်
နေ့ မှာ တစ်ချိန် တည်း လက်ခံ တွေ့ ဆုံ မှာ ဖြစ်ပါတယ်။
မိုက်ကယ် ပို့ စနာ ဟာ ဒီနေ့  မြန်မာ ပြည် ကို ရောက် ရှိလာပြီး မနက်ဖြန် မှာ ရောက် ရှိလာမယ့်
ဒဲရက်(ခ) မစ်ချလ် နဲ့  အတူ မြန်မာ အစိုး ရ တာဝန် ရှိ သူ တွေ နဲ့  ဆုံ တွေ့ မှာ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့ မှာ တော့ သူ တို့  ဟာ မြန်မာ နိုင်ငံ က ပြန်လည် ထွက် ခွာ မှာ ဖြစ်ပါတယ်။
အမေရိကန် အစိုးရ ရဲ့  အထူး သံ ဒဲရက်(ခ) မစ်ချလ် ဟာ မြန်မာ ပြည်ကို နှစ်လ အတွင်း ၃ ကြိမ်မြောက်
လာရောက် သူ ဖြစ်ပါတယ်။
Wednesday, November 2, 2011
ပြည်ထောင်စု လွှတ်တော် နာယက ဆုံးဖြတ်ချက် အောက်လွှတ်တော် ပယ်ဖျက်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်ခြင်း မရှိသည့် ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးရန် အောက်လွှတ်တော်မှ အင်္ဂါနေ့တွင် အဆိုတင်သွင်းရာ အဆိုကို ကန့်ကွက်သူ မရှိ အတည်ပြုလိုက်သည်ဟု လွှတ်တော်အမတ်များက ပြောသည်။
အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် “လွှတ်တော် မှ အတည်ပြုပြီးဖြစ်သည့် ဥပဒေကြမ်းများကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ ပေးပို့ စိစစ်ပြီး ပြီးမှသာ သမ္မတက လက်မှတ်ထိုးပြီး ဥပဒေ အဖြစ် ထုတ်ပြန်ရန်” ဟူသည့် ဦးခင်အောင်မြင့်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ရန် အောက်လွှတ်တော် အခွင့်အရေး ကော်မတီ ဒေါက်တာစိုးရီမှ အဆို တင်သွင်းခြင်း ဖြစ်သည်။
ဒေါက်တာစိုးရီ၏ အဆိုတွင် “ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ လုပ်ပိုင်ခွင့်မှာ ဥပဒေပြဋ္ဌာန်းပြီးနောက် အငြင်းပွားမှုများ ပေါ်ပေါက်လာမှသာ ခုံရုံးသို့တင်သွင်း၍ ဆုံးဖြတ်ချက် ရယူရမည်။" ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၆) တွင် ပြဋ္ဌာန်းထားခြင်းကြောင့် ဦးခင်အောင်မြင့်၏ ဆုံးဖြတ်ချက်သည် အခြေခံ ဥပဒေ
နှင့် ကိုက်ညီမှု မရှိကြောင်း ပါရှိသည်ဟု လွှတ်တော်အမတ်များက ပြောသည်။
meetlotdaw2
ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်ခြင်း မရှိသည့် ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးရန် အဆိုတင်သွင်းရာ အောက်လွှတ်တော်မှ အဆိုကို ကန့်ကွက်သူ မရှိ အတည်ပြုလိုက်သည်ဟု လွှတ်တော်အမတ်များက ပြော (ဓါတ်ပုံ မဇ္ဈိမ)
ယင်းအပြင် ဒေါက်တာစိုးရီက “ လွှတ်တော် နာယကသည် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြီး ဖြစ်သည့်
ဥပဒေကြမ်းများကို ဥပဒေ အဖြစ် ထုတ်ပြန်နိုင်ရန် သမ္မတထံသို့ ပေးပို့ရမည်။ ” ဟူသည့် ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ နည်းဥပဒေ အပိုဒ် (၁ဝ၆)တွင် ပြဋ္ဌာန်းထားသည်ကိုလည်း ကိုးကား တင်ပြသွားခဲ့သည်။
ဦးခင်အောင်မြင့်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးရန် အင်္ဂါနေ့ ဆွေးနွေးရာ အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှလည်း “ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်သည်၊ လွှတ်တော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်။” ဟု ဆိုလိုက်ပြီး ယင်းဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လွှတ်တော်အတွင်း ပြန်လည်ကာ “အဆိုတင်သွင်း ဆွေးနွေးမှုပြုနိုင်ခြင်းသည် နိုင်ငံတော်နှင့် လွှတ်တော်၏ ဂုဏ်သိက္ခာကို ပြန်လည်ရရှိသည်။” ဟုထည့်သွင်းဆွေးနွေးသွားကြောင်း ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြပါရှိသည်။
အောက်လွှတ်တော်၏ ပယ်ဖျက်ပြီးနောက် အထက်လွှတ်တော်သို့ တနေ့တည်းတွင်ပင် ပေးပို့အကြောင်းကြား လိုက်သည်။ သို့ဖြစ်၍ ပြည်ထောင်စု လွှတ်တော်တွင် ပြန်လည် ဆွေးနွေးမှုပြုရမှာ ဖြစ်သည်။
ဒေါက်တာစိုးရီ၏ အဆိုကို ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်မှ ဦးဘရှိန်၊ ကြံ့ခိုင်ရေးပါတီဝင်များဖြစ်သည့် အမ်းမြို့ မဲဆန္ဒနယ်မှ ဦးသိန်းဆွေ၊ ညောင်တုန်းမြို့နယ် မဲဆန္ဒနယ်မှ ဦးအောင်မြသန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု၊ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူတို့မှ ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
ယောကျာ်းလေးနှင့်မိန်းကလေး စိတ်ခံစားမှု့ ကွာခြားချက်
မိန်းကလေးတွေက ညာပြောတဲ့စကားကိုတောင်မှ အမှန်လို့ယုံကြည်ချင်တယ်..
ယောကျာ်းလေးတွေက အမှန်ပြောတဲ့စကားကိုတောင် ညာပြောတယ်လို့သံသယရှိကြတယ်.
မိန်းကလေးတွေက စတိုင်ရှိတဲဆေးလိပ်လို့ စဉ်းစားပြီး သောက်တယ်..
ယောကျာ်းလေးတွေက အရသာရှိတဲကဆေးလိပ်လို့ စဉ်းစားပြီးသောက်တယ်.
မိန်းကလေးတွေက တစ်စုံတစ်ခုကို မပြုလုပ်ခင်မှာ ဖြစ်ပေါ်လာမဲ့ အကြောင်းအရာတွေကို စဉ်းစားထားပြီး..
ယောကျာ်းလေးတွေက တစ်စုံတစ်ခုကို ပြုလုပ်ပြီးမှ ထွက်ပေါ်လာတဲ့ အကြောင်းအရာတွေကို ညှိယူတယ်.
မိန်းကလေးတွေက ချစ်တဲ့ယောကျာ်းလေးအပေါ် စိတ်ပျက်မှ ပထမဆုံးအေနနဲ့ ဖောက်ပြန်ပြီး..
ယောကျာ်းလေးတွေက ချစ်တဲ့မိန်းကလေး ရှိနေတာတောင်မှ ဖောက်ပြန်ကြတယ်.
မိန်းကလေးတွေက ကိုယ်စိတ်ဝင်စားတဲ့ အရာတွေမှာ စိတ်မ၀င်စားချင်ယောင်ဆောင်ပြီး..
ယောကျာ်းလေးတွေက ကိုယ်စိတ်ဝင်စားတဲ့ အရာတွေကို အမြန်ဆုံးသိရအောင် ကြိုးစားကြတယ်.
မိန်းကလေးတွေက ရှုံးနိမ့်မှု့တွေမှာတောင် စိတ်ဝင်စားမှု့ကို ဖော်ပြကြပြီး..
ယောကျာ်းလေးတွေက အောင်မြင်တော့မှ စိတ်ဝင်စားမှု့ကို ဖော်ပြကြတယ်.
မိန်းကလေးတွေက အမြဲတမ်း သူများအပေါ်မှာ မှီခိုချင်ပြီး..
ယောကျာ်းလေးတွေက အမြဲတမ်း ကိုယ့်ကိုကိုယ်ဘဲ မှီခိုချင်ကြတယ်.
ဇာဂနာ ရဲ့ လတ်တလော နိုင်ငံရေး ပြက်လုံးများ
အောက်တိုဘာ ၁၂ ရက်နေ့က မြစ်ကြီးနား အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် မီဒီယာများတွင် ပြောကြား ခဲ့သော နိုင်ငံကျော် လူရွှင်တော် ဇာဂနာ၏ နိုင်ငံရေး ပျက်လုံးများကို စုစည်း တင်ပြလိုက်ပါသည်။
မီးဖိုမှာချက်တယ်
“နောက်အင်တာနက်ပုဒ်မ အားလုံး အင်တာနက် သုံးတဲ့သူတွေပါ။ ဒီအင်တာနက် ပုဒ်မမှာ ကျနော့်ကို အမိန့်ချတဲ့ တရားသူကြီးက အင်တာနက်ဆိုတာ မသိဘူး။ ရယ်စရာ ဘယ်လောက်ကောင်းလဲဆို ခင်ဗျား မိုးသီးဇွန်တို့၊
အောင်ဒင်တို့နဲ့ ဘယ်မှာချက်လဲဆိုတော့ မီးဖိုမှာ ချက်တယ်လို့ ပြောတယ်။ စိတ်ဆိုးတယ်။ Meebo ဆိုတဲ့
ဝက်ဆိုက်က နာမည်လို့ ပြောတာ၊ ညနေမှ ကျနော်မသိလို့ပြောမိတာတဲ့။ ကွန်ပျူတာတောင် မကိုင်ဘူးတဲ့
အဲလိုလူက အမိန့်ချတာ”
Gmail မဟုတ် Email
“အစိုးရရှေ့နေက တရားရုံးမှာ ကိုဇာဂနာ ရှင့် Email ပြောတဲ့။ thura61@gmail.com ပေးတော့ ကျမ ပြောနေတာ အီးမေးလ် နော် … ဂျီမေးလ် မဟုတ်ဘူးတဲ့။ အဲလို ဘာမဟုတ်တဲ့ အမှုတွေအတွက် ကျနော်သုံးနှစ်ကျော်နေရတာ များတောင် များသေးတယ်”
Yangon Press International အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်
ရောင်စုံဘောလုံး လေးဖြူဆိုသလို
“သမ္မတလည်း ပြောထားတဲ့စကားရှိတယ်လေ။ အဲဒီပြောထားတဲ့ စကားတွေထဲမှာ အမျိုးသားရင်ကြား ပြန်စေ့ရေးတို့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့ ဆိုပြီး ပြောပြီးတော့ အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့ အခါကြတော့ ဘာနဲ့တူသလဲဆိုတော့ လေးဖြူကို ရောင်စုံဘောလုံး သီချင်းဆိုခိုင်းသလိုဖြစ်သွားတယ်။ လေဖြတ်နေတဲ့ မယ်ကြီး
အိုကြီးကို မိတ်ကပ်လိမ်း လွှတ်လိုက်သလိုပဲဗျာ။ ဘာမှကို ခံစားချက်က ပြောရမှန်းကို မသိလောက်အောင် ဆိုးတယ်”
BBC- မြန်မာပိုင်းအစီအစဉ် - အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်
မုန်တိုင်းကို ခဏရပ်ခိုင်းဖို့
“ကျနော့်ကိုချတော့ Video Act ဆိုတာပါတယ်။ အဲဒီ Video Act က ဘာလို့ သုံး နှစ်ချလဲလို့ ကျနော်မေးတော့
နာဂစ် မုန်တိုင်း ဓါတ်ပုံပါလို့တဲ့။ မုန်တိုင်းတိုက်တာနေတာ ဘာလို့လဲ။ ဆင်ဆာမတင်လို့တဲ့။ မုန်တိုင်း တိုက်တာ
ကို ဆင်ဆာ တင်ရဦးမှာလား။ ကျနော်ပြောတာ မုန်တိုင်းတိုက်တဲ့ အလုပ်ကို ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင် ပါရစေဦးလို့ ပြောလို့မရဘူးလေ”
Yangon Press International အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်
ဆိုမာလီဓါးပြလို
“စောစောပိုင်းကတော့ ရှိတယ်ဗျ။ ဒီနေ့လွတ်တဲ့ အပေါ်မှာ မူတည်ပြီးတော့ မရှိတော့ဘူး။ သိပ်ပြီးတော့ အားမရဘူး။ သိတဲ့အတိုင်းပဲလေ။ တို့တိတို့တိနဲ့ လုပ်တာ ကျနော်တို့က ဆိုမာလီ ဓါးပြတွေ အဖမ်းခံရတဲ့လူလို ဖြစ်နေတယ်။ ကျနော်တို့ကို ဘာနဲ့ပြန်ရွေးရမလဲ အဲလိုဖြစ်သွားပြီ။”
မဇ္ဈိမ - အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်
အတိုးနှုန်းပြောင်းတဲ့ လွတ်ငြိမ်းချမ်းသာခွင့်
“သမ္မတကြီးရဲ့ မေတ္တာစေတနာနဲ့ တနှစ် လျော့သွားတော့ ၃၄ နှစ်ပေါ့။ အခု သုံး နှစ် ငါး လ နေရတော့ Ten Percent ပေါ့၊ ဘဏ်က အခု အတိုးနှုန်း ပြောင်းသွားတယ်မို့လား Ten percent ။ အဲဒီထဲ ကျနော် ပါသွားတာပေါ့”
RFA - မြန်မာပိုင်း အောက်တိုဘာ ၁၂ ရက်
အသီးပုပ်များနှင့် ဂေါ်ပြား
“အသီးနှစ်သီးရော ဂေါ်ပြားရော ရှိတယ်။ နှစ်သီးလုံးက ပုပ်နေတော့ ဂေါ်ပြားပေါ်တာပေါ့။ ဒီသဘောပါပဲ။ ကျနော် သူတို့နဲ့လည်း မဆွေးနွေးရသေးဘူး။ တခြားလူတွေနဲ့သာ စကားပြောနေ ရတာ။ သူတို့ကိုလည်း ပွင့်ပွင့်လင်းလင်း
မေးစရာရှိတာမေးရဦးမယ်။ ကျနော်မကြိုက်ဆုံးစကားက သူတို့ရဲ့ အင်တာဗျူးထဲမှာ ပါတဲ့ ပြည်ပမှာရှိတဲ့ နိုင်ငံရေး သမားတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ပြော တဲ့စကားကို ကျနော် မကြိုက်ဆုံးပဲ။ အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ကို ပွင့်ပွင့်လင်းလင်း မေးရမယ်။ ကျနော့်စိတ်ထဲမှာ မကျေနပ်ရင်လည်း သူတို့ကို အမွေဖြတ်ဖို့ ဝန်မလေးပါဘူး။”
DVB - အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်
“ပြက်လုံးတော့ မပြောဘူးဗျို့။ သီးလေးသီးတွေ ခိုးချသွားမှာ ကြောက်လို့။”
RFA- မြန်မာပိုင်း၊ အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်
အားထားဖွယ်ရာ စတုတ္ထမဏ္ဍိုင်
“ပြောရေးဆိုခွင့် ရတယ်ပြောတာပဲ သတင်းစာတွေ၊ ဂျာနယ်တွေထဲမှတွေ့တာတော့ စတုတ္ထမဏ္ဍိုင်၊ စတုတ္ထမဏ္ဍိုင် လို့ပြောတာပဲ။ ကျနော်သိသလောက်တော့ အဲဒီ့ စတုတ္ထမဏ္ဍိုင်ဆိုတာ ဘာလဲလို့ လေ့လာတော့ စတုတ္ထမဏ္ဍိုင် ဆိုတာ ပြန်ကြားရေး ဝန်ကြီး ဖြစ်နေတာကိုးဗျ”
BBC- မြန်မာပိုင်း၊ အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်
မြန်မာ့ လွှတ်တော်အမတ်
"အိုင်စတိုင်းနဲ့ လူ လေးယောက်နဲ့ တွေ့တယ်။ တွေ့တဲ့အခါကျတော့ တယောက်က စပြောတယ်။ ဟာ ... အိုင်စတိုင်း
ရေ၊ ကျနော်ကတော့ ကျနော့်ရဲ့အိုင်ကျူက ၁၈ဝ ရှိတယ်ဗျတဲ့။ အဲဒီတော့ အိုင်စတိုင်းက လက်ဆွဲနှုတ်ဆက်ပြီး
ကောင်းပါပြီ မိတ်ဆွေ၊ ခင်ဗျားနဲ့ကျနော်နဲ့တော့ Quantum Physics  (ကွမ်တန်သီအိုရီ ရူပဗေဒ) အကြောင်း ကျနော်တို့ ဆွေးနွေးကြတာပေါ့တဲ့။”
“နောက်တယောက်က ကျနော်ကတော့ အိုင်ကျူ ၁၅ဝ ပဲရှိတယ်၊ အိုင်စတိုင်းဆိုတော့၊ ဟာ ... ကောင်းပြီဗျာတဲ့၊ ခင်ဗျားနဲ့ကျနော်တို့ နောက်ဆုံးပေါ် သင်္ချာသီအိုရီတွေ ဆွေးနွေးကြတာပေါ့တဲ့။ နောက်တယောက် ထပ်ပြောတယ်။ ကျနော်ကတော့ ၁၂ဝ ပဲရှိတယ်ဗျတဲ့။ ဟာ ... ခင်ဗျားနဲ့ကျနော်နဲ့ ရုပ်ရှင်အကြောင်း ဆွေးနွေးမယ်တဲ့။”
“နောက်ဆုံးလူကကျတော့ ထပြောတယ်။ မျက်နှာလေးက ပျက်လို့။ အိုင်စတိုင်းရေတဲ့၊ ကျနော်ကတော့ အိုင်ကျူ
၅ဝ ပဲ ရှိပါတယ်ဗျားတဲ့။ ဟား ... ဝမ်းသာသွားတယ် အိုင်စတိုင်းက။ အဆင်ပြေလိုက်တာဗျာ၊ ခင်ဗျား လွှတ်တော်
ထဲမှာ ဘာတွေတင်ပြခဲ့သလဲတဲ့”
VOA မြန်မာပိုင်း၊ အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်
နေတိုး မလုပ်နဲ့ ပြေတီဦးလုပ်
“တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သက်သူတွေအားလုံးကို တခုတော့ ပြောချင်တယ်ဗျာ။ အဲဒါကတော့ ‘နေတိုး’ တွေ မလုပ်ကြပါနဲ့၊ ‘ပြေတီဦး’ တွေ လုပ်ကြပါလို့၊ အဲဒါ ပြောချင်တယ်။ ‘နေတိုး’ ဆိုတာ NATO ‘No Action- Talk Only’ စကားတွေချည်းပဲ ပြောပြီး ဘာအလုပ်မှ မလုပ်တဲ့ ဟာတွေ မလုပ်ကြပါနဲ့။ ‘ပြေတည်ဦး’ တွေ လုပ်ကြပါ။ တိုင်းပြည် တည်ထောင်ဖို့အတွက်ကို ကျနော်တို့ ဦးခေါင်းထဲ ထည့်ပြီး ဦးတိုက်လုပ်ကြပါ၊ အဲဒါ ပြောချင်ပါတယ်။”
RFA မြန်မာပိုင်း အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်
ထူးဆန်းသောလက်ထပ်ခြင်းဓလေ့နှင့်ပွဲများ
ပန်းကန်ခွဲခြင်းဓလေ့---
     ဂျာမန်လူမျိုးများသည်လက်ထပ်ပွဲမကျင်းပမီမှာသတို့သာူသတို့သမီးရဲ့မိသားစုနဲ့သူငယ်ချင်းတွေက
     များပြားလှတဲ့ပန်းကန်တွေကိုကြမ်းပြင်မှာခွဲလိုက်ကြတယ်အဲ့လိုခွဲပြီးနောက်မှာသတို့သားနဲ့သတို့သမီးက
     အဲ့ဒီပန်းကန်တွေကိုနှစ်ယောက်အတူတူရှင်းလင်းရတယ်ဆိုလိုတာက..
     ပန်းကန်အကွဲတွေကိုနှစ်ယောက်အတူရှင်းလင်းခြင်းအားဖြင့်သူတို့ရဲ့ဘ၀သစ်ကိုအတူတူစလို့ရပြီဟု
     ယူဆကြပုံရတယ်ပြီးတော့ကံကောင်းခြင်းတွေသယ်ဆောင်လာတယ်လို့လည်းယုံကြည်ကြတယ်
   ဆွီဒင်နိုင်ငံရဲ့မင်္ဂလာဆောင်တွေမှာလာရောက်တဲ့ဧည့်သည်တွေဟာသတို့သားနဲ့သတို့သမီးကို
   နမ်းလို့ရတဲ့အခွင့်အရေးတွေရကြပါတယ်
   အကယ်လို့သတို့သမီးဟာအိမ်သာထဲကိုခဏ၀င်နေချိန်မှာအပြင်မှာကျန်ခဲ့တဲ့သတို့သားကို
   တတ်ရောက်လာတဲ့အမျိုးသမီးများက၀ိုင်းနမ်းခွင့်ရှိပါတယ်
   တကယ်လို့များဧည့်ခန်းထဲမှာသတို့သားကသတို့သမီးရှိရာသို့ကြည့်မနေဘဲတစ်ဖက်လှည့်ပြီး
   စကားပြောနေမယ်ဆိုရင်ယောက်ကျားလေးများဟာသတို့သမီးကိုနမ်းလို့ရပါတယ်
 သတို့သမီးကိုပြန်ပေးဆွဲခြင်းဓလေ့
   ဂျာမနီနိုင်ငံရဲ့ရွာငယ်လေးမှာပြုလုပ်လေ့ရှိတဲ့ဓလေ့ဖြစ်သည်သတို့သားသတို့သမီးရဲ့သူငယ်ချင်းများသည်
   သတို့သမီးကိုပြန်ပေးစွဲပြီးနောက်တစ်နေရာမှာဖွက်ထားကြရသည်
   ထို့နောက်သတို့သားကဖွက်ထားသောသတို့သမီးကိုရှာဖွေရသောဓလေ့ဖြစ်သည်
   ရျာဖွေရာတွင်သတို့သားသည်ပရိတ်သတ်များပါဝင်လာအောင်ဖိတ်ခေါ်ပြီးသတို့သမီးကိုရှာဖွေရသည်
   ပထမဦးဆုံးရွာရြ့အအေးဆိုင်လေးကစတင်ရျာဖွေရသည်ပြီးမှတခြားဖွက်ထားသည်ဟုထင်နေရသော
   နေရာကိုတစ်ပျော်တပါးရှာဖွေရသည်သတို့သမီးပြန်တွေ့ပြီးနောက်ပိုင်းမှာတော့သတို့သားကသူနဲ့အတူ
   သတို့သမီးရှာခဲ့တဲ့သူတွေကိုစတင်ရှာဖွေခဲ့တဲ့အအေးဆိုင်မှာအအေးဝယ်တိုက်ရပါတယ်
   ဒါဟာအဆိုးတွေကိုအဆုံးသတ်ဖို့အတွက်ပြုလုပ်ခြင်းလို့အားလုံးကလက်ခံယုံကြည်ကြပါတယ်
 သတို့သမီးဖိနပ်ထဲမှငွေအကြွေစေ့များ
   ဆွီဒင်လူမျိုးတွေရဲ့ရှေးဟောင်းအယူအစလေးပါ
   မင်္ဂလာဆောင်တော့မယ်သတို့သမီးရဲ့ဘယ်ဘက်ဖိနပ်ထဲကိုသတို့သမီးအဖေကငွေရောင်အကြွေစေ့လေး
   ထည့်ပေးရပါတယ်သတို့သမီးရဲ့ညာဘက်ဖိနပ်ထဲကိုတော့သတို့သမီးအမေကေ၇ွရောင်အကြွေစေ့လေး
   ထည့်ပေးရတယ်သတို့သမီးရဲ့ဘ၀တစ်လျောက်မရှိခြင်းတွေမရှိရလေအောင်ပြုလုပ်ပေးတာလို့လည်း
   ဆိုကြသည်
 ငွေအကြွေစေ့ကစားပွဲ
  နယ်လေးတစ်နယ်မှာတော့ဓလေ့လေးကတစ်မျိုးဖြစ်သည်သို့သားနှင့်သတို့သမီးသည်လက်ထပ်မင်္ဂလာပွဲ
  ပြီးတဲ့နောက်မှာငွေအကြွေစေ့ကစားပွဲကိုကစားလေ့ရှိကြသည်
  အနီရောင်သုတ်ထားတဲ့ဇလုံကြီးထဲမှာအကြွေစေ့များနှင့်တခြားတိုလီမိုလီပစ္စည်းများကိုထည့်ထားရပါသည်
  ပြီးနောက်အနီရောင်ရှိသောရေများကိုဇလုံထဲသို့လောင်းထည့်ကြပြန်တယ်မင်္ဂလာအခမ်းအနားပြီးနောက်
  သတို့သားမိဘအိမ်သို့ပြန်လာသောသတို့သားနှင့်သတို့သမီးသည်ဇလုံကြီးထဲသို့လက်နှိုက်ကာ
  ငွေအကြွေစေ့များကိုနှိုက်ယူကြပါသည်နှိုက်ယူရာတွင်ငွေအကြွေစေ့ကိုပဲဦးစားပေးနှိုက်ယူကြပါသည်
  ထိုသို့ဖြင့်ဇလုံကြီးထဲလက်နှိုက်လိုက်ငွေအကြွေစေ့ကိုဆယ်ယူလိုက်နဲ့အကြိမ်ကြိမ်ပြုလုပ်ရပါသည်
  နောက်ဆုံးပြီးလို့ရေကြည့်တဲ့အခါမှာငွေအကြွေစေ့အများဆုံးနှိုက်ယူနိုင်တဲ့သတို့သား(သို့)သတို့သမီးဟာ
  ဒီအိမ်ကိုဦးစီးရတဲ့သူဖြစ်လာပါတယ်ဒါဟာကံကြမ္မာအရအိမ်ရြ့ဦးစီးကိုရွေးချယ်ပေးတဲ့ပွဲဆိုရင်လဲမမှားပါဘူး
ယောက်ျားလေး တို့ ၏ လျို့ဝှက်ချက်များ
ယောက်ျားလေး တို့၏ လျို့ဝှက်ချက်များ
 ကောင်မလေးတွေမသိတဲ့ကောင်လေးတွေအကြောင်း
 ယောက်ျားလေးတွေဟာ သူတို့ သဘာဝအတိုင်း တနေ့လုံးနီးပါး စတတ် နောက်တတ်ကြပေမယ့်
အိပ်ခါနီးလေးမှာတော့ သူတို့ ဂရုစိုက်တဲ့ (သူတို့ စိတ်ဝင်စားတဲ့ )မိန်းကလေးကိုအကြောင်းကိုတော့ တွေးကြစမြဲပါဘဲ .....
ယောက်ျားလေးတွေက ကောင်မလေးတွေ ထင်ထားတာထက် ပိုပြီး စိတ်ခံစားလွယ်ပါတယ်..
သူတို့ခေါင်းထဲက ချစ်ရတဲ့ကောင်မလေးကို ထုတ်ပြစ်ဖို့ဆိုတာ ထင်ထားတာထက် ပိုပြီးအချိန်ပိုကြာတတ်ပါတယ်...
Second တိုင်းအမျှ ခံစားရတတ် ပါတယ်...
သူတို့ဟာ သူတို့ချစ်တဲ့ ကောင်မလေးတွေရဲ့ အပြုံးမှာ ရူးသွပ်သွားတတ်ပါတယ်..
ချစ်ရသော မိန်းကလေးအတွက် သူတို့သာလျှင် စကားပြောဖော် ဖြစ်ချင်ကြပါတယ်..
သူတို့မှာရှိနေတဲ့ ပြဿနာကို ပြောပြနေခြင်းဟာ နားထောင်ပေးစေချင်တဲ့သဘောပါပဲ..
အကြံတောင်းနေတာ မဟုတ်ကြဘူး.. ဒါကြောင့် တိတ်တိတ်လေးနဲ့နားထောင်ပေးနေလိုက်ပါ.. :)
ပုံမှန်ပြောဆို စနောက်နေခြင်းဟာလည်း ကောင်လေး ဘယ်လောက်ချစ်ကြောင်း သက်သေ တစ်ခုပါပဲ..
ကောင်လေးချစ်တတ်တာ ကောင်မလေးထက် ပိုပါတယ်..
သူတို့ ကောင်မလေးတွေကို မိုက်တယ်. ချစ်စရာကောင်းတယ်လို့ပဲပြောတတ်ကြပါတယ်..
အဲ.. လှတယ် မဟာဆန်တယ် ဖြူစင်တယ်ဆိုရင်တော့ သူတို့ တကယ်ချစ်လို့ တကယ်ရင်ထဲက ခံစားနေရ လို့တဲ့..
ကောင်မလေးရှေ့မှာ မကောင်းတာတစ်ခု (something stupid) လုပ်ခဲ့မိတယ်ဆိုရင်
သူတို့ဟာ နောက်ရက်တော်တော်ကြာကြာတဲ့ ထိ တွေးနေတတ်ပါတယ်..
မဟုတ်ရင်တော့ နောက်တစ်ကြိမ်ကောင်မလေးနဲ့ တွေ့တဲ့ချိန်ထိ တွေးနေတတ်ပါတယ်..
သူ့တို့အပြစ်တွေကို မလုံလဲတဲ့ စိတ်တွေနဲ့နေရင်းပေါ့...
သူတို့ ပုံမှန်မဟုတ်ပဲ တိတ်ဆိတ်နေတယ် ဆိုရင်တော့ သူတို့စိတ်ထဲမှာ တစ်ခုခုကို အလေးအနက် တွေးနေတာပဲဖြစ်ပါတယ်..
သူတို့ ကောင်မလေးတစ်ယောက်ကြောင့် ရူးနေရပြီဆိုရင် သူတို့အမှန်တကယ်ပြောနေခြင်းသာဖြစ်ပါတယ်..
ပြောခဲတဲ့စကားလေးပါ.. တန်ဖိုးထားပေးလိုက်ပါ..
တစ်ယောက်တည်းနေခွင့်ပေးပါ ဆိုတာ ညာတာပါ.. ဆိုလိုရင်းကတော့ ငါပြောတာကို လာပြီး နားထောင်ပေးပါ..
ငါ့အနားမှာ ရှိနေပေးပါလို့ ဆိုလိုချင်တာသာဖြစ်ပါတယ်..
သူတို့စကားကို သေသေချာချာ ကျကျနန ပြောနေရင် ဂရုစိုက်ပေးပါ နားထောင်ပေးပါ.. မလှောင်ပါနဲ့.. မခနဲ့ပါနဲ့..
တစ်second ထက် ပိုပြီးကောင်မလေးအား ကြည့်နေခဲ့ရင် သူတစ်ခုခုကိုသေချာ တွေးနေလို့ပဲဖြစ်ပါတယ်..
ခန့်မှန်းရခက်တဲ့မိန်းကလေးတွေ ထူးခြားတဲ့မိန်းကလေးတွေ ရူးတူးတူးပေါချာချာ ကောင်မလေးတွေ :)
အကြောင်းကို ပိုတွေးတတ်ကြပြီး သူတို့အာရုံမှာ ထိုမိန်းကလေးများက မသိမသာ ပိုနေရာယူနေတတ်ကြပါတယ်..
သူတို့တစ်ယောက်ထဲ ပြဿနာအားလုံးကို မဖြေရှင်းနိုင်ပါဝူး.. သူတို့ ၀န်ခံဖို့ မရဲတာသာ ဖြစ်ပါတယ်..
သူတို့ ချစ်တဲ့ မိန်းကလေးရဲ့ ယုံကြည်အားကိုးမှုကို လိုချင်လို့ ပြဿနာတွေကို တစ်ယောက်တည်း ကျိတ်ဖြေရှင်းရခြင်းပဲ ဖြစ်ပါတယ်..
ကောင်မလေးနဲ့ စကားပြောခွင့်ရဖို့အတွက် သူရဲ့အိပ်စက်ခြင်းနဲ့ သူရဲ့ကျန်းးမာရေးကို ပြောပြနေခြင်းဟာ
သူကောင်မလေးကို တကယ်ချစ်ကြိုက်လို့ အတူရှိနေချင်တဲ့အတွက်သာ ပြောနေခြင်းသာ ဖြစ်ပါတယ်..
ကောင်မလေး လမ်းခွဲသွားတာ လတော်တော်ကြာနေပေမယ့် ဆုတောင်းတစ်ခုရရှိမယ်ဆိုရင်
အဲဒီ တစ်ခုတည်းသော ဆန္ဒဟာ ကောင်မလေး သူဘ၀အတွင်း ပြန်လာနိုင်ဖို့အတွက်သာဖြစ်ပါလိမ့်မယ် ။
 ဟုတ်လား မဟုတ်ဘူးလား သင့်စိတ်နဲ့ ဆုံးဖြတ်ပါ  ။
မိန်းကလေး တို့၏လျို့ဝှက်ချက်များ
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေက သူ့ဆီဖုန်းဆက်စေချင်တာလဲ စာလေးတွေပို့စေချင်တာလဲဆိုတာကို--------
ကောင်မလေးတွေက ဖွဲ့နွဲ့နေတဲ့စကားလုံးတွေကို လိုလားတာမဟုတ်ပါဘူး။ ကောင်လေးဘယ်လောက်အလုပ်ရှုပ်နေပါစေ ကောင်မလေးကို သတိရနေပါတယ်ဆိုတာကို သိချင်နေတာပါ။
----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် အစားသွားစားမယ်လို့ပြောတာကို--------
ကောင်မလေးတွေကတကယ်စားချင်နေတာမဟုတ်ပါဘူး။ ကောင်လေးနဲ့ နှစ်ယောက်ထဲ စားနေရတဲ့အချိန်ကို ကြည်နူးလို့ပါ။ နှစ်ယောက်ထဲကမ္ဘာမှာနေချင်လို့ပါ။
----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်လက်ဆောင်လိုချင်တာလဲ--------
ကောင်မလေးတွေကတောင်းဆိုလိုက်တဲ့အရာကို ကောင်လေးတွေဝယ်ပေးမှာလား မ၀ယ်ပေးဘူးလားဆိုတာကို သိချင်တာပါ။ အဓိကတော့ ကောင်မလေးအတွက် ကောင်လေးဒီပိုက်ဆံကိုဖြုန်းပေးနိုင်လားဆိုတာကိုသိချင်တာပါ။
----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်ကောင်လေးကိုအလုပ်ကြိုးစား ခိုင်းတာလဲဆိုတာကို------
ကောင်မလေးတွေက ကောင်လေးလာတောင်းမဲ့နေ့ကို စောင့်မျှော်နေတာပါ။ အလုပ်တွေ အဆင်ပြေမှ သူတို့ရှေ့ရေးအေးရအောင်လို့ပါ။
----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် တတွတ်တွတ်ရွတ်နေတာလဲ----------
ကောင်မလေးတွေလဲ အဘွားကြီးတယောက်အသွင်မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ကောင်လေးအပေါ် ဂရုစိုက်တာတွေ စိတ်ပူတာတွေက အတိုင်းထက်လွန်သွားတာပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေစိတ်တိုရင် လမ်းခွဲမယ်လို့ပြောတာလဲ----------
ကောင်မလေးတွေတကယ်လမ်းခွဲချင်လို့မဟုတ်ပါဘူး။ ကောင်လေးရဲ့ ယုယမှုတွေ အချစ်တွေကို သူတို့တွေ ပြန်ရှာယူတာပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ လမ်းခွဲပြီးနောက် ကောင်လေးကို သူငယ်ချင်းအသွင်နဲ့ ဂရုစိုက်နေသေးတာလဲ----------
ကောင်မလေးတွေ တကယ်တော့ သူငယ်ချင်းအဖြစ်ပြန်ဟန်ဆောင်ရတာရင်မောလှပါတယ်။ ကောင်မလေးက သူတို့ရဲ့အချစ်ကို ပြန်စောင့်စားမျှော်လင့်မိတာပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ လမ်းခွဲပြီးနောက် ညတိုင်းငိုနေရတာလဲ---------
ကောင်မလေးတွေသိတယ် ဒီညတာငိုကြွေးတာနဲ့ မအိပ်ခဲ့ဘူးဆိုရင် သူလွမ်းလို့အိပ်နိုင်မှာမဟုတ်ဘူး။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ သူတို့ကို ရှောင်တာလဲဆိုတာ--------
ကောင်မလေးတွေက ကောင်လေးကို မတွေ့ချင်လို့မဟုတ်ပါဘူး။ တွေ့လိုက်ရင်သူ့ခံစားချက်တွေ ပေါ်လာပြီး အခြေအနေတွေ ဆိုးရွားသွားမှာကို မလိုလားလို့ပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေစိတ်ကောက်ရတာလဲ--------
ချစ်တဲ့သူကိုသာစိတ်ကောက်တာပါ… ချစ်တဲ့သူကို အရေးလုပ်လို့… သူ့ကိုနားလည်စေချင်လို့ပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ စိတ်လဲမကောက်ရန်လဲမဖြစ်ပဲ တိတ်ဆိတ်နေရတာလဲဆိုတာ---------
ကောင်မလေးခံစားနေရတာဘယ်လောက်နာကျင်နေပါစေ..တခါတခါ ကောင်လေးတွေရဲ့စိတ်ကို သူတို့ပြောင်းလဲလို့ရတာမဟုတ်လို့ ကောင်မလေးက သူ့ရဲ့စိတ်ကို ငြိမ်သွားအောင် တိတ်တိတ်နေလိုက်တာပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေအရင်ရည်းစားကို မေးမေးနေတာလဲဆိုတာ------
ကောင်မလေးတွေက အရင်ရည်းစားလို သူ့ကိုချန်ထားခဲ့မှာစိုးရိမ်နေလို့ပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေကကောင်လေးရဲ့ရှင်းပြချက်တွေကို နားထောင်ပေးတာလဲ--------
ကောင်မလေးတွေ စိတ်မတိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကောင်လေးရဲ့ ရှင်းပြချက်ထဲကနေသူအရေးကြီးတာလား တခြားသူအရေးကြီးတာလားဆိုတာကို သိချင်လို့သေချာနားထောင်ပေးနေတာပါ။